ကိုဇာဂနာပြောတယ်
NLD ကတော့ သူ့တာဝန်သူ ကျေပွန်ခဲ့တယ်လို့ ကျွန်တော် ရဲရဲ
ကြီးအာမခံတယ်၊

ကျွန်တော်ဟာNLDပါတီဝင်မဟုတ်ပါဘူး။ဒါပေမယ့်
မဟုတ်တာတွေပြော မမှန်တာတွေရေးနေတာတွေကို
တော့ ဒီအတိုင်းထိုင်ကြည့်နေရလောက်အောင်လဲ မကြောင်သေးပါဘူး။ဒါကြောင့်မနေနိုင် မထိုင်နိုင် ဝင်ပြောလိုက်ပါရစေ။ရွှေဝါရောင်တော်လှန်ရေး စစချင်း
25စက်တင်ဘာညမှာ အဖမ်းခံရတဲ့32ယောက်ထဲမှာ
NLD 31ယောက်နှင့်ကျွန်တော်ပါ။သံဃာတော်တွေကို
နေ့စဉ်ဆွမ်းကပ် လမ်းတစ်လျှောက် လုံခြုံရေးယူပြီးခဲ့တဲ့အပြင်မူးမော်လဲသွားတဲ့ သံဃာတော်တွေကို ဆေးလိုက်ကုပေးတာNLDတွေပါ
ါပဲ။ဘယ် တစည ဘယ်ကြံခိုင်ရေးမှမပါဘူး။အခုမှသံဃာနှင့်NLDတွေထိပ်တိုက်မတွေ့စေနဲ့လို့ပြောနေကြတာတွေကို နားမလည်ပါ
ဘူး။ပြောနေတဲ့သူ အားလုံးမေးချင်တယ်။ရွှေဝါရောင်ကာ
လတုန်းက ခင်များတို့ဘာတွေလုပ်နေခဲ့ကြသလဲ။ NLD ကတော့ သူ့တာဝန်သူ ကျေပွန်ခဲ့တယ်လို့ ကျွန်တော် ရဲရဲ
ကြီးအာမခံတယ်။ဒကာရယ်လို့ ပြောမိလို့ ဘာဒကာလဲဆို
ပြီး နရင်းအုပ်ခံရတာ မဂ္ဂင်ဆရာတော်ပါ။ ဖြောင့်ချက်မ
ပေးရင် (ကန်တော့ပါရဲ့) ဖင်ချခံရမယ်ပြီး ဝိုင်းချုပ်ခံခဲ့ရ
တာ မစိုးရိမ်တိုက်ကျောင်းက ဆရာတော်။ထောင်ထဲမှာ
ဘုန်းကြီးမရှိဘူး ဆွမ်းမရှိဘူး လိုချင်ရင် ဒါပဲရမယ်ဆိုပြီး
ဆဲခံရတာ မေဒီနီဆရာတော်။အဲ့ဒါတွေ လုပ်ခဲ့ ဆဲခဲ့ကြ
တာNLD တစ်ယောက်မှ မပါဘူး။ကြည့်ကျက်ရေးကြ
ပြောကြစမ်းပါဗျ။
ဇာဂနာ

Comments
Post a Comment