‘‘ဗီယက်နမ် မီးခလုတ်တွေ ကွာလတီကောင်းတယ်အစ်မ။ သုံးကြည့်ပါလား။ ဟိုးအရင် ကျွန် တော်တို့ စက်မှု (၁)ကထုတ်တဲ့ နေရှင်နယ်အတိုင်းပဲ အသုံးခံ တယ်’’တဲ့။ သူထည့်မပြောပေမယ့် ယိုးဒယားပစ္စည်း၊ တရုတ်ပစ္စည်း ထက်ကောင်းတယ်ဆိုတဲ့ သဘောပေါ့။ ကျွန်မတို့ မထုတ်လုပ်နိုင် တော့တဲ့ ပစ္စည်းအတိုင်းကောင်း တယ်တဲ့။ စိတ်မကောင်းဖြစ်သွား တယ်။
ဂျပန်ကို မမီတာဝမ်းမနည်း ပါဘူး။ ဒါပေမဲ့ ဗီယက်နမ်ဆိုတာ စစ်တလင်းထဲက ရုန်းထွက်ခဲ့ရ တာ ဘာကြာသေးလို့လဲ။ အဲဒီ နိုင်ငံကို ကျွန်မ မရောက်ဖူးပေမယ့် ကမ္ဘာကျော်ဟောလိဝုဒ်မင်းသား ဆီးဗက်စတာစကားလုံး သရုပ် ဆောင်ခဲ့တဲ့ "First Blood" ဆိုတဲ့ ရုပ်ရှင်ထဲမှာ ရင်းနှီးပြီးသား။ မင်း သားဗန်ဒိန်းရဲ့ 'Universal Sold-ier' လို ဇာတ်ကားမျိုးထဲမှာလည်း ဗီယက်နမ်ကို မြင်ဖူးပြီးသား။ ကုန်ကုန်ပြောရရင် ဗီယက်နမ်စစ်ကား ကြည့်တဲ့ခေတ်တစ်ခေတ်တောင် ရှိခဲ့ဖူးတယ်။
အဲဒီလောက်ကို ဗီယက်နမ် ပြည်တွင်းစစ်ဟာ ကမ္ဘာကို တုန် လှုပ်စေခဲ့တာ။ ၁၉၇၀ ပြည့်နှစ်ဝန်းကျင်ကာလတွေဟာ ဗီယက်နမ် ပြည်သူတွေအတွက် ငရဲသက္ကရာဇ်တွေပါပဲ။ ဒါပေမဲ့ ဗီယက်နမ်လူမျိုးရဲ့ ပြင်းထန်တဲ့နိုင်ငံ ချစ်စိတ်ကိုလည်း အသိအမှတ်ပြုမိပါ တယ်။ အဲဒီစစ်ပွဲမှာ အမေရိကန် အသုံးပြုခဲ့တဲ့ ဗုံးအရေအတွက်နဲ့ ဗီယက်နမ်လူဦးရေကို အချိုးချကြည့်တဲ့အခါ လူတစ်ယောက်ကိုဗုံးသုံးလုံးနှုန်းကြဲချထားတာ တွေ့ရတယ်။ ဒါပေမဲ့ အမေရိကန်ရှုံးခဲ့တယ်။ ကြွက်တွေတွင်းတူးသလို မျိုး နိုင်ငံအနှံ့ ကွန်ရက်လိုတူးထား တဲ့ ဗုံးခိုကျင်းတွေ၊ ကတုတ်ကျင်းတွေထဲကနေ ပြောက်ကျားစနစ်နဲ့ ထွက်တိုက်တဲ့ ဗီယက်ကောင်း တွေဒဏ်ကို မခံနိုင်တဲ့အဆုံး အမေရိကန်တွေ သံရုံးပါပိတ်ပြီး ပြေးရတဲ့အ ထိ ဗီယက်နမ်ပြည်တွင်းစစ် ဟာ ကြီးကျယ်ခဲ့တယ်ဆိုပါတော့။
ဒုတိယကမ္ဘာစစ်အတွင်းက ဟစ်တလာသိမ်းထားတဲ့ ပြင်သစ် ကို မဟာမိတ်တပ်တွေ အလုံးအ ရင်းနဲ့ ပြန်သိမ်းခဲ့တာ ရာဇဝင်တွင် ခဲ့ဖူးတယ်။ 'D DAY' တဲ့။ ပြင်သစ် နိုင်ငံ နော်မန်ဒီကမ်းခြေ (Norm-andy)ရဲ့ ကမ်းတက်တိုက်ပွဲဆို ပါတော့။ ဟောလိဝုဒ်အကျော်အ မော်မင်းသားအယောက် ၄၀ လောက်ကိုသုံးပြီး ဖြစ်ရပ်မှန်ရုပ် ရှင်တောင် ရိုက်ထားသေးတယ်။ "The Longest Day" တဲ့ နာမည် ကြီးပေါ့။ အဲဒီလို ကမ်းတက်တိုက် ပွဲမှာ လက်သံပြောင်တဲ့ မဟာမိတ် တပ်ဖွဲ့ဝင် အမေရိကန်ဟာ ဗီ ယက်နမ်စစ်ပွဲပြီးကတည်းက လူ အင်အားသုံးပြီး မြေပြင်မှာ တိုက် ရတဲ့စနစ်ကို ရှောင်လာတာ သတိ ထားမိတယ်။
စာဖတ်သူများလည်း သတိ ထားမိမှာပါ။ လေကြောင်းတိုက် ပွဲတွေ၊ အဝေးထိန်းစနစ်နဲ့ လက် နက်တွေ၊ အခုဆို မောင်းသူမဲ့လေ ယာဉ်တွေတောင် စမ်းသပ်အောင် မြင်လာခဲ့ပြီ။ အဲဒါ ဗီယက်နမ်တွေ ပေးလိုက်တဲ့ သင်ခန်းစာဆိုပါ တော့။ အဲဒီလို နှစ်ဖက်စလုံးအ တွက် နာကြည်းစရာ၊ သွေးပျက် စရာ၊ မမေ့ရက်စရာတွေ ရခဲ့ကြ တဲ့ စစ်ပွဲကြီးပါပဲ။ ဗီယက်နမ်စစ် ပြန်ဆိုတဲ့ အခေါ်အဝေါ်တောင် အမေရိကန်မှာ သုံးတယ်။
ဒါပေမဲ့ အတိတ်ဆိုတာ သင် ခန်းစာ၊ နောက်ကြောင်းပြန်အ တိတ်ကို တူးဆွပြီး အချိန်ကုန်ခံနေ မယ့်အစား အတိတ်ကိုသင်ခန်း စာယူပြီး အနာဂတ်ကို အကောင်း ဆုံးတည်ဆောက်နိုင်ဖို့အတွက် ဗီ ယက်နမ်က ကမ္ဘာကြီးကို သက် သေပြခဲ့တယ်။ စစ်ပွဲတွေရဲ့ ထုံးစံ အတိုင်း တိုင်းပြည်ပျက်စီး၊ လူ တွေသေကျေဒဏ်ရာရ၊ မိန်းမပျို တွေ ပြည့်တန်ဆာဖြစ်ရ၊ ကလေး သူငယ်တွေ မိဘမဲ့ဖြစ်ခဲ့ရတာက တစ်ပိုင်း၊ အရာရာ ကြေမွခဲ့ရခြင်း တွေ ပြန်လည်ထူထောင်ရေးအ တွက် အမေရိကန်ကိုပြန်ပြီး လက်တွဲခဲ့တယ်။
နည်းပညာအရ၊ ငွေကြေးဓနအင်အားအရ နိုင်ငံငယ်လေးတစ် နိုင်ငံ အမြန်ဆုံးပြန်လည်နာလန် ထဖို့အတွက် အမေရိကန်က တတ်နိုင်စွမ်းတယ်လေ။ ဗီယက်နမ်လူ ငယ်တွေကို အမေရိကန်က ပညာ ခေါ်သင်ပေးတယ်။ နည်းပညာ တွေသုံးပြီး အခြေခံအဆောက်အ အုံတွေ ဆောက်ပေးတယ်။ ရင်း နှီးမြှုပ်နှံမှုတွေ အများကြီးလုပ်ပေး တယ်။ သူ့ရဲ့မှားယွင်းတဲ့လုပ်ရပ် တွေကြောင့် နစ်နာခဲ့ရတဲ့နိုင်ငံကို ပြန်ဆေးကုပေးတဲ့သဘောပေါ့။ တစ်ဖက်က ကွန်မြူနစ်ဝါဒကြီး အရမ်းကြီးထွားမလာအောင် သဘောကောင်းပြတာက တစ် ပိုင်းပေါ့လေ။ ဘာပဲဖြစ်ဖြစ် ဗီ ယက်နမ်စစ်ဒဏ်ရာတွေကနေ ပြန်နာလန်ထလာရုံမက အခုဆို ရင် အာဆီယံ ၁၀ နိုင်ငံထဲမှာ တော်တော်ကျန်းမာသန်စွမ်းလာ ပြီဆိုပါတော့။
အမှားကိုသိပြီး ပြန်ပေးဆပ် ချင်သူကို ‘ငြမ်း’အဖြစ် အသုံးချ လိုက်တယ်။ တော်ရုံအဆောက် အအုံအတွက် ‘ငြမ်း’ဆိုတာ မလို ပေမယ့် အရမ်းမြင့်ရင် ငြမ်းလိုတဲ့ သဘောပါပဲ။ ငြမ်းဆိုတာ ဝါးနဲ့ လုပ်တာ၊ သံနဲ့လုပ်တာ၊ စတီးလ် နဲ့လုပ်တာ စသဖြင့် အမျိုးအစား တွေ ကွဲနိုင်ပေမယ့် ထောက်ကူ ပေးရတဲ့ သဘောတရားချင်းက တော့ အတူတူပါပဲ။ နိုင်ငံတည် ဆောက်ဖို့အတွက် ကမ်းလာတဲ့ အမေရိကန်ရဲ့လက်ကို ဗီယက် နမ်နိုင်ငံက ‘ငြမ်း’အဖြစ် အသုံးချ လိုက်တယ်။ နိုင်ငံပြန်ထူထောင်ရ တာ လွယ်ကူလျင်မြန်သွားတယ်။ အခုဒေသတွင်း နိုင်ငံတွေကို ပခုံး ချင်းယှဉ်နိုင်နေပြီ။ ကျော်မတက် နိုင်ပါဘူးလို့ ဘယ်သူအတပ်ပြော နိုင်သလဲ။ ဒီနှုန်းအတိုင်းတိုးတက် နေရင် မကြာမီကျော်သွားနိုင် တယ်။
ကျွန်မတို့ နိုင်ငံဘက်ကို ပြန် ကြည့်ရအောင်။ သူများကလာ မတိုက်ဘဲနဲ့ ပြည်တွင်းစစ်ဒဏ် တွေ ခံစားကြရတယ်။ အာဏာ ရှင်စနစ်ဆိုးကြီးကြောင့် တိုင်းပြည်လုံးပါးပါးခဲ့ရတယ်။ စစ်အာဏာ ရှင်တွေနဲ့ သူတို့ကြည်ဖြူသူ ခရိုနီ ကြီးတွေတစ်သိုက် ပျော်ပျော်ပါး ပါးသိုက်တူးနေကြသလောက် ပြည်သူလူထုတွေမှာတော့ ဒေသ တွင်းနိုင်ငံတွေဆီမှာ ခေတ်သစ် ကျွန်တွေအဖြစ် ဘဝဇာတ်သိမ်း နေကြရတယ်။ အခုတိုင်းပြည်ကို ကယ်တင်ချင်သူ လူထုခေါင်း ဆောင်ကို အစိုးရလုပ်ဖို့ ကျွန်မတို့ ပြည်သူလူထုက ဆန္ဒပေးရွေးချယ် ခဲ့ကြပြီးပြီ။ အိမ်အိုအိမ်ဟောင်း ကြီးပြန်ပြုပြင်ဖို့ ငြမ်းဆင်ရသလို နိုင်ငံတော်ကြီး ပြန်လည်တည် ဆောက်ဖို့အတွက်လည်း ငြမ်းဆင်ဖို့လိုအပ်ပါတယ်။
တိုင်းတစ်ပါးက ငြမ်းတွေရှိ သလို ပြည်တွင်းမှာလည်း ငြမ်း တွေရနိုင်ပါတယ်။ ပြီးခဲ့တဲ့ရက် ပိုင်းတွေမှာ အဖွဲ့ချုပ်ရဲ့ ရွေး ကောက်ခံကိုယ်စားလှယ်တွေကို သင်တန်းပေးတဲ့ကိစ္စ အတော် လေးကျယ်ကျယ်လောင်လောင် သဘောထားတွေ ကွဲလွဲလာတာ မြင်ရ၊ ဖတ်ရ၊ ကြားရပါတယ်။ ခရိုနီကြီးတစ်ဦးပိုင်တဲ့ ဟိုတယ် ကြီးမှာ လုပ်လို့တဲ့။ ကန့်ကွက်ကြ၊ အပြစ်တွေပြောကြ တသောသော ညံလို့ဆိုပါတော့။ စိတ်ခံစားချက်ကို ဦးစားပေး ရရင်တော့ ဟုတ်တယ် သူတို့နဲ့ မပတ်သက်နဲ့ ကင်းကင်းနေဆို တာ မှန်ပါတယ်။ အဖွဲ့ချုပ်နာယ ကကြီး ကွယ်လွန်သူ အဘဦးဝင်း တင်ပြောခဲ့ဖူးသားပဲ။ ‘‘စစ်အာဏာ ရှင်တွေရဲ့ကျေးဇူး မြန်မာပြည်သူ တွေအပေါ်မှာ မူးလို့တောင်ရှူ စရာမရှိဘူး’’တဲ့။ ဒါပေမဲ့ ကျွန်မ တို့တိုင်းပြည်ရဲ့ အဆီအနှစ်တွေ ကို စစ်အာဏာရှင်တွေနဲ့ပေါင်းပြီး ခရိုနီကြီးတွေက ရသလောက်ညှစ် ယူထားကြတယ်။ သူတို့ကြွယ်ဝမှု ဟာ သွယ်ဝိုက်သောနည်းနဲ့ ပြည် သူတွေလည်းပိုင်တယ်။ NLD ရဲ့ ပညာရေးရန်ပုံငွေအတွက် ဖျော် ဖြေပွဲမှာ ခရိုနီကြီးတွေ အလှူငွေ ထည့်၊ အမေစုရဲ့ သိုးမွေးအင်္ကျီ ကို သိန်းငါးရာနဲ့ပေး လေလံဆွဲ၊ အဲဒီလိုလုပ်တဲ့ကိစ္စကို မီဒီယာက အင်တာဗျူးတော့ အမေစု အဖြေ က ရှင်းတယ်။
ပွင့်လင်းမြင်သာစွာ လှူတဲ့ အတွက် လက်ခံတယ်တဲ့။ ပညာ ဒါနကျောင်းတွေအတွက် အလှူ ငွေမထည့်ဘဲ ကိုယ်ပိုင်ရဟတ် ယာဉ်တွေဝယ်စီးတာထက်စာရင် ဒီလိုလှူတာပိုမကောင်းဘူးလား တဲ့။ အဲဒါ ငြမ်းဆင်လိုက်ခြင်းပါပဲ။ အနာဂတ်လူငယ်တွေ ပညာရေး မြှင့်တင်ရေးအတွက် ‘ငြမ်း’ဆိုပါ တော့။ အခုလည်း လွှတ်တော်ထဲ မှာ နိုင်ငံအတွက် ဥပဒေပြုရေး ကိစ္စတွေ၊ အစိုးရကို ထိန်းကျောင်းဖို့ ကိစ္စတွေမှာ အဆိုပြုကြမယ့်၊ ကန့်ကွက်ကြမယ့်၊ ထောက်ခံကြ မယ့် လွှတ်တော်အမတ်တွေ အရည်အသွေးပြည့်မီရေးဟာ နိုင်ငံ့အရေးပါ။ အနာဂတ်နိုင်ငံတော်ကြီး ဒီမိုကရေစီ လမ်းကြောင်း ပေါ် ဖြောင့်ဖြောင့်မှန်မှန် မြန်မြန် သွားနိုင်ရေးကိစ္စမို့ သိပ်အရေးကြီး ပါတယ်။ ဒီသင်တန်းမှာ သင်တန်း ဆရာတွေဟာ နိုင်ငံခြားသား ဆရာတွေပါခေါ်ပြီး သင်တန်းပေး မှာမို့ သင်တန်းနေရာရွေးရတာ ခက်မှာပါ။
သိပြီးကြတဲ့အတိုင်း NLD ပါတီဝင်တွေထဲမှာ ဟိုတယ်ကြီး တွေ၊ စားသောက်ဆိုင်ကြီးတွေ၊ ဘဏ်ကြီးတွေပိုင်တဲ့သူတွေရှိမှ မရှိဘဲ။ အဲဒီပိုင်ရှင်တွေက စစ် ခေါင်းဆောင်တွေ (ဒါမှမဟုတ်) သူတို့နဲ့ အကျိုးတူလုပ်ငန်းဖက်စပ် ခရိုနီတွေပဲပိုင်တယ်ဆိုတာ တစ် ကမ္ဘာလုံးအသိ။
အမေရိကန်သမ္မတ အိုဘား မား မြန်မာကိုလာတုန်းကတောင် ညအိပ်တည်းခိုခဲ့တဲ့ ဟိုတယ် တောင် ခရိုနီနဲ့မှမကင်းဘဲ။ သူ တောင် မရှောင်နိုင်တာ NLD ဆို ပိုဆိုးပေါ့။ ဒါပေမဲ့ ကျွန်မတို့ခေါင်းဆောင်အပေါ်မှာ ယုံလိုက်ပါ။ ပြည်သူတွေဆင်းရဲနေချိန်မှာ ကားအကောင်းစားကြီးစီးရမှာ ရှက်တတ်တဲ့ခေါင်းဆောင်ဟာ ဘယ်သောအခါမှ ခရိုနီတွေကြိုး ဆွဲရာပါမယ့်သူမဟုတ်ဘူးဆိုတာ ကိုပါ။
တိုင်းပြည်ပြန်လည်တည် ဆောက်ပြုပြင်ဖို့အတွက် ‘ငြမ်း’ အနေနဲ့ သူသုံးချင်သုံးပါလိမ့်မယ်။ ကျွန်မတို့ပြည်သူတွေလည်း လို အပ်ရင် ‘ငြမ်း’တွေယူသုံးတတ် အောင် စိတ်တွေကို ပြင်ထားကြ ရအောင်ပါ။ ။
Comments
Post a Comment