Skip to main content

မြန်မာ့နိုင်ငံရေးမှာ ဗိုလ်ချုပ်မှူးကြီး (ဟောင်း) ပါဝင်မှု မရှိ

မြန်မာ့နိုင်ငံရေးမှာ ဗိုလ်ချုပ်မှူးကြီး (ဟောင်း) ဦးသန်းရွှေရဲ့ သြဇာလွှမ်းမိုးမှုမရှိကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အာအက်ဖ်အေနဲ့ သီးသန့်တွေ့ဆုံမေးမြန်းချက်မှာ ဖြေကြားခဲ့ပါတယ်။
၂ဝ၁၄ ခုနှစ်နောက်ပိုင်း မြန်မာ့နိုင်ငံရေးမှာ ဗိုလ်ချုပ်မှူးကြီး (ဟောင်း ) ဦးသန်းရွှေရဲ့အခန်းကဏ္ဍ ပြန်ပါလာပြီး ဆိုပြီး ပြောဆိုနေကြတဲ့အပေါ် RFA က မေးမြန်းရာမှာ အခုလို ဖြေကြားခဲ့ပါတယ်။

"ဟုတ်ပါသလားလို့မေးရင်တော့ ကျနော်အနေနဲ့ကတော့ မဖြစ်နိုင်ဘူးလို့ ကျနော်ကပြောချင်တာ၊ ဗိုလ်ချုပ်မှူး ကြီးက သူ့ဟာသူပဲ အေးဆေးနေတာပါ၊ ကျနော်တို့လည်း အခါကြီးရက်ကြီးတွေမှာ သွားပြုပြီးတော့ ဂါရဝပြု တာတွေရှိပါတယ်၊ ကျနော်တို့ရဲ့ တပ်မတော်ရဲ့မိဘဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့ သွားရောက် ဂါရဝပြု တာတွေရှိပါတယ်၊ သူကတိုင်းပြည်ကောင်းဖို့အတွက်ပဲ သူအကြံပြုတာတွေ ကျနော်တို့ တပ်မတော်ကောင်းအောင်လုပ်ဖို့အတွက် အကြံပြုတာတွေပဲရှိတယ်၊ ဘာလုပ်ပါလို့တော့ ဒီဟာတွေကိုတော့ လုပ်တာပြုတာတော့မပြောဘူး မရှိဘူး၊ နံပါတ် ၂ အချက်ကတော့ စည်းစည်းလုံးလုံးနေကြဖို့ သူမကြာ ခဏပြောပါတယ် တိုင်းပြည်ကောင်းအောင်လုပ်ကြဖို့ ဒီလောက်ပဲပြောပါတယ်၊ အခုအခြအနေမျိုးမှာလည်း ကျနော်တို့ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့လည်း ကျနော်တို့ ဘာမှမကြားပါဘူး၊ အစိုးရလည်း အစိုးရ အလျောက် သူလုပ်နိုင်တဲ့ဟာတွေ လုပ်နေတာပေါ့၊ လွှတ်တော်လည်း လွှတ်တော်အလျောက် သူတို့ရဲ့ လုပ်ပိုင်ခွင့်ထဲက လုပ်နေတာဖြစ်ပါတယ်၊ ဘာမှ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ (အငြိမ်းစား)ရဲ့ သြဇာလွှမ်းမိုးမှု ဘာတစ်ခုမှမရှိပါဘူး"
ချင်းပြည်နယ် ဟားခါးမြို့က ဒေသခံတွေအတွက် ကယ်ဆယ်ရေးပစ္စည်းတွေဟာ လမ်းတွေ ပျက်စီးကုန်တာကြောင့် ကလေးမြို့မှာ စုပုံနေပြီး သယ်ယူပို့ဆောင်ရေး အခက်အခဲဖြစ်နေတယ်လို့ ဟားခါးမြို့ကိုရောက်နေတဲ့ အာအက်ဖ်အေ သတင်းထောက်က ပြောပါတယ်။
ဒါနဲ့ပတ်သက်ပြီး ကာကွယ်ရေးဦးစီးချုပ်ကို မေးမြန်းရာမှာတော့ တပ်မတော်အနေနဲ့ ကယ်ဆယ်ရေးပစ္စည်းတွေကို ရဟတ်ယာဉ်တွေ အပါအဝင် နည်းလမ်းပေါင်းစုံနဲ့ သယ်ဆောင်ပေးလျက်ရှိကြောင်း အခုလို ပြောကြားသွားပါတယ်။
"အစီအစဉ်အရ အပြည့်လုပ်ပေးမယ်၊ ကျနော်က အပေါ်ကသယ်လို့ရတာလည်း အပေါ်ကသယ်ပေါ့၊ အရေးပေါ်လိုအပ်တဲ့ဟာတွေ အမြန်ပို့ရမယ့်ဟာတွေကျရင် ရဟတ်ယာဉ်နဲ့သယ်ပေါ့၊ အောက်ကသယ်ဖို့ လိုလို့ရှိရင်လည်း အောက်ကနေသယ်ဖို့ ကားလမ်းနဲ့သယ်ဖို့လုပ်နေတာရှိပါတယ်၊ တပ်ကမတော်က ကားတွေနဲ့ရော လေယာဉ်ပျံနဲ့ရော ရဟတ်ယာဉ်နဲ့ရော ကျနော်ကအဲ့ဘက်မှာ အများကြီးထုတ်ပြီး သုံးနေပါတယ်"
ဒါ့အပြင် လတ်တလောနိုင်ငံရေးအခြေအနေမှာ နိုင်ငံတော်အစိုးရဘက်ကနေ ရပ်တည်ပေးရမှာက လိုအပ်ချက်ဖြစ်ကြောင်းနဲ့ နိုင်ငံတော်အကြီးအကဲဖြစ်တဲ့ သမ္မတကြီးဦးသိန်းစိန် ဦးဆောင်မှုအောက်မှာ တပ်မတော်အကြီးအကဲတစ်ဦးအနေနဲ့ လိုက်နာပြီးဆောင်ရွက်ရ မှာဖြစ်တယ်လို့လည်း ပြောဆိုသွားပါတယ်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို RFA မြန်မာပိုင်းဌာနမှူး ဒေါ်ညိမ်းရွှေက  နေပြည်တော်ရှိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ဘုရင့်နောင်ရိပ်သာမှာ ဒီကနေ့ သီးသန့်တွေ့ဆုံမေးမြန်းထားတဲ့ ပထမပိုင်းကို နားဆင်နိုင်ပါတယ်။
rfa

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/...
ဦးဆန်းဆင့် ရမည်းသင်းထောင်ပို့ခံရ ဂျွန်လ ၂၀ ရက် နိုင်ငံတော်သမ္မတအမိန့်နဲ့ ရာထူးကနေ အနားပေးခံရတဲ့ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ရမည်းသင်းအကျဉ်းထောင်ကို ခေါ်ဆောင်သွားတယ်လို့ နေပြည်တော် သတင်းရပ်ကွက်က သိရပါတယ်။ သမ္မတက ဇွန် ၁၉ ရက်နေ့မှာ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်မကျေပွန်မှုနဲ့ ရာထူးကနေ ဖယ်ရှားမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနေ့ခင်း ၁ နာရီလောက်မှာပဲ အထူးစုံစမ်းစစ်ဆေးရေးဌာန (စစစ) တာဝန်ရှိသူတဦးက လာရောက်အမှုဖွင့်တယ်လို့ ရဲစခန်းကို ကိုယ်တိုင်သွားရောက်တဲ့ ဒီဗွီဘီသတင်းထောက် ဦးအောင်ကြီးက ပြောပါတယ်။

တိုင်းရင်းသားပါတီတွေနဲ့ အပြိုင်ကြဲရမယ့် ပြည်နယ် ၇ ခု

  ၄ နိုဝင်ဘာ ၂၀၂၀ ဓာတ်ပုံ ရင်းမြစ်, SNLD ဓာတ်ပုံ ပုံစာ, SNLD ထောက်ခံသူများ မဲဆွယ် လှည့်လည့်စဥ် မြန်မာနိုင်ငံက တိုင်းရင်းသားတွေ အများစုနေထိုင်ကြတဲ့ ပြည်နယ် ၇ခု က အမျိုးသားလွှတ်တော်နဲ့ ပြည်သူလွှတ်တော် မဲဆန္ဒနယ် ၁၈၀ ကျော်ဟာ ပါတီတစ်ရပ် အစိုးရဖွဲ့နိုင်ရေး အဆုံးအဖြတ်အတွက် အရေးပါတဲ့ မဲဆန္ဒနယ်တွေဖြစ်ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေးရေချိန် အရ ၂၀၁၅ တုန်းကလို ပြည်နယ်တွေမှာ အာဏာရပါတီ အနိုင်မရနိုင်တော့ဘူးလို မှန်းဆမှုတွေရှိပြီး ဒေသတွင်းအားကောင်းတဲ့ တိုင်းရင်းသားပါတီတွေ စုစည်း ပြိုင်ဆိုင်လာမှုကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲတွေကွဲခဲ့ရင်တော့ လွှတ်တော်ထဲကို အသင့်ရောက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ နဲ့ မိတ်ဖက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် ပြည်နယ်မဲတွေဟာ အခွင့်အလမ်းဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ဓာတ်ပုံ ရင်းမြစ်, SAIONE LENG KHAN ဓာတ်ပုံ ပုံစာ, ကိုယ်စားလှယ်လောင်း ၁၃၀ ကျော်နဲ့ ရှမ်းပြည်နယ်အတွင်း မြို့နယ် အတော်များများမှာ SNLD ဝင်ရောက်ယှဉ်ပြိုင် ချင်း၊ ကချင်၊ ကရင် နဲ့ မွန် တို့မှာ ဒေသခံတိုင်းရင်းသားပါတီတွေ ပေါင်းစည်းပြီး ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ပြိုင်ကြသလို ကယား၊ ရခိုင်နဲ့ ရှမ်းတို့မှာလည...