ဒီမိုကရေစီအောင်နိုင်ရေးအတွက် ပြင်ပမှပုဂ္ဂိုလ်များအားအဖွဲ့ချုပ်အမတ်လောင်းအဖြစ်ဖိတ်ခေါ်မည်ဟု ဒေါ်အောင်ဆန်းစုကြည်ထုတ်ပြော
နိုင်ငံအောင်နိုင်ရေး အ တွက်၊ ဒီမိုကရေစီအောင်နိုင်ရေးအတွက်
လုပ်ဆောင်ပေးမည့် ပြင်ပမှမည်သည့်ပုဂ္ဂိုလ် မဆို
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်
သတ်မှတ်သွားမည်ဖြစ်ကြောင်း NLD ပါတီ ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်ကပြောသည်။
လက်ရှိအမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ်ရှိ ပါတီဝင်လူကြီးလူငယ်မရွေး၊ ဝါ ကြီးဝါရင့်မရွေး
အရည်အချင်းရှိသူများကို ရွေးချယ်သွားမည်ဖြစ်သကဲ့သို့ ပြင်ပမှနိုင်ငံ တော်အကျိုးနှင့်အမျိုးသားရင်ကြားစေ့ရေး ကိုဆောင်ရွက်ပေးမည့် မည်သည့်ပုဂ္ဂိုလ်မ ဆိုလာမည့်ရွေးကောက်ပွဲအတွက် NLD ပါတီ၏ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ ဝင်အဖြစ် သတ်မှတ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်က ''ကိုယ်စားလှယ်လောင်းများအဖြစ် ယှဉ်ပြိုင် ချင်တဲ့ပုဂ္ဂိုလ်များဟာ အောင်နိုင်ရေးအဖွဲ့ထဲ မပါရလို့ ထွက်သွားတဲ့သူတွေ တော်တော် မနည်းပါဘူး။ ဒါကိုကြည့်ရင် ကိုယ့်အောင် နိုင်ရေးအတွက် ဘယ်သူတွေဦးစားပေးလဲ မြင်နိုင်ပါတယ်။ ဒါကြောင့်မို့ ဘယ်လိုစည်း ကမ်းတွေချထားစေကာမူ ဒီနေရာမှာ ရှင်း ရှင်းလင်းလင်းပြောပါရစေ။ တကယ့်အောင် နိုင်ရေး၊ ဒီမိုကရေစီအောင်နိုင်ရေး၊ နိုင်ငံ အောင်နိုင်ရေးအတွက်လုပ်ပေးနိုင်တဲ့ဘယ် ပုဂ္ဂိုလ်မဆို လက်ရှိအောင်နိုင်ရေးအဖွဲ့ထဲ မှာဖြစ်စေ၊ တခြားနေရာမှာဖြစ်စေ ဗဟိုအ လုပ်အမှုဆောင်အဖွဲ့အနေနဲ့ကိုယ်စားလှယ် လောင်းအဖြစ်သတ်မှတ်သင့်က သတ်မှတ် သွားမှာ ဖြစ်ပါတယ်''ဟုပြောသည်။
မိမိအောင်နိုင်ရေးအတွက် မဟုတ် ဘဲ နိုင်ငံအောင်နိုင်ရေးအတွက်လုပ်ဆောင် ပေးမည့် မည်သည့်ပုဂ္ဂိုလ်မဆို NLD ပါတီ ၏ကိုယ်စားလှယ်လောင်းအဖြစ်ရွေးချယ်ခံ ရန် ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်းသိရသည်။ NLD ပါတီအနေဖြင့် ရွေးကောက်ပွဲရက် တွင် အောင်ပွဲခံနိုင်ရန်အတွက်သာ အဓိက စဉ်းစားထားခြင်းမဟုတ်ဘဲ ရွေးကောက်ပွဲ အလွန်ကာလအောင်ပွဲခံနိုင်ရန်ကို အဓိက လုပ်ဆောင်ရမည်ဖြစ်ကြောင်း ယင်းကဆက် လက်ပြောကြားသည်။
''NLD ပါတီက၂ဝ၁၂ ခုနှစ်က ချမှတ်ထားတဲ့ မူအရဆိုရင်တော့ ကောင်း ပါတယ်။ မျိုးဆက်သစ်တွေကိုဦးစားပေးမယ်။ အမျိုးသမီးတွေကိုဦးစားပေးမယ်ပေါ့။ ဒါ ပေမဲ့ တစ်ခုရှိတာက အောက်ခြေပါတီဝင် တွေမှာအမတ်ရောဂါထနေတာတွေကြား နေရတယ်။ တစ်မြို့နယ်တည်းမှာ လွှတ်တော် ကိုယ်စားလှယ်ဖြစ်ချင်တဲ့သူက ဦးနှစ်ဆယ် လောက်ဖြစ်နေတယ်ပေါ့။ ဒီတော့ အပြင်က လာမယ့်သူတွေနဲ့ အောက်ခြေပါတီဝင်တွေနဲ့ မညီ ညွတ်မှုတွေဖြစ်လာနိုင်တာတော့ရှိတာ ပေါ့''ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦး ကျော်လင်းဦးကပြောသည်။
ယင်းအပြင်လာမည့်ရွေးကောက် ပွဲတွင် ရွေးချယ်ခံမည့်ကိုယ်စားလှယ်လောင်း များအနေဖြင့် မိမိဇနီးမယား၊ ခင်ပွန်း၊ သား သမီးများ၏ မရွှေ့ပြောင်းနိုင်သည့်ပစ္စည်း များစာရင်း၊ ဘဏ်အကောင့်နှင့် စီးပွားရေး နှင့်ပတ်သက်ပါကလည်း စာရင်းဇယားတင် ပြရမည်ဖြစ်ကြောင်း သိရသည်

Comments
Post a Comment