မြ၀တီနှင့် မတ္တရာတွင် ကလေးခိုးသည်ဆိုပြီး ဖမ်းဆီးခံရသူနှစ်ဦးမှာ စိတ်မနှံ့သူများဖြစ်နေဟုဆို
ကလေးသူခိုးကိစ္စကို
အဖွဲ့အစည်းတစ်ခုက တိုင်းပြည်မတည်ငြိမ်စေရန် ရည်ရွယ်ချက်ရှိရှိ
လုပ်ကိုင်နေခြင်းဖြစ်သည်ဟု ပြည်သူများနှင့် ရဲတပ်ဖွဲ့ဝင် အချို့က
သုံးသပ်လာသည်။
ဇန်န၀ါရီ ၁၄ ရက်က မြ၀တီမြို့တွင် မိခင်ဖြစ်သူက ကလေး ငယ်နှစ်ဦးကို ကားပေါ်တွင်ထားခဲ့ ၍ ဈေးဝယ်နေစဉ် အမျိုးသားတစ် ဦးက ကားကိုမောင်းနှင်ထွက်ပြေး ခဲ့သောကြောင့် ပိတ်ဆို့ဖမ်းဆီးခဲ့ ပြီး ပြစ်မှုကျူးလွန်သူသည် စိတ်မနှံ့သူတစ်ဦးဖြစ်ကြောင်း ရဲတပ်ဖွဲ့ကပြောသည်။
မြ၀တီမြို့ ရွှေမြင်းဝန်ဘုရား ရှေ့တွင် အသက်(၃)နှစ်နှင့် (၅) နှစ်အရွယ်ကလေးနှစ်ဦးသာ ရှိ နေသည့် ကားကို အမျိုးသားတစ် ဦးကမောင်းနှင်ထွက်ပြေးမှု ဇန်န ၀ါရီ ၁၄ရက် ညက ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ယင်းညတွင်ပင် ပြန်လည် ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်းမြ၀ တီခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူး ကြီး မိုးညိုက ပြောသည်။ ကနဦး စစ်ဆေးချက်အရ ဖမ်းဆီးထားသည့် အမျိုးသားမှာ လွန်ခဲ့သော လေးနှစ်ခန့်က စိတ်ကျန်းမာရေးဆေးရုံ တက်ရောက်ခဲ့ရဖူးကြောင်း၊ စိတ်ဝေဒနာရှင်တစ်ဦးဖြစ်ကြောင်း ၎င်းကပြောသည်။
ထို့အပြင် ဇန်န၀ါရီ ၁၄ရက် ကလည်း မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့တွင်လည်း ကလေးခိုး သည်ဆိုသော အမျိုးသားတစ်ဦး ကို ဖမ်းဆီးခဲ့ကြောင်း မြန်မာ့အလင်း သတင်းစာက ရေးသားခဲ့ သော်လည်း ရဲတပ်ဖွဲ့ကမူ ဖမ်းဆီး ထားသူသည် စိတ်မနှံ့သူတစ်ဦးဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့ သည်။
ဖမ်းဆီးရမိခဲ့သည့် အမျိုးသား သည် အသက်(၃၁) နှစ်အရွယ် ပခုက္ကူမြို့နယ် နန်းတော်ရွာကျေး ရွာ၌ နေထိုင်သည့် စိတ်ဝေဒနာ ရှင်တစ်ဦးသာဖြစ်ပြီး ပျောက်ဆုံး နေသည်မှာ သုံးရက်ခန့်ရှိပြီး ကလေးများကို ချစ်တတ်၍ က လေးငယ်များ တွေ့မြင်ပါက စ နောက်လေ့ရှိကြောင်း ပခုက္ကူမြို့ နယ် မြစ်ခြေရဲစခန်းက အတည်ပြု ပေးခဲ့ပြီး ၎င်းအမျိုးသားကို လူ တစ်ဦးမှကားဖြင့်တင်လွှတ်လိုက် သဖြင့် မန္တလေးသို့ ရောက်ရှိလာ ခြင်းဖြစ်သည်ဟု ဆိုသည်။ ထွက် ပြေးလွတ်မြောက်သွားသည့် ကျန် အမျိုးသားသုံးဦးကိုမူ စုံစမ်းနေဆဲ ဟုဆိုသည်။
ယခုရက်ပိုင်းတွင် မြန်မာနိုင် ငံဒေသအနှံ့၌ ကလေးခိုးသည့် ကောလာဟလများ ပျံ့နှံ့နေပြီး ပြစ်မှုကျူးလွန်သူများကို ဖမ်းမိ သည့်ဖြစ်စဉ်အချို့တွင်လည်း ရဲ တပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ တ ရားခံများမှာ စိတ်မနှံ့သူများဖြစ် နေသောကြောင့် ဆူပူအကြမ်း ဖက်မှုဖြစ်စေရန် အဖွဲ့အစည်း တစ်ခုခုက ရည်ရွယ်ချက်ရှိရှိလုပ် ဆောင်နေခြင်းဖြစ်နိုင်သည်ဟု သုံး သပ်သူများရှိသည်။
‘‘ကလေးခိုးတာကို တွေ့ လိုက်တယ်သာပြောတာ။ ဘယ် ကလေးကို ဘယ်လိုခိုးမှန်းမသိ ဘူးလေ။ အဲဒီတော့ ရွေးကောက် ပွဲမတိုင်ခင်က ပြည်မှာဖြစ်တဲ့ အ ရပ်အရှည်ကြီးနဲ့ ကတုံးကြီးနဲ့ ည ဆိုအပျိုတွေအိမ်လိုက်ကပ်တယ် ဆိုတာမျိုး၊ ကောလာဟလထွက် တာမျိုး၊ ပြည်သူတွေအထိတ်တ လန့်ဖြစ်အောင် လုပ်နေတယ်ပဲ ထင်တယ်။ တိုင်းနဲ့ ပြည်နယ်အနှံ့ မှာ ကလေးခိုးနေတယ်ဆိုတာက တော့ မဟုတ်တော့ဘူးလေ။အဖွဲ့ အစည်းတစ်ခုခုက ရည်ရွယ်ချက် တစ်ခုခုနဲ့ လုပ်နေတယ် ထင်တယ်’’ဟု လူ့အခွင့်အရေးလှုပ်ရှား မှုများဆောင်ရွက်သည့် ရှမ်းပြည် နယ်တောင်ကြီးမြို့အခြေစိုက် Cherry Imageမှ တာဝန်ခံမချိုမြ ဦးကပြောသည်။
လူမှုကွန်ရက် စာမျက်နှာ ပေါ်တွင် ကလေးခိုးမှုဖြစ်ပွားနေ ကြောင်း ဖော်ပြချက်များမှာ မှန် ကန်မှုမရှိကြောင်း၊ ကောလာဟ လဖော်ပြချက်များသာဖြစ်ပြီး ဖြစ် စဉ်တွင် ကလေးခိုးမှု ကျူးလွန် သည်ဟု စွပ်စွဲခံရသူများမှာလည်း စိတ်မနှံ့သူ၊ အရက်သောက်စားမူး ယစ်၍ အရက်ကြောင်ကြောင်နေ သူ၊ သာမန်ပြည်သူများသာဖြစ် နေသဖြင့် ပြည်သူလူထုအကြား အထိတ်တလန့်ဖြစ်စေမည့် မမှန် သတင်းဖြန့်ဝေနေသူများအား ဥပ ဒေနှင့်အညီ ထိရောက်စွာအရေး ယူမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှူးရုံးမှ သတင်းထုတ်ပြန်ထားသည်။
‘‘ကလေးသူခိုးဆိုပြီး မလို အပ်ဘဲနဲ့ မရိုက်ပါနဲ့။ စခန်းကိုလာ အပ်ပါ။ တကယ်ကျူးလွန်တယ် ဆိုရင် ထိရောက်စွာအရေးယူ သွားမှာပါ။ အင်တာနက်မှာ ပြန့် နေတဲ့အတွက် လူတွေက စိုးရိမ် လွန်ပြီးဖြစ်နေတာ။ ဒါဟာနောက် ကွယ်မှာအဖွဲ့အစည်းတစ်ခုခုက လုပ်ဆောင်နေတယ်လို့ လတ်တ လောသုံးသပ်ထားတယ်’’ဟု မန္တ လေးတိုင်းဒေသကြီး အကြီးတန်း ရဲအရာရှိတစ်ဦးက သုံးသပ်ပြော ကြားသည်။
‘‘မြန်မာနိုင်ငံတစ်ဝန်းမှာ က လေးသူခိုးဆိုပြီး ချိန်သားကိုက် သ တင်းတွေထွက်နေတာမှာ မသမာ တဲ့အဖွဲ့အစည်းတစ်ခုရှိမယ်။ ဒေါ သတွေထွက်ပြီး ရိုက်ကြနှက်ကြ ပြီးတော့ ဘယ်ပျောက်သွားမှန်းမ သိဘူး။ အခုလည်းနောက်တက် လာမယ့်အစိုးရကို အာဏာမလွှဲ သေးခင် အဲဒီလိုကောလာဟလ တွေထွက်နေတာ။ ဆူပူလှုံ့ဆော် တာတွေဘယ်သူတွေလုပ်မှန်းမ သိပေမယ့် ပြည်သူလူထုကို အ ထိတ်တလန့်ဖြစ်အောင်လုပ်နေ တာတော့ ကျိန်းသေတယ်’’ ဟု တောင်ဥက္ကလာပ မြို့နယ်နေ ဒေါက်တာသူရိန်ကပြောသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာန ချုပ်မှ ရဲအရာရှိတစ်ဦးက ကလေး ခိုးသည်ဟုထွက်ပေါ်နေသော သ တင်းများ၏ ၉၀ရာခိုင်နှုန်းကျော် မှာ ကောလာဟလသာဖြစ်ပြီး အ မှန်တကယ် အမှုဖွင့်၍ စစ်ဆေးနေသည်အမှု သုံးမှုသာရှိသေးကြောင်းပြောသည်။ ယင်းအမှုများမှာ ဇန်န၀ါရီ ၁၄ရက် ညက မြ၀တီမြို့တွင် ဖြစ်ပွားသည့်အမှု၊ ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့မှအမှုနှင့် ရှမ်းပြည်နယ်တောင်ကြီးမြို့တို့တွင် ဖြစ်ပွားခဲ့သည့်အမှုဖြစ် ကြောင်း ပြောသည်။
‘‘ကလေးသူခိုးတွေ အဲဒီ လောက်ပျံ့နှံ့နေတယ်ဆိုတာက တော့ မဟုတ်တော့ဘူး။ အမြဲတမ်း ဆူပူလှုပ်ရှားမှုကို လုပ်နေတဲ့အဖွဲ့ အစည်းတွေက ပြည်သူကိုသက် သက်မယ့် ထိတ်လန့်အောင်လုပ် နေတယ်လို့ပဲထင်တယ်’’ ဟု က လေးခိုး ကောလာဟလသုံးရက် ခန့်ထွက်ပေါ်ခဲ့သည့် ပုသိမ်မြို့မှ ဒေသခံ ဦးထင်ကျော်က ပြော ကြားသည်။

Comments
Post a Comment