Skip to main content

ပြည်သူလူထု၏ နိုင်ငံရေးအသိတရား

Image may contain: 1 person
နိုင်ငံတော်၏ ဒီမိုကရေစီနှင့် ဖွံ့ဖြိုး တိုးတက်မှု အုတ်မြစ် တို့ကို စိန်ခေါ်ချက် ပေါင်းစုံ ရင်ဆိုင်လျက် တည်ဆောက် နေရသော ပစ္စုပ္ပန် ကာလမျိုး၌ အခက်အခဲ တို့ကို ထောက်ပြ၍ ဝေဖန် ထိုးနှက်မှုများ ပြုလုပ်ကြသည်မှာ ရှောင်လွှဲ၍ မရနိုင်သော နိုင်ငံရေး သဘာဝ ဖြစ်ပါသည်။
လူထု အစိုးရသစ်သည် နှစ်ပေါင်းများစွာ စုပြုံ တည်ရှိနေသော ပြဿနာ တို့ကို ရင်ဆိုင် ဖြေရှင်းနေရသည် ဆိုသော အချက်ကို နှလုံးသွင်း ရုံမျှဖြင့် အဆိုပါ ဝေဖန် ထိုးနှက်မှုများ၏ နောက်ကွယ်မှ နိုင်ငံရေး သဘော သဘာဝကို ဆင်ခြင်နိုင်မည် ဖြစ်ပါသည်။

တိုင်းပြည် အပေါ် တာဝန်သိသော သတင်း မီဒီယာများ အပါအဝင် ပြည်သူလူထုတို့ အနေဖြင့် ဤဝေဖန် ထိုးနှက်မှုများ၏ အန္တရာယ်ကို အပြန်အလှန် သတိပေးကြရန် လိုအပ်ပါသည်။ တာဝန်ရှိပုဂ္ဂိုလ် အဖွဲ့အစည်းများ အနေဖြင့်လည်း တိုင်းပြည်က ရင်ဆိုင်ရလျက် ရှိသော ပြဿနာတို့အား ပြည်သူလူထု မှန်မှန်ကန်ကန် နားလည် သဘောပေါက်စေရန် အတွက် ပိုမို အားထုတ် တင်ပြပေးရန်ကိုလည်း တိုက်တွန်း တင်ပြလိုပါသည်။
စင်ကာပူနိုင်ငံရောက် မြန်မာနိုင်ငံသူ နိုင်ငံသားများနှင့် တွေ့ဆုံရာ၌ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ''ဘယ်အစိုးရမှ၊ ဘယ်သူမှ အမှားမရှိဘူး ဆိုတာ မရှိပါဘူး။ အဲဒီတော့ အမေတို့ အစိုးရအနေနဲ့ ပြုပြင်သင့်တာတွေ ရှိလို့ ရှိရင်လည်း ရဲရဲဝံ့ဝံ့နဲ့ စေတနာ အပြည့်အဝနဲ့ အကြံပြုကြပါ လို့လည်း မေတ္တာရပ်ခံ ချင်ပါတယ်'' ဟု ပြောကြားခဲ့ခြင်း အပေါ် အလေးအနက် ထောက်ခံ ကြိုဆိုအပ်ပါသည်။ စေတနာ အရင်းခံသော ထောက်ပြ အကြံပြုမှုနှင့် ဝေဖန်ထိုးနှက်မှု တို့ကြား ကွာဟချက်ကို ဖတ်ကြည့်သည်နှင့် တစ်ပြိုင်တည်း နှလုံးသားမှ ခံစား သိရှိနိုင်ပါသည်။ နိုင်ငံသူ နိုင်ငံသား များသည် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ပြောကြားခဲ့ သကဲ့သို့ တိုင်းပြည် အတွက် ထောက်ပြသင့် ထောက်ပြထိုက်သည် များကို စေတနာ အရင်းခံ၍ ရဲရဲဝံ့ဝံ့ တင်ပြကြရန် လိုအပ်ပါသည်။ တာဝန်ရှိ ပုဂ္ဂိုလ် အဖွဲ့အစည်းများ အနေဖြင့်လည်း ပြည်သူလူထုက ဤကဲ့သို့ ရဲရဲဝံ့ဝံ့ တင်ပြနိုင်ရေး အတွက် နည်းလမ်းများ ပိုမို ဖန်တီးပေးရန် ကိုလည်း တိုက်တွန်း တင်ပြလိုပါသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က လူထုအစိုးရသစ်အနေဖြင့် အဂတိ လိုက်စားမှု ကင်းရှင်းရေးကို နံပါတ်တစ် ဦးစားပေး သတ်မှတ်၍ ဆောင်ရွက်နေသည် ဟူသော ရှင်းလင်း တင်ပြချက် အပေါ် အပြည့်အဝ ထောက်ခံကြောင်း ဖော်ပြအပ်ပါသည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က နိုင်ငံတော်၏ ယန္တရား အသီးသီး၌ ဗဟိုနှင့်အထက် မှသာ ဆုံးဖြတ်နိုင်သည် ဆိုသော လုပ်ထုံးလုပ်နည်းတို့ ဖြေလျှော့ သွားရန် စီစဉ် ဆောင်ရွက်နေသည် ဟူသော ရှင်းလင်း တင်ပြချက်သည် တိုင်းပြည်က တောင်းဆို နေသော သမိုင်းရေး လိုအပ်ချက် တစ်ရပ်ကို ဖြည့်ဆည်း ဆောင်ရွက်လိုက်ခြင်းပင် ဖြစ်ပါသည်။
နိုင်ငံတော်၏ ယန္တရား အသီးသီး ထက်မြက် သွက်လက်နေမှ သာလျှင် တိုင်းပြည်၏ ဖွံ့ဖြိုး တိုးတက်မှုကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။ ဤကဲ့သို့ နိုင်ငံတော်၏ ယန္တရားအသီးသီး ထက်မြက် သွက်လက်ရေးကို ဆောင်ရွက်ရာ၌ လုပ်ပိုင်ခွင့် တို့ကို ဗဟိုနှင့် အထက်ကသာ ချုပ်ကိုင်ခြင်း မျိုးကို ရှောင်ရှား၍ နိုင်ငံတော် ယန္တရားတို့၏ အဆင့် အသီးသီးသို့ လိုအပ်သကဲ့သို့ တာဝန်ခွဲဝေ သတ်မှတ် ပေးနိုင်ရေးသည် အဓိက လိုအပ်ချက် တစ်ရပ် ဖြစ်ပါသည်။
မြန်မာနိုင်ငံ၏ ပစ္စုပ္ပန် အခြေအနေ အပေါ် သုံးသ ပ်ထားသည့် တချို့သော ပြည်တွင်း၊ ပြည်ပ ဝေဖန်မှုများ၌ လူထု အစိုးရသစ်သည် ဖွံ့ဖြိုး တိုးတက်ရေးထက် ပြည်တွင်း ငြိမ်းချမ်းရေးကို ပိုမို ဦးစားပေး ဆောင်ရွက် နေသည် ဟူသော သဘောထားများကို တွေ့ရှိရပါသည်။ စင်ကာပူ နိုင်ငံရောက် မြန်မာနိုင်ငံသူ နိုင်ငံသားတို့နှင့် တွေ့ဆုံရာ၌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က လူထု အစိုးရသစ်သည် ပြည်တွင်း ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး တို့ကို တစ်ပြိုင် တည်းဆောင်ရွက်နေသည်ဟု ရှင်းလင်း တင်ပြခဲ့သည်။ ဤအထက်ဖော်ပြပါ ဝေဖန်ချက် တို့ကို ရှင်းလင်း ချေဖျက်ပြီး ဖြစ်သွားပါသည်။
ချုပ်၍တင်ပြရပါက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ စင်ကာပူရောက် နိုင်ငံသူ နိုင်ငံသား တို့အား ရှင်းလင်း တင်ပြချက်သည် နိုင်ငံသူ နိုင်ငံသားတို့ သိသင့် သိထိုက်သော အချက်အလက်များ ဖြစ်၍ အလေးအနက် ကြိုဆိုအပ်ပါသည်။ ။
#ကြေးမုံ
ပြန်လည်မျှဝေပါသည်၊၊
5.12.2016
9:00 pm

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/...
ဦးဆန်းဆင့် ရမည်းသင်းထောင်ပို့ခံရ ဂျွန်လ ၂၀ ရက် နိုင်ငံတော်သမ္မတအမိန့်နဲ့ ရာထူးကနေ အနားပေးခံရတဲ့ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ရမည်းသင်းအကျဉ်းထောင်ကို ခေါ်ဆောင်သွားတယ်လို့ နေပြည်တော် သတင်းရပ်ကွက်က သိရပါတယ်။ သမ္မတက ဇွန် ၁၉ ရက်နေ့မှာ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်မကျေပွန်မှုနဲ့ ရာထူးကနေ ဖယ်ရှားမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနေ့ခင်း ၁ နာရီလောက်မှာပဲ အထူးစုံစမ်းစစ်ဆေးရေးဌာန (စစစ) တာဝန်ရှိသူတဦးက လာရောက်အမှုဖွင့်တယ်လို့ ရဲစခန်းကို ကိုယ်တိုင်သွားရောက်တဲ့ ဒီဗွီဘီသတင်းထောက် ဦးအောင်ကြီးက ပြောပါတယ်။

တိုင်းရင်းသားပါတီတွေနဲ့ အပြိုင်ကြဲရမယ့် ပြည်နယ် ၇ ခု

  ၄ နိုဝင်ဘာ ၂၀၂၀ ဓာတ်ပုံ ရင်းမြစ်, SNLD ဓာတ်ပုံ ပုံစာ, SNLD ထောက်ခံသူများ မဲဆွယ် လှည့်လည့်စဥ် မြန်မာနိုင်ငံက တိုင်းရင်းသားတွေ အများစုနေထိုင်ကြတဲ့ ပြည်နယ် ၇ခု က အမျိုးသားလွှတ်တော်နဲ့ ပြည်သူလွှတ်တော် မဲဆန္ဒနယ် ၁၈၀ ကျော်ဟာ ပါတီတစ်ရပ် အစိုးရဖွဲ့နိုင်ရေး အဆုံးအဖြတ်အတွက် အရေးပါတဲ့ မဲဆန္ဒနယ်တွေဖြစ်ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေးရေချိန် အရ ၂၀၁၅ တုန်းကလို ပြည်နယ်တွေမှာ အာဏာရပါတီ အနိုင်မရနိုင်တော့ဘူးလို မှန်းဆမှုတွေရှိပြီး ဒေသတွင်းအားကောင်းတဲ့ တိုင်းရင်းသားပါတီတွေ စုစည်း ပြိုင်ဆိုင်လာမှုကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲတွေကွဲခဲ့ရင်တော့ လွှတ်တော်ထဲကို အသင့်ရောက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ နဲ့ မိတ်ဖက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် ပြည်နယ်မဲတွေဟာ အခွင့်အလမ်းဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ဓာတ်ပုံ ရင်းမြစ်, SAIONE LENG KHAN ဓာတ်ပုံ ပုံစာ, ကိုယ်စားလှယ်လောင်း ၁၃၀ ကျော်နဲ့ ရှမ်းပြည်နယ်အတွင်း မြို့နယ် အတော်များများမှာ SNLD ဝင်ရောက်ယှဉ်ပြိုင် ချင်း၊ ကချင်၊ ကရင် နဲ့ မွန် တို့မှာ ဒေသခံတိုင်းရင်းသားပါတီတွေ ပေါင်းစည်းပြီး ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ပြိုင်ကြသလို ကယား၊ ရခိုင်နဲ့ ရှမ်းတို့မှာလည...