အိုင်အက်စ်စစ်သွေးကြွ အဖွဲ့က ပစ်မှတ်ထားတိုက်ခိုက် မည်ဟု ခြိမ်းခြောက်ခံရသော စာရင်းတွင် နိုင်ငံတော်၏ အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အမည်ပါရှိနေသဖြင့် ဒေါ် အောင်ဆန်းစုကြည်၏ လုံခြုံရေးကိုတိုးမြှင့်ထားပြီး အိုင်အက်စ်အ ဖွဲ့ကတိုက်ခိုက်သည့် လုပ်ပုံလုပ်နည်းများကို အလေးထားလေ့လာဆောင်ရွက်နေကြောင်း နိုင်ငံတော်သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။
အိုင်အက်စ်စစ်သွေးကြွအ ဖွဲ့သည် မလေးရှားရဲတပ်ဖွဲ့ထံသို့‘‘အိုင်အက်စ် ခြိမ်းခြောက်မှု’’ ခေါင်းစဉ်ဖြင့် သြဂုတ် ၁ ရက်က ပေးပို့ခဲ့သည့် ခြိမ်းခြောက်စာတွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ၎င်းတို့၏ ပစ်မှတ်စာရင်း၌ ထည့်သွင်းထားကြောင်း မလေးရှား အခြေစိုက် The Star သတင်းဌာနက ဖော်ပြသည်။ ထိုသို့ခြိမ်းခြောက်မှုသတင်း ထွက်ပေါ်လာသောကြောင့် ဒေါ် အောင်ဆန်းစုကြည်၏ လုံခြုံရေး ကို အထူးသတိထားဆောင်ရွက် မည်ဟု နိုင်ငံတော်သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားသည်။
‘‘ဒီသတင်း ထွက်ပေါ်လာ တာနဲ့ သာမန်လုံခြုံရေးအရ သူ့ အဆင့်လိုက်သတ်မှတ်ထားတာရှိ တယ်။ ဆိုလိုတာက သာမန်အချိန် လုံခြုံရေးက သက်သက်ပေါ့နော်။ သတိပြုရမယ့် ဒီလိုသတင်းတွေ ထွက်ပေါ်လာတဲ့အချိန်တစ်မျိုး ပေါ့နော်။ နောက်ပြီး အရေးပေါ် အချိန်ပေါ့နော်။ နောက်တစ်ခုက တကယ်တိုက်ခိုက်မှုတွေ ဖြစ်တဲ့ အချိန် အဆင့်လိုက်ရှိတယ်။ အခု ဟာဆိုရင် ဒီသတင်း ပေါ်လာ တယ်ဆိုရင် ဒီသတင်းကို မူတည် ပြီး လုံခြုံရေးကို ပိုမိုဂရုစိုက်ပြီး လုပ်ရမယ်။ ပြည်တွင်းရော၊ ပြည်ပမှာရောပေါ့’’ ဟု ဦးဇော်ဌေးက ပြောသည်။
အိုင်အက်စ် အဖွဲ့က ပေး ပို့သည့်စာတွင် ဒေါ်အောင်ဆန်း စုကြည်၏ အမည်ပါရှိခြင်းနှင့် ပတ်သက်၍ မလေးရှားအစိုးရက ဆက်သွယ်သတင်းပို့လာခြင်း မရှိ သေးကြောင်း မလေးရှားနိုင်ငံဆိုင် ရာ မြန်မာသံရုံးမှ တာဝန်ရှိသူတစ် ဦးက ပြောသည်။
‘‘မလေးရှားက ရဲစခန်းနှစ်ခု မှာ စာပို့ခံရတာလို့ ကြားတယ်။ အဲဒီထဲမှာ ကျွန်တော်တို့ ခေါင်း ဆောင်ပါနေတာပေါ့။ အတိအကျတော့ မဟုတ်သေးပါဘူး။ သတင်းပုံစံပဲရှိပါသေးတယ်။ ဒါပေမဲ့ သတိထားရမှာပေါ့’’ဟု ၎င်းက ပြော သည်။
‘‘အကြမ်းဖက်ခြိမ်းခြောက်မှု သတင်းနဲ့ပတ်သက်လို့ ကျွန်တော် တို့က လျှော့တွက်လို့လည်း မရ ဘူး။ ပိုတွက်လို့လည်း မရဘူး။ အဲ ဒီကြားထဲက လုပ်သင့်လုပ်ထိုက် တာကို အထူးသတိထားပြီးတော့ လုပ်ဆောင်ရမှာပေါ့။ကမ္ဘာတစ် ၀န်းဖြစ်စဉ်တွေ ပြန်ကြည့်လိုက် ရင် အိုင်အက်စ်က သူတို့မလာ ဘဲ ဒေသတွင်းတွေမှာရှိနေတဲ့ သူ တို့ရဲ့ သစ္စာခံတွေက တိုက်ခိုက် တဲ့ (Home Grown Cells) ပုံစံ အဲဒါတွေ အခြေခံပြုလုပ်သွားတာများတယ်ပေါ့။ အဲဒီ Home GrownCells တွေကို ဒီဘက်မှာလည်း ပြည်ထဲရေးဝန်ကြီးဌာနက အ လေးထားဆောင်ရွက်နေတာတွေ ရှိတယ်။ နိုင်ငံတကာနဲ့လည်း ချိတ်ဆက်ပြီး လုပ်နေတာတွေရှိတယ်’’ ဟု ဦးဇော်ဌေးက ပြောသည်။
ထို့အပြင် ဒေါ်အောင်ဆန်းစု ကြည် မလေးရှားနိုင်ငံသို့ သွား ရောက်မည့် ခရီးစဉ်မှာလည်း မသေချာသေးဘဲ ညှိနှိုင်းနေဆဲ အဆင့်သာဖြစ်ကြောင်း ၎င်းက ဆိုသည်။ ဒေါ်အောင်ဆန်းစုကြည် မလေးရှားခရီးစဉ်သွားရောက် မည်ဟု သတင်းများထွက်ပေါ်လာ သည့် နောက်ပိုင်းဒေါ်အောင် ဆန်းစုကြည်၏ လုံခြုံရေးအရ မလေးရှားသို့ သွားရောက်ရန် မသင့်ကြောင်း အကြံပြုပြောကြား မှုများ ပြည်တွင်းလူမှုကွန်ရက်စာမျက်နှာများတွင် ပျံ့နှံ့ခဲ့သည်။
မလေးရှားရဲတပ်ဖွဲ့ နီဂရီ ဆမ်ဘီလန်ရဲဌာနမှတစ်ဆင့် မလေးရှားအစိုးရထံ လိပ်မူပေးပို့ ထားသည့် အဆိုပါခြိမ်းခြောက်စာ နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးနေ ကြောင်း မလေးရှားရဲတပ်ဖွဲ့က ပြောကြားသည်။ အဆိုပါစာထဲ တွင် မလေးရှားဝန်ကြီးချုပ် ဒါ တက်ခ်ဆီရီနာဂျက်ရာဇက် အပါအ၀င် အစိုးရအဖွဲ့ထိပ်တန်းအရာရှိအချို့ကို အိုင်အက်စ်တို့က တိုက်ခိုက်မည်ဟု ရေးသားထားသည်။
ထို့အပြင် အိုင်အက်စ်များ က ၎င်းတို့ပစ်မှတ်ထားနေသည့် နိုင်ငံရပ်ခြား ခေါင်းဆောင်များ စာရင်းကိုလည်း ဖော်ပြထားရာ ဒေါ်အောင်ဆန်းစုကြည်၏ အ မည်ပါဝင်နေခြင်းဖြစ်သည်။ အ ဆိုပါစာထဲတွင် နီဂရီဆမ်ဘီလန် ပြည်နယ်ထဲ၌ အိုင်အက်စ်စစ် သွေးကြွအင်အား ၇၀၀ မျှစု ဆောင်းမိနေပြီဟုလည်း စာထဲ တွင် ရေးသားထားသည့်တိုင် မလေးရှားရဲတပ်ဖွဲ့က အဆိုပါ အချက်မှာ အခြေအမြစ် မရှိဟု ဆိုကာ ပယ်ချခဲ့သည်။
စာမျက်နှာနှစ်မျက်နှာ ရေး သားထားသည့် အဆိုပါစာကို ဒေါ်အောင်ဆန်းစုကြည် အပါအ ၀င် နိုင်ငံအချို့မှ ခေါင်းဆောင် များ၏ ဓာတ်ပုံမိတ္တူများနှင့်အတူ ထည့်သွင်းပြီး စာအိတ်အညိုတစ် အိတ်ဖြင့် သြဂုတ် ၁ ရက်က ရဲစခန်းသို့ ပေးပို့ခဲ့ခြင်းဖြစ်ပြီး ရဲဘက်က သြဂုတ် ၂ ရက်တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ စာတိုက်ဝန် ဆောင်မှုလုပ်ငန်းဖြင့် ရောက်ရှိ လာသည့် စာအိတ်၏ မူလပိုင်ရှင် ကို ရဲတပ်ဖွဲ့က စုံစမ်းနေကြောင်း The Star သတင်းဌာနက ဖော်ပြ ထားသည်။
Comments
Post a Comment