Skip to main content

ဦးသိန်းစိန်သာ မကောင်းဘူးဆိုရင်.... ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ဘ၀နဲ့ပဲ မြင်တွေ့ရမယ်...ဟားဟားဟား ရီရတယ်

စာချစ်သူများအတွက်ရှယ်ပေးလိုပါတယ်
Kyaw Thurein with Romeo Must Dieဦးသိန်းစိန်သာ မကောင်းဘူးဆိုရင်.... ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ဘ၀နဲ့ပဲ မြင်တွေ့ရမယ်...
‪#‎ဒါဆို‬ ဘယ်သူတွေက မတားဖမ်းစီးချုပ်နှောင်ခဲ့တာလည်းဗျာ? ဖမ်းစရာမဟုတ်တဲ့သူကို ဘာလို့ ဖမ်းခဲ့တုန်းဗျာ? ဖြစ်နိုင်ရင် မှားဖမ်းမိတဲ့အတွက် ကန်တော့ပွဲနဲ့ တောင်းပန်သင့်တယ်။ မဖမ်းရမယ့်သူကို ဖမ်းလိုက်ကတည်းကိုက မှားနေပြီ။ ပြီးမှ ဆက်ပြော။
ဦးသိန်းစိန်သာ ကောင်းမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်တောင် ကျစရာ အကြောင်းကိုမရှိဘူး။


ဦးသိန်းစိန်သာ မကောင်းဘူးဆိုရင်.... ဖုန်းဆင်းကတ်တွေ ၁၅ သိန်းပဲဖြစ်နေလိမ့်မယ်...
#ဒါဆို ၁၅ သိန်း ဖြစ်ခဲ့တာဘာကြောင့်ပါလိမ့်။ နှစ်ပေါင်းများစွာနော်။ အဲဒီလိုဈေးကြီးကြီးနဲ့ ရောင်းခဲ့လို့ ရခဲ့တဲ့ တိုင်းပြည်ပိုက်ဆံတွေအတွက် စာရင်းရှင်းတမ်းလေး အရင်ကြေငြာကြည့်ပါလား။ အခုရော၊ ပြည်သူတွေဆီက ကောက်နေတဲ့ပိုက်ဆံနဲ့ တန်တဲ့ ၀န်ဆောင်မှုပေးနေလို့ လား? ပြီးမှ ဆက်ပြော။
ဦးသိန်းစိန်သာ ကောင်းမယ်ဆိုရင် ၁၅ သိန်းနဲ့ နှစ်ပေါင်းဒီလောက်ကြာအောင် ပြည်သူအများလက်လှမ်းမမီလောက်အောင် ဖြစ်နေစရာ အကြောင်းကိုမရှိဘူး။
ဦးသိန်းစိန်သာ မကောင်းဘူးဆိုရင်.... ကားဈေးတွေ သိန်းထောင်ကျော်နေလိမ့်မယ်....
#ဒါဆို သိန်းထောင်ကျော်နေခဲ့တဲ့ အကြောင်းလေးက ဘာကြောင့်လည်းဆိုတာ ရှင်းပြပါလား? ပါမစ်ကို မတရားချုပ်ကိုင်ပြီးတော့ နှစ်ပေါင်းများစွာ ရလာခဲ့တဲ့ အခွန်တွေအတွက် စာရင်းရှင်းတမ်းလေးအရင် ပြောပြပါဦး။ အခုကားဈေးတွေကျတော့ရော ပြည်သူအားလုံး ကားဝယ်စီးနိုင်ပြီလား။ လမ်းပိတ်ဆို့ တာတွေ၊ ယဉ်စည်းကမ်း လမ်းစည်းကမ်းတွေ၊ ဥပဒေလက်တလုံးခြား လုပ်စားနေတာလေးတွေရော ရှင်းပါဦး။ ပြီးမှ ဆက်ပြော။
ဦးသိန်းစိန်သာ ကောင်းမယ်ဆိုရင် ကားဈေးတွေ သိန်းထောင်ကျော်တဲ့ စစ်အစိုးရခေတ်ကိုရောက်ခဲ့စရာ အကြောင်းကိုမရှိဘူး။
ဦးသိန်းစိန်သာ မကောင်းဘူးဆိုရင်.... ခင်ဗျားတို့အဘိုးအဘွားရဲ့ ပင်စင်လစာတွေ ကလေး ၁ ပတ် မုန့်ဖိုးစာပဲရကြလိမ့်မယ်....

#ဒါဆို ပင်စင်လစာတွေ တိုးပေးလိုက်တာ ကျေးဇူးတင်ရမယ်ပေါ့။ ပင်စင်လစာတွေ တိုးပေးလိုက်လို့  အခြေခံကုန်ဈေးနှုံးတွေ ထိုးတက်တဲ့အကြောင်းလေး ရှင်းပါဦး။ အဓိက အခြေခံဖြစ်တဲ့ ကုန်ဈေးနှုံးကို ဘယ်လိုထိန်းရမလည်း မသိပဲ အရမ်းကာရော လုပ်လိုက်လို့  လူတွေပိုပြီးဒုက္ခရောက်သွားတာ ဘာကြောင့်လည်းလို့ စဉ်းစားမိလား? ငွေကြေးဖောင်းပွတာ ဘာ့ကြောင့်လည်း ဆိုတာကို အရင်းရှင်းပါဦး။ ပြီးမှ ဆက်ပြော။
ဦးသိန်စိန်သာ ကောင်းမယ်ဆိုရင် တသက်လုံးရိုးသားကြိုးစားပြီး အောက်ခြေက တကယ်အရည်အချင်းရှိတဲ့ဝန်ထမ်းတွေကို သူတို့ နဲ့ ထိုက်တန်တဲ့ရာထူး၊ နေရာ၊ လစာ၊ အဆင့်အတန်းတွေကိုမပေးပဲ ရာထူးကြီးကြီးတွေကို စစ်တပ်က (အခုချိန်အထိ) မိုးကျရွှေကိုယ်တွေဆွဲခန့် ထားစရာ အကြောင်းကိုမရှိဘူး။
ဦးသိန်းစိန်သာ မကောင်းဘူးဆိုရင်.... အစိုးရ၀န်ထမ်းလစာတွေ သောင်းဂဏန်းမှာသာ တစ်နေလိမ့်မယ်....
#ဒါဆို အစိုးရ၀န်ထမ်းလစာတိုးလိုက်တာနဲ့ အားလုံးအဆင်ပြေသွားရောလား? အခြေခံသွင်းကုန် ထုတ်ကုန်မှာ ငွေတန်ဖိုးကို ဘယ်လောက်ထိန်းတတ်သလည်း? နိုင်ငံခြားငွေနဲ့ ဝယ်နေရတဲ့ သွင်းကုန်တွေအတွက် ဘာများအစီအစဉ်တကျလုပ်ခဲ့ဖူးလည်း? တိုးလိုက်တဲ့လစာအတွက် ကျန်တဲ့လူတွေအားလုံးဟာ ကုန်ဈေးနှုံးတိုးမြင့်လာတဲ့ဒဏ်ကို ခံနေရတာကိုရော ဘယ်လိုရှင်းမလည်း? ပြီးမှ ဆက်ပြော။
ဦးသိန်းစိန်သာ ကောင်းမယ်ဆိုရင် အစိုးရ၀န်ထမ်းတွေရဲ့ လစာကို မဖြစ်စလောက်တိုးပြီးတော့ အားလုံးပိုဆိုးသွားအောင်လုပ်ဖို့  အကြောင်းကိုမရှိဘူး။
ဦးသိန်းစိန်သာ မကောင်းဘူးဆိုရင်.... Dagon City စီမံကိန်းကြီးစတင်နေလိမ့်မယ်....
#ဒါဆို နေစရာမရှိတဲ့အိမ်ယာမဲ့တွေကိုရော? ဘာများစဉ်းစားပေးဖူးလည်း? အဲဒီစီမံကိန်းဟာ အစကတည်းက ပွင့်ပွင့်လင်းလင်းနဲ့ လုပ်ခဲ့ရင် ဒီလောက်အထိဖြစ်လာစရာကို မရှိတာ။ အဲဒီစီမံကိန်းကို စလုပ်မယ်ဆိုကတည်းက ဥပဒေ၊ နည်းဥပဒေတွေ ဘယ်လောက်များလိုက်နာခဲ့လို့ လည်း? ဘယ်လောက်များ ပွင့်လင်းမြင်သာခဲ့လို့ လည်း? ပြီးမှ ဆက်ပြော။
ဦးသိန်းစိန်သာ ကောင်းမယ်ဆိုရင် အဲလိုမျိုးဟာတွေ စလာစရာ အကြောင်းကိုမရှိဘူး။
ဦးသိန်းစိန်သာ မကောင်းဘူးဆိုရင်.... သီးလေးသီးအငြိမ့်အဖွဲ့ ပြည်ပမှာပဲနေရလိမ့်မယ်....
#ဒါဆို အဲဒီ သီး၎သီး ဘာလို့ ပြည်ပကို ထွက်ပြေးရသလည်း? မှားနေတာကိုထောက်ပြလိုက်တာနဲ့ ဖမ်းမယ် ဆီးမယ်လို့ ပြောခဲ့ လုပ်ခဲ့ကြတာဘယ်သူတွေလည်း? ယူနီဖောင်းလဲလိုက်တာ မကြာသေးပါဘူး။ ပြီးမှ ဆက်ပြော။
ဦးသိန်းစိန်သာ ကောင်းမယ်ဆိုရင် အဲဒီသီးလေးသီးလိုလူမျိုးတွေ နိုင်ငံရပ်ခြားကို ထွက်ပြေးစရာ အကြောင်းကိုမရှိဘူး။
ဦးသိန်းစိန်သာ မကောင်းဘူးဆိုရင်.... ဇာဂနာအပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေ ထောင်ထဲမှာပဲ အနှိပ်စက်ခံနေရလိမ့်မယ်...
#ဒါဆို နိုင်ငံရေးသမားတွေ အကျဉ်းထောင်ထဲမှာနှိပ်စက်ခံရတာတွေရော ဘယ်သူတွေက နှိပ်စက်တာလည်း၊ ဘယ်သူတွေကို ဝေဖန်ခဲ့လို့ ဘယ်သူတွေက ထောင်ချခဲ့တာလည်း၊ ဘယ်သူတွေက အမိန့် ချခိုင်းခဲ့တာလည်း? ရှင်းပါဦး။ အခုလတ်တလော ကျန်နေသေးတာတွေရော? ရှင်းပါဦး။ လွတ်လာတဲ့ ဒုစရိုက်သမားတွေကြောင့် ရဲတပ်ဖွဲ့ တွေမှာ မလိုအပ်တဲ့ အလုပ်တွေပိုရှုပ်၊ ပြည်သူလူထုမှာ ဘယ်နေ့ များဘာလုပ်ခံရမလည်းလို့ ကြောက်နေရတာတွေရော? ပြီးမှ ဆက်ပြော။
ဦးသိန်းစိန်သာ ကောင်းမယ်ဆိုရင် အဲဒီနိုင်ငံရေးသမားတွေ ထောင်ကျစရာ၊ နှိပ်စက်ခံရစရာ အကြောင်းကိုမရှိဘူး။
ဦးသိန်းစိန်သာ မကောင်းဘူးဆိုရင်.... ဘင်္ဂလားကဒုက္ခသည်ကုလားတွေ မြန်မာပြည်မှာအခြေချနေလိမ့်မယ်....
#ဒါဆို အဲဒီလူတွေဘယ်သူက ပေးဝင်ခဲ့တာလည်း? နိုင်ငံသားဥပဒေရှိသားနဲ့ ဘယ်သူတွေက မျက်ကွယ်ပြုပြီး နိုင်ငံသားစိစစ်ရေးကဒ်တွေ ပေးခဲ့တာလည်း? ပေးခဲ့တဲ့လူတွေကရော ဘာဖြစ်လို့ လာဘ်စားခဲ့သလည်း? မလောက်ငလို့ လာဘ်စားရပါတယ်ဆိုရင်လည်း ဘာဖြစ်လို့ မလောက်ငသလည်း? ကုန်ဈေးနှုံးကြီးလို့  မလောက်ငတာပါဆိုရင်လည်း ဘာဖြစ်လို့ ကုန်ဈေးနှုံးကြီးသလည်း? ပြီးမှ ဆက်ပြော။
ဦးသိန်းစိန်သာ ကောင်းမယ်ဆိုရင် အဲဒီလူတွေ မြန်မာပြည်ထဲဝင်ပြီး အခြေချနေလာစရာ အကြောင်းကိုမရှိဘူး။
ဦးသိန်းစိန်သာ မကောင်းဘူးဆိုရင်.... မြစ်ဆုံစီမံကိန်းကြီး စတင်နေလိမ့်မယ်...
#ဒါဆို အဲဒီစီမံကိန်းကို ဘယ်သူတွေကစခဲ့သလည်း? ပြည်သူတွေကို ဘာများချပြခဲ့ဖူးသလည်း? ပြည်သူတွေကို ဘယ်နှစ်ခါများ အရေးလုပ်မေးခဲ့ဖူးသလည်း? စာချုပ်ပါအချက်အလက်တွေကိုရော အဲဒီစာချုပ်တွေသဘောတူညီမှုတွေ မလုပ်ခင်ကတည်းက ပြည်သူတွေသိအောင် ဘယ်နှစ်ခါကြေငြာခဲ့ဖူးသလည်း? နှစ်နိုင်ငံ စီးပွားရေးဆိုင်ရာ သဘောတူစာချုပ်၊ နားလည်မှုစာချွန်လွာဆိုတာကလွဲပြီး ပြည်သူတွေဘာများ သိခွင့်ရှိခဲ့လို့ လည်း? ပြီးမှ ဆက်ပြော။
ဦးသိန်းစိန်သာ ကောင်းမယ်ဆိုရင် အဲဒီလို ပွင့်လင်းမှုမရှိတဲ့လူနည်းစုအကျိုးဖြစ်ထွန်းရေးစီမံကိန်းတွေ စဖြစ်လာစရာ အကြောင်းကိုမရှိဘူး။
ဦးသိန်းစိန်သာ မကောင်းဘူးဆိုရင်.... မီဒီယာတွေနှုတ်ပိတ်ပြီး အမှန်တရားတွေ ချပြဖို့ ခဲယဉ်းကြလိမ့်မယ်.....
#ဒါဆို ပြောနေတဲ့မီဒီယာတွေကို နည်းမျိုးစုံနဲ့ နှိပ်ကွပ်နေတာကျလေးတွေ ရှင်းပါဦး။ အမှန်တရားတွေချပြတယ်ဆိုရင် ဒီလောက်ခါးခါးသီးသီးနဲ့ ဆန့် ကျင်စရာ မရှိပါဘူး။ တသက်လုံး အမှန်တွေပဲ လုပ်ခဲ့တယ်မဟုတ်လား။? ပြောပါဦး။ တသက်လုံး တရားတာတွေ အမှန်တွေလုပ်ခဲ့ပြီးတော့ ဘာဖြစ်လို့ များ တသက်လုံး အဲဒီမီဒီယာတွေ နှုတ်ပိတ်ခံခဲ့ရသလည်း? ပြီးမှဆက်ပြော။
ဦးသိန်းစိန်သာ ကောင်းမယ်ဆိုရင် မီဒီယာအများစုက အစိုးရကို ၀ိုင်းဝန်းရှုံချနေစရာ အကြောင်းကို မရှိဘူး။
ဦးသိန်းစိန်သာ မကောင်းဘူးဆိုရင်.... ဒီအချိန်မြန်မာပြည်ဟာ ဘာဖြစ်နေမလဲ စဉ်းစားကြည့်ကြပေါ့.... အရာအားလုံးကောင်းနေတယ်လို့ မဆိုလိုပါဘူး ဒါပေမယ့် သူကောင်းခဲ့တာတွေဟာ မြန်မာပြည်ရဲ့ အလိုအပ်ဆုံးတွေပါ....
‪#‎ဦးသိန်းစိန်သာ‬ ကောင်းမယ်ဆိုရင်
‪#‎ဒီအချိန်မှာ‬ မြန်မာနိုင်ငံဟာ ဒီလောက်မွဲတေဆင်းရဲပြီး နိမ့်ကျစုတ်ပြတ်သတ်နေစရာ အကြောင်းကို မရှိဘူး။
‪#‎ကျနော်လည်း‬ လက်ညောင်းခံပြီးရေးနေစရာ အကြောင်းကို မရှိဘူး။
‪#‎သူများနိုင်ငံကို‬ အိမ်အကူတွေရောက်စရာ အကြောင်းကို မရှိဘူး။
‪#‎ပညာတတ်တွေ‬ နိုင်ငံခြားရောက်ကုန်စရာ အကြောင်းကို မရှိဘူး။
‪#‎အာဏာသိမ်းမခံရခင်က‬ အာရှမှာ အများလေးစားရတဲ့ မြန်မာနိုင်ငံဟာ ဒီနေ့ သူများလေဆိပ်မှာ သူများအထင်သေးခံရတဲ့ လူမျိုးတွေဖြစ်လာစရာ အကြောင်းကို မရှိဘူး။
‪#‎တရားဥပဒေစိုးမိုးမှုကွယ်ပျောက်ပြီး‬ အခုလိုမျိုး ခိုးစရာ လုစရာ ရာဇ၀တ်မှုတွေ ဖြစ်စရာ အကြောင်းကို မရှိဘူး။
‪#‎ယူနီဖောင်းမြင်တိုင်း‬ ကြောက်နေစရာ အကြောင်းကို မရှိဘူး။
‪#‎လွှတ်တော်ထဲမှာပြည်သူကရွေးကောက်ထားတဲ့သူမဟုတ်တဲ့စစ်သားတွေ‬ ၀င်ထိုင်နေစရာအကြောင်းကို မရှိဘူး။
‪#‎စစ်သားတွေကို‬ ပြည်သူတွေ ဒီလောက် ကြောက်ရွံ့ မုန်းတီးနေစရာ အကြောင်းကို မရှိဘူး။
‪#‎စစ်တပ်နဲ‬့ ပြည်သူ ဒီလောက်စိတ်ဝမ်းကွဲနေစရာ အကြောင်းကို မရှိဘူး။
‪#‎စစ်အစိုးရလိုလားသူတွေကလည်း‬ ဒီလောက်အထိလိုက်ပြီး မဟုတ်ကဟုတ်က လိုက်ရေးပေးနေစရာ အကြောင်းကို မရှိဘူး။
‪#‎အဲတော့‬ ကျုပ်အနေနဲ့ လည်း ခင်ဗျား ဒီထက်ပိုပြီး နားလည်အောင် ပြောစရာ အကြောင်းကို မရှိဘူး။
Credit - လွှမ်းဝေအောင် (ရေနံချောင်း)
မှတ်ချက်။ အဲလိုမျိုး မဟုတ်ကဟုတ်ကတွေရေးနေရင် သူ့ ဟာသူနေတဲ့ သမ္မတ ပိုပြီးတော့ သိက္ခာကျပါတယ်ကိုယ့်လူရယ်။ အေးအေးဆေးဆေး ပေးနေလိုက်ပါ။ ဘယ်သူကမှ အလကားနေရင်း မုန်းမနေပါဘူး။
အဲဒါလာပြောတာ..သလား..ကိုလွှမ်းဝေအောင်ရေ..သွားလိုက်ဦးမယ် ..
( ... ... )
စိုပြေဦး

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/

တိုင်းရင်းသားပါတီတွေနဲ့ အပြိုင်ကြဲရမယ့် ပြည်နယ် ၇ ခု

  ၄ နိုဝင်ဘာ ၂၀၂၀ ဓာတ်ပုံ ရင်းမြစ်, SNLD ဓာတ်ပုံ ပုံစာ, SNLD ထောက်ခံသူများ မဲဆွယ် လှည့်လည့်စဥ် မြန်မာနိုင်ငံက တိုင်းရင်းသားတွေ အများစုနေထိုင်ကြတဲ့ ပြည်နယ် ၇ခု က အမျိုးသားလွှတ်တော်နဲ့ ပြည်သူလွှတ်တော် မဲဆန္ဒနယ် ၁၈၀ ကျော်ဟာ ပါတီတစ်ရပ် အစိုးရဖွဲ့နိုင်ရေး အဆုံးအဖြတ်အတွက် အရေးပါတဲ့ မဲဆန္ဒနယ်တွေဖြစ်ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေးရေချိန် အရ ၂၀၁၅ တုန်းကလို ပြည်နယ်တွေမှာ အာဏာရပါတီ အနိုင်မရနိုင်တော့ဘူးလို မှန်းဆမှုတွေရှိပြီး ဒေသတွင်းအားကောင်းတဲ့ တိုင်းရင်းသားပါတီတွေ စုစည်း ပြိုင်ဆိုင်လာမှုကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲတွေကွဲခဲ့ရင်တော့ လွှတ်တော်ထဲကို အသင့်ရောက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ နဲ့ မိတ်ဖက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် ပြည်နယ်မဲတွေဟာ အခွင့်အလမ်းဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ဓာတ်ပုံ ရင်းမြစ်, SAIONE LENG KHAN ဓာတ်ပုံ ပုံစာ, ကိုယ်စားလှယ်လောင်း ၁၃၀ ကျော်နဲ့ ရှမ်းပြည်နယ်အတွင်း မြို့နယ် အတော်များများမှာ SNLD ဝင်ရောက်ယှဉ်ပြိုင် ချင်း၊ ကချင်၊ ကရင် နဲ့ မွန် တို့မှာ ဒေသခံတိုင်းရင်းသားပါတီတွေ ပေါင်းစည်းပြီး ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ပြိုင်ကြသလို ကယား၊ ရခိုင်နဲ့ ရှမ်းတို့မှာလည်း ဒ

ဘုရားကျောင်းတိုက်ခိုက်ခံရပြီးနောက် ဖိလစ်ပိုင်က အကြမ်းဖက် နှိမ်နင်းမယ်လို့ဆို

In this photo provided by WESMINCOM Armed Forces of the Philippines, a soldier views the site inside a Roman Catholic cathedral in Jolo (AAP) Hide Grid Image 1 / Video