Skip to main content

ဆီအုန်းစိုက်ခင်း ဗန်းပြပြီး မြေသိမ်းထားတဲ့ ခရိုနီတွေ တနင်္သာရီ ဝန်ကြီးချုပ်နဲ့တွေ့ပြီ ....

ဘုတ်ပြင်းမြို့နယ်တွင် ဆီအုန်းစိုက်ပျိုးရန် ကုမ္ပဏီတစ်ခုလျှင် ဧက ၁၃၀,၀၀၀ ကျော် ခွင့်ပြုထားသော်လည်း ဧက ၆,၅၀၀ ကျော်သာ စိုက်ပျိုးဟုဆို

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့ နယ် ပြည်ကြီးမဏ္ဍိုင်မြို့ မနိုးရုံးကျေးရွာအုပ်စု ကြေးတိုင်ပြင်ကွင်း၌ ဆီအုန်းစိုက်ပျိုးရန် AIGကုမ္ပဏီကို ၂၀၁၀ ခုနှစ်က မြေဧရိယာ ၁၃၃,၆၀၀ ဧကကို မြန်မာ့ရင်းနှီး မြှုပ်နှံမှုကော်မရှင်(MIC)က ခွင့်ပြု ပေးထားခြင်းဖြစ်သည်။ အဆိုပါ
ဆီအုန်းစိုက်ပျိုးရေးစီမံကိန်းသို့ ဇူလိုင်တွင် သက်ဆိုင်ရာဌာနများ က ကွင်းဆင်းစစ်ဆေးရာ မြေ ၆,၅၉၁ ဧကသာ စိုက်ပျိုးထား ကြောင်း တိုင်းဒေသကြီး စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ၀န်ကြီးဦးမြင့်စန်းကပြောသည်။
တနင်္သာရီတိုင်းဒေသကြီးအ တွင်း စိုက်ပျိုးရေးစီမံကိန်းများအ တွက် ခွင့်ပြုပေးထားသည့် မြေဧ ရိယာများအနက် သတ်မှတ်ကာ လအတွင်း စိုက်ပျိုးလုပ်ကိုင်ခြင်း မရှိသည့်မြေများ ပြန်လည်သိမ်း ယူနိုင်ရေး လယ်ယာမြေစီမံခန့်ခွဲ ရေးနှင့် စာရင်းအင်း ဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် သစ်တောဦးစီးဌာနတို့ပါဝင်သည့် စစ်ဆေးရေးအဖွဲ့ဖြင့် ဇွန်လမှ စတင်ကွင်းဆင်းစစ်ဆေးနေခြင်းဖြစ်သည်။
‘‘သတ်မှတ်ကာလအတွင်း မစိုက်ပျိုးသေးတဲ့ ဧရိယာတွေကို တိုင်းဒေသကြီး လုပ်ငန်းအဖွဲ့အ စည်းအဝေး ဆုံးဖြတ်ချက်အရ တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ သဘောထားမှတ်ချက်ရယူပြီး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေး ဗဟိုကော်မတီကို ဆက်လက်တင်ပြဖို့ လုပ်ဆောင်နေပါတယ်’’ ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဦး မြင့်စန်းက ပြောကြားသည်။
စိုက်ပျိုးရေးစီမံကိန်းများကို ကွင်းဆင်းစစ်ဆေးရာတွင် မြေ လွတ်၊ မြေလပ်နှင့် မြေရိုင်းများစီ မံခန့်ခွဲရေးဥပဒေမပြဋ္ဌာန်းမီခွင့်ပြု ထားသော ဧရိယာများနှင့် ဥပဒေ ပြဋ္ဌာန်းပြီးနောက်ပိုင်း ခွင့်ပြုထား သော ဧရိယာများအဖြစ်စာရင်းပြု စုနေကြောင်းသတင်းရရှိသည်။
‘‘တကယ်လို့ စီမံကိန်း အ ပြည့်အ၀ အကောင်အထည် မ ဖော်နိုင်တဲ့ မြေတွေကို နိုင်ငံတော် က မြေလွတ်၊ မြေရိုင်းများအနေနဲ့ သိမ်းပြီး ခွင့်ပြုချက်ပြန်ပေးမယ်ဆိုရင် စစ်ဘေးရှောင်တွေနဲ့ ပြန် လည်အခြေချဖို့လိုအပ်တဲ့ဒေသခံ တွေကို ဦးစားပေးစဉ်းစားစေချင် ပါတယ်’’ဟု တနင်္သာရီမြို့မှ မြေ ယာ သိမ်းဆည်းခံတောင်သူများ အရေး ဆောင်ရွက်နေသော ဦး စန်းငွေကပြောသည်။
တနင်္သာရီတိုင်းဒေသကြီးအ တွင်း ၂၀၁၀မတိုင်မီ တနင်္သာရီနှင့် ဘုတ်ပြင်းမြို့နယ်အပါအ၀င် အခြားမြို့နယ်များတွင် ဆီအုန်းစိုက်ပျိုးရေး စီမံကိန်းများအတွက်ဆိုကာ ကုမ္ပဏီများက မြေယာဧကပေါင်းများစွာရယူထားကြောင်း သတင်းရရှိသည်။
Source: 7 Days

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/...
ဦးဆန်းဆင့် ရမည်းသင်းထောင်ပို့ခံရ ဂျွန်လ ၂၀ ရက် နိုင်ငံတော်သမ္မတအမိန့်နဲ့ ရာထူးကနေ အနားပေးခံရတဲ့ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ရမည်းသင်းအကျဉ်းထောင်ကို ခေါ်ဆောင်သွားတယ်လို့ နေပြည်တော် သတင်းရပ်ကွက်က သိရပါတယ်။ သမ္မတက ဇွန် ၁၉ ရက်နေ့မှာ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်မကျေပွန်မှုနဲ့ ရာထူးကနေ ဖယ်ရှားမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနေ့ခင်း ၁ နာရီလောက်မှာပဲ အထူးစုံစမ်းစစ်ဆေးရေးဌာန (စစစ) တာဝန်ရှိသူတဦးက လာရောက်အမှုဖွင့်တယ်လို့ ရဲစခန်းကို ကိုယ်တိုင်သွားရောက်တဲ့ ဒီဗွီဘီသတင်းထောက် ဦးအောင်ကြီးက ပြောပါတယ်။

တိုင်းရင်းသားပါတီတွေနဲ့ အပြိုင်ကြဲရမယ့် ပြည်နယ် ၇ ခု

  ၄ နိုဝင်ဘာ ၂၀၂၀ ဓာတ်ပုံ ရင်းမြစ်, SNLD ဓာတ်ပုံ ပုံစာ, SNLD ထောက်ခံသူများ မဲဆွယ် လှည့်လည့်စဥ် မြန်မာနိုင်ငံက တိုင်းရင်းသားတွေ အများစုနေထိုင်ကြတဲ့ ပြည်နယ် ၇ခု က အမျိုးသားလွှတ်တော်နဲ့ ပြည်သူလွှတ်တော် မဲဆန္ဒနယ် ၁၈၀ ကျော်ဟာ ပါတီတစ်ရပ် အစိုးရဖွဲ့နိုင်ရေး အဆုံးအဖြတ်အတွက် အရေးပါတဲ့ မဲဆန္ဒနယ်တွေဖြစ်ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေးရေချိန် အရ ၂၀၁၅ တုန်းကလို ပြည်နယ်တွေမှာ အာဏာရပါတီ အနိုင်မရနိုင်တော့ဘူးလို မှန်းဆမှုတွေရှိပြီး ဒေသတွင်းအားကောင်းတဲ့ တိုင်းရင်းသားပါတီတွေ စုစည်း ပြိုင်ဆိုင်လာမှုကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲတွေကွဲခဲ့ရင်တော့ လွှတ်တော်ထဲကို အသင့်ရောက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ နဲ့ မိတ်ဖက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် ပြည်နယ်မဲတွေဟာ အခွင့်အလမ်းဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ဓာတ်ပုံ ရင်းမြစ်, SAIONE LENG KHAN ဓာတ်ပုံ ပုံစာ, ကိုယ်စားလှယ်လောင်း ၁၃၀ ကျော်နဲ့ ရှမ်းပြည်နယ်အတွင်း မြို့နယ် အတော်များများမှာ SNLD ဝင်ရောက်ယှဉ်ပြိုင် ချင်း၊ ကချင်၊ ကရင် နဲ့ မွန် တို့မှာ ဒေသခံတိုင်းရင်းသားပါတီတွေ ပေါင်းစည်းပြီး ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ပြိုင်ကြသလို ကယား၊ ရခိုင်နဲ့ ရှမ်းတို့မှာလည...