ပြည်ထောင်စုငြိမ်းချမ်းရေးညီညီလာခံ ၂၁ ရာစု ပင်လုံ ကြိုဆို ထောက်ခံပွဲသြစတြေးလျနိုင်ငံ မဲဘုန်းမြို့တွင် စီကားသိုက်မြိုက်စွာကျင်းပ
ပြည်ထောင်စုငြိမ်းချမ်းရေးညီညီလာခံ ၂၁
ရာစု ပင်လုံ ကြိုဆို ထောက်ခံပွဲကျင်းပခဲ့တဲနေရာကတော့
သြစတြေးလျနိုင်ငံ မဲဘုန်းမြို့ အမှတ် ၄၃၅ Croydon
North မှာ ကျင်းပပြုလုပ်ခဲတာဖြစ်ပါတယ်
အခန်းအနားစတင်ကျင်းပတဲ့အချိန်ကတော့ ညနေ ၃နာရီမှာ စတင်တာဖြစ်ပြီး
၈ နာရီ မှာပြီးဆုံးသွားခဲ့ပါတယ်
အခန်းအနားကို တက်ရောက်သူစုစုပေါင်း
ကတော့ လူ၃၀၀ ကျော်ရှိ ပါတယ်
အခန်းအနားဖြစ်မြောက်အတွက်ရေးအဓိကတာဝန်ယူဆောင်ရွက်ခဲကြတဲ့
အဖွဲ့များကတော့ အင်အယ်ဒီသြစတြေးလျ ချင်း၊ ဇွန်မီး၊ မွန်၊ ရှမ်း၊ ကယန်း၊
ကရင်၊စသောတိုင်းရင်းသားများနှင့် ၊ မြန်မာ့နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊
တသီးပုဂလိကများစုပေါင်းပြီးဆောင်ရွက်ခဲ့ကြတာဖြစ်ပါတယ်။
အခန်းအနားပြုလုပ်ရခြင်းရဲ့ အဓိကရည်ရွယ်ချက်ကတော့
ပြည်တွင်းငြိမ်းချမ်းရေးနဲ့ စစ်မှန်သော ဖယ်ဒရယ်
ပြည်ထောင်စုသစ်ပေါ်ထွန်းလာနိုင်ရေး
တိုအတွက်နိုင်ငံတော်အတိုင်ပင်ခံ ဦးဆောင်ပြုလုပ်နေတဲ
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကြီး
အောင်အောင်မြင်မြင်ဖြစ်စေချင်တဲ့
အတွက် မဲဘုန်းမြိုရောက်မြန်မာနိုင်ငံသူနိုင်ငံသားအားလုံး စည်းလုံးညီညွတ်စွာဖြင့် ကြိုဆိုထောက်ခံခြင်းဖြစ်ပါတယ်။
အခန်းအနားမှာ
ဦးကိုနီ - အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် (ဗဟို) အထူးအကြံပေး ရဲ့ နှုတ်ခွန်းဆက်အမှာစကားပါးလိုက်တဲ့
ဗွီဒိုယိုကိုဖွင့်ပြခဲ့ပါတယ်
တက်ရောက်လာကြသောတိုင်းရင်းသားအသီးသီးမှလည်း
သူတို့ရဲ့ ထုတ်ပြန်ကြေညာချက်များအသီးသီးဖတ်ပြကြပြီ တိုင်းရင်းသားရိုးရာအကများနဲ့ ဖျော်ဖြေခဲ့ကြပါတယ်
တိုင်းရင်းသားအသီးသီးရဲ့အစားသောက်များနဲ့
ကျွေးမွေးဖည်ခံခဲ့ပါတယ်
တိုင်းရင်းသားအားလုံးရဲ့အသံကိုအကြမ်းအားဖြင့်ပြောရရင်
ငြိမ်းချမ်းရေးကို အမှန်တကယ်လိုချင်ကြတယ်ဆိုတာပေါ်လွင်ပါတယ်၊ စေတနာမှန်ကြဘိုနဲ့ ဆန်န
ရှိဘိုဘဲ လိုအပ်တယ် ၀ိုင်းဝန်း တင်ပြကြပါတယ်
အခန်းအနားမှာ အလှုငွေများလည်းကောက်ခံခဲ့ပြီး
ကောက်ခံရရှိတဲ့ငွေအားလုံးကို ချင်းဒေသမှာ
လို
အပ်နေတဲ့ ရေဘေးအတွက် လှုဒါန်းသွာမှာဖြစ်ပါတယ်။
Comments
Post a Comment