ရွေးကောက်ပွဲပြီးရင် အစိုးရဖွဲ့နိုင်ရမယ်။ အစိုးရဖွဲ့နိုင်ဖို့ ကြံ့ဖွံ့ ထက် မဲများရမယ်။
မဲအသာစီးရရင် အန်တီ့ကို သမ္မတဖြစ်ခွင့်
ပိတ်ထားတဲ့ ၅၉(စ)ကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းနိုင်တယ်။ ဘယ်တုန်းကမှ မရှိတဲ့ ဘယ်လိုမှ မဖြစ်သင့်တဲ့ ဥပဒေကို ပယ်ဖျက်ပြီး အသစ်ရေးဆွဲရမယ်။ အထူးဥပဒေလည်း ပြဌာန်းနိုင်တယ်လို့ ဥပဒေပညာရှင် ဦးကိုနီက ရှင်းပြပါတယ်။

ဘယ်လောက်မဲလိုလဲ?
ပြည်ထောင်စုလွှတ်တော်မှာ ၄၄၀နေရာရှိတယ်။ အနည်းဆုံး ၂၂၁နေရာရမှ စိုးမိုးနိုင်မယ်။
အမျိုးသားလွှတ်တော်မှာ ၂၂၄ နေရာရှိတယ်။ အနည်းဆုံး ၁၁၃နေရာရမှ စိုးမိုးနိုင်မယ်။
၄၄၀မှာ တပ်က ၁၁၀ နေရာယူပြီးသားမို့ ၃၃၀ကျန်မယ်။
၂၂၄မှာ တပ်က ၅၆နေရာယူပြီးသားမို့ ၁၆၈ကျန်မယ်။
ဒါကြောင့် ၃၃၀နေရာမှာ ၂၂၁နေရာရဖို့ NLDက ရေကုန်ရေခမ်း ကြိုးစားရမယ်။ ၁၆၈နေရာမှာ ၁၁၃နေရာရဖို့ စွမ်းအားကုန် ထုတ်သုံးကြရမယ်။
-- ဘယ်လောက်နိုင်ခြေရှိလဲ?
တိုင်း၇တိုင်းမှာ ၁၀၀% နိုင်ရင် ၂၀၇နေရာရပါမယ်။ ပြည်နယ်မှာတော့ တိုင်းရင်းသားပါတီ ၃၂ပါတီရှိလို့ နိုင်ချေနည်း ပါလိမ့်မယ်။
ပြည်ထောင်စုလွှတ်တော်အတွက် ၁၄နေရာလို
ပါလိမ့်မယ်။ (၂၂၁-၂၀၇=၁၄)
အမျိုးသား လွှတ်တော်အတွက် ပြည်နယ်က ၈၄နေရာ၊ ပြည်မက ၈၄နေရာမို့ ပြည်မ၁၀၀% နိုင်ရင် ၂၉နေရာလိုပါလိမ့်မယ်။
(၁၁၃-၈၄=၂၉)
-- ဘယ်လိုလိုတာဖြည့်မလဲ?
ရွေးကောက်ပွဲပြီးရင် လွှတ်တော်မှာ အုပ်စု၃စုသာ ရှိပါတော့မယ်။ NLD၊ ဖွတ်ပါတီ+တပ်ရယ် တိုင်းရင်းသား ပါတီဆိုပြီးရှိပါလိမ့်မယ်။ NLDအနေနဲ့ တိုင်းရင်းသားပါတီများနဲ့ မဟာမိတ်ဖွဲ့ပြီး အစိုးရဖွဲ့လို့ရပါပြီ။
--မျှော်မှန်း%ဘယ်လောက်လဲ?
ဖွတ်ပါတီက တပ်၂၅%+ ၁၅% ရနိုင်ပါတယ်။
NLDကလည်း ၄၀-၄၅%ကြား ရနိုင်ပါတယ်။
တိုင်းရင်းသားပါတီ ပေါင်းစုံကလည်း ၂၀-၂၅%ကြား ရမှာပါ။
ပြည်သူ့အားလိုပါသည်....
NLDအားကိုးသော တိုင်း၇တိုင်းတွင် အနိုင်ရရန် ပြည်သူများက ယခုထွက်ရှိပြီးသော မဲစာရင်းအား သေချာစစ်ရမည်။ မပါရင် ပါအောင်ပြန်တင် မှားတာပြင် မိမိဘက်ကလုပ်ပေးနိုင်တာ ကူညီနိုင်တာ နိုင်ငံ့ရှေ့ရေး မိမိတို့ မျိုးဆက်ပေါင်းများစွာရဲ့ အရေးအတွက် မဲစာရင်းဝင်ဖို့ အထူးလိုအပ်ပါသည်။
အများစုစိတ်ထဲ အန်တီစု သမ္မတ မဖြစ်တော့ဘူး… ဘာလို့မဲပေးတော့မလဲလို့ တွေးနေကြပါတယ်…။
ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်အောင် ကျမတို့ကသာ လုပ်ပေးနိုင်သူပါ။ မိမိရဲ့စွမ်းအား မိမိရဲ့ မဲတပြားက သမိုင်းကို ပြောင်းပြန် လှန်နိုင်ပါတော့မယ်။
နောင်တခေတ်ရဲ့ မြန်မာ့သမိုင်းသင်ရိုးမှာ ၂၀၁၅ပြည်သူတွေရဲ့ သမိုင်းက ရဲရဲတောက် သမိုင်းဝင်ပါတော့မယ်။
ကျမတို့နိုင်ရမှာ ပြည်သူ ၈.၉သန်းလောက်ရဲ့မဲပါ။ ဘာလို့မ ရရမှာလဲ။ ကျမတို့ မလိုချင်တာကိုဖယ်ဖို့ လိုချင်တာကိုတင်မြှောက်ဖို့ ကျမတို့လုပ်ရမှာ မဲစာရင်းမှန်ဖို့ တစ်ခုတည်းပါ။
ဒီလောက်လွယ်တဲ့ကိစ္စ ကျမတို့ပြည်သူ ဘာလို့မလုပ်နိုင်ရမှာလဲ။ ကျမတို့ညီညွတ်စွာ စည်းလုံးစွာ ယုံကြည်စွာ အန်တီစု အတွက် မဲစာရင်းသာ ကူညီကြပါစို့..................
(ဆရာဦးကိုနီဖြေကြားချက်ကို ဆီလျော်အောင် ရေးသားပါသည်)
Daw Htwe Htwe Lwin

Comments
Post a Comment