Skip to main content

ဥက္ကဋ္ဌ ဦးအောင်ခင်မြင့်သာ သမ္မတဖြစ်လာဖွယ်ရှိ

ဦးသိန်းစိန် ဒေါ်အောင်ဆန်းစုကြည် ဦးရွှေမန်း ကာချုပ် မင်းအောင်လှိုင်တို့မှာ သမ္မတဖြစ်မလာနှိုင်ဘဲ အမျိုးသားလွှတ်တော်
*= ဦးခင်အောင်မြင့်ကို သမ္မတအဖြစ် တင်လာခဲ့
ရင် ဗိုလ်ချုပ်မှုးကြီးဟောင်း သန်းရွှေက ခွင့်ပြုနှိုင်ပါတယ်ဟု လာရီဂျာဂင်က ပြောကြား ။
*= ဦးခင်အောင်မြင့် နောက်၌ အာဏာရပါတီဒုတိယ ဥက္ကဋ္ဌ ဦးဋ္ဌေးဦး သမတရုံးဝန်ကြီး ဦးစိုးမောင် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းတို့လည်း ဖြသ်လာနှိုင်ဖွယ်ရာရှိကြောင်း ၎င်း ကသုံးသပ်ပါသည်။
*= ကာချုပ် မင်းအောင်လှိုင် မှာမူ နောက်လတွင်
တပ်မတော်မှထွက်ပြီး ရွေးကောက်ပွဲ ကာလတွင်
ထားဝယ် မဲဆန္ဒနယ်မှ ဝက်ရောက်ယှဉ်ပြိုင်မယ်ဟု လာရီက အခိုင်အမာ
ပြောဆိုပါသည် ။
*= ဗိုလ်ချုပ်မှုးကြီသန်းရွှေမှာ လက်ရှိ မြန်မာ့ နိုင်ငံရေးကို သြဇာ လွှမ်းမိုးထားဆဲဟု ယုံကြည်
ကြောင်း လာရီကပြောဆိုပါသည်။
*= မြန်မာ့ အရေးကျွမ်းကျင်သူ လာရီရာဂင်သည်
၂၀၁၄ ခုနှစ်က ဗိုလ်ချုပ်ကြီးခင်ညွန့် ထိမ်းသိမ်း
ခံရမည်ဟု ခန့်မှန်းပြောဆိုခဲ့ရာ ယုံကြည်သူ နဲပါး
ခဲ့သော်လည်း ၎င်း ခန့်မှန်းချက်အပြီး ၁ လ -
ကျော်အကြာ၌ အမှန်တကယ် ထိမ်းသိမ်းခံခဲ့ရပါသည် ။
*= ယခု ၂၀၁၅ ရွေးကောက်ပွဲအလွန်- သမတလောင်း ခန့်မှန်းမှု့တွင် ၎င်း၏ အမြင်နှင့်
ပတ်သက်၍လည်း ရွေးကောက်ပွဲ မတိုင်မှီ ရရှိမည့် သတင်းအချက်အလက်များအရ -
အပြောင်းအလဲ ရှိလာနှိုင်ကြောင်း - လာရီဂျာဂင်
ကပြောကြးထားသည် ။
ယနေ့ထုတ် စံတော်ချိန် သတင်းစာမှ ကောက်နှုတ်၍ ထပ်ဆင့် သတင်းတစ်ခု- အနေနှင့်သာ တင်ပြရခြင်းဖြစ်ပါသည် ။
*********************
ကျနော် ရေချမ်း၏ အမြင်ကို တင်ပြရလျှင် -
လာရီဂျာဂင်၏ ဒေါ်အောင်ဆန်းစုကြည်အပေါ်အမြင်သုံးသပ်
ချက်မှာ စောနေပါသည် ။
ဘောလုံးပွဲမှာ ဘောလုံးကပင် လုံးနေသည့်ဖြစ်ရာ တစ်ခါ တစ်ခါတွင် အံ့အားသင့်စရာကောင်းလောက်အောင် ခန့်မှန်းချက်များက လွဲချော်သွားတတ်ပါသည်။
ဦးပမာပြရလျှင် မကြာသေးခင်ကမှ ကန်၍ ပြီးသွားသော ဘရာဇီးနှင့် ဆာဗီးယားပွဲကိုဘဲ
ကြည့်ပါ ။လူတိုင်းလောက်က နိုင်မည်ဟု ခန့်မှန်း
ထားသော နာမည်ကြီး ဘရာဇီး ရှုံးသွားရသည်
မဟုတ်လား ။
*= နိုင်ငံရေးဘောလုံးက ရိုးရိုးဘောလုံးထဲ့ ပို၍
လုံးသည်ကို သတိပြုကြရပေမည် ။
*= ဦးနုခေတ်တုံးက စစ်တပ်နောက်ခံ တည်မြဲပါတီနှင့် ဦးနုရဲ့သန့်ရှင်းပါတီယှဉ်ပြိုင်ရာမှာ မဲမရွေးခင်တုံးကတော့ စစ်တပ်ကိုကြောက်ကြရလို့ ပြည်သူတွေက
တည်မြဲပါတီမှ တည်မြဲပါတီပါလို့ပြောခဲ့ကြပေမဲ့
တကယ်တန်းမဲရွေးတော့ သန့်ရှင်းပါတီကိုသာ
မဲတွေ ပုံအော ထည့်ခဲ့ကြလို့ ဦနုက အပြတ်အသတ်နိုင်သွားခဲ့ သည်ဟု ဖခင်နှင့်
ရှေ့မှီ နောက်မှီများက ပြောပြကြပါသည် ။
စာအုပ်တွေမှာလည်းဖတ်ရပါသည်။
မဲနိုင်လျှင် ဒေါ်အောင်ဆန်းစုကြည်မှာ ပြည်တွင်း
ပြည်ပ တွန်းအားများနှင့် သမ္မတဖြစ်နှိုင်ခြေ မချိ
မဆန့်ရှိနေသည်ကိုလည်းနားလည်ထားကြရဦး
မည် ဖြစ်ပါသည်။ နိုင်လည်း -
နိုင်မည်သာဖြစ်ပါသည် ။
*= လာရီဂျာဂင်က နောက်ပိတ်ဆုံးပြောထားသည်မှာ - သမ္မတလောင်းခန့်မှန်းမှု့မှာ ရွေးကောက်ပွဲ မတိုင်မှီ ရရှိမည့် သတင်းအချက်အလက်များအရ
အပြောင်းအလဲလည်းရှိနှိုင်ကြောင်း တစ်ခါထပ်၍ျပြောပြထားပြန်သောကြောင့် သူ၏ ဝေဖန်ချက်ကို သူပြန်၍ စိတ်မချဖြစ်၍ နေပြန်ပေသည် ။
*= ဒါဆိုရင်လည်း အချပ်အလက်တွေအကုန်စုံပါမှ ဒီနေ့ တရုတ်အပါအဝင် ကမ္ဘာကပင်လေးစားအားထား
နေရသော လူထု ခေါင်းဆောင်ကြီး ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်နှိုင် မဖြစ်နှိုင်ကို ဝေဖန်သုံးသပ်သင့်
သည် မဟုတ်ပါလားဗျာ ။
*= ကျနော်တို့တတွေဟာ မနက်ဖြန်ကို- ဘာဖြစ်မယ်ဆိုတာကို တိတိကျကျ သိနှိုင်ကြပါသလား ။
*= အနှိုင်မဲ့ ဗုဒ္ဓ၏ အနတ္တ တရားတော်ကြီးကို
ဆင်ခြင်ကြပါကုန် ။
*= ဘတစ်ပြန် ကျားတစ်ပြန် ကြွေတစ်လှည့်-
ကြက်တစ်ခုန် တိမ်တောင် သဖွယ် မင်းရေးကြွယ်
ဆိုသော လက်တွေ့စကား ဖြစ်ရပ်များကိုလည်း
ကျနော်တို့၏ ဘိုးဘွား ဘီဘင်များက ကျနော်တို့
အတွက် ထားခဲ့ကြသည် မဟုတ်လော ။ ။
လေးစားစွာဖြင့်
ကိုရေချမ်း ။
8-56-PM ' 24-6-2015

ဥက္ကဋ္ဌ ဦးအောင်ခင်မြင့်သာ သမ္မတဖြစ်လာဖွယ်ရှိကြောင်း မြန်မာ့ အရေးကျွမ်းကျင်သူ လာရီဂျာဂင်က ခန့်မှန်းသုံးသပ်လိုက်ပါသည်

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/...
ဦးဆန်းဆင့် ရမည်းသင်းထောင်ပို့ခံရ ဂျွန်လ ၂၀ ရက် နိုင်ငံတော်သမ္မတအမိန့်နဲ့ ရာထူးကနေ အနားပေးခံရတဲ့ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ရမည်းသင်းအကျဉ်းထောင်ကို ခေါ်ဆောင်သွားတယ်လို့ နေပြည်တော် သတင်းရပ်ကွက်က သိရပါတယ်။ သမ္မတက ဇွန် ၁၉ ရက်နေ့မှာ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်မကျေပွန်မှုနဲ့ ရာထူးကနေ ဖယ်ရှားမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနေ့ခင်း ၁ နာရီလောက်မှာပဲ အထူးစုံစမ်းစစ်ဆေးရေးဌာန (စစစ) တာဝန်ရှိသူတဦးက လာရောက်အမှုဖွင့်တယ်လို့ ရဲစခန်းကို ကိုယ်တိုင်သွားရောက်တဲ့ ဒီဗွီဘီသတင်းထောက် ဦးအောင်ကြီးက ပြောပါတယ်။

တိုင်းရင်းသားပါတီတွေနဲ့ အပြိုင်ကြဲရမယ့် ပြည်နယ် ၇ ခု

  ၄ နိုဝင်ဘာ ၂၀၂၀ ဓာတ်ပုံ ရင်းမြစ်, SNLD ဓာတ်ပုံ ပုံစာ, SNLD ထောက်ခံသူများ မဲဆွယ် လှည့်လည့်စဥ် မြန်မာနိုင်ငံက တိုင်းရင်းသားတွေ အများစုနေထိုင်ကြတဲ့ ပြည်နယ် ၇ခု က အမျိုးသားလွှတ်တော်နဲ့ ပြည်သူလွှတ်တော် မဲဆန္ဒနယ် ၁၈၀ ကျော်ဟာ ပါတီတစ်ရပ် အစိုးရဖွဲ့နိုင်ရေး အဆုံးအဖြတ်အတွက် အရေးပါတဲ့ မဲဆန္ဒနယ်တွေဖြစ်ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေးရေချိန် အရ ၂၀၁၅ တုန်းကလို ပြည်နယ်တွေမှာ အာဏာရပါတီ အနိုင်မရနိုင်တော့ဘူးလို မှန်းဆမှုတွေရှိပြီး ဒေသတွင်းအားကောင်းတဲ့ တိုင်းရင်းသားပါတီတွေ စုစည်း ပြိုင်ဆိုင်လာမှုကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲတွေကွဲခဲ့ရင်တော့ လွှတ်တော်ထဲကို အသင့်ရောက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ နဲ့ မိတ်ဖက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် ပြည်နယ်မဲတွေဟာ အခွင့်အလမ်းဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ဓာတ်ပုံ ရင်းမြစ်, SAIONE LENG KHAN ဓာတ်ပုံ ပုံစာ, ကိုယ်စားလှယ်လောင်း ၁၃၀ ကျော်နဲ့ ရှမ်းပြည်နယ်အတွင်း မြို့နယ် အတော်များများမှာ SNLD ဝင်ရောက်ယှဉ်ပြိုင် ချင်း၊ ကချင်၊ ကရင် နဲ့ မွန် တို့မှာ ဒေသခံတိုင်းရင်းသားပါတီတွေ ပေါင်းစည်းပြီး ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ပြိုင်ကြသလို ကယား၊ ရခိုင်နဲ့ ရှမ်းတို့မှာလည...