နှစ်ပေါင်းရှည်ကြာ အလိမ်ညာများ
ကျောင်းများမှာတင် သင်ကြားစေခဲ့
သမိုင်းအမှား အတ္တများနဲ့
အသားကျနေ နှစ်ကြာလေပေါ့
ဘဝပျက်မှာ စိုးသည်လေ။
စည်းစိမ်အာဏာ ဖန်တီးတိုင်းဖြစ်နေ
စွန့်လွှတ်ရန်ခက် တပ်မက်ဆဲလေ
ပြည်သူ့အာဏာ ပြည်သူပိုင်လျှင်
အမှန်တရား အများပြားပေါ်ထွက်
ဥပဒေအရ ပြည်သူချလျှင်
ထောင်နန်းလဲစံ စည်းစိမ်ပျက်ပ
ရှက်လဲရှက်နေ ကြောက်နေလေပ
နောက်မဆုတ်လို့ ဟန်ဆောင်မည်။
ပြည်သူတင်သူ မင်းမူလေလျှင်
ငါတို့သိနေ တော်ယုံလူမဟုတ်
နှစ်ပေါင်းရှည်ကြာ ပြည်သူအများ
ခံရဒုက္ခ ပေါင်းစုံမျှကြောင့်
ကိုယ်ကျိုးမဖက်သူ ပြည်သူကြိုက်သူနှင့်
စိတ်ထားသဘော မကြမ်းတမ်းလေသူ
အရည်အချင်းရှိသူ အမှန်တရားချစ်သူကြောင့်
ဥပဒေအမှန် စစ်တမ်းပြန်လျှင်
ငါတို့စိတ်ထား အကျင့်တရားများ
ခိုးထားဝှက်ယူ ဘဏ္ဍာအများ
ပြည်သူပိုင်ဖြစ် ငါတို့ညစ်ပြီ
တွေးရင်းနှင့်ပင် စိုးလှသည်။
ဘာပဲဖြစ်ဖြစ် ရှေဆက်မလေ
ဖော်လန်ဖားသူ အကျင့်ညစ်သူ
ဗီဇစရိုက်တူ မိတ်ဆွေမရှား
အတူရှိနေ ထပ်တူညီလိမ့်
ပြီးတော့တဖန် အာဏာသည်လည်း
လက်ရှိတည်နေ လုပ်တိုင်းဖြစ်နေ
လက်နက်အပုံ အစုံစုံနှင့်
ပြည်သူ့ဘဏ္ဍာ ဥစ္စာများလည်း
ပိုင်ဆိုင်နေသပ လမ်းခင်းသလျှက်
အာဏာမပျောက် လမ်းမပျောက်ရန်
ဂရုမစိုက်ပေ ပြည်သူလူထုကို
ခြိမ်းခြောက်ဖြဲခြောက် လုပ်ရမည်လေ
ငါတို့အာဏာ ငါတို့ပိုင်မည်
ပြည်သူမဆိုင် ဘေးထွက်ထိုင်တော့
အကျင့်ယုတ်သူ ဆိုချင်ဆိုလေ
အရှက်အကြောက်က သာနေမည်။
(စစ်အာဏာရှင်တို့ရဲ့ စိတ်ထဲသို့ မြင်ကြည့်မိခြင်း။အရှက်ဆိုတာက မိန်းမတစ်ယောက်ရဲ့ အရည်အချင်းနဲ့ စိတ်ဓါတ်မြင့်မြတ် ကိုယ်ကျိုးမဖက်မူ့တွေက သူတို့အားလုံးထက်သာနေတော့ အဖက်ဖက်က အသာစီးယူ အနိုင်အထက်ယူထားတာတောင် ယှဉ်ပြိုင်ရမှာ မယှဉ်ရဲပဲ ရှက်နေကြတယ်လို့ပဲ မြင်ပါတယ်ရှင်)
တရားမျှတမူ့နဲ့ အမှန်တရားကိုချစ်ပြီး တရားမျှတမူ့နဲ့ အမှန်တရားချစ်သူအားလုံးကို လေးစားတန်ဖိုးထားလျှက်
ဇင် ထက်ထက် ဇင်
(၂၆.၆.၂၀၁၅)
စွန့်လွှတ်ရန်ခက် တပ်မက်ဆဲလေ
ပြည်သူ့အာဏာ ပြည်သူပိုင်လျှင်
အမှန်တရား အများပြားပေါ်ထွက်
ဥပဒေအရ ပြည်သူချလျှင်
ထောင်နန်းလဲစံ စည်းစိမ်ပျက်ပ
ရှက်လဲရှက်နေ ကြောက်နေလေပ
နောက်မဆုတ်လို့ ဟန်ဆောင်မည်။
ပြည်သူတင်သူ မင်းမူလေလျှင်
ငါတို့သိနေ တော်ယုံလူမဟုတ်
နှစ်ပေါင်းရှည်ကြာ ပြည်သူအများ
ခံရဒုက္ခ ပေါင်းစုံမျှကြောင့်
ကိုယ်ကျိုးမဖက်သူ ပြည်သူကြိုက်သူနှင့်
စိတ်ထားသဘော မကြမ်းတမ်းလေသူ
အရည်အချင်းရှိသူ အမှန်တရားချစ်သူကြောင့်
ဥပဒေအမှန် စစ်တမ်းပြန်လျှင်
ငါတို့စိတ်ထား အကျင့်တရားများ
ခိုးထားဝှက်ယူ ဘဏ္ဍာအများ
ပြည်သူပိုင်ဖြစ် ငါတို့ညစ်ပြီ
တွေးရင်းနှင့်ပင် စိုးလှသည်။
ဘာပဲဖြစ်ဖြစ် ရှေဆက်မလေ
ဖော်လန်ဖားသူ အကျင့်ညစ်သူ
ဗီဇစရိုက်တူ မိတ်ဆွေမရှား
အတူရှိနေ ထပ်တူညီလိမ့်
ပြီးတော့တဖန် အာဏာသည်လည်း
လက်ရှိတည်နေ လုပ်တိုင်းဖြစ်နေ
လက်နက်အပုံ အစုံစုံနှင့်
ပြည်သူ့ဘဏ္ဍာ ဥစ္စာများလည်း
ပိုင်ဆိုင်နေသပ လမ်းခင်းသလျှက်
အာဏာမပျောက် လမ်းမပျောက်ရန်
ဂရုမစိုက်ပေ ပြည်သူလူထုကို
ခြိမ်းခြောက်ဖြဲခြောက် လုပ်ရမည်လေ
ငါတို့အာဏာ ငါတို့ပိုင်မည်
ပြည်သူမဆိုင် ဘေးထွက်ထိုင်တော့
အကျင့်ယုတ်သူ ဆိုချင်ဆိုလေ
အရှက်အကြောက်က သာနေမည်။
(စစ်အာဏာရှင်တို့ရဲ့ စိတ်ထဲသို့ မြင်ကြည့်မိခြင်း။အရှက်ဆိုတာက မိန်းမတစ်ယောက်ရဲ့ အရည်အချင်းနဲ့ စိတ်ဓါတ်မြင့်မြတ် ကိုယ်ကျိုးမဖက်မူ့တွေက သူတို့အားလုံးထက်သာနေတော့ အဖက်ဖက်က အသာစီးယူ အနိုင်အထက်ယူထားတာတောင် ယှဉ်ပြိုင်ရမှာ မယှဉ်ရဲပဲ ရှက်နေကြတယ်လို့ပဲ မြင်ပါတယ်ရှင်)
တရားမျှတမူ့နဲ့ အမှန်တရားကိုချစ်ပြီး တရားမျှတမူ့နဲ့ အမှန်တရားချစ်သူအားလုံးကို လေးစားတန်ဖိုးထားလျှက်
ဇင် ထက်ထက် ဇင်
(၂၆.၆.၂၀၁၅)
Comments
Post a Comment