ဓာတ်ပုံ - ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမအရေး ဆောင်ရွက်သည့် အဖွဲ့များနှင့် တွေ့ဆုံစဉ် |
မလေးရှားနိုင်ငံသို့ လာမည့် သြဂုတ်လတွင် သွားရောက် မည်ဖြစ်ပြီး မလေးရှားနိုင်ငံရှိ မြန်မာအလုပ်သမားများ၏ ဥပဒေချိုးဖောက်ခံရမှုများနှင့် အခြားအလုပ်သမားအခွင့် အရေးများအတွက် မလေးရှားနိုင်ငံရှိ သက်ဆိုင်ရာ တာ ၀န်ရှိသူများနှင့် ဆွေးနွေးသွားရန်ရှိကြောင်း သိရသည်။
''ထိုင်းနိုင်ငံကမြန်မာအလုပ်သမားတွေပြီးတော့ မလေး ရှားနိုင်ငံက ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေအတွက် မလေးရှားနိုင်ငံကို သြဂုတ်လမှာ အစ်မကြီး(ဒေါ်အောင် ဆန်းစုကြည်)သွားဖို့စီစဉ်နေပါတယ်။ မလေးရှားနိုင်ငံ ရောက် မြန်မာအလုပ်သမားတွေ အတွက်လည်း ထူးခြား မှုတွေ ဖြစ်လာမှာပါါ"ဟု ပြည်ထောင်စုဝန်ကြီး ဦးသိန်း ဆွေကပြောသည်။
မလေးရှားနိုင်ငံရောက်မြန်မာအလုပ်သမားများအနေဖြင့်လည်း ဒေါ်အောင်ဆန်းစုကြည် ရောက်ပြီး မြန်မာအ လုပ်သမားများအတွက် အကူညီပေးရန် မျှော်လင့်လျှက် ရှိကြောင်း မလေးရှားနိုင်ငံရောက် မြန်မာအလုပ်သမား များက ပြောသည်။
''ထိုင်းနိုင်ငံကို အမေစုသွားပြီး မြန်မာအလုပ်သမားတွေ နဲ့ သွားရောက်တွေ့ဆုံကတည်းက ကျွန်တော်တို့မလေး ရှား နိုင်ငံက မြန်မာအလုပ်သမားတွေဆီလာ ရောက်ဖို့ မျှော်လင့်ခဲ့တာပါ။ နောက်လလာမယ်ဆိုတာ သိရလို့ အရမ်းဝမ်းသာတယ်။ ဘယ်လိုကြိုဆိုရမလဲဆိုတာ စီ စဉ်ရမယ်''ဟု မလေးရှားနိုင်ငံကွာလာလမ်ပူတွင် လုပ်လုပ်ကိုင်နေသော မြန်မာအလုပ်သမားကိုကျော် လတ်က ပြောသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သော ဇွန်လ ၂၃ရက်မှ၂၅ရက်အထိ သုံးရက် ကြာခရီးစဉ်အဖြစ် ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သ မားအရေးအတွက် ထိုင်းနိုင်ငံသို့ သွားရောက်ခဲ့ပြီး မြန် မာအလုပ်သမားများနှင့် တွေ့ဆုံခဲ့ကာ ထိုင်းအစိုးရနှင့် လည်း နှစ်နိုင်ငံအစိုးရအဆင့် တရားဝင်အလုပ်သမား စေလွှတ်မှု နားလည်မှုစာချွန်လွာ (MOU)စာချုပ်အသစ် ကို ထပ်မံရေးထိုးနိုင်ခဲ့ကာ အခြားသဘောတူညီမှုစာ ချူပ်နှစ်ခု ချုပ်ဆိုနိုင်ခဲ့ကြောင်း သိရသည်။
ဟံသာဟိန်း
Central News Myanmar
https://www.facebook.com/CNMyanmar
Comments
Post a Comment