Skip to main content

သြစီက မြန်မာကို ၁၂ သန်း ထပ်ကူညီ

သြစတြေးလျ ​အစိုးရက ​မြန်မာနိုင်ငံရဲ့ ​ပညာရေးနဲ့ ​သဘာဝ ​ဘေးအန္တာရာယ်ကနေ ​ကာကွယ်နိုင်အောင် ​ဒေါ်လာ ​၁၂ ​သန်း ​ထပ်မံ ​ကူညီတဲ့အပေါ် ​ကြိုဆိုတယ်လို့ ​Save ​the ​Children ​အဖွဲ့က ​ပြောဆိုလိုက်ပါတယ်။
အခုလောလောဆယ် ​မြန်မာနိုင်ငံမှာ ​လူသားခြင်း ​စာနာမှု ​အကူအညီ ​လိုအပ်တဲ့ ​မြန်မာနိုင်ငံသား ​တစ်သန်းလောက်ရှိတယ်လို့ ​ကုလသမဂ္ဂက ​ခန့်မှန်းထားပြီး ​သြစတြေးလျက ​နောက်ထပ် ​၁၂ ​သန်း ​ကူညီဖို့ ​နိုင်ငံခြားရေး ​ဝန်ကြီး ​ဂျူလီဘိရှော့ပ်က ​ကြေညာခဲ့တာ ​ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ​လာအိုနိုင်ငံမှာ ​တွေ့ဆုံပြီးနောက် ​ကြေညာလိုက်တာပါ။
အဲဒီလို ​အကူအညီကြောင့် ​၂၀၁၂ ​ခုနှစ်နောက်ပိုင်း ​သြစတြေးလျရဲ့ ​မြန်မာအပေါ် ​လူသားခြင်း ​စာနာမှု ​အကူအညီထောက်ပံ့ရေးက ​ဒေါ်လာ ​၆၅ ​သန်း ​ရှိသွားတာ ​ဖြစ်ပါတယ်။
သြစတြေးလျ ​အစိုးရက ​မြန်မာနိုင်ငံရဲ့ ​ပဋိပက္ခ ​ဖြေရှင်းရေး၊ ​ပညာရေး၊ ​အမျိုးသမီးတွေကို ​ကူညီရေးနဲ့ ​သဘာဝ ​ဘေးအန္တာရာယ် ​ကာကွယ်ရေးတွေအတွက် ​အဓိက ​ပေးဆောင်တာကိုလည်း ​Save ​the ​Children ​အဖွဲ့က ​ကြိုဆိုကြောင်း ​ကြေညာချက် ​ထုတ်ပြန်ထားပါတယ်။
သြစတြေးလျ ​အစိုးရက ​အရင်တုန်းက ​မြန်မာအပေါ် ​ကူညီထောက်ပံ့ရေး ​အများအပြား ​ပေးခဲ့ပေမယ့် ​အရင်နှစ်တွေကစပြီး ​ထောက်ပံ့ငွေ ​၂၇.၉ ​သန်း ​လျှော့ချလိုက်တဲ့အတွက် ​မြန်မာအတွက် ​၂၀၁၅-၂၀၁၆ ​ခုနှစ်အတွက် ​ကူညီထောက်ပံ့ငွေကို ​၄၂.၁ ​သန်းသာ ​ပေးဆောင်တာ ​ဖြစ်ပါတယ်။

Comments