Skip to main content

"ကပ်ပါးကောင်နှင့် မသေမရှင် ဒီမိုကရေစီ"


တလောက အွန်လိုင်းပေါ်မှာ Parasite လို့
ခေါ်တဲ့ ကပ်ပါးကောင် ဗိုလ်ခင်ညွှန့်နဲ့
တင်းထောက် အမျိုးသမီးငယ် တယောက်
အချီအချ ပြောနေတာ မြင်လိုက်ရတယ်။

အထဲ စိတ်ရင်းယုတ်ကြောင့် ပုပ်ပွနေတဲ့
မျက်နှာမှာ မာန်စွယ်ကလည်း မကျချင်
သေးပါ။

သူပြောသွားတဲ့ အဓိကအချက်က "နောက်
ကြောင်း မဖော်နဲ့၊ မြန်မာပြည်နဲ့သင့်တော်
တဲ့ မြန်မာ့ ဒီမိုကရေစီ" ပဲ ဖြစ်ရမယ်လို့ ဆို
တယ်။
မတရား လုပ်ထား၊ ခိုးစားထားတွေပေါ်မှာ
တော့ စစ်တပ်က သူခိုးတွေ အကုန်ကြောက်
ကြတာကြောင့် နောက်ကြော မလုံမှန်း သိ
သာတယ်။
ဗိုလ်နေဝင်းရဲ့ မြန်မာ့နည်း မြန်မာ့ဟန် မဆလ
စနစ်ကြောင့် ငမွဲနိုင်ငံ ဖြစ်သွားခဲ့တာကို သေချာ
သိရှိပြီး အဲဒီခေတ်မှာ အိပ်ဖန်စောင့် အခိုင်းစေ
ဘဝ လုပ်ခဲ့ရတဲ့ ဗိုလ်ခင်ညွှန့် တယောက် "ဒီမို
ကရေစီ စနစ်" ကို မြန်မာမှု ထပ်ပြု ချင်နေတာ
အံ့ဩစွာ ကြားလိုက်ရတယ်။
သူတို့ မြန်မာဆန်ချင်နေတဲ့ ဒီမိုကရေစီ ဆိုတာ
တကယ်တော့ အင်ဒိုနီးရှား အာဏာရှင် ဆူဟာ
တိုနဲ့ မလေးရှား ဝန်ကြီးချုပ်ဟောင်း မဟာသီ
ယာတို့ရဲ့ ဒီမိုကရေစီ မဆန်တဲ့ "တဝက်တပျက်
မသေမရှင် ဒီမိုကရေစီ"ကို ပုံတူ ကူးချ ထားတာ
သာဖြစ်တယ်။
စစ်ဗိုလ်တွေ စာမတတ်ဘူး၊ ကိုယ်ပိုင် အတွေး
အခေါ် မရှိဘူး ဆိုတာ လူတိုင်းသိသလို သူတို့
လုပ်သမျှ အရာအားလုံး သူများဆီက ခိုးချထား
တာသာဖြစ်ပြီး "မြန်မာ့နည်း မြန်မာ့ဟန်" လို့
အရှက်မရှိ ခပ်တည်တည် ခေါင်းစဉ်တပ်ခဲ့တာ
ရာစုနှစ် ထက်ဝက် ကျော်ခဲ့ပြီ။
ဆူဟာတိုရဲ့ တမတ်သား လွှတ်တော် စနစ်
အင်ဒိုနီးရှားမှာ မရှိတော့ပေမဲ့ ဗမာပြည်မှာ
တော့ ရှင်သန်လျှက် ရှိနေတယ်။
ဒါကြောင့် သူတို့မကြိုက်တဲ့ ဘယ်အဆိုကို
တင်တင် ကန့်ကွက်ဖို့ လွှတ်တော်မှာ လုပ်
ပိုင်ခွင့် အင်အား အပြည့်ရှိတာမို့ ဘာတခုမှ
မှန်မှန်ကန်ကန် ဖြစ်လာစရာ မရှိသလို လွှတ်
တော်ထဲ ဝင်ထိုင်ခဲ့မိတဲ့ ဒေါ်စု အနေနဲ့လည်း
အလှောင်အပြောင် အရိအရွဲ အစောင်းအချိတ်
ခံနေရတဲ့ အဖြစ်ကို သင်္ခန်းစာ ယူတတ်ဖို့
လိုနေပါပြီ။
ထိုနည်းတူစွာ ဗမာစစ်အုပ်စုက မဟာသီယာ
ရဲ့ "မသေမရှင် ဒီမိုကရေစီ" စနစ်ကို ဗမာပြည်
မှာ အကောင်အထည်ဖော်ဖို့ ကြိုးစားနေကြ
တာသာ ဖြစ်တယ်။
ဒီစနစ်သာ ဖြစ်ပေါ်ခဲ့ရင် မလေးရှားလို နိုင်ငံ
ဖြစ်လာမယ် ဆိုတာထက် "မြန်မာ့နည်း မြန်
မာ့ဟန်" ကြောင့် ငမွဲနိုင်ငံကနေ လူရုပ်မပေါက်
တဲ့ နိုင်ငံ ဖြစ်လာမှာ ကျိန်းသေတယ်။
ကိုလိုနီ ခေတ်ကတည်းက သူများလုပ်စာ
ထိုင်စားခဲ့တဲ့ မလေးရှားကို ဗမာ စစ်အစိုးရ
က ၁၉၈၃ ခုနှစ်ကတည်းက ဆရာတင်ထား
တာပါ။
မလေးရှားရဲ့ ဆန်စပါး သိုလှောင်ရေးစနစ်
ကို လေ့လာဖို့ဆိုပြီး မဆလ ခေတ်က
စစ်ဗိုလ်တွေ မလေးရှားကို ခရီးထွက်တယ်။
မလေးရှားရဲ့ သိုလှောင်မှုစနစ် သိပ်ကောင်း
တာ သဘောကျပြီး အတုခိုးချင်ကြောင်းပြော
တယ်တဲ့။
မလေးရှား သိုလှောင်မှုစနစ်ကို ပုံစံ ရေးဆွဲ
သူဟာ ဗမာတစ်ဦး ဖြစ်ကြောင်း မလေးရှား
က ပြောတော့ ဗမာစစ်ဗိုလ်တွေ အခက်တွေ့
သွားတယ်။
ဗမာစစ်ဗိုလ် မသုံးတဲ့ ဗမာအရပ်သားကို
မလေးရှားက ဆရာတင်လိုက်တော့ မလေး
တွေ အကျိုးအမြတ် ခံစားရတာပေါ့။ ဗမာ
အရပ်သားတွေ နိုင်ငံခြားထွက်တာ မဆန်း
ဘူး။
ထိုင်း၊ မလေး၊ စင်္ကာပူ ဆိုတာ ဗမာစစ်ဗိုလ်
မသုံးတဲ့ ဗမာအရပ်သားတွေနဲ့ တတပ် တ
အား တည်ဆောက်ခဲ့တာ၊ တည်ဆောက်
လျှက် ရှိနေတယ်ဆိုတာကို ဗမာစစ်အစိုးရ
သိသိနဲ့ နောင်တရပုံ မပေါ်ဘူး။
ထိုင်း၊ မလေး၊ စင်္ကာပူ၊ အင်ဒို၊ တရုတ်ပြည်မ
ကြီးက တရုတ်တွေ အားလုံးကိုလည်း ဗမာပြည်
ထဲက သဘာဝ အရင်းအမြစ်တွေကို တူးဖော်
ထုတ်ယူခွင့်တွေ ပေးခဲ့တာကြောင့် ကျေးဇူးတင်
ကြလိမ့်မယ်လို့ ဗမာစစ်အုပ်စုကမျှော်လင့်နေပုံ
ရတယ်။
ဒီနေရာမှာ အလျင်းသင့်လို့ မလေးရှားရဲ့
အတွင်း သဏ္ဏန်ကို ပေါ်လွင်အောင် ဝေဖန်
ခဲ့ဘူးတဲ့ ကုန်သည်ကြီး ဦးလှရဲ့ စကားကို
ကိုးကားပါရစေ။
၁၉၃၆ ခုနှစ်က ဂျပန်ပြည်ကို ခရီးထွက်တဲ့
ကုန်သည်ကြီး ဦးလှရဲ့ မြန်မာ - ဂျပန် ခရီး
သွား မှတ်တမ်းကို ၁၉၃၉ ခုနှစ် စက်တင်
ဘာလက ပုံနှိပ် ထုတ်ဝေတယ်။
စာမျက်နှာ (၃၁၁) မျက်နှာရှိတဲ့ ဦးလှရဲ့ ခရီး
သွားမှတ်တမ်းမှာ မလေးတွေ အကြောင်းရေး
ထားတယ်။
အဲဒီခေတ်က မလေးကို ပသျှူး လူမျိုးလို့ခေါ်ပြီး
မွတ်စလင်ကိုတော့ ပသီလို့ ဗမာက ခေါ်တယ်။
"ပသျှူးလူမျိုးတို့သည် ပသီဘာသာကို ယူကြ
သည် ဆိုသော်လည်း၊ ပသီဘာသာနှင့်လည်း
မညီ၊ ဓနိရည်သောက် ဘိန်းရှုပြီး အပျင်းအား
ကြီး၍ လက်ထဲ၌ ငွေဒေါ်လာ (၅၀) သို့မဟုတ်
မြန်မာငွေကျပ် (၇၅) ကျပ် ရှိလျှင် ကျေနပ်နေ
ကြသည်" လို့ ဦးလှက ၁၉၃၆ ခုနှစ်က ရေး
ခဲ့တယ်။
၁၉၃၆ ခုနှစ် ဩဂုတ်လ (၂) ရက်နေ့က
ရွှေတောင်မြို့ ဘောဂစတိုး ပိုင်ရှင် ဦးလှ
ပီနန်ကို ရောက်ရှိတယ်။
ပီနန်ကို နိုင်ငံခြားသား ကြီးစိုးတယ်လို့
ဦးလှက ဆိုပါတယ်။
"အင်္ဂလိပ်တိုက်ကြီး၊ တရုတ်၊ ကုလားတို့၏
ဆိုင်ကြီး ကန္နားကြီးတွေကိုသာ တွေ့ရ၏။
တိုင်းရင်းသား ပသျှူးလူမျိုးတို့မှာကား ခမ်း
ခမ်းနားနား မတွေ့ရပေ။ ပုလိပ်၊ ကူလီ၊
မော်တော်ဘုတ်မောင်းသူ လောက်သာ
တွေ့ရ၏။
အခုအတိုင်းသာ သွားနေကြလျှင် မလေး
(မာလယန်) ပသျှူး လူမျိုးတို့သည် နောင်
အနှစ် (၅၀) ခန့် ကြာလျှင် ရှာ၍ တွေ့မည်
မဟုတ်တော့" ဟု ဦးလှက ၁၉၃၆ ခုနှစ်
ဩဂုတ်လမှာ ထင်မြင်ချက် ပေးခဲ့ပါတယ်။
ပသျှူးနယ်မှာ ကြီးပွါး ချမ်းသာနေတဲ့ နိုင်ငံခြား
သားတွေဟာ ပသျှူးတွေကို ကျေးဇူးမတင်သ
လို မြန်မာ့ စီးပွါးရေးကို လာရောက်သွေးစုပ်တဲ့
နိုင်ငံခြားသားတွေဟာလည်း မြန်မာပြည်သား
တွေကို ကျေးဇူးတင်မှာ မဟုတ်ဘဲ ကြီးနိုင် ငယ်
ညှဉ်း လုပ်မှာ သေချာတယ်လို့ ဦးလှက ဟော
ကိန်း ထုတ်ခဲ့တယ်။
အခု ၂၀၁၅ မှာ ဦးလှရဲ့ ထင်မြင်ချက် (၇၉)
နှစ် ရှိခဲ့ပြီ။
ရွှေတောင်မြို့ ဘောဂစတိုးပိုင်ရှင် ဦးလှရဲ့
မြန်မာ - ဂျပန် ကြီးပွါးရေး မှတ်တမ်းကို
၁၉၃၉ ခုနှစ် စက်တင်ဘာလမှာ ပြည်မြို့
ပဉ္စရူပံ ပုံနှိပ်တိုက်က ရိုက်နှိပ် ထုတ်ဝေ
ပါတယ်။
အောက်တန်းကျသည့် ပသျှူးများလို့ ဦးလှ
အမည်ပေးခဲ့သူတွေဟာ တိုင်းပြည် ကြီးပွါး
တိုးတက်အောင် တရုတ်၊ကုလားကို ခိုင်းစား
ပြီး မြန်မာပြည်ထက် အစစအရာရာ သာသွား
ပြီ ဆိုတာတော့ ပြည်ချစ် မြန်မာ ကုန်သည်ကြီး
ဦးလှတယောက် မသိရှိနိုင်တော့သလို မြန်မာ
ပြည်မှာ နှစ် (၅၀) ကျော် စစ်အစိုးရ အုပ်ချုပ်
လိုက်တဲ့ အခါမှာတော့ ဦးလှ အထင်သေးခဲ့တဲ့
မလေးအပျင်း ပသျှူးကို ဗမာစစ်ဗိုလ်တွေ ဆရာ
တင်ထားရပြီး ဗမာလူမျိုးတွေလည်း ပသျှူးနိုင်ငံ
မှာ ရရာအလုပ် လုပ်ကိုင် စားသောက်နေရတဲ့
ဘဝ ရောက်နေပါလေတော့သတည်း။
Andrew Soe
၂၈ ဇွန် ၂၀၁၅။
ပုံ (၁ - ၅) ကပ်ပါးကောင် အချုပ်လွတ်ကာစနှင့်
တလောလေးက တွေ့လိုက်ရတဲ့ အင်တာဗျူးပုံ။
ပုံ (၆၊၇) ယနေ့မလေးရှား။
ပုံ (၈၊၉၊၁၀) အီဘန် (Iban) ခေါ် မလေး
တိုင်းရင်းသား မိသားစု။

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/...
ဦးဆန်းဆင့် ရမည်းသင်းထောင်ပို့ခံရ ဂျွန်လ ၂၀ ရက် နိုင်ငံတော်သမ္မတအမိန့်နဲ့ ရာထူးကနေ အနားပေးခံရတဲ့ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ရမည်းသင်းအကျဉ်းထောင်ကို ခေါ်ဆောင်သွားတယ်လို့ နေပြည်တော် သတင်းရပ်ကွက်က သိရပါတယ်။ သမ္မတက ဇွန် ၁၉ ရက်နေ့မှာ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်မကျေပွန်မှုနဲ့ ရာထူးကနေ ဖယ်ရှားမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနေ့ခင်း ၁ နာရီလောက်မှာပဲ အထူးစုံစမ်းစစ်ဆေးရေးဌာန (စစစ) တာဝန်ရှိသူတဦးက လာရောက်အမှုဖွင့်တယ်လို့ ရဲစခန်းကို ကိုယ်တိုင်သွားရောက်တဲ့ ဒီဗွီဘီသတင်းထောက် ဦးအောင်ကြီးက ပြောပါတယ်။

တိုင်းရင်းသားပါတီတွေနဲ့ အပြိုင်ကြဲရမယ့် ပြည်နယ် ၇ ခု

  ၄ နိုဝင်ဘာ ၂၀၂၀ ဓာတ်ပုံ ရင်းမြစ်, SNLD ဓာတ်ပုံ ပုံစာ, SNLD ထောက်ခံသူများ မဲဆွယ် လှည့်လည့်စဥ် မြန်မာနိုင်ငံက တိုင်းရင်းသားတွေ အများစုနေထိုင်ကြတဲ့ ပြည်နယ် ၇ခု က အမျိုးသားလွှတ်တော်နဲ့ ပြည်သူလွှတ်တော် မဲဆန္ဒနယ် ၁၈၀ ကျော်ဟာ ပါတီတစ်ရပ် အစိုးရဖွဲ့နိုင်ရေး အဆုံးအဖြတ်အတွက် အရေးပါတဲ့ မဲဆန္ဒနယ်တွေဖြစ်ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေးရေချိန် အရ ၂၀၁၅ တုန်းကလို ပြည်နယ်တွေမှာ အာဏာရပါတီ အနိုင်မရနိုင်တော့ဘူးလို မှန်းဆမှုတွေရှိပြီး ဒေသတွင်းအားကောင်းတဲ့ တိုင်းရင်းသားပါတီတွေ စုစည်း ပြိုင်ဆိုင်လာမှုကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲတွေကွဲခဲ့ရင်တော့ လွှတ်တော်ထဲကို အသင့်ရောက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ နဲ့ မိတ်ဖက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် ပြည်နယ်မဲတွေဟာ အခွင့်အလမ်းဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ဓာတ်ပုံ ရင်းမြစ်, SAIONE LENG KHAN ဓာတ်ပုံ ပုံစာ, ကိုယ်စားလှယ်လောင်း ၁၃၀ ကျော်နဲ့ ရှမ်းပြည်နယ်အတွင်း မြို့နယ် အတော်များများမှာ SNLD ဝင်ရောက်ယှဉ်ပြိုင် ချင်း၊ ကချင်၊ ကရင် နဲ့ မွန် တို့မှာ ဒေသခံတိုင်းရင်းသားပါတီတွေ ပေါင်းစည်းပြီး ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ပြိုင်ကြသလို ကယား၊ ရခိုင်နဲ့ ရှမ်းတို့မှာလည...