Skip to main content

တပ်မတော်ကိုဖြိုခွဲသူများ


(၁)
ကိုးကန့်နဲ့..မြန်မာ့တပ်မတော်နဲ့..
တိုက်ပွဲတွေဖြစ်တဲ့ကာလမှာ..
ကျွန်တော် ဝေဘန်ချက်ပို့စ်တွေ
အများကြီး တင်လိုက်ပါတယ်၊
တင်လိုက်တဲ့သဘောက..
စစ်တပ်ကို သွန်လိုသွန်၊ မှောက်လိုမှောက်
အသုံးချနေတဲ့ အဘ တွေအကြောင်းကို
သိချင်သွားစေချင်လို့၊
စစ်သားတွေကို နှာဖါးကြိုးတွေ

ထိုးချင်တိုင်းထိုး..
ရုန်းချင်တိုင်းရုန်းခိုင်းနေတဲ့..
ဘဘတွေရဲ့ အကြောင်းကို ဆင်ခြင်နိုင်ဖို့..၊
ရှေ့တန်းမှာ အသက်စွန့်နေရတဲ့..
စစ်သားတွေနဲ့ မိသားစုတွေကို...
ကိုယ်အသက်စွန့်ရတာ...
တန်ရဲ့လား... ဆိုတာကို.
နားလည်စေဖို့....၊
ပိုစ့်ကို သေချာဖတ်တဲ့သူတိုင်း
ဘာကိုဆိုလိုတယ်ဆိုတာကိုသိပြီးသား...
---------------------
(၂)
အဲဒါကို မသိချင်ယောင်ဆောင်ပြီး
အူကြောင်ကြားအထာနဲ့..
စစ်တပ်ကိုပဲဖြိုခွဲသလိုပုံစံမျိုး..
တံဆိပ်ကပ်နေတဲ့သူတွေကိုတွေ့ရတယ်..
လူမှန်ရင် စာဖတ်တတ်ရင်
နားလည်တဲ့ကောင်ချည်းပဲ
စစ်တပ်က ပြိုကွဲပြီးသား...
ဘယ်သူ့မှဖြိုခွဲစရာမလိုဘူး..
ခင်ဗျားတို့အဘတွေပဲဖြိုခွဲခဲ့တာ..
- စစ်တပ်ကို ပြည်သူမုန်းအောင်လုပ်တယ်၊
- စစ်တပ်အောက်ခြေအဆင့်တွေကို
ခွေးသာသာထားတယ်၊
- စစ်တပ်အောက်ကလူတွေ ကိုခေါင်းပုံဖြတ်ပြီး..
ဆင်းရဲချမ်းသာ အဆပေါင်းများစွာ
ကွာဟအောင်ထားတယ်၊
- အဆင့်ဆင့် ခိုးကြတယ်၊
- ဗိုလ်ချုပ်ကြီးတွေက..
မှောင်ခိုရာဇာတွေ၊ ခရိုနီတွေနဲ့ပေါင်းတယ်၊
အရင်တုန်းကအသေအကြေတိုက်ခဲ့တဲ့..
ကိုးကန့် ၀တို့နဲ့ ပြန်ပေါင်းထုတ်တယ်
ပြီးရင် ဘိန်းလုပ်တယ်၊ စီးပွားရေးလုပ်တယ်
အသေလဲ ချမ်းသာကုန်ကြတယ်
ထိပ်ပိုင်းကကောင်တွေက..
ဒေါ်လာသန်းချီ ချမ်းသာတဲ့အချိန်မှာ..
အောက်မှာက လူမွှေးမမပြောင်ဘူး..
အဲဒီလိုဖြစ်မှတော့..၊
အဲဒီစစ်တပ်ကြီးက..
မပြိုကွဲတော့ဘူးတဲ့လား..၊
အံ့သြပါ့..၊
------------------------
(၃)
အဲဒီရဲ့ အကျိုးဆက်က..
စစ်သားဖြစ်ချင်တဲ့လူတွေနည်းလာတယ်..
လူငယ်တွေထဲမှာ စစ်တမ်းကောက်ကြည့်
စစ်ထဲဝင်ချင်တဲ့သူ (၁၀၀) မှာ
ဆယ်ယောက်ပြည့်ဖို့နေနေသာသာ..
စစ်သားအသစ်တွေကို အသေအလဲလိုက်စုရတဲ့
အဆင့်အထိ အောက်တန်းကျသွားတယ်၊
စစ်တပ်က အဲဒီအနေအထားဖြစ်လာပေမဲ့..
ဘဘတွေကတော့ ...
ချမ်းသာပြီးရင်းချမ်းသာလာတယ်၊
ဦးပိုင် ဆိုတဲ့အဖွဲ့အစည်းတွေဖွဲ့ပြီး
စီးပွားရေးလုပ်ကြတယ်..၊
စစ်သားတွေအတွက်ဆိုပြီး..
ခေါင်းစဉ်လှလှလေးသုံးတယ်၊
တကယ်ကျတော့..
အောက်ခြေက..
စစ်သားတွေဘာမှမရဘူး..၊
အစိုးရကို အခွန်ဆောင်စရာမလိုသလို..
အရှုံးအမြတ်ကိုလဲ ကြေငြာစရာမလိုပဲ..
စိတ်ကြိုက် စားသောက်ခွင့်ရတဲ့အတွက်..
ဦးပိုင်ဆိုတဲ့အဖွဲ့စည်းကိုတည်ထောင်ခဲ့သော
ဘဘများနဲ့ အရာရှိကြီးတွေသာ..
အကြီးအကျယ် သပိတ်ဝင်အိပ်ဝင်ရကြတယ်၊
-------------------
(၄)
အဲဒီလိုသာယာနေတဲ့အချိန်မှာ..
ပုခုံးပေါ်မှာ အပွင့်အခက်တွေ..
တစ်ပိဿာလောက်ရှိတဲ့..
ဘဘကြီးတွေဟာ..
အောက်ခြေစစ်သားတွေရဲ့..
ရိက္ခာဆီထဲမှာ အားလူးတွေထည့်ဖျော်ထားတာကို
မေ့နေတယ်..၊
အောက်ခြေစစ်သားတွေရဲ့..
ရိက္ခာပဲထဲမှာ..
ပိုးထိုးနေတာကို..မသိဘူး..၊
အောက်ခြေစစ်သားတွေရဲ့..
သားသမီးတွေ ပညာရေးစနစ်အစုတ်ပြတ်အောက်မှာ
စာကောင်းကောင်းမသင်နိုင်တာကိုမေ့နေတယ်..၊
ဆီတွေခိုးတာများသွားလို့..
အောက်ခြေစစ်သားတွေရှေ့တန်းထွက်တဲ့အချိန်
ကား နဲ့ လိုက်မပို့နိုင်တာကို..
ရူးချင်ယောင်ဆောင်နေတယ်၊
အောက်ခြေစစ်သားကို..
ကျွန်တွေလိုသဘောထားတယ်..၊
စစ်တပ်ကို ဘယ်သူဖြိုခွဲသလဲ..
ဘယ်သူလုံးပါးပါးအောင်လုပ်သလဲ..၊
အဲဒီလိုဖြိုခွဲအောင်..
တည်းတည်းလေးဖြစ်အောင်..
လုပ်တဲ့သူတွေကိုရော..
ဘာတွေလုပ်ဖို့ အစီအစဉ်ရှိပါသလဲ..
မေးလိုက်ရင်...
တိတ်ဆိတ်သွားကြတယ်..၊
-------------------------
(၅)
စစ်ဗိုလ်တွေကိုပြောချင်တာက..
တခြားသူတွေကို ဝေဘန်နေမဲ့အစား..
ကိုယ့်စစ်တပ်အောက်ခြေအဆင့်တွေကို..
လူတစ်လုံးသူတစ်လုံးဖြစ်အောင်..
လုပ်ကြစေချင်တယ်..၊
ခင်ဗျားတို့သောက်ရမ်းချစ်တဲ့စစ်တပ်ကြီးကို
လုံးပါးပါးအောင်လုပ်နေတဲ့..
ခင်ဗျားတို့ ဘဘတွေ..
တစ်ယောက်မှမသေသေးပါဘူး..၊
ခင်ဗျားတို့အဖြစ်က..ရီရတယ်..
တခြားလူတွေကိုဝေဘန်ဖို့ကျ..
အသံတွေထွက်လာပြီး..
စစ်တပ်ထဲမှာတကယ်လိုအပ်တာတွေ
တကယ်ချို့တဲ့နေတာတွေကြတော့..
မတောင်းဆိုရဲကြပါလား..၊
ဘာလို့...အလှကြည့်နေတာပါလဲ..
ဒါလား... စစ်သားစိတ်..၊
အောက်လက်ငယ်သားကိုချစ်တဲ့စိတ်တဲ့လား..?
---------------------------
(၆)
ဒီနေ့..
ဗိုလ်ချုပ်မွေးနေ့ မို့လို့ ...
ထပ်ပြောလိုက်မယ်..
ဗိုလ်ချုပ်ဟာ..အောက်ခြေအဆင့်တွေကို..
ဘယ်လို..ဘယ်လောက်အထိ. တန်ဘိုးထားလဲ...
ခင်ဗျားတို့ လေ့လာမိသလား...?
ခင်ဗျားတို့ အဘတွေနဲ့တူလား.?
သတိပေးချင်တာကတော့..
ခင်ဗျားတို့ ဘဘတွေ..
ဗိုလ်ချုပ်သမိုင်းကို...
ဖျောက်ရတဲ့..အဓိကအကြောင်းရင်းထဲမှာ..
နောက်ပေါက်စစ်ဗိုလ်တွေရဲ့
နှလုံးသားထဲမှာ..
ဗိုလ်ချုပ်လိုမျိုး စိတ်တွေ..
ဝင်သွားမှာစိုးလို့ ဆိုတာလဲ..
တစ်ချက်ပါဝင်တယ် ဆိုတာပါပဲ..၊
ထပ်မေးချင်တယ်ဗျာ..
ဗိုလ်ချုပ်တည်ထောင်ခဲ့တဲ့..
မြန်မာ့တပ်မတော်ကို...
ဘယ်ခွေးသူတောင်းစားတွေက..
ဖြိုခွဲခဲ့တာလဲ..?
ဘယ်ခွေးသူတောင်းစားတွေက..
ယဲ့ယဲ့လေးကျန်အောင်လုပ်တာလဲ..?
ကိုယ့်ကိုယ်ကို..
စစ်သားဆိုတဲ့လေကျယ်တွေ ဖြေကြပေါ့ဗျာ..၊
အခုဝေဘန်ချက်တွေဟာ..
အဘနဲ့ စစ်သားစစ်စစ်တွေကိုခွဲတာလား..၊
စစ်ခွေးနဲ့ စစ်သားကို ခွဲတာလား..၊
ခင်ဗျားတို့နှာခေါင်းပေါက်ထဲဝင်နေတဲ့..
ဘဘတွေရဲ့ နွားဖါးကြိုးတွေကို
ဆွဲချွတ်ပေးနေတာလား..
ဆိုတာ...
လူ မှန်ရင်..စဉ်းစားတတ်မှာပါ၊
( Pa Yit)
--------------------
မှတ်ချက်-
Online လေကျယ်နေတဲ့စစ်ဗိုလ်များအနေနဲ့..
အခုတင်ထားတာကို လက်မခံဘူးထင်ရင်-
နီးစပ်ရာတပ်ရင်းတစ်ရင်းကိုဝင်လိုက်ပါ၊
အောက်ခြေအဆင့်စစ်သားမိသားစုတွေကို..
လေ့လာလိုက်ပါ၊
ပြီးရင်..ဘဘတွေရဲ့မိသားစုတွေရဲ့
နေထိုင်မှုအဆောင်အယောင်ရပိုင်ခွင့်နဲ့
ပိုင်ဆိုင်မှုတွေကို လေ့လာလိုက်ပါ..၊
ပြီးရင် အဲဒီနှစ်ခု အချိုးချကြည့်ပါ..
အဆပေါင်း ထောင်သောင်းသိန်း မက.
ကွာခြားနေမှာဖြစ်ပါတယ်၊
အဲဒီအခါကျရင်..
ဗိုလ်ချုပ်က ခင်ဗျားတို့ကိုရိုက်တယ်အမှတ်နဲ့..
ကိုယ့်ပါးကိုယ်သာ ပြန်ရိုက်လိုက်ပါတော့..၊

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/...
ဦးဆန်းဆင့် ရမည်းသင်းထောင်ပို့ခံရ ဂျွန်လ ၂၀ ရက် နိုင်ငံတော်သမ္မတအမိန့်နဲ့ ရာထူးကနေ အနားပေးခံရတဲ့ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ရမည်းသင်းအကျဉ်းထောင်ကို ခေါ်ဆောင်သွားတယ်လို့ နေပြည်တော် သတင်းရပ်ကွက်က သိရပါတယ်။ သမ္မတက ဇွန် ၁၉ ရက်နေ့မှာ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်မကျေပွန်မှုနဲ့ ရာထူးကနေ ဖယ်ရှားမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနေ့ခင်း ၁ နာရီလောက်မှာပဲ အထူးစုံစမ်းစစ်ဆေးရေးဌာန (စစစ) တာဝန်ရှိသူတဦးက လာရောက်အမှုဖွင့်တယ်လို့ ရဲစခန်းကို ကိုယ်တိုင်သွားရောက်တဲ့ ဒီဗွီဘီသတင်းထောက် ဦးအောင်ကြီးက ပြောပါတယ်။

တိုင်းရင်းသားပါတီတွေနဲ့ အပြိုင်ကြဲရမယ့် ပြည်နယ် ၇ ခု

  ၄ နိုဝင်ဘာ ၂၀၂၀ ဓာတ်ပုံ ရင်းမြစ်, SNLD ဓာတ်ပုံ ပုံစာ, SNLD ထောက်ခံသူများ မဲဆွယ် လှည့်လည့်စဥ် မြန်မာနိုင်ငံက တိုင်းရင်းသားတွေ အများစုနေထိုင်ကြတဲ့ ပြည်နယ် ၇ခု က အမျိုးသားလွှတ်တော်နဲ့ ပြည်သူလွှတ်တော် မဲဆန္ဒနယ် ၁၈၀ ကျော်ဟာ ပါတီတစ်ရပ် အစိုးရဖွဲ့နိုင်ရေး အဆုံးအဖြတ်အတွက် အရေးပါတဲ့ မဲဆန္ဒနယ်တွေဖြစ်ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေးရေချိန် အရ ၂၀၁၅ တုန်းကလို ပြည်နယ်တွေမှာ အာဏာရပါတီ အနိုင်မရနိုင်တော့ဘူးလို မှန်းဆမှုတွေရှိပြီး ဒေသတွင်းအားကောင်းတဲ့ တိုင်းရင်းသားပါတီတွေ စုစည်း ပြိုင်ဆိုင်လာမှုကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲတွေကွဲခဲ့ရင်တော့ လွှတ်တော်ထဲကို အသင့်ရောက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ နဲ့ မိတ်ဖက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် ပြည်နယ်မဲတွေဟာ အခွင့်အလမ်းဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ဓာတ်ပုံ ရင်းမြစ်, SAIONE LENG KHAN ဓာတ်ပုံ ပုံစာ, ကိုယ်စားလှယ်လောင်း ၁၃၀ ကျော်နဲ့ ရှမ်းပြည်နယ်အတွင်း မြို့နယ် အတော်များများမှာ SNLD ဝင်ရောက်ယှဉ်ပြိုင် ချင်း၊ ကချင်၊ ကရင် နဲ့ မွန် တို့မှာ ဒေသခံတိုင်းရင်းသားပါတီတွေ ပေါင်းစည်းပြီး ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ပြိုင်ကြသလို ကယား၊ ရခိုင်နဲ့ ရှမ်းတို့မှာလည...