အများမြင် နှင့်အတူ မျှဝေခဲ့သည် M Zaw Tun ဝိပဿနာတရားအားထုတ်သူများ ဆုံစည်းရာ ၇ နာရီ · သမာဓိကြောင့် ခန္ဓာကိုယ်မှာ ဓာတ်တစ်မျိုးထွက်လာတယ် ═══════════════ တော်တော်ကို သမာဓိကောင်းလာတဲ့ အချိန်ကျရင်တော့ ဝေဒနာ လုံးလုံး ပျောက်သွားတာလည်း ရှိတယ်။ အဲလို ဝေဒနာပျောက်သွားရတဲ့ အကြောင်းတွေထဲမှာ အကြောင်းအများကြီး ရှိနိူင်တယ်။ သတိ သမာဓိကောင်းလာရင် ဝေဒနာပျောက်သွားတယ်ဆိုတာ သတိကြောင့် သမာဓိကြောင့် ခန္ဓာကိုယ်မှာ ဓာတ်တစ်မျိုးထွက်လာတယ်။ ဒါကိုတော့ ဗမာပြည်မှာ သိပ်ပြော လေ့ မရှိဘူး။ အနောက်နိူင်ငံတွေမှာတော့ သူတို့တွေက အမျိုးမျိုးစမ်းသပ်တတ်တဲ့ အလေ့အကျင့်ရှိတာကိုး။ တရားအားထုတ်လို့ သမာဓိကောင်းလာတဲ့လူရဲ့ ဒီသမာဓိ အားကောင်းနေတုန်းမှာ ဦးနှောက်ကနေပြန်ထွက်လာတဲ့ သွေးကို ယူပြီးတော့ ဓာတ်ခွဲကြည့်တဲ့အခါမှာ အဲဒီသွေးထဲမှာ ' Endophin ' အင်ဒိုဖင်း ဆိုတဲ့ဓာတ် တော်တော်များနေတာ တွေ့ရတယ်။ ဦးနှောက်က ဒီEndophinဓာတ်ကို ထုတ်ပေးတယ်။ သာမန်လူတွေမှာလည်း ' အင်ဒိုဖင်း ' ဆိုတဲ့ ဓါတ်က ရှိတယ်။ အဲဒီ ' အင်ဒိုဖင်း ' ဓာတ် မထွက်လို့ရှိရင် ဒီခန္ဓာကိုယ်ဟာ အချိန်ပြည့် နာကျင်ကိုက်ခဲနေတော့မှာပဲ။ အင်ဒိုဖင်းဆိုတာ ' Endogenenous
NLD Solidarity Association (Australia)