Skip to main content

အာဏာသိမ်းမည့် ကိစ္စမျိုး မလုပ်ဟု ကာကွယ်ရေး ဦးစီးချုပ်က လူအများကြားတွင် ပြောထားကြောင်းနှင့် ၀န်ထမ်းများ အနေဖြင့် ပြောင်းလဲမှုများ ဖြစ်ပေါ်လာရေးအတွက် သတ္တိရှိရှိ မဲပေးကြရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

စက်တင်ဘာ ၂၇ ရက်က စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့၌ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲအောင်နိုင်ရေး မဲဆွယ် ဟောပြောနေစဉ် (ဓာတ်ပုံ-မျိုးမင်းထက်)
စက်တင်ဘာ ၂၇ ရက်က ဟုမ္မလင်းမြို့တွင် ပြုလုပ်သည့် ရွေးကောက်ပွဲဆိုင်ရာ ပညာပေး ဟောပြောပွဲ၌ ပြည်သူများ၏ မေးမြန်းမှုကို ဖြေကြားရာတွင် ဒေါ်အောင်ဆန်းစုကြည်က အာဏာသိမ်းမည့် ကိစ္စမျိုးကို မလုပ်ဟု ကာကွယ်ရေး ဦးစီးချုပ်က လူအများကြားတွင် ပြောထားကြောင်းနှင့် ဌာနဆိုင်ရာ ၀န်ထမ်းများ အနေဖြင့် ပြောင်းလဲမှုများ ဖြစ်ပေါ်ရေးအတွက် သတ္တိရှိရှိ မဲပေးကြရန် တိုက်တွန်းကြောင်း ပြန်လည်ဖြေကြားသည်။


ဒေသခံ ပြည်သူတစ်ဦးက မိမိတို့ အနေဖြင့် လာမည့် ရွေးကောက်ပွဲတွင် NLD အနိုင်ရရှိရန် မဲပေးသွားမည် ဖြစ်သော်လည်း ၉၀ ရွေးကောက်ပွဲတုန်းကလို အာဏာပြန်သိမ်းမည်ကို စိုးရိမ်မိကြောင်း မေးမြန်းခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်က ပြည်သူများအပေါ် မူတည်ကြောင်းနှင့် ကာချုပ်ကလည်း အာဏာသိမ်းမည့် ကိစ္စမျိုး မလုပ်ဟု လူအများကြားတွင် ပြောထားကြောင်း ပြန်လည်ဖြေကြားသည်။

“ညစ်ပတ်မှုတွေ ခံနိုင် မခံနိုင်ဆိုတာ ပြည်သူတွေ အပေါ်မှာ တည်တယ်လေ။ ဒါတော့ ကျွန်မ လုံးဝ ယုံကြည်တယ်။ နောက်ပြီး ကျွန်မ ပြောမယ်နော်။ အခုက ၁၉၉၀ ခုနှစ် မဟုတ်တော့ဘူး။ ဒါ ၂၀၁၅ ခုနှစ် ဖြစ်သွားပြီ။ ပြည်သူတွေကလည်း ပြောင်းသွားပြီ။ အခြေအနေတွေကလည်း ပြောင်းသွားပြီ။ ကမ္ဘာကြီးကလည်း ပြောင်းသွားပြီ။ ၉၀ က လုပ်တဲ့အတိုင်း အခုလုပ်လို့ရမှာ မဟုတ်ပါဘူး။ နောက်ပြီးတော့လည်း အရင် တနင်္ဂနွေနေ့တုန်းက ကာကွယ်ရေးဦးစီးချုပ်က နေပြီးတော့ သတင်းစာ ရှင်းလင်းပွဲမှာ အာဏာသိမ်းတဲ့ ကိစ္စတွေဆိုတာ လုပ်ကို မလုပ်ပါဘူးလို့ ပြောခဲ့ပါတယ်။ လူအများကြားမှာ။ ဒါကြောင့်မို့လို့ ကျွန်မတို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နိုင်လို့ရှိရင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရဖွဲ့ဖို့အတွက် ပြည်သူတွေက ၀ိုင်းပြီးတော့ ၀န်းရံပြီးတော့ တောင်းဆိုပေးရင် ဘာမှမဖြစ်နိုင်စရာ အကြောင်းမရှိဘူးလို့ ကျွန်မပြောချင်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်က ၀န်ထမ်းများ အနေဖြင့် ပြောင်းလဲမှုများ ဖြစ်ပေါ်ရေးအတွက် သတ္တိရှိရှိဖြင့် မဲပေးကြရန်နှင့် ကြိုတင်မဲပေးခြင်း အပါအ၀င် သတိထားရမည့် အချက်များကိုလည်း ရှင်းလင်းပြောကြားသည်။

“၀န်ထမ်းတွေဟာ ပထမဦးဆုံးကတော့ သတ္တိရှိဖို့ လိုပါတယ်။ ကျွန်မတို့ ကြားရသလောက်ကတော့ ဟုမ္မလင်းမှာလည်း ၀န်ထမ်းတွေ တော်တော်များတယ် ပြောတယ်။ ကျွန်မ ကြားရသလောက်ကတော့ ဌာနဆိုင်ရာ တော်တော်များများမှာ ဆိုရင် အကြီးအကဲတွေဟာ ၀န်ထမ်းတွေကို ခြိမ်းခြောက်တာတွေ ရှိတယ်လို့ ပြောပါတယ်။ NLD ကို မဲပေးလိုက်ရင်ပဲ ရာထူးမတက်တော့မလို ဘာလိုလိုပေါ့နော်။ ဒါမှမဟုတ် တခြားပါတီကို မဲပေးရမယ် မဲမပေးလို့ရှိရင် တစ်နည်းနည်းနဲ့ အရေးယူမယ်ဆိုတဲ့ ပုံစံတွေ။ ဒါ အလကားသက်သက် ခြောက်နေတာပါ။ မကြောက်ပါနဲ့။ ကိုယ်ဘယ်သူ့ကို မဲထည့်တယ်ဆိုတာ ဘယ်သူ့မှသိမှာ မဟုတ်ပါဘူး။ လျှို့ဝှက်မဲပါ။ ကျွန်မ အမြဲပဲ ပြောတယ်။ အဲဒီလို ခြိမ်းခြောက်မယ်ဆိုရင် ခြိမ်းခြောက်ဦးဟဲ့ ဆိုပြီးတော့ NLD ကိုပဲ မဲပေးပါလို့ ကျွန်မအနေနဲ့ တိုက်တွန်းချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒါကို ကျွန်မ အာမခံရဲတယ်။ သတ္တိရှိရှိနဲ့ ပြောရဲတယ်။ ကျွန်မတို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဘယ်တုန်းကမှ ပြည်သူကို ခြိမ်းခြောက်ပြီးတော့ ကျွန်မတို့ကို မဲပေးပါ ထောက်ခံပါ ဆိုပြီးတော့ မပြောခဲ့ဖူးပါဘူး။ နောင်လည်း ပြောမှာ မဟုတ်ပါဘူးလို့  ပြောပါရစေ။ ၀န်ထမ်းတွေ နည်းနည်း သတိထားဖို့တော့ နှစ်ချက်ရှိတယ်။ တစ်ချက်က ဘာလဲဆိုတော့ စောစောကပြောတဲ့ ကြိုတင်မဲတွေနဲ့ လုပ်ဆောင်တာပါ။ ကြိုတင်မဲပေးရမယ် ဆိုပြီးတော့ တစ်နည်းအားဖြင့် လိမ်လည်လှည့်ဖြားမှုတွေ ရှိနိုင်တယ်။ နောက်တစ်ခုက ဘာလဲဆိုတော့ ၀န်ထမ်းတွေဟာ တစ်နေရာကနေ တစ်နေရာ ပြောင်းတဲ့အခါမှာ ဟိုနေရာမှာပဲ မဲပေးရမလို ဒီနေရာမှာပဲ မဲပေးရမလိုလိုနဲ့ ရှုပ်ရှုပ်ထွေးထွေးတွေ ဖြစ်အောင် လုပ်နိုင်တယ်ဆိုတာ အဲဒါတွေ ကာယကံရှင်တွေကိုယ်တိုင် သိဖို့လိုတယ်။ ကိုယ့်ဘာသာကိုယ် လုပ်ရမှာ ဖြစ် ပါတယ်။ နောက်ပြီးတော့ ကိုယ်ကနေ တစ်နေရာကနေ တစ်နေရာ ပြောင်းလာတာဆိုရင် ဥပမာ ဟုမ္မလင်းကို ပြောင်းလာတာဆိုရင် ဟုမ္မလင်း မဲဆန္ဒရှင် စာရင်းထဲမှာပါပြီး ရန်ကုန် မဲဆန္ဒရှင် စာရင်းထဲမှာ ကိုယ့်နာမည် မပါဖို့ပဲ အရေးကြီးပါတယ်။ နို့မို့ဆိုရင် ရန်ကုန်က ကိုယ့်မဲဟာ ဘယ်သူ့ဆီ ရောက်သွားမလဲဆိုတာ မသိနိုင်ပါဘူး။ ဒါမျိုးတွေဟာလည်း အလွဲသုံးစား လုပ်တာတွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် သတိထားကြပါလို့ ကျွန်မအနေနဲ့ ၀န်ထမ်းတွေကို မေတ္တာရပ်ခံချင်ပါတယ်။ သတ္တိရှိရှိနဲ့ လုပ်ကြပါ။ ကြောက်နေရတဲ့ ဘ၀မှာ ဆက်ပြီးတော့ နေချင်ကြသလား။ ကိုယ့်ရဲ့ ဌာနအကြီးအကဲဆိုတာ ကိုယ့်ကို ခြိမ်းခြောက်ပိုင်ခွင့် မရှိဘူးနော်။ သူ့ရဲ့ တာဝန် ၀တ္တရားတွေထဲမှာ လက်အောက်ငယ်သားတွေကို ခြိမ်းခြောက်ရမယ်ဆိုတာ လုံးဝမပါဘူး။ အဲဒီတော့ ဒီဟာတွေကို မခံပါနဲ့။ ဒီလိုစနစ်တွေကို ပြောင်းဖို့အတွက် ကျွန်မတို့ဟာ ရွေးကောက်ပွဲမှာ ၀င်ပြီးတော့ ယှဉ်ပြိုင်တာ ဖြစ်ပါတယ်။ ဒီစနစ်ကို ပြောင်းချင်ရင် ကိုယ်တိုင်လည်း ပါရမယ်။ ကိုယ်က နည်းနည်းလေးတော့ သတ္တိရှိရမယ်။ နည်းနည်းလေးတော့ ၀ါယမ စိုက်ထုတ်ရမယ်။ ဒီတစ်ရက်သာ သတ္တိရှိရှိ လုပ်ခြင်းအားဖြင့် ကိုယ့်ရဲ့ ၀န်ထမ်းဘ၀ တစ်သက်တာမှာ အပြောင်းအလဲတွေ ကောင်းသွားအောင်လို့ အများကြီး အကျိုးပြုနိုင်မယ် ဆိုတာ နှလုံးသွင်းပြီးတော့ သတ္တိရှိရှိနဲ့ မဲပေးကြပါလို့ ကျွန်မအနေနဲ့ တိုက်တွန်းချင်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဟုမ္မလင်းမြို့တွင် ရွေးကောက်ပွဲဆိုင်ရာ ပညာပေး ဟောပြောပွဲ ပြုလုပ်ပြီးနောက် မွန်းလွဲ ၁ နာရီ ၁၅ ခန့်တွင် ဟုမ္မလင်းလေဆိပ်မှ ပြန်လည်ထွက်ခွာလာရာ ရန်ကုန်လေဆိပ်သို့ ညနေ ၃ နာရီခွဲတွင် ပြန်လည်ရောက်ရှိလာခဲ့ကြောင်း သိရသည်။

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/...
ဦးဆန်းဆင့် ရမည်းသင်းထောင်ပို့ခံရ ဂျွန်လ ၂၀ ရက် နိုင်ငံတော်သမ္မတအမိန့်နဲ့ ရာထူးကနေ အနားပေးခံရတဲ့ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ရမည်းသင်းအကျဉ်းထောင်ကို ခေါ်ဆောင်သွားတယ်လို့ နေပြည်တော် သတင်းရပ်ကွက်က သိရပါတယ်။ သမ္မတက ဇွန် ၁၉ ရက်နေ့မှာ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်မကျေပွန်မှုနဲ့ ရာထူးကနေ ဖယ်ရှားမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနေ့ခင်း ၁ နာရီလောက်မှာပဲ အထူးစုံစမ်းစစ်ဆေးရေးဌာန (စစစ) တာဝန်ရှိသူတဦးက လာရောက်အမှုဖွင့်တယ်လို့ ရဲစခန်းကို ကိုယ်တိုင်သွားရောက်တဲ့ ဒီဗွီဘီသတင်းထောက် ဦးအောင်ကြီးက ပြောပါတယ်။

တိုင်းရင်းသားပါတီတွေနဲ့ အပြိုင်ကြဲရမယ့် ပြည်နယ် ၇ ခု

  ၄ နိုဝင်ဘာ ၂၀၂၀ ဓာတ်ပုံ ရင်းမြစ်, SNLD ဓာတ်ပုံ ပုံစာ, SNLD ထောက်ခံသူများ မဲဆွယ် လှည့်လည့်စဥ် မြန်မာနိုင်ငံက တိုင်းရင်းသားတွေ အများစုနေထိုင်ကြတဲ့ ပြည်နယ် ၇ခု က အမျိုးသားလွှတ်တော်နဲ့ ပြည်သူလွှတ်တော် မဲဆန္ဒနယ် ၁၈၀ ကျော်ဟာ ပါတီတစ်ရပ် အစိုးရဖွဲ့နိုင်ရေး အဆုံးအဖြတ်အတွက် အရေးပါတဲ့ မဲဆန္ဒနယ်တွေဖြစ်ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေးရေချိန် အရ ၂၀၁၅ တုန်းကလို ပြည်နယ်တွေမှာ အာဏာရပါတီ အနိုင်မရနိုင်တော့ဘူးလို မှန်းဆမှုတွေရှိပြီး ဒေသတွင်းအားကောင်းတဲ့ တိုင်းရင်းသားပါတီတွေ စုစည်း ပြိုင်ဆိုင်လာမှုကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲတွေကွဲခဲ့ရင်တော့ လွှတ်တော်ထဲကို အသင့်ရောက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ နဲ့ မိတ်ဖက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် ပြည်နယ်မဲတွေဟာ အခွင့်အလမ်းဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ဓာတ်ပုံ ရင်းမြစ်, SAIONE LENG KHAN ဓာတ်ပုံ ပုံစာ, ကိုယ်စားလှယ်လောင်း ၁၃၀ ကျော်နဲ့ ရှမ်းပြည်နယ်အတွင်း မြို့နယ် အတော်များများမှာ SNLD ဝင်ရောက်ယှဉ်ပြိုင် ချင်း၊ ကချင်၊ ကရင် နဲ့ မွန် တို့မှာ ဒေသခံတိုင်းရင်းသားပါတီတွေ ပေါင်းစည်းပြီး ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ပြိုင်ကြသလို ကယား၊ ရခိုင်နဲ့ ရှမ်းတို့မှာလည...