Skip to main content

သကောင့်သားခမျာမှာ..

ဟိုနေ့က..
စစ်တပ်ထဲက အရပ်ဘက်ပြောင်းလာတဲ့..
ပုံစံခွက်ဦးနှောက်ပိုင်ရှင်
သယ်ရင်းတစ်ကောင်နဲ့ အငြင်းပွားခဲ့တယ်။
သူနဲ့ တပ်မတော်ဘတ်ဂျက်အကြောင်းပြောရင်းနဲ့..
အဲဒီကောင်က ကျွန်တော့ကို...
ပြည်သူတွေက အခွန်တောင်..
ဆောင်တာ မဟုတ်ဘူး လို့ ပြောတယ်။

အဲဒါကြောင့် သူတို့တွေဟာ...
ပြည်သူတွေရဲ့လုပ်စာကို...
စားနေရတာ မဟုတ်ဘူးဆိုတဲ့ ဆိုလိုရင်းပါ။
ကျွန်တော်က.....ဒီလိုပြောလိုက်တယ်..
------------------
(1)
" မင်းကို ဥပမာတစ်ခုပေးမယ် ...
အခု ကားတွေသွင်းနေတယ်..
ကားအစီးရေ နှစ်သိန်းကျော်သုံးသိန်း ကို
CIF နဲ့ ကညန ခွန် ရောရာ
တစ်စီး သိန်း ၁၀၀ ပဲထား။
စုစုပေါင်း ကျပ်သန်းပေါင်း နှစ်သန်း ...။
ဆိုင်ကယ် တစ်စီးကို ငါးသောင်းနှုန်းနဲ့
၂၀၁၂ မှာ ကောက်ခံခဲ့တဲ့ ကညန ခွန်က ..
ဆိုင်ကယ် အစီး တစ်သန်း(အနည်းဆုံး) ဆိုရင်
စုစုပေါင်း ကျပ် သန်းပေါင်း ငါးသောင်း ...၊
အဆောက်အဦး တစ်လုံး တည်ဆောက်မယ် ဆိုရင်..
စည်ပင်နဲ့ အိုးအိမ် စတာတွေကို...
ရှောင်လို့ မရတဲ့ အခွန်ငွေက တစ်လုံးကို ..
အနည်းဆုံး တစ်သိန်း။
အထပ်မြင့်တိုက်ဆောက်မယ်ဆိုရင်တော့..
ဘယ်လောက်ရှိမလဲ သဘောပေါက်..
တစ်နိုင်ငံလုံးမှာ အထပ်နိမ့် ၊ အထပ်မြင့်..
အဆောက်အဦးသစ်ပေါင်း
ဘယ်လောက် ဆောက်နေလဲ.?
ငွေဘယ်လောက် ရနေသလဲ...?
ပြီးတော့ ငြင်းလို့မရတဲ့.. ဘာခွန်ညာခွန်.၊
လမ်း၊ တံတားဖြတ်ခ၊ ကားရပ်နားခ၊
အဲဒါတွေက နေ့စဉ်တွေ့နေရတဲ့ဟာတွေ..၊
နောက်တစ်ချက်က..
တစ်နိုင်ငံလုံးက..
အိမ်ထောင်စုတွေနေ့စဉ်တွေ့နေရတဲ့..
အိမ်ခွန်၊ ရေခွန်၊ မီးခွန်၊ အမှိုက်ခွန်
အပါအ၀င် ဈေးတွေမှာ နေ့စဉ် လစဉ် လာကာက်နေတဲ့
ဈေးကောက် တွေ..ကရော ဘယ်လောက် ရှိသလဲ ...။
ဆက်ပြောချင်တာက..
ကုမ္မဏီတွေထောင်၊ လုပ်ငန်းတွေလုပ်
အဲဒီလုပ်ငန်းတွေအတွက် အစိုးရကိုဆောင်ရတဲ့
အခွန်တွေ၊ လိုင်စင်ကြေးတွေ၊ ခွင့်ပြုကြေးတွေ၊
ပြီးတော့..
တိုင်းပြည်နေရာအနှံမှာ လုပ်ကိုင်ကြတဲ့
ရေပြင်မှာဆိုငါးဖမ်းခွင့်၊ ငါးဖမ်းကွက်လိုင်စင်၊
မြေပြင်မှာဆို၊ သတ္တုတူးဖေါ်ကွက်၊ လုပ်ကွက်၊
စိုက်ပျိုးကွက်၊ သစ်ကွက်၊ လေလံကွက်ကြေးတွေ၊
ဒါ လုံးဝ လုံးဝ ရှောင်လို့မရတဲ့ အခွန်ငွေတွေနော် ..."
--------------------------
(2)
" သွယ်ဝိုက်တာတွေပြောမယ်...
တကယ့် အကြီးကြီးတွေကို...
ထောက်ပြမယ်..၊
အစိုးရပိုင် စက်ရုံ၊ နေရာ၊ မြေတွေကို
လူသိအောင်တစ်မျိုး..
လူမသိအောင်တစ်မျိုး..
ရောင်းစားကြတယ်..
စည်ပင်နဲ့ အိုးအိမ် ဦးစီး ဌာနက
ပြည်သူပိုင်လယ်တွေကို
အဆမတန်ဈေးနဲ့ သိမ်းပြီး
ခရိုနီတွေ ၊ကုမ္ပဏီတွေကို ..
ဈေးကြီးနဲ့ ပြန်ရောင်းတာတွေ၊
အကွက်ရိုက် ပြန်ရောင်းတာတွေက
ဘယ်လောက်ရှိသလဲ။
အဲဒီက ကျပ် သန်းပေါင်း
ဘယ်လောက် ၀င်သလဲ.?
နောက်ဆုံးကွာ ပြည်သူ မီး အပျက်ခံပြီး
တိုင်းတပါးကိုရောင်းစားထားတဲ့ ..
Gas တစ်ခုတည်းကရတဲ့ငွေက
ဒေါ်လာဘီလီယံပေါင်း များစွာ....
တစ်နှစ် ဒေါ်လာသန်း ၃၆၀၀ ရှိတယ်၊
အဲဒီဂက်စ်ရောင်းရငွေတွေကို..
နိုင်ငံခြားက ပေးချေရင်..ဒေါ်လာနဲ့လက်ခံတယ်..
ပြင်ပဒေါ်လာပေါက်ဈေးနဲ့ ..မြန်မာငွေပြန်လဲတယ်..၊
ပြီးရင်...တစ်ဒေါ်လာ(၆) ကျပ်ခွဲနှုန်းနဲ့ဖြတ်ပြီး
တရားဝင် ဘဏ္ဍာငွေထဲကိုသွင်းတယ်..
တစ်ဒေါ်လာကိုငွေတစ်ထောင်ကျော်နှုန်း..
အသားတင်ကျန်ပြီ..
ကျန်တဲ့ ဟာတွေကိုမပြောသေးဘူး..
အဲဒီတစ်ခုတည်းနဲ့တင်...
မြန်မာငွေဘီလီယံရာနဲ့ချီ အိတ်ထဲထည့်နေကြတယ်..၊
သစ် ၊ ရွှေ ၊ ကျောက်မြက် ၊ကြေးနီ မပါသေးဘူး..၊
ပြီးတော့ မင်းတို့စစ်တပ်ထဲမှာလဲအဲဒီလိုပဲ...
စစ်တပ်ကိုကျောထောက်နောက်ခံပြုထားတဲ့
ဦးပိုင်ရဲ့ လုပ်ငန်းပေါင်း (၁၀၀)ကျော်က .
အမြတ်တွေထည့်မပေါင်းသေးဘူးနော်..."
တစ်ချို့က ဦးပိုင်ကောင်းကြောင်းသာလော်ဘီလုပ်နေတာ
ဦးပိုင်ရဲ့ ငွေစာရင်းရှင်းတမ်းတွေချပြဖို့..
ဘယ်နွားမှ မထောက်ပြရဲဘူးလေ...။
နောက်ပြီး... အခု မင်းတို့စစ်တပ်ကဗိုလ်ချုပ်ကြီးတွေကို..
ခရိုနီတွေက ကပ်နေပြန်ပြီ...
မြို့တွင်းမြို့ပြင်က....တပ်ပိုင်မြေတွေကို...
ခရိုနီတွေကို အပီအပြင်ရောင်းနေပြီလေ..၊
လေ့လဲ လေ့လာကြည့်ပါအုံးကွာ...၊
အဲဒီကနေ...
ငွေတွေ..ဘယ်လောက်ရလိုက်မလဲ...
မင်းမှန်းကြည့်လိုက်..၊
--------------------
(3)
" အဲ ...။
တစ်ခုရှိတာက
အဲဒီ ငွေကြေးတွေဟာ ..
အဆင့်ဆင့်ဇာတ်တူသား စားရင်းနဲ့ ..
မင်းတို့လက်ထဲရောက်တော့ ..
အရိုးပဲ ကျန်တာတော့...
တပ်ရေးဗိုလ်ကြီး လုပ်ခဲ့တဲ့ မင်းတို့အသိဆုံးပါ။
အထက်က ပေးတဲ့ မဖြစ်စလောက်ငွေနဲ့.
လိုင်းခန်းဆောက်လို့မလောက်တော့ ..
ဘယ်လို လုပ်ခဲ့သလဲ..မင်းအသိဆုံး။
ဒီကြားထဲ တပ်ရင်းမှုးရဲ့ Pocket money ကို
ဘယ်လိုဖန်တီးရသလဲ..မင်းအသိဆုံး..
အဲဒါကို online ပေါ်မှာ ...
အောက်ခြေရဲဘော်တွေကို..
သနားစရာ ဖြစ်အောင်မျက်ရည်ချူပွဲ ဆင်နွဲနေတဲ့..
ရဲမိုးတို့ ရဲ့....ဒိုင်ကြောင်တွေ..
မင်းဆီမှာဝင်နေတာလည်း..
မင်းကိုယ်မင်း သိတယ်။
ငါမေးပြီကွာ...
တပ်မတော်ကိုချစ်တယ်၊
အောက်ခြေအဆင့်ကိုချစ်တယ်...ဆိုတဲ့..
အဲဒီလိုကောင်တွေက...အဲဒီလောက်..
ယိုယွင်းနေတဲ့..... ကိစ္စတွေကို
ဘယ်တုန်းက ရေးရဲခဲ့သလဲ ...
"အဆင့်ဆင့် ဂါရ၀ ပြုနေတဲ့ လုပ်ငန်းစဉ်နဲ့..
တစ်သက်လုံး အရိုးစွဲလာတဲ့ ဇာတ်တူသားစားဖြစ်စဉ်.."
ကြောင့်လား..၊
အဲဒါကို စစ်တပ်ကိုချစ်ပါတယ် ဆိုတဲ့သူတွေ ..
ရေးရဲသလား..
ချစ်ရဲရင်....ရေးရဲရမယ်....
သဘောပေါက်တယ်နော်.."
ငါမင်းကို အသိပေးချင်တာတစ်ခုရှိတယ်..၊
မင်းတို့စစ်ဗိုလ်တွေ...သတ္တိရှိရင်..
အောက်ခြေအဆင့်တွေအကုန်လုံးကို..
ဖေ့စ်ဘုတ် သုံးလို့ရအောင် လုပ်ပေးကြည့်ပါလား..၊
သူတို့တွေဖဲ့တာကို...
မင်းတို့တွေ ပြန်ဖြည်နေရတာနဲ့တင်..
ဘယ်နိုင်ငံရေးသမားဘက်ကိုမှ ..
မင်းတို့....လှည့်နိုင်မှာမဟုတ်ဘူးကွ..
သဘောပေါက်ထား..
------------------------
(4)
" အခုလဲ...မင်းသိတဲ့အတိုင်းပဲ..
ငါတို့က သယံဇာတတွေပြောင်သလောက်..
တိုင်းပြည်ဘာမှဖြစ်မလာတဲ့အတွက်
မင်းတို့ကိုထောက်ပြတယ်..
မင်းတို့က လေယာဉ်တွေဘယ်လောက်ဝယ်ရတယ်
သဘော်တွေဘယ်လောက်ဆောက်ရတယ်..လို့
ဆင်ခြေပြန်တက်တယ်...။
ကဲ...ထားပါတော့..
အာဏာရှင်တစ်ဦးချင်းချမ်းသာတဲ့ငွေကို
မတွက်နဲ့ဦးနော်၊
အဲဒါတွေ မပါသေးဘူး..
အခု အစိုးရက ထိထိရောက်ရောက်
ရှင်းမပြနိုင်တဲ့ သူခိုးတွေရဲ့ နိုင်ငံခြားကိုခိုးအပ်တဲ့ငွေ..
(၁၁) ဘီလျံ နဲ့ပဲတွက်ကြည့်....
- MIG-29 အစီး (၂၀) မှ ..
ဒေါ်လာသန်း (၅၇၀) ၀.၅၇ ဘီလီယံ ..
( ၁၁) ဘီလီယံရဲ့ ဆယ်ပုံတစ်ပုံတောင်
ရှိရဲ့လားတွက်ကြည့်..
- ဖရီးဂိတ်တစ်စီး မှ ဘယ်လောက်ကုန်မလဲ..
တွက်ကြည့်...
ကျန်တာမပြောတော့ဘူးကွာ..
ကိုယ့်ဘာသာကိုယ်စဉ်းစား.."
---------------------
(5)
"နောက်ဆုံးပြောလိုက်မယ်ကွာ..
လက်နက်တွေ၊ လေယာဉ်တွေ ..
နည်းပညာပိုင်းဆိုင်ရာ ပစ္စည်းတွေ ..
ရောင်းချိန် ၀ယ်ချိန်တွေမှာ...
"ကက၀ယ်" "ကကထောက်"က
ဘတ်တာ ၀ိုက်တာ ကော်မရှင်ရတာတွေ
ထားလိုက်ဦး ..။
တစ်နိုင်ငံလုံးက ပြည်သူတွေ...
ဘယ်သူမှ ၀င်မကြည့် ..
လုံးဝ စိတ်မ၀င်စား၊
တချို့ဆို သိတောင်မသိတဲ့ ..
နေပြည်တော်က ..
တ်ာစစ်သမိုင်းပြတိုက်ကြီးရဲ့..
စုစုပေါင်း ကုန်ကျစရိတ်၊
နေ့စဉ်ကုန်ကျစရိတ် တွေ က..
တပ်ရင်းပေါင်း ဘယ်နှရင်းလောက်ကို
ထောက်ပံနိုင်သလဲ ....၊
အောက်ခြေအဆင့်စစ်သည်မိသားစု..
ဘယ်နှစ်စုလောက်ကို...
ထောက်ပံ့ထားနိုင်သလဲ...
မင်း ဘာသာ တွက့်ကြည့်လိုက်တော့ ..။
နောက်ပြီး..
အနှစ်သာရခြင်း ယှဉ်ပြောမယ်ကွာ ...။
အဲဒီ နေပြည်တော်က..
ဗိုလ်ချုပ်ကြေးရုပ်တောင်မရှိတဲ့..
ငွေကျပ် ဘီလျံပေါင်းများစွာ..
စာရင်းမရှိ အင်းမရှိ ပြိုက်ကနဲ ကုန်သွားတဲ့..
စစ်သမိုင်းပြတိုက်နဲ့....
အဲဒီစစ်သမိုင်းပြတိုက်ရဲ့..
အပုံတစ်ရာပုံတစ်ပုံတောင်မကျယ်ဝန်းတဲ့အပြင်..
တစ်နှစ် တစ်ခါပဲ ဖွင့်ခဲ့ဖူးပြီး
နောက်ပိုင်းမှ...ဖွင့်လှစ်ခဲ့ရတဲ့..
ဘာမှ အကုန်အကျ မရှိခဲ့တဲ့..
တပ်မတ်ာရဲ့ဖခင်..
ဗိုလ်ချုပ်အောင်ဆန်း ပြတိုက် ကို..
လာတဲ့လူဦးရေ ချင်းပဲ....
ယှဉ်ကြည့်သယ်ရင်းရေ..
ယှဉ်ကြည့်...ယှဉ်ကြည့်... "
------------
-----------
-----------
အဲဒီလို ပြောလိုက် တော့ဗျား.....
သကောင့်သား ခမျာမှာ ......
???
tongue emoticon
( Pa Yit)
( ကို ငရဲသား ရဲ့ ပိုစ့်ကို ပြန်မွမ်းမံထားပါတယ်)

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/

တိုင်းရင်းသားပါတီတွေနဲ့ အပြိုင်ကြဲရမယ့် ပြည်နယ် ၇ ခု

  ၄ နိုဝင်ဘာ ၂၀၂၀ ဓာတ်ပုံ ရင်းမြစ်, SNLD ဓာတ်ပုံ ပုံစာ, SNLD ထောက်ခံသူများ မဲဆွယ် လှည့်လည့်စဥ် မြန်မာနိုင်ငံက တိုင်းရင်းသားတွေ အများစုနေထိုင်ကြတဲ့ ပြည်နယ် ၇ခု က အမျိုးသားလွှတ်တော်နဲ့ ပြည်သူလွှတ်တော် မဲဆန္ဒနယ် ၁၈၀ ကျော်ဟာ ပါတီတစ်ရပ် အစိုးရဖွဲ့နိုင်ရေး အဆုံးအဖြတ်အတွက် အရေးပါတဲ့ မဲဆန္ဒနယ်တွေဖြစ်ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေးရေချိန် အရ ၂၀၁၅ တုန်းကလို ပြည်နယ်တွေမှာ အာဏာရပါတီ အနိုင်မရနိုင်တော့ဘူးလို မှန်းဆမှုတွေရှိပြီး ဒေသတွင်းအားကောင်းတဲ့ တိုင်းရင်းသားပါတီတွေ စုစည်း ပြိုင်ဆိုင်လာမှုကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲတွေကွဲခဲ့ရင်တော့ လွှတ်တော်ထဲကို အသင့်ရောက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ နဲ့ မိတ်ဖက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် ပြည်နယ်မဲတွေဟာ အခွင့်အလမ်းဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ဓာတ်ပုံ ရင်းမြစ်, SAIONE LENG KHAN ဓာတ်ပုံ ပုံစာ, ကိုယ်စားလှယ်လောင်း ၁၃၀ ကျော်နဲ့ ရှမ်းပြည်နယ်အတွင်း မြို့နယ် အတော်များများမှာ SNLD ဝင်ရောက်ယှဉ်ပြိုင် ချင်း၊ ကချင်၊ ကရင် နဲ့ မွန် တို့မှာ ဒေသခံတိုင်းရင်းသားပါတီတွေ ပေါင်းစည်းပြီး ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ပြိုင်ကြသလို ကယား၊ ရခိုင်နဲ့ ရှမ်းတို့မှာလည်း ဒ

ဘုရားကျောင်းတိုက်ခိုက်ခံရပြီးနောက် ဖိလစ်ပိုင်က အကြမ်းဖက် နှိမ်နင်းမယ်လို့ဆို

In this photo provided by WESMINCOM Armed Forces of the Philippines, a soldier views the site inside a Roman Catholic cathedral in Jolo (AAP) Hide Grid Image 1 / Video