Skip to main content

တိုင်းပြည်ကိုလူမွေးမပြောင်အောင် လုပ်ခဲ့သူ ဦးသန်းရွှေ


-ဒိုင်း ခင်ခင်-
ဦးသန်းရွှေ အကြောင်းဘဲ ခဏခဏ တင်နေလို့ အားလုံးမျက်စိနောက်နေကြမယ် ဆိုရင် ခင်လေး ကြိုပြီးတောင်းပန်ပါရစေ၊
ဘာလို့ ခဏ ခဏ တင်နေရတာလဲ ?

ဟုတ်ကဲ့-- တိုင်းပြည်ကိုလူမွေးမပြောင်အောင် လုပ်ခဲ့တဲ့ နေရာမှာ အဓိက တရားခံလို့ ခင်လေးသတ်မှတ်ထားပါတယ်၊

စစ်အာဏာရှင်တွေ အဆက်ဆက် အနိုင်ကျင့်ခဲ့ကြပေမဲ့ တိုင်းပြည်ကိုကျွှန်ပြု သက်တမ်း အကြာရှည်ဆုံး နဲ့ သံဃာတွေတောင် သတ်ရဲလောက်တဲ့ အကုသိုလ်ကိုယူရဲတဲ့ သမိုင်းတရာခံ တစ်ယောက်အနေနဲ့ သူ့အကြောင်း ခိုးခဲ့သမျှ ကောက်ကျစ်သမျှတွေကို ရနိုင်သလောက် ဖော်ပြပေးသွားပါမယ် ၊
မသိသေးတဲ့သူတွေ အတွက် သူ့ရဲ့ ကောက်ကျစ်ယုတ်မာပုံကို သိရှိသွားရင် post တင်ကျိုး နပ်တပ်တယ်လို့ ခံယူထားပါတယ်၊
အခုရရှိထားသလောက်ကို လေ့လာကြည့်ပေးကြပါ
ကောက်ကျစ်စဉ်းလဲပုံ - -
၂၀၀၁ ခုနှစ်ဆန်းပိုင်းက ဒေါ်အောင်ဆန်းစုကြည် နဲ့ ဦးအောင်ဆန်းဦး တို့မောင်နှမချင်း သွေးကွဲအောင်၊
အချင်းချင်း မုန်းတီးအောင်၊
နိုင်ငံတကာအလယ်မှာ ဒေါ်စု ဂုဏ်သိက္ခာကျအောင်၊
ဒေါ်စု စိတ်အနှောက်အယှက်ဖြစ် အောင်
အိမ်အမွေမှုကို ဖန်တီးပြီး သွေးထိုးပေးတာ ဗိုလ်သန်းရွှေ ပဲ ဖြစ်ပါတယ်။
( ၂၀၀၈ ခုနှစ်၊ ဇွန်လထုတ် ခေတ်ပြိုင်ဂျာနယ် ပါ ဦးအောင်လင်းထွဋ် ၏ ပြောကြားချက် )
( ယခုတိုင် အိမ်အမွေမှု မပြီးသေးပါ။ )
- ဒေါ်အောင်ဆန်းစုကြည် ရဲ့နေအိမ်ခြံဝင်းအတွင်း အမေရိကန်နိုင်ငံသား ဂျွန်ယက်ထော ဝင်ရောက်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အင်းစိန်ထောင်ထဲမှာ ထိန်းသိမ်းခံနေရချိန်နဲ့ တရားစီရင်ချက်ချခါနီးအချိန်မှာ ဒေါ်စု ရဲ့မိခင်၊ ဒေါ်ခင်ကြည်ရဲ့ အမ၊ ဒေါ်ခင်ကြီး ရဲ့သား တစ်ဦးဖြစ်သူ ဦးခင်မောင်အေး က၊ “ ဒေါ်စုနေတဲ့ ခြံမြေတစ်စိတ် တစ်ပိုင်းကို ရောင်းထားပြီးပြီ၊ ကန့်ကွက်လို က ကန့်ကွက်ပါ ” ဆိုတဲ့ ကြေးမုံသတင်းစာပါကြေညာချက် ( ဒီဗွီဘီ၊ ၂၀၀၉-ဇူလိုင်-၂၈ ) ဟာလည်း ဗိုလ်သန်းရွှေ ရဲ့ ဒေါ်စု အပေါ်အကောက်ကြံမှု တစ်စိတ်တစ်ဒေသ ဖြစ်တယ်။
( ၎င်းအမှုမှာ ယခုတိုင် ရင်ဆိုင်ရဆဲဖြစ် ) -
နောက်တစ်ခုက ဒေါ်အောင်ဆန်းစုကြည် ရဲ့ မောင်ဝမ်းကွဲတော်သူ ဦးစိုးအောင် က သူ့ကို အိမ်ဝင်းအတွင်း မဝင်ဖို့ ဒေါ်စုက တားမြစ်တာကို မကျေနပ်လို့ တရားစွဲဆိုမှုအတွက် အနောက်ပိုင်းတရားရုံးက ဒေါ်စုအား ဒဏ်ငွေ ကျပ် ၅၀၀ ပေးဆောင်ရန်၊ မပေးဆောင်နိုင်ပါက ထောင်ဒဏ် ၇ ရက် ကျခံစေရန် အမိန့်ချမှတ်ပါတယ်။
ဒေါ်စုက “ ဒဏ်ငွေမဆောင်ပဲ ထောင်ကျခံမယ် ” လို့ ပြောတဲ့အတွက် တရားရုံးက အမှုကို ရုပ်သိမ်းလိုက်ပါတယ်။
( ဧရာဝတီ၊ ၂၀၀၃-ဖေဖေါ်ဝါရီ-၂၁ ) -
၂၀၀၉ ခုနှစ်၊ မေလတွင် ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်က လွတ်ခါနီးမှာ မလွတ်စေချင်လို့ အမေရိကန် နိုင်ငံသား ဂျွန်ဝီလျံယက်ထော နဲ့ အပေးအယူလုပ်ပြီး၊ ကန့်သတ်ချက်များကို ဒေါ်စု ချိုးဖေါက်တယ် ဖြစ်အောင် အကွက်ဆင်ပြီး နောက်ထပ်အကျယ်ချုပ် သက်တမ်းတိုးအောင် လုပ်တာလည်း ဗိုလ်သန်းရွှေ ပဲဖြစ်တယ်။
ဒါတွေကို ကြည့်ခြင်းအားဖြင့် ဗိုလ်သန်းရွှေ က ဒေါ်အောင်ဆန်းစုကြည် အပေါ် နလံမထူနိုင်အောင် အကောက်ကြံနေတယ် ဆိုတာ ပေါ်လွင်ထင်ရှားနေပါတယ်။
--(၂) ပြည်သူတွေကို နှိပ်စက်ညှည်းပန်းသတ်ဖြတ်ပုံများ -
ဗိုလ်သန်းရွှေ ဟာ မြန်မာ့သမိုင်းမှာ ပြည်သူတွေကို အနှိပ်စက်ဆုံး၊ အညှဉ်းပန်းဆုံး၊ အသတ်ဖြတ်ဆုံး လူတစ်ယောက် ဖြစ်ပါတယ်။
အထင်ရှားဆုံး သာဓက တစ်ခုမှာ ၂၀၀၇ ခုနှစ်၊ သံဃာတော်များ ငြိမ်းချမ်းစွာ မေတ္တာပို့ စီတန်း လမ်းလျှောက်နေတဲ့ ကာလမှာ ဖြစ်ပါတယ်။
ဗိုလ်သန်းရွှေ ဟာ သာမန်ပြည်သူတွေကို သာမက၊ မြန်မာ ဗုဒ္ဓဘာသာဝင်များရဲ့ အထွတ်အထိပ်ထားပြီး ကြည်ညိုကိုးကွယ်ကြသည့် အနန္တောအနန္တ ဂိုဏ်းဝင် ရဟန်းသံဃာတော်များကိုပါ လူမဆန်စွာ ရက်ရက်စက်စက် ညှဉ်းပန်း သတ်ဖြတ်ခဲ့ကြပါတယ်။
ဒါကြောင့် တစ်ကမ္ဘာလုံးရှိ လူမျိုးခြား၊ ဘာသာခြားများကပါ ဗိုလ်သန်းရွှေ ကို ဓမ္မ န္တရာယ်ကောင် အဖြစ် အကြီးအကျယ်ပြစ်တင်ရှုတ်ချခဲ့ကြပါတယ်။
-- (၃) လူသားချင်း စာနာစိတ်ကင်းမဲ့ပုံများ -
ဗိုလ်သန်းရွှေ ဟာ သူတစ်ပါးအပေါ် သနားစိတ်၊ ညှာတာစိတ်၊ ကိုယ်ချင်းစာစိတ် လုံးဝ မရှိပါ။
အထင်ရှားဆုံး သာဓကတစ်ခုမှာ – ၂၀၀၈ ခုနှစ်၊ မေလ က တိုက်ခတ်ခဲ့တဲ့ နာဂစ်မုန်တိုင်းအတွင်း ဧရာဝတီတိုင်း အတွင်းရှိ ဒုက္ခသည်များကို –
(၁) အချိန်မီ ကယ်တင်ခြင်းမရှိ၊ ကယ်တင်မည့်သူများကိုလည်း ဟန့်တားချုပ်ခြယ်ကန့်သတ်ခြင်း၊
(၂) နိုင်ငံတကာက ပေးပို့တဲ့ အစားအသောက်၊ ကယ်ဆယ်ရေးပစ္စည်းများနဲ့ ကယ်ဆယ်ရေးအဖွဲ့များကို လက်မခံပဲ ငြင်းပယ်ခြင်း၊
(၃) အချို့လက်ခံသော ပစ္စည်းများကိုလည်း ဒုက္ခသည်များထံ အချိန်မီဖြန့်ဖြူးမပေးခြင်း၊
(၄) ပြည်တွင်းမှ အလှူရှင်များ၏ လှူဒါန်းပစ္စည်းများကိုလည်း လွတ်လပ်စွာ ပေးလှူခြင်းမပြုနိုင်ရန် အမျိုးမျိုးဟန့်တားခြင်း၊
(၅) နိုင်ငံတကာမှ ပေးပို့လှူဒါန်းသည့် ပစ္စည်းအချို့ကို ကြားဖြတ် သိမ်းယူခြင်းများကို လူသားမဆန်စွာ ပြုလုပ်ခဲ့ပါတယ်။ ဒါတွေကိုကြည့်ခြင်းအားဖြင့် ဗိုလ်သန်းရွှေ ဟာ သူတစ်ပါးအပေါ်မှာ သနားကြင်နာ ကိုယ်ချင်းစာခြင်းမရှိဘူး ဆိုတာ ထင်ရှားနေပါတယ်။
-- (၄) နိုင်ငံတော် သယံဇာတ နဲ့ ဘဏ္ဍာတော်ငွေတွေကို ခိုးယူပုံများ -
ဗိုလ်သန်းရွှေ ဟာ နိုင်ငံတော်သူခိုးဂိုဏ်းချုပ်ကြီး လို့ ပြောရင် မှားမယ် မထင်ပါဘူး။
သူဟာ နိုင်ငံတော်ပိုင် သယံဇာတ နဲ့ ဘဏ္ဍာတော် ငွေတွေကို အလုံးအရင်းနဲ့ နှစ်ပေါင်းများစွား ခိုးယူပြီး၊ နိုင်ငံခြားရှိဘဏ်ပေါင်းများစွာမှာ လျှို့ဝှက် အပ်နှံထားပါတယ်။
သာဓကများမှာ - - ဥရောပ သမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေရှိ ဘဏ်များစွာမှာ လျှို့ဝှက်အပ်နှံတဲ့ နအဖ စစ်အုပ်စုဝင်ပေါင်း ( ၅၃၈ ) ယောက်ထဲမှာ ဗိုလ်သန်းရွှေ နဲ့ မိသားစု ( ၁၅ ) ယောက် ပါဝင်ပါတယ်။
( မိုးမခ၊ ၂၀၀၉-သြဂုတ်-၁၅ ) -
အင်္ဂလန်နိုင်ငံရှိ ဘဏ်တွေမှာ လျှို့ဝှက်အပ်နှံတဲ့ နအဖ စစ်အုပ်စုဝင် ( ၅၁၅ ) ယောက်ထဲမှာ ဗိုလ်သန်းရွှေ နဲ့ မိသားစု ( ၁၃ ) ယောက် ပါဝင်ပါတယ်။
( ခေတ်ပြိုင်၊ ၂၀၀၉-မတ်-၂၃ ) -
သြစတြေးလျှနိုင်ငံရှိ ဘဏ်တွေမှာ လျှို့ဝှက်အပ်နှံတဲ့ နအဖ စစ်အုပ်စုဝင် ( ၄၆၄ ) ယောက်ထဲမှာလည်း ဗိုလ်သန်းရွှေ နဲ့ မိသားစု ( ၁၃ ) ယောက် ပါဝင်ပါတယ်။ ( Reserve Bank of Australia, 2008-10-22 ) - ကနေဒါနိုင်ငံရှိ ဘဏ်တွေမှာ လျှို့ဝှက်အပ်နှံတဲ့ နအဖ စစ်အုပ်စုဝင် ( ၄၀ ) ထဲမှာကတော့ ဗိုလ်သန်းရွှေ တစ်ယောက်တည်း တွေ့ရပါတယ်။
( www . Canada Burma.org ) -
စင်ကာပူနိုင်ငံရှိ Overseas Chinese Banking Corporation ( OCBC ) နဲ့ DBS Group တို့မှာ လျှို့ဝှက် အပ်နှံသူ နာမည်အတိအကျမပါပေမယ့်၊ “ သဘာဝဓါတ်ငွေ့ရောင်းရငွေ အမေရိကန်ဒေါ်လာ သန်းပေါင်း ( ၄,၈၃၀ ) သန်း ကို စစ်အစိုးရက နာမည်မျိုးစုံနဲ့ လျှို့ဝှက် အပ်နှံထားကြောင်း၊ ဒေါ်လာ ( ၂၉ ) သန်း ကိုသာ နိုင်ငံတော်ဘတ်ဂျက်စာရင်းမှာ ဖေါ်ပြ ထားကြောင်း ” ဘန်ကောက်မြို့၊ နိုင်ငံခြားသတင်းထောက်များအသင်း၊ သတင်းစာရှင်းလင်းပွဲမှာ Earth Rights Internat-ional ( ERI ) အဖွဲ့က တရားဝင် ထုတ်ပြန်တဲ့ စာရင်းမှာ တွေ့ရပါတယ်။
( အာရ်အက်ဖ်အေ၊ ဗွီအိုအေ၊ ဒီဗွီဘီ၊ မဇ္ဈိမ၊ ဧရာဝတီ၊ ၂၀၀၉-စက်တင်ဘာ-၁၀ )
အခု နောက်ဆုံး ၂၇-၁၀-၂၀၁၀ ရက်နေ့၊ ဧရာဝတီ သတင်းတစ်ပုဒ်အရ ဗိုလ်သန်းရွှေ ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ တရုတ်ပြည်ခရီးစဉ်အတွင်း၊ တရုတ်ပြည်-ပီကင်းမြို့မှာ အမေရိကန်ဒေါ်လာ သန်း ( ၅၀ ) တန် နေအိမ် ၅ လုံး ဝယ်ယူခဲ့ကြောင်း ဖေါ်ပြထားတာ တွေ့ရပါတယ်။ ဒီ ဒေါ်လာ သန်း ( ၅၀ ) ဟာ သူ ခိုးဝှက်ထားတဲ့ ငွေတွေပါပဲ။
( ဗိုလ်သန်းရွှေ ဟာ တရုတ်ပြည်ရှိ ဘဏ်တွေမှာ နိုင်ငံတော်ပိုင်ငွေတွေကို ခိုးဝှက်အပ်နှံထားတယ် ဆိုတာ ထင်ရှားနေပါပြီ။ ။ ။
ဒိုင်း ခင်ခင်
ဖော်ဝပ်မေးလ်မှရရှိပါသည်။ (ဟစ်တိုင်)

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/...
ဦးဆန်းဆင့် ရမည်းသင်းထောင်ပို့ခံရ ဂျွန်လ ၂၀ ရက် နိုင်ငံတော်သမ္မတအမိန့်နဲ့ ရာထူးကနေ အနားပေးခံရတဲ့ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ရမည်းသင်းအကျဉ်းထောင်ကို ခေါ်ဆောင်သွားတယ်လို့ နေပြည်တော် သတင်းရပ်ကွက်က သိရပါတယ်။ သမ္မတက ဇွန် ၁၉ ရက်နေ့မှာ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်မကျေပွန်မှုနဲ့ ရာထူးကနေ ဖယ်ရှားမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနေ့ခင်း ၁ နာရီလောက်မှာပဲ အထူးစုံစမ်းစစ်ဆေးရေးဌာန (စစစ) တာဝန်ရှိသူတဦးက လာရောက်အမှုဖွင့်တယ်လို့ ရဲစခန်းကို ကိုယ်တိုင်သွားရောက်တဲ့ ဒီဗွီဘီသတင်းထောက် ဦးအောင်ကြီးက ပြောပါတယ်။

ကချင်ကို ထိုးစစ် မဆင်ဖို့ သမ္မတ ညွှန် ကြား ဦးသိန်းစိန် ကချင် စစ်တပ် အပြစ်ရပ် ငြိမ်းချမ်းရေး

၁၂ ဒီဇင်ဘာ ၂၀၁၁ ကေအိုင်အေ ကချင် လွတ်လပ်ရေး တပ်မတော် အပေါ် အစိုးရ စစ်တပ် ဘက် စတင် ထိုးစစ်ဆင် တိုက်ခိုက် တာမျိုး မပြုလုပ်ဘဲ ခုခံ ကာကွယ် စစ်သာ ပြုလုပ်ဖို့ သမ္မတ ဦးသိန်းစိန်က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကို အကြောင်း ကြားစာ ပေးပို့ခဲ့ ပါတယ်။ ဓာတ်ပုံ ပုံစာ, ကချင် ဒုက္ခသည်တွေကို အကူအညီငွေ ပေးအပ်ပွဲ မှာ သမ္မတရဲ့ ပေးစာ အကြောင်း ပြောခဲ့ တာဖြစ် မြစ်ကြီးနား မြို့တော် ခန်းမမှာ ပြုလုပ်တဲ့ စစ်ဘေးသင့် ပြည်သူတွေ အတွက် ပြည်ထောင်စု လွှတ်တော် က လှူဒန်းတဲ့ အလှူငွေ ပေးအပ်ပွဲ မှာ ကချင် ပြည်နယ် ဝန်ကြီး ချုပ်က သတင်းထောက် တွေနဲ့ အခမ်း အနား တက်ရောက်သူ တွေကို ပြောခဲ့ တာပါ။ ကချင်ပြည်နယ် ဝန်ကြီးချုပ်က ကေအိုင်အေ တပ်စခန်း တွေကို မြန်မာ အစိုးရ စစ်တပ်ဘက်က ထိုးစစ်ဆင် တိုက်ခိုက်မှု မပြုလုပ်ဖို့ ဆိုတဲ့ ခေါင်းစဉ် အောက်မှာ အချက် သုံးချက်ပါ တဲ့ စာကို ဖတ်ပြ ခဲ့တယ်လို့ အခန်း အနားကို တက်ရောက် ခဲ့သူ သတင်း သမား တစ်ယောက်က ဘီဘီစီကို ပြန်ပြောပြ ပါတယ်။ အဲဒီ အချက်တွေ ကတော့ အစိုးရ ဘက်က နိုင်ငံရေး အရ ဆွေးနွေး နိုင်ရန် စီစဉ် နေတဲ့ အကြောင်းနဲ့ ဆွေးနွေး မှုတွေ ပြုလုပ် နိုင်ဖို့ အတွက် ခုခံ တိုက်ခိုက် ရုံက လွဲပြီး တပ်ရွှေ့တာ၊ စစ်ချီ တာတွေ ...