Skip to main content

တပ်မတော် လူ့အခွင့်အရေး လေးစားလိုက်နာပေးပါ၊ ဖေဖေါ်ဝါရီ ၁၉

အားလုံး သိကြပြီဖြစ်တဲ့အတိုင်း ခုဆိုရင် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဟာ စစ်အုပ်ချုပ်ရေးအောက် ကျရောက်သွားပါပြီ။ ဒီကြားထဲ ထွက်ပေါ်လာတဲ့ သတင်းတွေထဲမှာလည်း စိုးရိမ်စရာ ထိတ်လန့်စရာ သတင်းတွေ တွေ့လာရပါတယ်။ ဘာသတင်းတွေလဲ၊ ဘယ်လို စိုးရိမ်စရာကောင်း သလဲဆိုတာ လေ့လာကြည့်ရအောင်။
တိုက်ပွဲကာလ ဖေဖော်ဝါရီ ၁၄ ရက် က တပ်မတော် (မြဝတီ) ရဲ့ သတင်းထုတ် ပြန်ချက်မှာခုလို ဖော်ပြထားပါတယ်။
'လောက်ကိုင်မြို့တွင်း၌ အမာခံ သတင်းပေးများ၏ သတင်းပေးချက်အရ တပ်မတော် စစ်ကြောင်းများက နယ်မြေရှင်းလင်းခြင်း ဆောင်ရွက်ခဲ့ရာ မြို့တွင်းရှိ
သောင်းကျန်းသူစိမ့်ဝင် အခြေပြုရာနေရာများတွင် ယနေ့ နံနက်ပိုင်းမှ စတင်၍ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ည ၇ နာရီ အချိန်ထိ သောင်းကျန်းသူထံမှ လက်နက် ငယ်မျိုးစုံ ၉၈ လက်၊ ခဲယမ်း ဆက်စပ်ပစ္စည်းနှင့် သောင်းကျန်းသူ အလောင်း ၁၃ လောင်းတို့ကို သိမ်းဆည်းရမိခဲ့ပြီး အပြင်းအထန် ဒဏ်ရာရရှိသူ ရှစ်ဦးတို့ကို ဖမ်းဆီးရရှိခဲ့ကြောင်းနှင့် လောက်ကိုင်မြို့နှင့် ဆက်စပ်ဒေသများတွင် နယ်မြေရှင်းလင်းခြင်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်' ဆိုပြီး ဖော်ပြထားပါတယ်။
ဖေဖော်ဝါရီ ၁၅ သတင်းထုတ်ပြန်ချက်မှာတော့ 'ကိုးကန့် တိမ်းရှောင်သောင်းကျန်း သူထံမှ ဖမ်းဆီးရမိခဲ့သော အပြင်းအထန် ဒဏ်ရာရရှိသူ ရှစ်ဦးကို တပ်မတော်ကဆေးကုသမှုများ ဆောင်ရွက်ပေးစဉ်ရရှိ ဒဏ်ရာများကြောင့် သေဆုံးသွားခဲ့ကြောင်း' ဆိုပြီး ဖော်ပြထားပါတယ်။
ဒါဟာ အတော်လေး စဉ်းစားစရာကောင်းတဲ့ သတင်းပါ။ ဒဏ်ရာနဲ့ ဖမ်းမိထားတဲ့ သူပုန်တပ်ဖွဲ့ဝင် ရှစ် ယောက်စလုံး တစ်ပြိုင်နက်တည်း သေဆုံးသွားခဲ့တယ် ဆိုတာမျိုးဟာ သာမန်အနေအထားအရကြည့်ရင် ယုံကြည်နိုင်ဖို့ ခက်ခဲပါတယ်။ ဒီလူတွေဟာ တကယ်ပဲသူပုန်အဖွဲက လား၊ မြန်မာနိုင်ငံသား အရပ်သား တွေလား၊ တရုတ်နိုင်ငံထဲကနေ ဝင်ရောက်အလုပ်လာလုပ်တဲ့ တရုတ်နိုင်ငံသားတွေလား၊ တရုတ် လူဆိုး သူခိုးတွေလား၊ သွေးရိုး သားရိုး သေကုန်တာလား ယုံကြည်ရလောက်တဲ့ အထောက်အထား မကျန်ရစ် တော့ပါဘူး။ စစ်ပွဲမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ ရက်စက်မှုတွေကို တပ်မတော် ဘက်က မလုပ်မကိုင်မိပါစေနဲ့လို့သာ မျှော်လင့်ရပါတယ်။
အလားတူ ဖေဖော်ဝါရီ ၁၇ ရက်ည ဗီအိုအေ သတင်းမှာတော့ လောက်ကိုင်မှာ အရပ်သား သေဆုံးမှုတွေရှိတဲ့ သတင်းတက်လာပါတယ်။ သတင်းထဲမှာ ကွမ်းလုံမြို့နယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဟော်လျှောက်ချမ်း ပြောတာကတော့ အရပ်သားအများအပြား သေဆုံးနေပြီး သေဆုံးသူတွေထဲမှာ သူ့ အမျိုးတွေပါ ပါဝင်တယ်လို့ ဆိုပါတယ်။
''အများကြီးသေပါတယ်။ ကျနော်တို့ ကွမ်းလုံဒေသက အများကြီး သေပါတယ်။ မြေး ကလေးလည်း သေတယ် ။ အဖွားကြီးလည်း သေတယ်။ သာမန်ရွာသားလည်း သေတယ်။ လေးငါးခြောက်ဆယ်လောက် သေတယ်။ ဒီလိုသေပျောက်တယ်ဆိုတာ တကယ်သေတာ။ တကယ်သေတာ။ အများကြီး သေတယ်နော်။ ကျနော့် အမျိုးလည်း သေသွားတယ်။ ဘာမှမဟုတ်ဘူး။ ဒါတကယ် ကိုယ့်လူတွေပဲ။ ဒါက အမှန်ပဲ'' လို့ ဆိုပါတယ်။
ကိုးကန့်ဒေသ လောက်ကိုင်မှာ တပ်မတော် ပစ်ခတ်မှုကြောင့် အရပ်သားတွေ သေဆုံးတယ်ဆိုတဲ့သတင်း နယ်စပ်တစ်ဖက်က တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ထုတ် သတင်းစာနဲ့ ရုပ်မြင်သံကြားမှာ ဓာတ်ပုံနဲ့ ဖော်ပြ တာရှိသလို၊ ဦးဖုန်ကြားရှင်ရဲ့ MNDAA တပ်ဖွဲ့ ပြောခွင့်ရက စွပ်စွဲတာလည်းရှိပါတယ်။ အဲဒါတွေကို အတည်ပြုလို့ မရပေမယ့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဟော်လျှောက်ချမ်း ပြောတာကိုတော့ ယုံကြည်လို့ ရနိုင်ပါတယ်။ ဒါကြောင့် လောက်ကိုင်မှာ အရပ်သားတွေ သေကြေတယ် ဆိုတာကို အတည် ပြုနိုင်ပါတယ်။
ဒါနဲ့ ပတ်သက်လို့ တပ်မတော် အဆင့်မြင့် အရာရှိတစ်ယောက်ကို ကိုးကားပြီး ဖေဖော်ဝါရီ ၁၇ ရက် နေ့ထုတ် 7day သတင်းစာမှာ ဖော်ပြတာကတော့ အစိုးရစစ်တပ်က အရပ်သားတွေကို သတ်ဖြတ်တာ လုံးဝမရှိဘူးလို့ ဖော်ပြထားပါတယ်။ ဒါပေမယ့် အဲဒီတပ်မတော် အဆင့်မြင့် အရာရှိတစ်ဦး နောက်ဆက်တွဲ ထပ်ပြောတာကတော့ စိုးရိမ်စရာပါ။ သူပြောတာက ''လောက်ကိုင်မြို့တွင်း တိုက်ပွဲမှာ နေအိမ်တွေအတွင်း ကနေ အစိုးရတပ်သားတွေကို အရပ်ဝတ်တွေနဲ့ ချောင်းမြောင်းပစ်ခတ်တာတွေရှိကြောင်း၊ ရပ်ကွက်တွင်း က နေအိမ်တွေကို ဝင်ရောက်ရှင်းလင်းရာမှာ ယူနီဖောင်းနဲ့ဖြစ်ဖြစ် အရပ်ဝတ်နဲ့ဖြစ်ဖြစ်တွေ့ရင် ပစ်ခတ် ကြောင်းနဲ့ စစ်ဖြစ်နေချိန်မှာ နေအိမ်ထဲမှာ ရိုးရိုးအရပ်သားတွေ မနေတော့ကြောင်း'' ဆိုပြီး ဖြစ်ပါတယ်။ ရှင်းလင်းရေးလုပ်ရင် ဘာပဲတွေ့ တွေ့ပစ်မှာပဲလို့ ဆိုလိုက်တာပါ။ အဲဒီအတိုင်းသာ တကယ်လုပ်ခဲ့မယ် ဆို ရင်တော့ တပ်မတော်ဘက်က အရပ်သားတွေကို တမင်ကလာ ပစ်ခတ်သတ်ဖြတ်တာမျိုး မဟုတ်ပေမယ့် ပစ်ခတ်သတ်ဖြတ်ခံရသူတွေထဲမှာ အရပ်သားတွေပါဝင်မှာကတော့ အသေအချာပါပဲ။
လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာအတွင်း တပ်မတော်ဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အကြီးအကျယ် လုပ်ခဲ့တယ်ဆိုပြီး စွပ်စွဲမှုတွေ ရှိခဲ့ပါတယ်။ အထူးသဖြင့် တိုင်းရင်းသားတွေ နေထိုင်ရာ နယ်မြေတွေမှာဖြစ်ပြီး နိုင်ငံတကာအဆင့် အစီရင်ခံစာတွေ အများအပြားထုတ်ခဲ့ဖူးပြီလည်း ဖြစ်ပါတယ်။ သမ္မတ ဦးသိန်းစိန်တက် လာပြီးနောက် တစ်သီးတခြားစီ ရပ်တည်လာတဲ့ တပ်မတော်ကတော့ ကလေးစစ်သားစုဆောင်းတာ အပါ အဝင် လူ့အခွင့်အရေး ချိုးဖောက်မှုကိစ္စ အတော်များများမှာ သတိထားလာတာ တွေ့ရပါတယ်။ ဒါပေမယ့် တိုင်းရင်းသားနဲ့ ပြည်သူတွေရဲ့ ယုံကြည်မှုကိုတော့ မရသေးပါဘူး။
သိပ်မကြာသေးခင်တုန်းကပဲ တရားဥပဒေ စိုးမိုးတဲ့ နယ်မြေ၊ ရဲစခန်းနားမှာ ဖမ်းမိတဲ့ အလွတ်သတင်းထောက် ကိုပါကြီးကို တပ်ရင်းတပ်ဖွဲ့ အဆင့်ဆင့် လွှဲပြောင်းပေး၊ ရှေ့တန်းကိုပို့၊ နောက်ဆုံး ထွက်ပြေးလို့ ပစ်သတ်လိုက်ရတယ်ဆိုတဲ့ အခြေအနေရောက်သည်အထိ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်ခဲ့ပါသေး တယ်။ ခုဆိုရင် ခေတ်လည်းပြောင်းနေပါပြီ။ လူတိုင်းနီးပါး မိုဘိုင်းဖုန်း ကိုင်နိုင်တဲ့ အနေအထားရှိပြီး ဓာတ် ပုံနဲ့ ဗီဒီယို အထောက်အထားတွေကိုလည်း တမဟုတ်ချင်း ကမ္ဘာက သိအောင် ဖြန့်နိုင်တဲ့ အခြေအနေလည်း ဖြစ်ပါတယ်။
ဒီလိုအခြေအနေမျိုးမှာ လောက်ကိုင်ကို တာဝန်ကျတဲ့ တပ်မတော်ဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေရှိခဲ့ရင် မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံတွင်းမှာသာမက ကမ္ဘာကပါ အချိန်မရွေးသိကြမှာဖြစ်ပါတယ်။ ကြာကြာ ဖုံး ကွယ်လို့ရမှာ မဟုတ်ပါဘူး။ ဒီ ဖြစ်ရပ်မျိုးပေါ်လာရင် အစိုးရက ခက်ခက်ခဲခဲ တည်ဆောက်နေတဲ့ ငြိမ်းချမ်းရေးကိုလည်း သွားထိခိုက်နိုင်ပါတယ်။ ခုဆိုရင် ကိုးကန့် အထူးဒေသကို စစ်အုပ်ချုပ်ရေး ပြဋ္ဌာန်း လိုက်ပြီမို့ တပ်မတော်ဟာ ပိုတာဝန်ကြီးသွားပါပြီ။ ဒီလိုအခြေအနေမျိုးမှာ တပ်မတော် အနေနဲ့ လူ့အခွင့်အရေး လေးစားလိုက်နာဖို့ အလွန်အရေးကြီးပါကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/...
ဦးဆန်းဆင့် ရမည်းသင်းထောင်ပို့ခံရ ဂျွန်လ ၂၀ ရက် နိုင်ငံတော်သမ္မတအမိန့်နဲ့ ရာထူးကနေ အနားပေးခံရတဲ့ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ရမည်းသင်းအကျဉ်းထောင်ကို ခေါ်ဆောင်သွားတယ်လို့ နေပြည်တော် သတင်းရပ်ကွက်က သိရပါတယ်။ သမ္မတက ဇွန် ၁၉ ရက်နေ့မှာ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်မကျေပွန်မှုနဲ့ ရာထူးကနေ ဖယ်ရှားမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနေ့ခင်း ၁ နာရီလောက်မှာပဲ အထူးစုံစမ်းစစ်ဆေးရေးဌာန (စစစ) တာဝန်ရှိသူတဦးက လာရောက်အမှုဖွင့်တယ်လို့ ရဲစခန်းကို ကိုယ်တိုင်သွားရောက်တဲ့ ဒီဗွီဘီသတင်းထောက် ဦးအောင်ကြီးက ပြောပါတယ်။

တိုင်းရင်းသားပါတီတွေနဲ့ အပြိုင်ကြဲရမယ့် ပြည်နယ် ၇ ခု

  ၄ နိုဝင်ဘာ ၂၀၂၀ ဓာတ်ပုံ ရင်းမြစ်, SNLD ဓာတ်ပုံ ပုံစာ, SNLD ထောက်ခံသူများ မဲဆွယ် လှည့်လည့်စဥ် မြန်မာနိုင်ငံက တိုင်းရင်းသားတွေ အများစုနေထိုင်ကြတဲ့ ပြည်နယ် ၇ခု က အမျိုးသားလွှတ်တော်နဲ့ ပြည်သူလွှတ်တော် မဲဆန္ဒနယ် ၁၈၀ ကျော်ဟာ ပါတီတစ်ရပ် အစိုးရဖွဲ့နိုင်ရေး အဆုံးအဖြတ်အတွက် အရေးပါတဲ့ မဲဆန္ဒနယ်တွေဖြစ်ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေးရေချိန် အရ ၂၀၁၅ တုန်းကလို ပြည်နယ်တွေမှာ အာဏာရပါတီ အနိုင်မရနိုင်တော့ဘူးလို မှန်းဆမှုတွေရှိပြီး ဒေသတွင်းအားကောင်းတဲ့ တိုင်းရင်းသားပါတီတွေ စုစည်း ပြိုင်ဆိုင်လာမှုကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲတွေကွဲခဲ့ရင်တော့ လွှတ်တော်ထဲကို အသင့်ရောက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ နဲ့ မိတ်ဖက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် ပြည်နယ်မဲတွေဟာ အခွင့်အလမ်းဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ဓာတ်ပုံ ရင်းမြစ်, SAIONE LENG KHAN ဓာတ်ပုံ ပုံစာ, ကိုယ်စားလှယ်လောင်း ၁၃၀ ကျော်နဲ့ ရှမ်းပြည်နယ်အတွင်း မြို့နယ် အတော်များများမှာ SNLD ဝင်ရောက်ယှဉ်ပြိုင် ချင်း၊ ကချင်၊ ကရင် နဲ့ မွန် တို့မှာ ဒေသခံတိုင်းရင်းသားပါတီတွေ ပေါင်းစည်းပြီး ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ပြိုင်ကြသလို ကယား၊ ရခိုင်နဲ့ ရှမ်းတို့မှာလည...