ကြံ့ခိုင်ရေးပါတီဟာ ကာယကံရှင်ရဲ့သဘောထားမပါဘဲ ပါတီဝင်ကတ်ပြားထုတ်ပေးခဲ့တာကြော င့်
တစ်စုံတစ်ရာ အရေးယူမပေးဘူးဆိုရင် ကြံ့ခိုင်ရေးပါတီ အထွေထွေအတွင်းရေးမှူးကို
တရားစွဲသွားမယ်လို့ သင်္ဃကျွန်းမြို့နယ်နေ ပြည်သူတစ်ဦးက ဇွန် ၄ ရက်နေ့က
ပြောဆိုလိုက်ပါတယ်။
လွန်ခဲ့တဲ့ရှစ်နှစ်လောက်က
ရိုက်ထားတဲ့ဓာတ်ပုံကို သုံးထားတဲ့ လက်မှတ်အတုတွေနဲ့
မကွေးမြို့ကမိခင်အိမ်ကို ရပ်ကွက်ကြံ့ခိုင်ရေးဥက္ကဌက လာပေးသွားတယ်လို့
အခုလက်ရှိ သင်္ဃကျွန်းမြို့နယ်မှာနေထိုင်တဲ့ မခင်လေးဆင့်ကပြောပါတယ်။
မကွေးကိုပြန်ပြီး ရပ်ကွက်ကြံ့ခိုင်ရေးဥက္ကဌ ကိုအောင်နိုင်ကို
မေးမြန်းတဲ့အခါမှာလည်း တာဝန်အရ ဗဟိုကနေတိုက်ရိုက်ပေးခိုင်းတာလို့ ပြောတယ်လို့ ဆိုပါတယ်။
ကြံ့ခိုင်ရေးပါတီကတ်ပြားကို လက်ထဲမှာကိုင်ထားရတာ ရှက်မိသလို ဂုဏ်သိက္ခာလည်းထိခိုက်တယ်ဆိုတဲ့ သူက
မြန်မာသမ္မတ၊ လွှတ်တော်နှစ်ရပ်နဲ့ ရွေးကောက်ပွဲကော်မရှင်ကို
တိုင်စာပို့ထားတယ်လို့ ပြောပါတယ်။ မခင်လေးဆင့်ဟာ ၂ဝဝ၄ ခုနှစ်အထိ
မကွေးမြို့မှာနေထိုင်ခဲ့ပြီး NLD ပါတီဝင်တစ်ဦးအဖြစ် နိုင်ငံရေး
တက်ကြွစွာလှုပ်ရှားခဲ့သူတစ်ဦး ဖြစ်ပါတယ်။
နိုင်ငံသားတစ်ဦးရဲ့
ကိုယ်ရေးအချက်အလက်ကို အသုံးပြုပြီး လက်မှတ်အတုနဲ့ ပါတီဝင်သတ်မှတ်တာဟာ
ပြည်သူတစ်ယောက်အပေါ် လူ့အခွင့်အရေးချိုးဖောက်တာဖြစ် တဲ့အပြင် ရာဇဝတ်မှုကျူးလွန်ခြင်းလည်း ဖြစ်တယ်လို့ ဆိုသူက မခင်လေးဆင့်ရဲ့ခင်ပွန်းဖြစ်သူ ကိုဇော်မင်းပါ။
ကတ်ပြားမှာပါဝင်တဲ့
အချက်အလက်အရ မြန်မာနိုင်ငံလူဦးရေ ၅၁ သန်းကျော်မှာ
ကြံ့ခိုင်ရေးပါတီဝင်ပေါင်း ၃၇ သန်းကျော်နေတာမို့ ရွေးကောက်ပွဲဟာလည်း
သံသယဖြစ်စရာကောင်းနေတယ်လို့ ပြောပါတယ်။ အခုလိုကိစ္စကို အစိုးရက
အရေးယူမဆောင်ရွက်ပေးဘူးဆိုရင် တရားမျှတမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
Comments
Post a Comment