Skip to main content

ကျွန်တော်သိသော ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် - အပိုင်း (၁)


ဆောင်းပါးရှင် - ဗိုလ်သိုးထိန်း
ရေးစရာလေး ပေါ်လို့ ရေးရပေဦးမည်…။ ရင်တော့ အတော် မောလှသည်…။ အမှန်အတိုင်း ပြောရလျှင် ကလောင်သွားမှာ အားမပါလှ…။ အဘယ့်ကြောင့်ဆိုသော်… ယခင့် ယခင် ကျနော့်ဆောင်းပါးများကို မြန်မာပြည် ပြုပြင် ပြောင်းလဲရေးအတွက် မျှော်လင့်ချက်တွေ
တပုံတပင်ကြီးနဲ့ ရေးခဲ့မိပါသည်။ ဘဘ သန်းရွှေကြီးများ အနိစ္စ ရောက်ခဲ့သည်ရှိသော် မြန်မာပြည်ကြီးကို ပြုပြင် ပြောင်းလဲလိုသော ဗိုလ်ချုပ်များ ပေါ်လာကောင်းရဲ့ ဆိုသော မျှော်လင့်ချက်…။ ဒီ မျှော်လင့်ချက်နှင့်ပင် ဘဘ သန်းရွှေကြီးအား အပီအပြင်ကို နှက်ခဲ့သည်…။ ဆော်ပလော် တီးခဲ့သည်..။ ရေးရသည် မှာ အားပါလှသည်။
သို့သော် သန်းရွှေ အလွန်ခေတ် မြန်မာစစ်တပ်ကြီးမှာ ဘယ်သူ ထိပ်သီး ဖြစ်လာသလဲ ကြည့်မိရော… ဘုရားရေ.. ဗိုလ်ချုပ် မင်းအောင်လှိုင်… သွားပြီ.. အဲ့ဒီမှာ ဘာခံစားလိုက်ရသလဲ ဆိုတော့.. “ဘဘ သန်းရွှေရယ်.. ပြောမှား ဆိုမှား ရှိခဲ့ရင် ခွင့်လွှတ်ပါဗျာ.. ဘဘ သန်းရွှေကြီးလည်း မသေပါသေးနဲ့ဦး၊ ယူနီဖောင်းလေးဝတ် နဂိုအတိုင်းသာ ပြန်နေပါတော့.. ဗိုလ်ချုပ် မင်းအောင်လှိုင်ကိုတော့ မြန်မာစစ်တပ်နဲ့ မြန်မာပြည်ကြီးကို ဝကွက် မအပ်လိုက်ပါနဲ့ဗျ…’’ ဆိုပြီး ပြန်တောင်းပန်ချင်စိတ်တွေ ပေါက်လာပါရောဗျာ…။
မယုံမရှိကြပါနဲ့ သူများတွေတော့ မသိ.. ကျွန်တော် သိရသလောက်တော့ ဗိုလ်ချုပ်မင်းအောင်လှိုင် ဟူသည်.. အလွန်တရာ…ရက်စက် ကြမ်းကြုတ်သော… ပြည်သူ့ဘဏ္ဏာ ကိုယ့်ဘဏ္ဏာ လုပ်တတ်သော… အထက်ဖား အောက်ဖိလွန်းသော... စသည်…စသည်… အာဏာရှင်တို့၏ အရည်အချင်းများနှင့် ထူးကဲစွာ ပြည့်စုံသော ပုဂ္ဂိုလ်ကြီး ဖြစ်ပေတော့သည်။ နောက်ရောက်တဲ့ မောင်ပုလဲ...ဒိုင်းဝန်ထက်ကဲသော… ဆရာ့ထက် တပည့် လက်စောင်း ထက်သော ပုဂ္ဂိုလ်မျိုးပေတည်းး''ဗိုလ်ချုပ် မင်းအောင်လှိုင်အကြောင်း ပြောရမည်ဆိုလျှင် စစ်တက္ကသိုလ် အစဉ်အလာကနေ စရပေမည်။ မြန်မာပြည် စစ်တပ်တွင် စစ်တိုင်းမှူး ဟူသည့် ရာထူး အာဏာသည် မြန်မာပြည် စစ်တပ်၏ အာဏာဘီလူးအဖြစ် လက်သပ် မွေးထားသော အလောင်းအလျာ ဖြစ်မည့် သူများအတွက်ပင် ဖြစ်ပေသည်။ တိုင်းမှူး ဖြစ်ခွင့် ရသူများသည်လည်း ထိပ်ဆုံး လူကြီးနားသို့ အလိုလို ရောက်ရှိသွားသော အနေအထား ဖြစ်ပေသည်။ ၄င်းတိုင်းမှူး နေရာသည် လုံးဝ MAIN POINT အနေဖြင့် အဖားတော်သူများ ဖြစ်ပါက ထိပ်ပိုင်းရာထူးနှင့် အထက်သို့ရောက်ရှိ သွားနိုင်သကဲ့သို့ အမှားအနည်းငယ် ပြုမိသည်နှင့်လည်း ပြုတ်ကျနိုင်သော အနေအထား ဖြစ်ပါသည်။
၎င်း တိုင်းမှူးနေရာကို မြန်မာ စစ်ဗိုလ်ချုပ်များ တော်တော့ကို မက်မောကြသည်။ တရားမဝင် ဝင်ငွေများကလည်း သောက်သောက်လဲဝင်သည်ကိုး။ တစ်ခုတော့ ရှိသည်။ တိုင်းမှူး (၁၀) ယောက်တွင် အစတေး ခံရမည့် (ထိုးကျွေးခံရမည့်) ပုဂ္ဂိုလ်များက (၇) ယောက်လောက် ရှိတတ်သည်။ သဘောကတော့ ဘဝတူ တိုင်းမှူးများကို မျက်စိရှေ့တွင်ပင် ဖြုတ် ထုတ် သတ် လုပ်ပြလိုက်သည်။ အလောင်းအလျာ ဖြစ်မည့် သူများကို ကြိုတင် လျာထားပြီးသား။ ၄င်း အလောင်းအလျာများ ဖိန့်ဖိန့်တုန်ပြီ ဆိုသည့် အချိန်မှ အပေါ်ကို ဆွဲတင်တော့သည်။ ဤကား မြန်မာ စစ်အာဏာရှင်များ၏ အာဏာချုပ်ကိုင်ပုံ တစိတ်တဒေသပင် ဖြစ်ပေသည်။
ပြန်ဆက်ရလျှင် ၄င်း စစ်တိုင်းမှူးနေရာနှင့် စစ်တက္ကသိုလ် အစဉ်အလာ ဘာဆိုင်သနည်း ဆိုလျှင် အတော်လေးတော့ ဆိုင်သည်ဟု ပြောရမည်။ အကြောင်းကား စစ်ဗိုလ်ချုပ် တစ်ယောက်ကို တိုင်းမှူး လျာထားပြီ ဆိုပါက စစ်တက္ကသိုလ် ကျောင်းအုပ်ကြီးအဖြစ် (၁) နှစ် တန်သည် (၂) နှစ် တန်သည် ခေတ္တခဏ တာဝန် ထမ်းဆောင် ရသည်ကို ထူးဆန်းစွာ တွေ့ရှိရပေသည်။ (တိုင်းမှူးတိုင်း စစ်တက္ကသိုလ် ကျောင်းအုပ် မဖြစ်ဘူးပေမယ့် စစ်တက္ကသိုလ် ကျောင်းအုပ်တိုင်း နီးပါးတော့ စစ်တိုင်းမှူး ဖြစ်သွားကြသည်)
ကျွန်တော်တို့ကလည်း သိသည်။ စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး အသစ်ရောက်လာလျှင် ထို ဗိုလ်ချုပ်သည်ကား တိုင်းမှူး ဖြစ်မည့်သူ ဟု..။ နောက်ထပ် ထူးဆန်းသည်က ၄င်း ကျောင်းအုပ် ဖြစ်လာသူများ မှာ ဘဘမောင်အေး၏ တပည့်ရင်းများ ဖြစ်နေတတ်ခြင်းပင်။ ကျွန်တော်ကြုံခဲ့သော စစ်တက္ကသိုလ် ကျောင်းအုပ် အဆက်ဆက်တွင် ဗိုလ်မှူးချုပ် တင်ဦးမှတပါး အခြား ကျောင်းအုပ်များ ဖြစ်သော ဗိုလ်မှူးချုပ် ရဲမြင့်၊ ဗိုလ်မှူးချုပ် အုန်းမြင့်နှင့် ဗိုလ်မှူးချုပ် မင်းအောင်လှိုင် အားလုံးမှာ တိုင်းမှူးအသီးသီး ဖြစ်ကုန်ကြသည်။ ဗိုလ်မှူးချုပ် တင်ဦးမှာတော့ ဘာသာရေး လိုက်စားလွန်း၍ တိုင်းမှူး ဖြစ်ခွင့် မရရှာခဲ့။
သူတို့အားလုံးတွင် တစ်ဦးနှင့်တစ်ဦး စရိုက်သွင်ပြင် ကွဲပြားသော်လည်း သူ့ဟာနှင့် သူတော့ဖြင့် ထူးခြားလှသည်ကို သတိပြုမိသည်။ ၄င်းတို့ထဲတွင်မှ ထူးကဲစွာ ဗိုလ်ချုပ် မင်းအောင်လှိုင် တစ်ယောက်သည်ကား တပ်ချုပ် ဖြစ်ခဲ့ချေပြီ။ သူ့အကြောင်း စရလျှင်…
ကျွန်တော်တို့ စစ်တက္ကသိုလ်၏ လစဉ်ဝင်ငွေ (နိုင်ငံတော်မှ ထောက်ပံ့မှု မပါ) မည်မျှရှိမည် ထင်သနည်း။ (၁) လ သိန်း (၁၂၀၀) ကျော်ပါသည်။ ၄င်း ဝင်ငွေများသည် ပြင်ဦးလွင် တမြို့လုံး၏ အရက်ဆိုင်များ၊ ကျောင်းပိုင် မြေနေရာများကို စိုက်ပျိုးရေးအတွက် ငှားရမ်းခများ၊ စစ်တက္ကသိုလ်ပိုင် တိုက်တန်းလျားများကို ငှားရမ်းခ များမှ ရရှိနေခြင်း ဖြစ်သည်။ ၄င်း လစဉ်ဝင်ငွေသည် စာရွက်ပေါ်မှ ဝင်ငွေများ ဖြစ်ပြီး ၄င်းကဲ့သို့ လုပ်ပိုင်ခွင့်၊ ငှားရမ်းပိုင်ခွင့်များ ရရှိရန်အတွက် ပြင်ဦးလွင် တပ်နယ်မှူးထံသို့ လုပ်ငန်းရှင်များက ချဉ်းကပ်ရချေတော့သည်။ ပြင်ဦးလွင် တပ်နယ်မှူး ဟူ၍ မည်သူနည်းဟု မစဉ်းစားပါနှင့်။ စစ်တက္ကသိုလ် ကျောင်းအုပ်ကြီးသည် ပြင်ဦးလွင် တပ်နယ်မှူးအဖြစ် အလိုအလျောက် တာဝန်ပေးအပ်ခံရပြီး ဖြစ်သည်။ဗိုလ်ချုပ် မင်းအောင်လှိုင်၏ ထူးခြားချက်သည်ကား…လာဘ်ပေး လာဘ်ယူ ကိစ္စများအား သူ့ရှေ့သွားပြော၍ မရခြင်းပင်။ သူ့ကို သွားပြောပါက အလွန်တရာ စိတ်တိုတတ်ချေသည်။ သူ့အိမ်သို့လည်း မည်သည့် လုပ်ငန်းရှင်မှ အဝင်မခံ၊ အလွန်တရာ တိကျလှသည်။ သို့ရာတွင်…..
လာဘ်ပေးလာဘ်ယူ ကိစ္စများ ပြောချင်သည် ဆိုပါက အစဉ်အမြဲ ပိတ်ထားသော အိမ်ရှေ့တံခါးမှ မဝင်ဘဲ အစဉ်အမြဲ ဖွင့်ထားသော နောက်ဖေးတံခါးမှ ဝင်ကာ ဇနီးဖြစ်သူနှင့် ဝင်ရောက်ပြောဆိုခွင့် ရရှိပေသည်။ ဗိုလ်ချုပ် မင်းအောင်လှိုင်သည်ကား အိမ်ရှေ့ခန်းတွင် စာဖတ်ချင်ယောင်ဆောင် ပေးနေချေမည်။ သူနှင့် မဆိုင်သည့် သဘော။ ဒီလိုနှင့် ကျွန်တော်တို့ မျက်စိရှေ့တွင်ပင် လုပ်ငန်းရှင်များ အိမ်နောက်ဖေးပေါက်မှ ဝင်ထွက်နေသည်မှာ မမြင်ချင်မှ အဆုံး။ ကားကို စစ်တက္ကသိုလ် ဟိုဘက်တွင် ရပ်ထားခဲ့ပြီး လုပ်ငန်းရှင်များမှာ အထုပ်လေးပိုက်ကာ ကုပ်ချောင်း ကုပ်ချောင်းနှင့် ကျောင်းအုပ်ကြီး ခြံဝန်းအနီးသို့ ချဉ်းကပ်ကြကုန်၏။ ထို့နောက် အခြေအနေကြည့်ကာ ဖွင့်ထားသော နောက်ဖေးတံခါးမှ တဆင့် ကျောင်းအုပ်ကြီး ကတော်နှင့် တွေ့ဆုံ ဆွေးနွေးကြ ချေတော့သည်။ အိမ်ထဲရောက်ပြီးလျှင် ကိစ္စ မရှိတော့ချေ။ အိမ်ထဲမဝင်ခင် စပ်ကြား…ယောင်ပေ ယောင်ပေ လုပ်နေသည်ကို ဗိုလ်ချုပ် မင်းအောင်လှိုင် တွေ့၍တော့ လုံးဝမဖြစ်။ အလွန်တရာ စိတ်တိုတတ်ချေသည်။ ဇနီးသည်နှင့် အရာအားလုံး လွှဲထားပြီးချေပြီ။ သူ့အား လုံးဝ သွားမနှောင့်ယှက်ပါလေနှင့်။ အဂတိ လိုက်စားမှု မကြိုက်တဲ့ အမူအရာနှင့် ဟန်ဆောင်နေသော ဗိုလ်ချုပ် မင်းအောင်လှိုင်ပါပေ။
နောက် ဗိုလ်ချုပ်မင်းအောင်လှိုင်၏ ထူးခြားချက်သည်ကား… စိတ်မမှန် ခြင်းပင်။ မည်သည့်အချိန် စိတ်ကောင်း ဝင်နေသည်… စိတ်ဖောက် နေသည်ကို အောက်က အရာရှိများ အလွန်တရာ မှန်းရခက်သည်ဟု ပြောကြသည်။ လက်အောက်က ရုံးပိုင်းဆိုင်ရာ အရာရှိများ မည်မျှ အရေးကြီးသည့် ကိစ္စကို တင်ပြလိုသည် ဖြစ်စေ ဗိုလ်ချုပ် မင်းအောင်လှိုင်၏ မျက်နှာ အရိပ်အခြေကို ကြည့်ပြီးမှသာ အခြေအနေကြည့်ကာ တင်ပြရဲကြသည်။ မင်းအောင်လှိုင် မည်သည့် အရာကို ဒေါကန်မှန်းမသိ ကန်နေသည့် အချိန်တွင် အလိုက် မသိစွာဖြင့် အဘ သွားခေါ်မိပါက တွေ့ရာပစ္စည်းနှင့် ကောက်အပေါက် ခံရတတ်ချေသည်။
မင်းအောင်လှိုင်၏ မျက်နှာရိပ် မျက်နှာကဲကိုသိရန် အချိန်မည်မျှ ယူရသနည်းဟု မေးကြည့်သောအခါ အနည်းဆုံး (၃) နာရီခန့်ဟု မှန်းဆ ရပေသည်တဲ့။ ၄င်း (၃) နာရီ အတွင်းတွင်လည်း သူ့ရှေ့က ပျောက်နေ၍ မဖြစ်။ ထို့ကြောင့် တင်ပြစရာ ရှိသည့်ဖိုင်ကို ကိုင်ကာ သူ့ရုံးခန်းရှေ့မှ ခေါက်တုန့်ခေါက်ပြန် အလုပ်ရူပ်ပြပေးနေရသေးသည် တဲ့။ ကဲ ပြီးပါလေရော…အဲ့ဒီ (၃) နာရီအတွင်း တင်ပြစရာ ရှိသည်များကို မတင်ပြရဲသေးဘဲ မျက်နှာတော်ကို ခိုးကြောင်ခိုးဝှက် ပတ်ရှိုးနေရသည်တဲ့ ဗျာ…။
ကျွန်တော့် မျက်စိရှေ့တင်ကို စစ်တက္ကသိုလ် ကျောင်းရုံးက နဖူးပြောင်ပြောင် ပိန်ရှည်ရှည်နှင့် ဗိုလ်မှူးတစ်ဦး (အမည် မဖော်ပြလို ပါ) ဆေးလိပ်ခွက်နှင့် ကောက်အပေါက် ခံရ၍ ခွေးပြေး ဝက်ပြေး ထွက်ပြေးလာတာ မြင်ရဖူးသည်။ ၄င်း ဗိုလ်မှူးပါးစပ်မှ “အမလေး အဘရဲ့… ကြောက်ပါပြီဗျ..ကြောက်ပါပြီဗျ…’’ ဆိုတဲ့ အသံကလည်း ကျောင်းရုံး တစ်ခုလုံး ဆူညံပွက်လော ရိုက်သွားတော့သည်။ ဤကဲ့သို့သော အခြေအနေတွင် ကျန်အရာရှိများ ဘာလုပ်နေချေ သနည်း။ အချို့က အိမ်သာ တက်ချင်ယောင် ပြေးဆောင်ကြသည်။ ချက်ချင်းကို အိမ်သာ လူပြည့် သွားတတ်ချေသည်။ အိမ်သာ နေရာ မရလိုက်သော အရာရှိများသည်လည်း စာအုပ် ဗီရိုနောက်… နံရံနောက် အလျှင်အမြန် ပြေးကပ်ကြရသည်ကို တွေ့ရချေသည်။ ကျွန်တော်ကရော ဘာလုပ်နေသနည်းဟု မေးချေမည်။ ကျွန်တော်နှင့် ကျွန်တော့် သူငယ်ချင်းကား စားပွဲအောက်ထဲ လေးဖက်ထောက် ဝင်ပုန်းနေရသည်။ ဤကဲ့သို့ကို ဖိန့်ဖိန့်တုန်အောင် ကြောက်စေသော ဗိုလ်ချုပ် မင်းအောင်လှိုင်ပေ။
၎င်း အမူအယာများနှင့် ဆန့်ကျင်စွာ အထက်လူကြီးများနှင့် တွေ့လျှင်တော့ ဗိုလ်ချုပ် မင်းအောင်လှိုင်သည်ကား ပီဘိ ကလေးငယ်လို ဖြစ်သွားတတ်ချေသည်။ ဦးသန်းရွှေ ဦးမောင်အေးတို့ အိမ်သွားလျှင် ဒူးတွေပါ တုန်ပြ တတ်သေးသည်တဲ့။ ကြောက်ချင်ယောင် အလွန် ဆောင်ပြတတ်ချေသည်။ အဘနှင့် ခမျာက လွဲလျှင် အခြားစကား သိပ်မပြောတတ်တော့ချေ။ ဤကဲ့သို့သော စွမ်းပကားများကြောင့် ဗိုလ်ချုပ် မင်းအောင်လှိုင် တစ်ယောက် (၆) နှစ် အတွင်းတွင် ရာထူးများ ခုန်ပြန် ကျော်လွှားခဲ့ကာ ယခုဆိုလျှင် တပ်ချုပ်ကြီးပင် ဖြစ်လာခဲ့ချေပြီ။ သူ့အား D.S.A (19) သူ့တစ်ပတ်စဉ်တည်းမှ သူငယ်ချင်းများက “ကြောင်ချီး” လို့ Nick Name အနေနဲ့ ခေါ်ကြတာ ကြားဖူးပါသည်။ စဉ်းစားကြလေကုန်။
ထို့အပြင် ဗိုလ်ချုပ်မင်းအောင်လှိုင်သည် စစ်သားကြီးတန်မဲ့ အတိတ် နိမိတ်တွေ အလွန်တရာ ယုံကြည်တတ်ပါသေးသည်။ မျက်နှာကြီးရာ ဟင်းဖတ်လည်း ပါတတ်ပါသေးသည်။ ၄င်းကိစ္စများအား နောက်ဆောင်းပါးများတွင် ထပ်မံ တင်ပြပေးသွားပါဦးမည်။

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/

တိုင်းရင်းသားပါတီတွေနဲ့ အပြိုင်ကြဲရမယ့် ပြည်နယ် ၇ ခု

  ၄ နိုဝင်ဘာ ၂၀၂၀ ဓာတ်ပုံ ရင်းမြစ်, SNLD ဓာတ်ပုံ ပုံစာ, SNLD ထောက်ခံသူများ မဲဆွယ် လှည့်လည့်စဥ် မြန်မာနိုင်ငံက တိုင်းရင်းသားတွေ အများစုနေထိုင်ကြတဲ့ ပြည်နယ် ၇ခု က အမျိုးသားလွှတ်တော်နဲ့ ပြည်သူလွှတ်တော် မဲဆန္ဒနယ် ၁၈၀ ကျော်ဟာ ပါတီတစ်ရပ် အစိုးရဖွဲ့နိုင်ရေး အဆုံးအဖြတ်အတွက် အရေးပါတဲ့ မဲဆန္ဒနယ်တွေဖြစ်ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေးရေချိန် အရ ၂၀၁၅ တုန်းကလို ပြည်နယ်တွေမှာ အာဏာရပါတီ အနိုင်မရနိုင်တော့ဘူးလို မှန်းဆမှုတွေရှိပြီး ဒေသတွင်းအားကောင်းတဲ့ တိုင်းရင်းသားပါတီတွေ စုစည်း ပြိုင်ဆိုင်လာမှုကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲတွေကွဲခဲ့ရင်တော့ လွှတ်တော်ထဲကို အသင့်ရောက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ နဲ့ မိတ်ဖက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် ပြည်နယ်မဲတွေဟာ အခွင့်အလမ်းဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ဓာတ်ပုံ ရင်းမြစ်, SAIONE LENG KHAN ဓာတ်ပုံ ပုံစာ, ကိုယ်စားလှယ်လောင်း ၁၃၀ ကျော်နဲ့ ရှမ်းပြည်နယ်အတွင်း မြို့နယ် အတော်များများမှာ SNLD ဝင်ရောက်ယှဉ်ပြိုင် ချင်း၊ ကချင်၊ ကရင် နဲ့ မွန် တို့မှာ ဒေသခံတိုင်းရင်းသားပါတီတွေ ပေါင်းစည်းပြီး ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ပြိုင်ကြသလို ကယား၊ ရခိုင်နဲ့ ရှမ်းတို့မှာလည်း ဒ

ဘုရားကျောင်းတိုက်ခိုက်ခံရပြီးနောက် ဖိလစ်ပိုင်က အကြမ်းဖက် နှိမ်နင်းမယ်လို့ဆို

In this photo provided by WESMINCOM Armed Forces of the Philippines, a soldier views the site inside a Roman Catholic cathedral in Jolo (AAP) Hide Grid Image 1 / Video