Skip to main content

မြစ်ကြီးနား မနောကွင်းတွင် မဲဆွယ်စည်းရုံးဟောပြောခွင့်ပိတ်ပင်


10868267_741008732643097_6834930796505287534_n

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်က မနောကွင်းကို  နိုင်ငံရေးပါတီတွေက လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ မဲဆွယ်စည်းရုံးဟောပြောရာမှာ အသုံးမပြုဖို့ ပြည်နယ်အစိုးရက ပိတ်ပင်တားမြစ်လိုက်ပါတယ်။
မနောကွင်းမှာခွင့်ပြုရင် ပြဿ     နာ ဖြစ်ပေါ်မှာကို စိုးရိမ်တာကြောင့် ပြီးခဲ့တဲ့ရက်ပိုင်းက ပိတ်ပင်ထားတာလို့ မြစ်ကြီးနားပြည်သူ့ လွှတ်တော်မဲဆန္ဒနယ်က အန်အယ်ဒီ ကိုယ်စား လှယ်လောင်း ဦးအင်ထုံးခါးနော်ဆန်က ပြောပါတယ်။
“အစိုးရပိတ်တဲ့ အကြောင်းချက်က နံပါတ် ၁ က အဲဒီမနောကွင်းနေရာက ဟိုးလွတ်လပ်ရေး ရစဉ်တုန်းက သမ္မတ စပ်ရွှေသိုက်နဲ့ ကျနော်တို့ ကချင်ခေါင်းဆောင် ဆမားဒူဝါဆင်ဝါးနော်တို့ အတူပူးတွဲပြီးမှ အင်မတန်သမိုင်းဝင်တဲ့ မနောပွဲ အကြီးအကျယ်ကို ဖွင့်လှစ်တဲ့နေရာ ဖြစ်တယ်တဲ့။ ဒုတိယ အချက်ကတော့ အခုအဲဒီမနောကွင်းနေရာသည် လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့
ငြိမ်းချမ်းရေးကို ဆွေးနွေးနေတဲ့နေရာဖြစ်တယ်။ တိုင်းပြည်အတွက် အင်မတန် အရေးကြီးတဲ့ လုပ်ငန်းတွေ ဘာတွေလုပ်တဲ့ နေရာပေါ့။   တတိယအချက်က အဲဒီနေရာသည် ကချင်လူမျိုးများရဲ့ အထွဋ် အထိပ်နေရာ၊ သမိုင်းဝင်နေရာ၊ သူတိုရဲ့ ရိုးရာယဉ်ကျေးမှုတွေဘာတွေ ဖော်ထုတ်တဲ့နေရာ။ မနောပွဲတွေဘာတွေ ကတဲ့ နေရာဖြစ်တယ်။ အဲဒါကြောင့် အကယ်၍များ နိုင်ငံရေးပါတီအဖွဲ့အစည်းတွေကို အဲဒီနေရာမှ ပွဲလမ်းသဘင်လုပ်ခွင့်ပြုခြင်းအားဖြင့် ကချင်တိုင်းရင်းသားလူမျိုးများ အကြောင်းအခုခုကြောင့် ပြဿနာရှာပြီး ပြဿ     နာတက်လာနိုင်သည့် အတွက်ကြောင့် ကြိုတင်ကာကွယ်သောအနေနဲ့ ခွင့်မပြုနိုင်ပါဘူးတဲ့။ ”
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ လာမယ့် အောက်တိုဘာလ ၂ ရက်နေ့မှာ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် လာရောက်မှာဖြစ်တဲအတွက် အဲဒီမနောကွင်းထဲ လူထုနဲ့ တွေ့ဆုံပွဲ လုပ်ဖို့ တင်ပြခဲ့ရာ ခွင့်ပြုချက်မပေးတာဖြစ်တယ်လို့လည်း ဦးအင်ထုံးခါးနော်ဆန်က ပြောပါတယ်။
မနောကွင်းအပြင် မြစ်ကြီးနားမှာ တခြားကွင်းတကွင်းရှိနေပေမယ့် အဲဒီကွင်းဟာ မိုးရွာရင် ရေ၀ပ် တာကြောင့် ဟောပြောပွဲလုပ်ချိန်မိုးရွာရင် လူထုအတွက် အဆင်မပြေမှာစိုးရိမ်တာကြောင့် မနောကွင်းမှာ လုပ်ခွင့်ပေးဖို့ ခွင့်ပြုချက်တင်ခဲ့တာဖြစ်ပါတယ်။
ကချင်ပြည်နယ်ဒီမိုကရေစီပါတီ ခေါင်းဆောင် ဦးမနာမ်တူးဂျာကလည်း သူတို့ ပါတီအနေနဲ့ လည်း မနောကွင်းမှာ စည်းရုံးဟောပြောခွင့် တောင်းခံခဲ့ပေမယ့် ခွင့်ပြုချက်မရဘူးလို့  ဒီဗွီဘီကို ပြောပါတယ်။
“ကျနော်တို့ ပါတီချည်းပဲမဟုတ်ပါဘူး။ အခုဒီဝန်ကြီးချုပ်က ပါတီအားလုံးကို စာပို့ထားတယ်။ မနောကွင်းမှာ ဘယ်ပါတီကိုမှ စည်းရုံးခွင့်မပေးနိုင်ဘူးဆိုပြီးတော့ ပိတ်ပင်ထား လိုက်တာပေါ့နော်။ တိုင်းရင်းသားယဉ်ကျေးမှုနဲ့ ဆိုင်တဲ့နေရာဖြစ်တဲ့အတွက်ကြောင့် ပြဿ     နာပေါ် မှာ စိုးရိမ်တာပေါ့။ အကြောင်းပြချက်ကတော့ အဲဒါပါပဲ။”
ကချင်ပြည်နယ်ရွေးကောက်ဝန်ကြီးချုပ်ရဲ့ ကိုယ်ရေးအရာရှိကို ဆက်သွယ်မေးမြန်းရာမှာလည်း ဒီပိတ်ပင်ချက်ဟာ မှန်ကန်ကြောင်းအတည်ပြု ပြောကြားပါတယ်။
ကချင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးမောင်မောင်ကွမ်းကတော့ ဒီကိစ္စပါတီက သူတို့ဆီတင်ပြတာမရှိသေးလို့ ဘာမှ ဆုံးဖြတ်ချက်ချတာမရှိသေးဘူးလို့ ပြောပါတယ်။
“ကျနော်တို့ ဘာမှ မဆုံးဖြတ်ရသေးပါဘူး။ သူတို့လည်း တက်မလာသေးပါဘူး။ သူတို့ လျှောက်လွှာကို မလာသေးတာ။ သူတို့က သက်ဆိုင်ရာ လျှောက်လွှာနဲ့တင်ပြရမှာပေါ့။ လျှောက်လွှာ ကျနော့်ဆီတောင် ရောက်မလာသေးပါဘူး။”
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မနောကွင်းမှာ မဲဆွယ်စည်းရုံးမှုမလုပ်ဖို့ ၀န်ကြီးချုပ်ကအခုလို တာဖြစ်သလို ပန်ဝါမြို့နယ်က ကချင်အထူးဒေသ ၁ ကလည်း  ထာဝရငြိမ်းချမ်းရေးနယ်မြေအတွင်း နိုင်ငံရေးပါတီတွေ မဲဆွယ်စည်းရုံး ရေးမလုပ်ဖို့   တားမြစ်ထား ပါတယ်။

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/...
ဦးဆန်းဆင့် ရမည်းသင်းထောင်ပို့ခံရ ဂျွန်လ ၂၀ ရက် နိုင်ငံတော်သမ္မတအမိန့်နဲ့ ရာထူးကနေ အနားပေးခံရတဲ့ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ရမည်းသင်းအကျဉ်းထောင်ကို ခေါ်ဆောင်သွားတယ်လို့ နေပြည်တော် သတင်းရပ်ကွက်က သိရပါတယ်။ သမ္မတက ဇွန် ၁၉ ရက်နေ့မှာ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်မကျေပွန်မှုနဲ့ ရာထူးကနေ ဖယ်ရှားမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနေ့ခင်း ၁ နာရီလောက်မှာပဲ အထူးစုံစမ်းစစ်ဆေးရေးဌာန (စစစ) တာဝန်ရှိသူတဦးက လာရောက်အမှုဖွင့်တယ်လို့ ရဲစခန်းကို ကိုယ်တိုင်သွားရောက်တဲ့ ဒီဗွီဘီသတင်းထောက် ဦးအောင်ကြီးက ပြောပါတယ်။

ကချင်ကို ထိုးစစ် မဆင်ဖို့ သမ္မတ ညွှန် ကြား ဦးသိန်းစိန် ကချင် စစ်တပ် အပြစ်ရပ် ငြိမ်းချမ်းရေး

၁၂ ဒီဇင်ဘာ ၂၀၁၁ ကေအိုင်အေ ကချင် လွတ်လပ်ရေး တပ်မတော် အပေါ် အစိုးရ စစ်တပ် ဘက် စတင် ထိုးစစ်ဆင် တိုက်ခိုက် တာမျိုး မပြုလုပ်ဘဲ ခုခံ ကာကွယ် စစ်သာ ပြုလုပ်ဖို့ သမ္မတ ဦးသိန်းစိန်က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကို အကြောင်း ကြားစာ ပေးပို့ခဲ့ ပါတယ်။ ဓာတ်ပုံ ပုံစာ, ကချင် ဒုက္ခသည်တွေကို အကူအညီငွေ ပေးအပ်ပွဲ မှာ သမ္မတရဲ့ ပေးစာ အကြောင်း ပြောခဲ့ တာဖြစ် မြစ်ကြီးနား မြို့တော် ခန်းမမှာ ပြုလုပ်တဲ့ စစ်ဘေးသင့် ပြည်သူတွေ အတွက် ပြည်ထောင်စု လွှတ်တော် က လှူဒန်းတဲ့ အလှူငွေ ပေးအပ်ပွဲ မှာ ကချင် ပြည်နယ် ဝန်ကြီး ချုပ်က သတင်းထောက် တွေနဲ့ အခမ်း အနား တက်ရောက်သူ တွေကို ပြောခဲ့ တာပါ။ ကချင်ပြည်နယ် ဝန်ကြီးချုပ်က ကေအိုင်အေ တပ်စခန်း တွေကို မြန်မာ အစိုးရ စစ်တပ်ဘက်က ထိုးစစ်ဆင် တိုက်ခိုက်မှု မပြုလုပ်ဖို့ ဆိုတဲ့ ခေါင်းစဉ် အောက်မှာ အချက် သုံးချက်ပါ တဲ့ စာကို ဖတ်ပြ ခဲ့တယ်လို့ အခန်း အနားကို တက်ရောက် ခဲ့သူ သတင်း သမား တစ်ယောက်က ဘီဘီစီကို ပြန်ပြောပြ ပါတယ်။ အဲဒီ အချက်တွေ ကတော့ အစိုးရ ဘက်က နိုင်ငံရေး အရ ဆွေးနွေး နိုင်ရန် စီစဉ် နေတဲ့ အကြောင်းနဲ့ ဆွေးနွေး မှုတွေ ပြုလုပ် နိုင်ဖို့ အတွက် ခုခံ တိုက်ခိုက် ရုံက လွဲပြီး တပ်ရွှေ့တာ၊ စစ်ချီ တာတွေ ...