ဟောပြောချက်လေးတွေကို ကျနော်တို့လူငယ်တွေ အလေးထားကြည့်စေချင်ပါတယ်။
- အခုခောတ်မှာရော ဘာကအရေးကြီးဆုံးလဲ
- ခလုတ်လေးတစ်ချက်နှိပ်လိုက်တာနဲ့ လူပေါင်းဘယ်လောက်သေစေချင်သလဲ ... ဒီလိုလာတာ
- ကျနော်တို့မြန်မာပြည် အဏုမြူ တစ်လုံးပဲ ချပေးလိုက်။ ဆွမ်းသွပ်ပေးမယ့် ဘုန်းကြီးတောင် ကျန်မှာမဟုတ်ဘူး။
- ဒီလောက်တိုးတက်နေတဲ့ ခောတ်ကြီးထဲမှာ ဓါးတွေဘာတွေနဲ့ ကျား ကျိ နဲ့လုပ်မနေနဲ့
- အနာဂါတ်နိုင်ငံရေးဟာ ဘယ်မှာရှိသလဲ ။ ပညာမတတ်ပဲ တိုင်းပြည်ကို ကာကွယ်လို့မရဘူး။။
- အခုခောတ်က စစ်တိုက်ပြီး ကျွန်ဖြစ်တဲ့ခောတ်မဟုတ်ဘူး။ နယ်ချဲ့ စကားဆိုတာ ဟောင်းနေပြီ။
- စစ်တိုက်ပြီး သိမ်းလိုက်တဲ့အခါကျတော့ ကျည်ဆံကုန်တယ် ၊ ပခုံးအောင့်တယ်၊ နာမည်ပျက်တယ်
- ဘာလိုချင်လဲ။ မြန်မာပြည်ကျွန်းသစ်လေးကောင်းတယ် မဆိုးဘူး။ ဒီကောင်တွေဘာမှ
လည်း မလုပ်တတ်ဘူး။အဲတော့ ရော့ ကားတစ်စီး ပေး သစ်ပင် တစ်တန်။
- ဗမာကလျှောက်ပြောတယ်။ ကျုပ်တို့တောင်သူလယ်သမားဦးကြီးတွေက ဖင်ထဲရွံတစ်ခွဲ
သားဝင်အောင်လုပ်ရတယ်။ ၀င်ပေါ့။ ပညာမှ မတတ်တာ။ဘယ်တတ်နိုင်မလဲ။
- ပညာမတတ်ရင် ခံရမှာချည်းပဲ
ကျနော်တို့လူငယ်တွေ ကန်းနေတဲ့ ၊ အမှောင်ကျနေတဲ့ နားတွေ မျက်စိတွေကို
ကိုယ်ရဲ့ ကိုယ်ပိုင်ဥာဏ်နဲ့ သုံးသပ်ပြီး ဖွင့်ပေးကြပါစို့။
ကျနော်တို့ ရှေ့ရှေ့က လူကြီးတွေ နားတွေ မျက်စိတွေ ကန်းခဲ့လို့ ကျနော်တို့ လူငယ်တွေ
အများစု ပြည်ပမှာ မျက်နှာငယ်လေးတွေနဲ့ သူများခိုင်းတာကို လုပ်နေကြရတာ။ ကျနော်တို့
ကပါ ထပ်ပြီး နားတွေမျက်စိတွေ ထပ်ကန်းနေအုံးမယ်ဆိုရင်တော့ ကျနော်တို့ရဲ့နောင်လာ
မယ့် မျိုးဆက်သစ်လေးတွေအတွက်တော့ မတွေးဝံ့စရာပါပဲ။
အမှောင်ထဲမှာ နေခဲ့ရတဲ့ကျနော်တို့လူငယ်တွေ ဆရာကြီးရဲ့ ဟောပြောချက်တွေကို
နားထောင်ပြီး နိုင်ငံတစ်နိုင်ငံမှာ ဘာအရေးကြီးဆုံးလဲဆိုတာကို နားလည်သဘောပေါက်
နိုင်ကြပါစေ။
ဆရာကြီးအား ရှိခိုးကန်တော့ပါ၏
စိုးလွင်

Comments
Post a Comment