Suu Lay with အမှန် တရား and 17 others
Credit - Myo Kyaw kyaw လူအများဖတ်မိပါစေကြောင်း အမုန်းခံ Tag လိုက်ပါတယ်။ အားလည်းနာပါတယ်။
နိုင်ငံရေး စိတ်မ၀င်စား သူများသို့ပေးစာ (၁) + (၂) + (၃) + (၄)
----------------------------------------
ဒီနေ့ပဲ (၄) ရေးပြီးပါတယ်။ (၄) တစ်ခုတည်း တင်ဖို့ပါ သို့ပေမယ့်
Chatbox မှ သူငယ်ချင်းများရဲ့တောင်းဆိုမှု
Post တစ်ခုတည်းပေါင်း တင်ပေးလိုက်ပါတယ်။
ဒီအကောင့်ဟာ ကျနော်ရဲ့ အရံအကောင့်ဖြစ်ပါတယ်။
အရင် အကောင့်မှာလဲ ဒီပို့ကို တင်ထားပါတယ်။
(၁)
သခင်အောင်ဆန်း နိုင်ငံရေး မလုပ်ခဲ့ဘဲ
ဘယ်အစိုးရတက်တက် ၊ ကိုယ့်ထမင်း ၊ ကိုယ်စားနေတာဆိုပြီး နေခဲ့မယ်ဆိုရင်
မြန်မာပြည် လွတ်လပ်ရေး ရရန်မရှိပါ။
အေဗရာ ဟမ်လင်ကွန်း နိုင်ငံရေးကို
စိတ်မဝင်စားပဲ ဘယ်သူတက်တက်
ကိုယ်လုပ်မှ ကိုယ်စားရတာ ဆိုသည့်
ခပ်တိမ်တိမ် အတွေးအခေါ် ရှိခဲ့ပါက
အမေရိကန် ပြည်ထောင်စုတွင် ကျွန်စနစ်
တည်မြဲကောင်း တည်မြဲ နေနိုင်ပါသည်။
ဂန္ဒီကြီး ရှေ့နေအလုပ်ဖြင့် ငွေဝင်လမ်း
ဖြောင့်နေသဖြင့် ဘယ်အစိုးရတက်တက်
ကိုယ်လုပ်မှ ကိုယ်စားရတာ ဆိုပြီး ခပ်ပျော်ပျော်
နေခဲ့ပါလျှင် အိန္ဒိယပြည်လည်း လွတ်လပ်ရေး
ရချင်မှ ရပါလိမ့်မည်။ ထို့ကြောင့် ကိုယ်မလုပ်နိုင်လျှင်
မလုပ်ရဲသေးလျှင် လုပ်နိုင်သူများ ကောင်းရာကောင်းကြောင်း
လုပ်ရင် မုဒိတာပွားပါ။စိတ်ဝင်စားသူများ
အချင်းချင်း ဆွေးနွေးနေသည်ကို မလှောင်မိ
ပါစေနှင့်။ လှောင်မိသူသည် အလွန် ရယ်စရာ
ကောင်းသူ ဖြစ်သွားပါလိမ့်မည်။
ကျနော်တို့ လေးစားရတဲ့ အလေးပြုရတဲ့
တစ်နိုင်ငံလုံးက လေးစားရတဲ့ အလေးပြုရတဲ့
အခုချိန်ထိ မေ့လို့မရသေးတဲ့ လွှတ်လပ်ရေး
ဖခင်ကြီး ကိုယ်တိုင်က ဒီလို ပြောခဲ့တယ်။
~~~~~~~~~~~
နိုင်ငံရေးဆိုသည်မှာ
~~~~~~~~~~~
"နိုင်ငံရေးဆိုသည်မှာ ကျွန်ုပ်တို့နေ့စဉ်နှင့်အမျှ လူလောကတွင် တွေ့ကြုံနေကြရသော ကိစ္စပင် ဖြစ်ပေသည်။
တနည်းအားဖြင့်ဆိုသော် နိုင်ငံရေးဆိုသည်မှာ လူကိစ္စဟု ဆိုရပေမည်။ ကျွန်ုပ်တို့၏ စားမှု သောက်မှု နေထိုင်မှု သွားလာမှုအစုစုသည် နိုင်ငံရေးပင်ဖြစ်သည်။ "
(သခင်အောင်ဆန်း)
ဗိုလ်ချုပ်ရဲ့ အဆိုအမိန့်လေးကို ယခုဖြစ်နေတဲ့
သာဓက လေးတစ်ခုလေးနဲ့ သက်သေပြချင်တယ်။
ယခုတစ်နိုင်ငံလုံးလိုလို ရေးကြီးနေတဲ့ပြသာနာတွေ
ဖြစ်နေတယ်ဆိုတာ အားလုံး အသိဖြစ်ပါလိမ့်မယ်။
ဘာလို့အဲဒီလိုတွေ ဖြစ်တာလဲ စဉ်းစားကြည့်မယ်။
မိုးအဆမတန်ရွာသွန်းမှု။ ဘာလို့ မိုးအဆမတန်ရွာ
တာလဲ ရာသီဥတု ဖောက်ပြန်လို့ ။ ဘာလို့ ရာသီ
ဥတု ဖောက်ပြန်တာလဲ သဘောပတ်ဝန်ကျင်
ထိန်းသိမ်းမှု မရှိလို့။ တောင်တန်းတွေမရှိတော့ဘူး
သစ်တော ၊ သစ်ပင်တွေ မရှိတော့ဘူး အစိုးရ ရောင်း
စားလို့ ကုန်ပြီ။ အခုလို သစ်ပင်တွေ မရှိရခြင်းရဲ့ ဆိုး
ကျိုးလေး အောက်မှာ ဖတ်ကြည့်သင့်ပါတယ်။
သစ်တောပြုန်းတီးခြင်းရဲ့ ဆိုးကျိုး
--------------------------------------
ရေကြီးခြင်းရဲ့ အဓိက အချက်တွေပေါ့။
သစ်တောတွေ ပြုန်းတီးခြင်း။
သစ်ရွက်တွေဟာ မိုးရေတွေ ခံထားပြီး
ရေငွေ့ပြန်စေတယ်။နေရောင်မထိုးမပေါက်တဲ့
မြန်မာပြည်က အမြဲစိမ်းတော်တွေဟာ
မိုးရေတွေကို မြေပေါ်မရောက်အောင်
တားစီးပေးတယ်။သစ်မြစ်တွေဟာ မိုးရေတချို့ကို
စုပ်ယူထားပြီး တချို့ကို မြေကြီးထဲကို ပို့ပေးတယ်။
မြေအောက်ရေကြော တွေကနေ တဆင့်စီးဆင်း
စေတယ်။သစ်တောအုပ်တွေဟာ ရေးစီးကြောင်း
အဟုန်ကိုတားစီးပေးတယ်။သစ်တောအုပ်တွေ
မရှိခဲ့ရင် ရေစီးဟာ အရှိန်အဟုန်နဲ့အားလုံးကို
တိုက်စားစီးဆင်းတယ်။တောင်ကတုန်းတွေပေါ်က
အရှိန်အဟုန်နဲ့တိုက်စားလာတဲ့ ရေဟာ မြစ်ဝတွေကို
ပိတ်ဆို့စေတယ်။ရေထွက်ပေါက်တွေပိတ်ပြီး ကုန်းတွင်း
မှာရေတွေကြီး ကုန်တယ်။
ကျတော်တို့၏ နိုင်ငံရေး မကောင်းပါက
အဘယ်မှာလျှင် တည်ငြိမ်မှု ရှိမည်နည်း။
တည်ငြိမ်မှု မရှိသော နိုင်ငံအား အဘယ်မှာလျှင်
ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ လာအံ့နည်း။
ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ မရှိပါက အဘယ်နိုင်ငံသားသည် ကောင်းမွန်သော
အလုပ်ရအံ့နည်း။ပြည်ပမှာ အလုပ်လုပ်သွားနေကြတဲ့ သူတွေက သက်သေ ။ကျတော်တို့ နိုင်ငံမှာ
အလုပ်ကောင်းမရှိလို့ဆိုတာ သက်သေပါ။
အလုပ်မရပါက အဘယ်မှာလျှင် ထမင်းစားရန်
ပိုက်ဆံရအံ့နည်း။နိုင်င်ငံသားများ ပိုက်ဆံမရှိပါက
အဘယ်သို့ ကြွယ်ဝသော နိုင်ငံ ဖြစ်အံ့နည်း။
နိုင်ငံ မကြွယ်ဝပါက အဘယ်သို့လျှင် ပညာရေး
ကျန်းမာရေး ကိစ္စများတွင် သုံးစွဲနိုင်အံ့နည်း။
နိုင်ငံသားများ ပညာရေး ကျန်းမာရေးတွင် ချူချာပါက
အဘယ်မှာလျှင် တည်ငြိမ်သော နိုင်ငံ ဖြစ်အံ့နည်း။
ဟာ ဒီလောက်တောင်ပဲလား နိုင်ငံရေး
လုပ်ရတယ်ဆိုတာ လွယ်တာ မဟုတ်ဘူးဟု
တွေးကောင်း တွေးမိပါလိမ့်မည်။ မစိုးရိမ်ပါနှင့်။
လူတိုင်း နိုင်ငံရေးသမား လုပ်ရန်မလိုပါ။ နိုင်ငံရေးကို
စိတ်ဝင်စားရမည် ဆိုခြင်းမှာ စာဖတ်သူအား
ဟံသာဝတီ ဦးဝင်းတင်ကဲ့သို့ နောက်ဆုံးအချိန်
အထိ တိုက်ပွဲဝင်ရန် လူရွှင်တော် ကိုဇာဂနာကဲ့သို့ အစိုးရကို ဝေဖန်ပြီး ထောင်ထဲသွားနေရန်
အခြားစွန့်ဝံ့သူများကဲ့သို့ ယုံကြည်ချက်နှင့်
အသက်ကို လဲလှယ်ရန် တိုက်တွန်းနေခြင်း မဟုတ်ပါ။
စာရေးသူလည်း ထိုမျှ သတ္တိမရှိသေးပါ။ နိုင်ငံရေး
ဆိုသည်မှာ ကိုယ်တိုင် လှုပ်ရှားဆောင်ရွက်သူနှင့်
လေ့လာအကဲခတ်သူများ ဟူသည့် နှစ်စုရှိပါသည်။
ကိုယ်တိုင် လှုပ်ရှားဆောင်ရွက်သူ မဟုတ်လျှင်
လေ့လာအကဲခတ်သူကောင်း တယောက် ဖြစ်ဖို့လို
ပါသည်။ အဘယ်ကြောင့်ဆိုသော် ဒီမိုကရေစီစနစ်တွင်
သင့်ကိုယ်စားလှယ်ကို သင်ကိုယ်တိုင် ရွေးချယ်ရမည်
ဖြစ်သောကြောင့် ဖြစ်ပါသည်။ သင့်ရဲ့ မြို့နယ်မှာ
ပါတီ အသီးသီးက ကိုယ်စားလှယ်များ လာရောက်
အရွေးခံကြမည်။ သင် ဘယ်ပါတီ ကို မဲပေးမလဲ။
သင်သည် နိုင်ငံရေးစိတ်ဝင်စားပြီး လေ့လာအကဲခတ်သူ
ဖြစ်နေမည်ဆိုရင် ဘယ်ပါတီကို မေးပေးမလဲ
လေ့လာသင့်ပါတယ်။ ဘယ်ပါတီ ကတော့ မကောင်းဘူး
ဘယ်ပါတီ ကတော့ ကောင်းတယ်ဆိုတာသိဖို့လိုပါမယ်။
မြန်မာနိုင်ငံရဲ့ အရေးဟာ မြန်မာနိုင်ငံသား
အားလုံးရဲ့ အရေးပါ။ ထိုကြောင့် မြန်မာနိုင်ငံ
ရဲ့ နိုင်ငံရေးဟာ မြန်မာနိုင်ငံသား တွေ ရဲ့
ခင်ဗျားတို့ ကျနော်ရဲ့ နိုင်ငံရေး ပါ ။
ဒီစာကို ဖတ်ပြီး ကျနော်တို့ရဲ့ ညီငယ်တွေ
ညီမငယ်တွေ တစ်ယောက် နှစ်ယောက် ဖြစ်ဖြစ်
နားလည်သဘောပေါက်ပြီး နိုင်ငံရေးကို
စိတ်ဝင်စားလာတဲ့ သူတွေ ဖြစ်လာရင်ကို ရေးရကျိုးနပ်ပါပြီ။
မျိုးကျော်ကျော်။
မှတ်ချက်။ တချို့စာသားများသည် စံလှကြီး
ဆောင်းပါးမှ ယူသုံးထားပါသည်။
_________________________
(၂)
နိုင်ငံရေး ဆိုတာဘာလဲ က စပြီး အဓိပ္ပယ်ဖွင့်
ချင်ပါတယ်။နိုင်ငံရေးဆိုသည်မှာ ကျွန်ုပ်တို့
နေ့စဉ်နှင့်အမျှ လူလောကတွင် တွေ့ကြုံနေ
ကြရသော ကိစ္စပင် ဖြစ်ပေသည်ဟုသခင်
အောင်ဆန်းက ပြောဆိုခဲ့ပါတယ်။
နိုင်ငံရေးစိတ်မ၀င်စား တဲ့သူတွေကို ကျနော်
အပြစ်မမြင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အရင်
တချိန်က ကျနော်လဲ နိုင်ငံရေးကို စိတ်မ၀င်စားခဲ့
ပါတဲ့သူတစ်ယောက်ပါ။ မျက်စိပိတ် ၊နား ပိတ်နဲ့
ကျေးလတ်ဒေသမှာ ကြီးပျင်းခဲ့တဲ့ သူတစ်ယောက်ပါ။
အမှောင်ကျနေတဲ့ ခေတ်စနစ်ကြီး ထဲက ကြီးပျင်း
လာတဲ့သူတွေဆိုတော့ အမြင်ကျယ်မှု ၊ သိမြင်မှု
တွေက နည်းပါးကြပါတယ်။ ကျနော်တို့ စိတ်ဝင်စား
သင့်လား (သို့) စိတ်မ၀င်စားသင့်ဘူးလားဆိုတာ
မြင်သာတဲ့သာဓက အနည်းငယ်နဲ့ ပြောကြည့်မယ်။
ခလုပ်ထိမှအမိတဆိုတဲ့စကားကငါနဲ့မဆိုင်ပါဘူးကွာ
ဆိုသူတွေအတွက် ရည်ရွယ် ညွှန်းသလားထင်ရတယ်
ဧည့်စာရင်းစစ်မယ်ဆိုပြီးခြင်ထောင်တွေ အတင်းအလှန်
ခံရတဲ့ရင်နာစရာအဖြစ်တွေကို စစ်ဖိနပ်အောက်မှာကိုယ်
တွေ့ခံရသူတွေကရုန်းမယ်...
ကံအားလျော်စွာအဲဒီလို မကြုံလိုက်ရသေးသူတွေ
ကတော့ နေသာသပလေညာကပေါ့ တစ်ချိုကလည်း
အဲဒီအဖြစ်ဆိုးတွေအလွန်မှာမှလူဖြစ်လာတော့မကြုံဖူးလို
့မယုံ ဘူး မေ ရယ်.. ပေါ့ ဟော...တစ်နိုင်ငံလုံးဖုန်းအခွန်
ကောက်မယ်လည်းဆိုရော ငါနဲ့ဆိုင်တဲ့နိုင်ငံရေးခဏထဖြစ်ကြ
အခွန်မကောက်သေးဘူး ... တစ်နှစ်ဆိုင်းငံ့ထားသည် ဆိုတာ ကြားပြန် တော့နိုင်ငံရေးဆိုတာဝေးသူတွေသွေးအေးကြပြန်ရော...
တစ် ကယ်တော့ အဲဒီလိုဆိုင်းငံ့သွားအောင်ထောင်ကျချင်
ကျပစေဆိုတဲ့ကျောင်းသား လေးတွေ၊ရဟန်းရှင် လူ နိုင်ငံရေး
အံတုသူတွေကြိုးပမ်းခဲ့ရတယ်ဆိုတာ နိုင်ငံရေးနဲ့ မဆိုင်ဆိုသူတွေ
မမြင်တက်ကြပါဘူးသူတို့လည်းအခွင့်ထူးခံအသေးစား
လေးတွေ ဖြစ်မှန်းမသိဖြစ်နေကြတာကိုး ဘယ်အစိုးရတက်
တက် ကိုယ်လုပ်မှ ကိုယ်စားရတာဆိုတာမျိုးတွေထဲမှာ
လက်ပတောင်းတောင်းက လူတွေ မပါတော့ဘူးနော် ကိုယ်လုပ်
လည်း ကိုယ်မှ မစားရတာ ထမင်းလုပ်တောင် အပုတ်အချခံ
ရသေး အစိုးရကောင်း ရင် ကိုယ်လုပ်တာထက် ပိုစားရမယ်
အစိုးရမကောင်းရင် ကိုယ်လုပ်တာဖွတ်တွေ ခွေးတွေပဲဆွဲဆွဲ
သွားတာဟုတ်ရဲ့လားဗျ။ သြော် --- ရေတွေကြီးတော့မှ ရေဘေး
ဒုက္ခသည်ဖြစ်လာတဲ့ အချို့အချိုသောနိုင်သော နိုင်ငံရေးဘေး
ရောက်နေသူတွေ ခပ်ရေးရေးသဘောပေါက်လာတယ်
သစ်ပင်ခုတ်တာ ငါတို့နဲ့မဆိုင်ဘူးလို့ ဘေးထိုင်နေသူများ
အခုမှ သစ်ပင်မရှိတဲ့ အကျိုးဆက်ကို မျက်ဝါးထင်ထင်ခံစားရတယ်
ဒါတွေက နှောင်းခဲ့ပါပြီ ဘာမှ လုပ်လို့မရဘူးဆို ပေမယ့် ဒီလို
လူတစ်စုကြီးစိုးမှုကို အဆုံးသတ်နိုင်မယ့် အခွင့်အရေး မကြာ တော့တဲ့ အနာဂတ်တစ်ခုကို နိုင်ငံရေးဝေးတဲ့သူတွေ ဝေးနေမြဲဝေးနေဦးမှာလား
နိုင်ငံရေးက တော့သင့်ဆီလာဦးမှာပဲ ပန်းခင်းပေးမှာတော့
မဟုတ်ဘူး ဆူးခင်းပေးမယ့် နိုင်ငံရေးပေါ့ ဒါကိုဖယ်ရှားရမယ့်
နိုင်ငံရေးမှာ သင်မပါသင့်ပြီလော ၂၀၁၅ အောက်တိုဘာ ရွေး
ကောက်ပွဲမှာ ဆူးခင်းတဲ့နိုင်ငံရေးကို သင်ကိုယ်တိုင်ဖယ်ရှားနိုင်မှ
သင့်မိသားစုကို သင်ကယ်တင်ရာရောက် မည်။
____________________________
(၃)
နိုင် ငံ ရေး ကို စိတ် မ ၀င် စား ဘူး ...
အေး အေး ပဲ နေ မယ် ...
ဒီ လို ဆုံး ဖြတ် တာ ဟာ သင့် ရဲ့ သား သ မီး တွေ ကို သား စဉ် မြေး ဆက် ခံ ပေ တော့ လို့ ထိုး ထည့် လိုက် တာ ပဲ...
သင် က တော့ အေး ချင် အေး မယ်... အ နာ ဂတ် ရင် သွေး တွေ အ တွက် တော့.... မ တွေး ၀ံ့ စ ရာ ... ဒီ လို အာ ဏာ ရူး အ စိုး ရ လက် အောက် မှာ သင့် သား သ မီး ကို ထား ခဲ့ မှာ လား ....
သူ တို့ ကို သင့် လို့ ဒုက္ခ တွေ ခံ ခိုင်း ဦး မှာ လား... သင် တစ် ယောက် နိုင် ငံ ရေး ကို ဝေး ဝေး ရှောင် လို့ သင့် နောက် အ ဆွယ် အ ပွား တွေ ရှောင် နိုင်ပါ့မလား
လိမ္မာ တဲ့ သင့် သား သ မီး ကို လာဘ် စား ပြီး မ တ ရား ဆုံး ဖြတ် တတ် တဲ့ ရပ် ကွက် လူ ကြီး ဆီ မှာ စာ ရိတ္တ ထောက် ခံ ချက် ယူ ခိုင်း ဦး မှာ လား....
သင် ဖြတ် သန်း လာ တဲ့ အ မှောင် ခေတ် ကို သင့် သား သ မီး က အ မွေ ဆက် ခံ ရ မှာ လား...
သင် မ ကြိုက် တဲ့ ပ ညာ ရေး စ နစ် မှာ သင့် သား သ မီး ကို နှစ် ခဲ့ ဦး မှာ လား...
နှစ် ပေါင်း ၆၀ လျှပ် စစ် မီး တောင် မ လင်း ပေး နိုင် တဲ့ အ စိုး ရ ဆိုး ကို ဝေး ဝေး ရှောင် ခြင်း နဲ့ သင် ထောက် ခံ နေ ဦး မှာ လား...
သင် အ မွေ ပေး ခဲ့ မယ့် သင့် ချွေး နည်း စာ တွေ ကို သင့် သား သ မီး တွေ လက် ထဲ က ပြန် သိမ်း တတ် တဲ့ အ စိုး ရ မျိုး ကို ...
လက် သည်း ဆိတ် မှ လက် ထိပ် နာ တတ် တဲ့ အ ဖြစ် မျိုး သင် မ ကြုံ ချင် ဘူး မ ဟုတ် လား....
အ ခွင့် ထူး ခံ တွေ ရဲ့ သား မြေး တွေ နဲ့ မ လွှဲ မ သွေ ကြုံ တွေ့ ရ မယ့် သင့် သား သ မီး တွေ ကို သင် မြင် ရက် မှာ မ ဟုတ် ပါ...
သင့် လက် မှာ သင် ပိုင် တဲ့ ... အ ဖိုး တန် မဲ ထည့် ခွင့် ရှိ နေ ပြီ.... သင် လျစ် လျူ ရှု လိုက် ရင် ... သင့် မဲ ဟာ မိ အေး အ ခါ ခါ နာ ဖြစ် ရ တော့ မယ်...
သင့် မဲ ကို သူ တို့ အ သုံး ချ ခံ ဖြစ် ရ တာ က တစ် ခါ နာ မယ်... သင် ကြုံ နေ ရ တဲ့ လူ တစ် စု အ စိုး ရ ထက် သာ တဲ့ ပြည် သူ့ အ စိုး ရ မျိုး ကို သင် မ ရွေး လိုက် ရ တာ က တစ် ခါ နာ မယ်....
သင့် အ သက် အ ရွယ် နဲ့ အ ချိန် အ ခါ ကို ဖွတ် တစ် စု လက် ထဲ ကို ပဲ ပြန် အပ် လိုက် ရ တာ က တစ် ခါ နာ မယ်....
မိတ် ဆွေ... နည်း နည်း လေး ကောင်း မယ် လို့ ယူ ဆ ရ တဲ့ ပြည် သူ စစ် စစ် အ စိုး ရ သစ် မျိုး ကို သင် မဲ ပေး လိုက် မယ် ဆို ရင် တောင် ဖွတ် တစ် စု ထက် တော့ အ ပုံ ကြီး သာ ဦး မယ်...
သင့် သား သ မီး မြေး တွေ က သင့် ရွေး ချယ် မှု ကို မျှော် လင့် ခြင်း ကြီး စွာ နဲ့ စောင့် နေ လေ ရဲ့......
______________________________
(၄)
ပြည်သူတွေရဲ့ဘဝ & လူမှုကိစ္စအဝဝ
-----------------------
လုပ်အားခ နည်းမှု စားဝတ်နေရေး ခတ်ခဲသောကြောင့် ပြည်ပနိုင်ငံတွေ မှာ အလုပ်လုပ်နေ ကြရတဲ့ မြန်မာနိုင်ငံသားတွေ ရဲ့ဘဝ
ကျောင်းပညာရေးကို ဘွဲ့ရသည်ထိ သင်ယူပြီး အောင်မြင်ခဲ့သော်လည်း အလုပ်ရဖို့ ခတ်ခဲနေတဲ့ လူငယ်တွေဘဝ
နိုင်ငံကမွဲပြီး လုပ်စရာအလုပ်မရှိလို့ တရုတ်မှာ အိမ်ဖော်လုပ်နေရတဲ့ မြန်မာမိန်းကလေးတွေရဲ့ ဘဝ
ဆန်စပါးကို ထွန်ယက်စိုက်ပျိုး နေတဲ့ တောင်သူဦးကြီးများ ရာသီဥတု မမှန်ပြီး သီးနှံ ဈေးမကောင်း သောကြောင့် ဆန်ကောင်းမစားရတဲ့ လယ်ယာလုပ် တောင်သူလယ်သမား
တွေရဲ့ဘဝ
ထွန်ယက်စိုက်ပျိုးနေတဲ့ လယ်ယာကိုတောင် မချန်ဘဲ မတရား သိမ်းခံနေရတဲ့ တောင်သူ လယ်သမားတွေရဲ့ ဘဝ
ပြည်သူတွေနေတဲ့ အိမ်ယာကိုတောင် မချိန်ဘဲ မတရား ဘူဒိုဇာ နဲ့ ထိုးပြီး အိုးမဲ့ အိမ့် ဖြစ်နေကြတဲ့ ပြည်သူတွေရဲ့ ဘဝ
သစ်တွေကုန်လု နီးပါ ဖြစ်နေလို့ မြစ်ပါ မချန်ဘဲ တရုတ်နဲ့ စာချုပ်ချုပ် ရောင်းစားခံထားရတဲ့ မြန်မာနိုင်ငံရဲ့ အသက်သွေးကြောဖြစ်တဲ့ အမိဧရာဝတီရဲ့ ဘဝ
လောဘတွေ ငယ်ထိပ်ရောက်နေတဲ့ သူတွေ ကြောင့် တောင်တန်းတွေတောင် ငိုနေရပြီး ရောင်းစားခံလိုက်ရတဲ့ တောင်တန်းတွေရဲ့ဘဝ
တိုင်းရင်းသားညီအကိုတွေနဲ့ စစ်တပ် ဟာ ငြိမ်းချမ်းအေး ငြိမ်းချမ်းအေးလို့ အော်နေပါရဲ့ မပြီးနိုင်သေးတဲ့ စစ်ပွဲတွေကြောင့် အိုးမဲ့ အိမ်မဲ့ ဖြစ်ပြီး ထမင်းနပ်မမှန်တဲ့ စစ်ဘေးဒုက္ခသည် တွေရဲ့ဘဝ
ရေအားလျှပ်စစ်တွေ ဒီလောက်များနေတာတောင် ပိုက်ဆံပေးပြီး လျှပ်စစ်မီးကို အချိန်မှန်မှန် သုံးချင်ရင်တောင် သုံးခွင့်မရတဲ့ ကျွန်တော်တို့ရဲ့ဘဝ
ထပ်ရေးရင် ကုန်ပြီမဟုတ်လို့ စသည့် စသည့် ~~~~
အခုတော့သိလိုက်ရပြီ။
------------------------------
မြန်မာနိုင်ငံရဲ့နိုင်ငံရေးဟာ
မြန်မာနိုင်ငံသားတိုင်းနဲ့ သက်ဆိုင်တယ်ဆိုတာ
အခုတော့ကောင်းကောင်းကြီးသိလိုက်ရပြီ။
(ရေဘေးသင့် ပြည်သူတစ်ယောက်)

(လယ်သိမ်းခံတောင်သူဦးကြီးတစ်ယောက်)

(အိမ်ကို အာဏာရှင်များ မှ ဖယ်ရှားခြင်းခံရသူတစ်ယောက်)

(မိမိအိမ်ကို ဘူဒိုဇာနဲ့ အထိုးခံလိုက်ရတဲ့ ပြည်သူတစ်ယောက်)

(လက်ပတောင်းမှ မီးလောင်ဗုံးနဲ့ ပြစ်ခံလိုက်ရတဲ့ ရဟန်းတစ်ပါး)

(နေပြည်တော် ကောင်စီအတွင်း ကျောင်းဆောက်ဟု စွပ်စွဲကာ ထောင်ချခံလိုင်ရတဲ့ ကျောင်းထိုင်ဆရာ တော် တစ်ပါး)

(တရုတ်ပြည်မှာ အိမ်ဖော်လုပ်နေရတဲ့သူတစ်ယောက်)

(မိသားစုနဲ့ဝေကွာပြီး ပြင်ပမှာ စာဝတ်နေရေးအတွက် အလုပ် လုပ်နေတဲ့ နိုင်ငံသားတစ်ယောက်)
ဒါတွေဟာ လူမှု ၊ ကိစ္စ အဝဝတွေပါပဲ။
ထိုကြောင့် ဗိုလ်ချုပ်က ဒါတွေဟာနိုင်ငံရေးလို့ ပြောခဲ့တာပါ။
မိမိကို တိုက်ရိုက်အဖိနှိပ်မခံရလို့ နေသာသလို နေခဲ့မယ်ဆိုလျှင် နောက်မျိုးဆက်တွေအတွက်တော့
မတွေးဝံ့စရာပါ။ သွယ်ဝိုက်ပြီး အဖိနှိပ်ခံနေတာကို တော့ သတိမူမိမဟုတိပါ။
တစ်ခုတွေးရမှာက ကျနော်တို့ နိုင်ငံဟာကမ္ဘာ့ အဆင်းရဲ ဆုံးနိုင်ငံထဲမှာ ရှိနေတယ်ဆိုတာ မမျော့မလျော့သင့်ပါ။
ကမ္ဘာ္ဘ့ အဆင်းရဲဆုံးနိုင်ငံစာရင်းဝင်ထားတဲ့ နိုင်ငံတွေရဲ့ အုပ်ချုပ်မှု စနစ်ကို ကြည့်လိုက်ပါ။ အာဏာရှင်စနစ် နဲ့ အုပ်ချုပ်တဲ့ နိုင်ငံတွေများပါတယ်။
ထို့ကြောင့် စိတ်တွေပြောင်းလဲသင့်ပြီ
~~~~~~~~~~~~~~~~~~~~~~~~~
ပြောင်းလဲ ချိန်တန်ပြီ
နိုင်ငံတစ်နိုင်ငံမှာ
အဲဒီ နိုင်ငံသားတွေနဲ့ ထိုက်တန်တဲ့
အစိုးရတစ်ရပ်ကို ရလေ့ရှိတယ်လို့
နိုင်ငံရေး ပညာရှင်တွေရဲ့ အဆိုအမိန့်ကို
ဖတ်ကြည့်ဘူးတယ်။ ဖတ်လိုက်ရတဲ့
အချိန်မှာတော့ မကြိုက်သလိုလိုနဲ့
တွေးနေမိတယ်။ ပြန်စဉ်းစားကြည့်လိုက်တော့
ဒါဟာ အမှန်တရား လို့ သုံးသပ်တယ်။
ကျနော်တို့နိုင်ငံသားအများစုဟာ
တော်မယ်၊ကောင်းမယ်၊ဆိုရင်
တော်တဲ့၊ ကောင်းမယ့်အစိုးရကိုရလိမ့်မယ်။
ကျနော်တို့ နိုင်ငံသားအများစုဟာ
အရင်လိုပဲ လမ်းလွှဲနေကြဦးမယ်
အရင်လိုပဲ နိုင်ငံရေးကငါနဲ့မဆိုင်ဘူး
အရင်လိုပဲ ကြိုက်တဲ့အစိုးရတက်
တက်လာတဲ့ အစိုးရ ငါတို့အစိုးပဲ
အရင်လိုပဲ ငွေနဲ့မြုပြီး မဲဆွယ်လို့
အရင်လိုပဲ အာဏာရှင်နဲ့ လက်ဝါးရိုက်
အဲဒီလို စိတ်တွေ ထပ်ရှိအုံးမယ်ဆိုရင်တော့
အခုလက်ရှိ အစိုးရလိုပဲ ရလိမ့်မယ်။
ပြောင်းချိန်တန်နေပါပြီ။ ဒီ ၂၀၁၅မှ
မရွေ့ရင် ရွေ့ဖို့ လမ်းမမြင်တော့ပါဘူး။
အာဏာရှင်ကို မုန်းတယ် မုန်းတယ်လို့
ပါးစပ်က ရွတ်ရွတ်နေပါလျှက်
အာဏာရှင်ကို ဖယ်ရှားဖို့ကြတော့
မလုပ်ချင်ကြဘူး။
သူ့ဘက်ကို ပြောင်းစေချင်ရင်
ကိုယ့်ဘက်က စပြောင်းမှ ရလိမ့်မယ်။
ငါတို့ဟာ ဘာလဲဆိုတာပြဖို့အချိန်တန်ပြီ။
ငါတို့ဟာ မှန်တဲ့လမ်းကို လျှောက်ဖို့ အချိန်တန်ပြီ။

Comments
Post a Comment