Skip to main content

Posts

ဘင်္ဂလားဒေ့ရှ် ထွက်ပြေးသွားသူတွေနဲ့ ရခိုင်ရေဘေး အကူအညီပေးသွားမယ်လို့ ICRCဆို

26 June 2018 09:27(+0630) (လွန်ခဲ့သော 18 နာရီ ခန့်က) ကြက်ခြေနီ ဥက္ကဌ Perter Maurer (ဝဲ) အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ရဲ့ ဥက္ကဌ Perter Maurer ရဲ့ မြန်မာပြည်နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့ရဲ့ ခရီးစဉ်ကို ဇွန်လ ၂၅ရက်နေ့က စတင်ခဲ့ပါတယ်။ ဇွန်လ ၂၅ရက်နေ့မှာ မြန်မာနိုင်ငံ ကို ရောက်လာတဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ဥက္ကဌ ရဲ့ ခရီးစဉ်အတွင်းမှာ ပဋိပက္ခဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ်ကို သွားမှာဖြစ်ပြီး သမ္မတ ဦးဝင်းမြင့်၊ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် တို့နဲ့ ပါ တွေ့ဆုံမှာဖြစ်တယ်လို့ ICRC က ကြေညာထားပါတယ်။ ဒါ့အပြင် တပ်မတော်ကာကွယ်ရေးဦးစီးချူပ်နဲ့ တွေ့မယ်လို့လည်း သတင်းတွေ ထွက်ပေါ်ပေမယ့် တိတိကျကျ ပြောဆိုတာမျိုးတွေ မရှိသေးဘဲ ဖြစ်နေ ပါတယ်။ နိုင်ငံတကာ ကြက်ခြေနီကော်မတီဟာ ၂၀၁၇ သြဂုတ်လ အကြမ်းဖက်မှု ဖြစ်ပြီး နောက်ပိုင်း ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးသွားရတဲ့ ခန့်မှန်းခြေ လူခုနှစ်သိန်း နဲ့ တခြား နေရပ်စွန်ခွာသူတွေ အပြင် မိုးတွင်းဒေသ ရခိုင်မှာ သဘာဝ ဘေးအန္တရယ် ကြုံတွေ့ရတဲ့ ဒုက္ခသည်တွေကို အစားအသောက်နဲ့ ဆေးဝါးအကူအညီတွေ တိုးပေးသွားမယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဆိုထားပါတယ်။ အိုင်စီအာစီဘက်က ဒီလို အကူ...

၂၁ ပင်လုံညီလာခံသို့ ‘ဝ’နှင့် KIO အပါအဝင် မြောက်ပိုင်းလေးဖွဲ့ကို ဖိတ်ကြားမည်

ကျန်အဖွဲ့သုံးဖွဲ့ဖိတ်ကြားရေး အစိုးရနှင့် တပ်မတော်ညှိနှိုင်းမည်ဟုဆို ၂၁ ရာစုပင်လုံ တတိယအစည်းအဝေးသို့ NCA လက်မှတ်မထိုးရသေးသည့် အဖွဲ့ များအနက် ‘ဝ’၊ မိုင်းလား၊ KIO နှင့် SSPP/SSA အဖွဲ့များကို ဖိတ် ကြားမည်ဖြစ်ပြီး တအာင်း၊ ကိုး ကန့်နှင့် AA အဖွဲ့သုံးဖွဲ့ကို ဖိတ် ကြားခြင်း ပြု၊ မပြု အစိုးရနှင့် တပ်မတော် ညှိနှိုင်းမည်ဟု သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။ အစိုးရ၊ တပ်မတော်၊ လွှတ် တော်၊ နိုင်ငံရေးပါတီနှင့် NCA လက်မှတ်ထိုးတိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များမှ ကိုယ်စား လှယ်များပါဝင်သော ပြည်ထောင် စု ငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲ ကော်မတီ(UPDJC)အတွင်းရေး မှူးအဖွဲ့ အစည်းအဝေးကို ဇွန်လ ၂၅ ရက်က နေပြည်တော်၌ ကျင်းပရာ လက်မှတ်မထိုးရသေးသည့် အဖွဲ့များအား ညီလာခံသို့ ဖိတ်ကြားရေးကိစ္စ ထည့်သွင်းဆွေးနွေးခဲ့သည်။ တစ်နိုင်ငံလုံး အပစ်ရပ်စာ ချုပ်(NCA) မထိုးရသေးသည့် မြောက်ပိုင်းလက်နက်ကိုင်ခုနစ် ဖွဲ့အနက် အစိုးရနှင့် ပြည်ထောင် စုအဆင့်၊ ပြည်နယ်အဆင့် နှစ်ဦး နှစ်ဖက်စာချုပ်များ ချုပ်ဆိုထား သည့် ‘ဝ’အဖွဲ့ (UWSA)၊ မိုင်းလားအဖွဲ့(NDAA)၊ ကချင်အဖွဲ့ (KIA)၊ ရှမ်းအဖွဲ့(SSPP) ကို ဖိတ်ကြားမ...

၂၁ ရာစုပင်လုံဖွင့်ပွဲသို့ တရားဝင်မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီအားလုံးကို ဖိတ်ကြားမည်

၂၁ ရာစုပင်လုံဒုတိယအစည်းအဝေးတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မိန့်ခွန်းပြောကြားနေစဉ် ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)  ပြည်ထောင်စုငြိမ်းချမ်း ရေးညီလာခံ-၂၁ ရာစုပင်လုံ တတိယအကြိမ် အစည်းအဝေးဖွင့်ပွဲသို့ လေ့လာသူအဖြစ် တက်ရောက်ရန် တရားဝင်မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီအားလုံး ကို ဖိတ်ကြားမည်ဖြစ်ကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲ ကော်မတီ(UPDJC) အတွင်းရေးမှူးတာလှဖေက ပြောသည်။ အစိုးရ၊ လွှတ်တော်၊ တပ်မ တော်၊ ရွေးကောက်ပွဲအနိုင်ရ နိုင်ငံရေးပါတီနှင့် NCA လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များမှ ကိုယ်စားလှယ်များပါဝင် သော UPDJC အတွင်းရေးမှူးအ ဖွဲ့အစည်းအဝေးကို ဇွန်လ ၂၅ ရက်က နေပြည်တော်၌ကျင်းပရာ ၂၁ ရာစုပင်လုံသို့ လေ့လာသူအ ဖြစ် ဖိတ်ကြားမည့် သူများကိစ္စ ဆွေးနွေးခဲ့သည်။ ‘‘နိုင်ငံရေးပါတီရဲ့ အကြီးအ ကဲတွေကတော့ ဥက္ကဋ္ဌအပေါင်း တစ်ပေါ့။ အဲဒီဟာက အနိုင်ရပါ တီရော၊ အနိုင်မရသေးတဲ့ ပါတီ ရော မှတ်ပုံတင်ထားတဲ့ တရားဝင် နိုင်ငံရေးပါတီ အားလုံးကို ဖိတ် မယ်’’ဟု တာလှဖေက ဆိုသည်။ ၂၀၁၅ အထွေထွေရွေး ကောက်ပွဲတွင် တစ်နေရာမျှ အနိုင်မရသည့် ပါတီများအနေဖြင့် ၂၁ ရ...

စာရေးဆရာ မောင်သွေးချွန် အဖမ်းခံ

စာရေးဆရာ မောင်သွေးချွန် ကို တွေ့ရစဉ်/ ဓါတ်ပုံ - မောင်းခွန်ဗွေး ဖေ့ဘွတ် နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ တရားစွဲခံထားရတဲ့ စာရေးဆရာ မောင်သွေးချွန်ဟာ ဒီကနေ့ မနက်ပိုင်းမှာ မင်းကင်းမြို့နယ် ရဲစခန်းမှာ လာရောက်အဖမ်းခံတယ်လို့ သိရပါတယ်။ ဒီနေ့မနက်မှာပဲ မင်းကင်းမြို့နယ်တရားရုံးမှာ ရုံးထုတ်စစ်ဆေးပြီး ဇူလိုင်လ ၃ ရက်နေ့ကို ရုံးချိန်း ချိန်းဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၂၅ ရက်နေ့က မင်းကင်းမြို့နယ်မှာ ကျင်းပတဲ့ တရားပွဲမှာ ဟောပြောခဲ့တဲ့အချက်တွေဟာ နိုင်ငံတော်အကြည်ညိုပျက်စေတယ်ဆိုပြီး မြို့နယ်အုပ်ချုပ်ရေးမှူးရုံးက တရားလိုလုပ်ပြီး တရားစွဲတာဖြစ်ပါတယ်။ လွှတ်တော်နှစ်ခုစလုံးက ဥက္ကဋ္ဌတွေဟာ ခရစ်ယာန်ဘာသာဝင်တွေ ဖြစ်တာကြောင့် ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ ပိုပြီးလေးလေးနက်နက် စောင့်ရှောက်ဖို့လိုအပ်ပြီး မျိုးစောင့်ဥပဒေတွေအတွက် စိုးရိမ်လို့ ဟောပြောတာဖြစ်ကြောင်း အခုလို တရားစွဲဆိုတာဟာ လွတ်လပ်စွာ ပြောဆိုခွင့်ကို ထိပါးတာဖြစ်ကြောင်း မောင်သွေးချွန်က မေလကုန်လောက် က RFA က ဆက်သွယ်မေးမြန်းရာမှာ ပြောခဲ့ပါတယ်။ RFA Burmese https://www.rfa.org/burmese

၂၁ ပင်လုံ တတိယအကြိမ်ကို ဇူလိုင် ၁၁ ရက်နေ့ ကျင်းပမည်

UPDJC အတွင်းရေးမှူးများ အစည်းအဝေးကို ၂၀၁၈ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့က နေပြည်တော် NRPC ရုံးမှာ ကျင်းပစဉ်/ Photo: Hla Maung Shwe - facebook တတိယအကြိမ် ၂၁ ရာစုပင်လုံ ညီလာခံကို လာမယ့် ဇူလိုင်လ ၁၁ ရက်နေ့မှာ စတင်ကျင်းပဖို့ ဆုံးဖြတ် လိုက်ပါတယ်။ နေပြည်တော်က အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာနမှာ ဒီကနေ့ ကျင်းပတဲ့ UPDJC အတွင်းရေးမှူး အဖွဲ့အစည်းအဝေးအပြီးမှာ နိုင်ငံတော် သမ္မတရုံး ညွန်ကြားရေးမှူး ဦးဇော်ဌေး က ပင်လုံညီလာခံ ကျင်းပမယ့်ရက်ကို ပြောပါတယ်။ အစည်းအဝေးကျင်းပမယ့်ရက် လေးရက် လျာထားပေမယ့် အစည်းအဝေးပေါ်မူတည်ပြီး ရက်တိုးနိုင်ခြေရှိတယ်လို့ ဦးဇော်ဌေး က ပြောပါတယ်။ ဒါ့အပြင် အစိုးရ၊ နိုင်ငံရေးပါတီနဲ့ တိုင်းရင်းသားလက်နက်ကိုင် အစုအဖွဲ့တွေက အဖွဲ့ဝင် ၄၈ ဦးပါဝင်တဲ့ အစည်းအဝေးကို မနက်ဖြန် ကျင်းပမယ်လို့ သိရပါတယ်။ လာမယ့် တတိယ ပင်လုံအစည်းအဝေးမှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေး၊ မြေယာနဲ့ သဘာဝပတ်ဝန်းကျင် စတဲ့ ကဏ္ဍငါးရပ်ပါရှိပေမယ့် ဒီတစ်ကြိမ်မှာတော့ အစုအဖွဲ့အလိုက်အစည်းအဝေးတွေကို ဦးစားပေးမယ်လို့ သိရပါတယ်။ ၂၁ ရာစု ပင်လုံအစည်းအဝေးတွေကို တစ်နှစ်အတွင်း နှစ်ကြိမ်ကျင်းပ...

မြန်မာလုံခြုံရေး အရာရှိကြီး ၇ ဦးအပေါ် EU ဒဏ်ခတ်မှုသစ် ချမှတ်

ရခိုင်ပြည်နယ်တွင်းက ရိုဟင်ဂျာတွေ အပေါ် ဖိနှိပ်ချုပ်ချင်မှု၊ ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်မှု စွပ်စွဲချက်နဲ့ မြန်မာ လုံခြုံရေး အရာရှိ ၇ ဦးကို EU ဥရောပ သမဂ္ဂက ပစ်မှတ်ထားဒဏ်ခတ် အရေးယူပါတယ်။ ပြီးခဲ့တဲ့နှစ်အတွင်း ရခိုင်ပြည်နယ် မြောက်ပိုင်း ပဋိပက္ခတွေ အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေမှာ တာဝန်ရှိတယ်လို့ စွပ်စွဲခံနေရတဲ့ မြန်မာ စစ်တပ် အပါအ၀င် လုံခြုံရေး တပ်ဖွဲ့တွေမှာ အကြီးအကဲတွေ အဖြစ် တာဝန်ယူခဲ့ဖူးတဲ့ အကြီးတန်း အရာရှိ ၇ ဦးကို ဥရောပ သမဂ္ဂ EU က ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့လိုက်ကြောင်း ဥရောပ ကောင်စီ ဥက္ကဌ Federica Mogherini က လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်တာပါ။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေထဲမှာတော့ တရားဥပဒေမဲ့ သတ်ဖြတ်မှုတွေ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ၊ ရိုဟင်ဂျာတွေရဲ့ အိုးအိမ် အဆောက်အအုံတွေကို အကွက်ကျကျ မီးရှို့ ဖျက်ဆီးခဲ့မှုတွေလည်း ပါတယ်လို့ EU ရဲ့ ဒီကနေ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ EU ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ခံရတဲ့ မြန်မာ လက်နက်ကိုင်တပ်ဖွဲ့တွေက အရာရှိ ၇ ဦးတို့ရဲ့ ဥရောပ သမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကို ပြည်ဝင်ခွင့် ပိတ်ပင်မှာဖြစ်ပြီး အဲဒီနိုင်ငံတွေမှာ ပိုင်...

ဥရောပ သမဂ္ဂ က အရေးယူမှု ထုတ်ပြန်ပြီးနောက် ရခိုင်အရေး တာဝန်ရှိသူ စစ်ဗိုလ်ချုပ် ၂ ဦးကို တပ်မတော်က ထုတ်ပယ်

ရခိုင်ပြည်နယ် လုံခြုံရေး တာဝန်ယူ ဆောင်ရွက်ရာမှာ အားနည်းခဲ့တယ် ဆိုပြီး အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးဟောင်း ဗိုလ်ချုပ် မောင်မောင်စိုးကို တပ်မတော်ကနေ ထုတ်ပယ် ရခိုင်ဒေသတွင်း လူ့အခွင့်အရေး ချိုးဖောက်ခဲ့တယ် ဆိုပြီး EU ဥရောပ သမဂ္ဂ က ဒဏ်ခတ် အရေးယူ ခံခဲ့ရသူ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးဟောင်း ဗိုလ်ချုပ် မောင်မောင်စိုးကို တပ်မတော်မှ ထုတ်ပယ်လိုက်ပါတယ်။ ရခိုင်ပြည်နယ် လုံခြုံရေးနဲ့ ပတ်သက်ပြီး အဓိက တာဝန်ယူ လုပ်ကိုင် ဆောင်ရွက်ရာမှာ အားနည်းချက်တွေ ရှိနေတဲ့အတွက် ဗိုလ်ချုပ် မောင်မောင်စိုးကို ပြီးခဲ့တဲ့ မတ်လ ၆ရက်နေ့မှာ တာဝန် ဆက်လက် ထမ်းဆောင်ခွင့် ရပ်နားခဲ့ပြီး လိုအပ်သလို စိစစ် ဆောင်ရွက်နိုင်ဖို့ နိုဝင်ဘာလ ၁၀ရက်နေ့မှာ အရန်အင်အား စာရင်းတင်သွင်း ခဲ့တာ ဖြစ်ပါတယ်။ ရခိုင်ဒေသမှာ ၂၀၁၆ခုနှစ် အောက်တိုဘာလ ၉ရက်နေ့ ဖြစ်စဉ်နဲ့ ၂၀၁၇ခုနှစ် သြဂုတ်လ ၂၅ရက်နေ့ကနေ စက်တင်ဘာလ ၅ရက်နေ့အထိ ဖြစ်စဉ်တွေမှာ လိုအပ်သလို စီမံ ဆောင်ရွက်နိုင်မှု အားနည်းကြောင်း စိစစ် တွေ့ရတဲ့အတွက် ဗိုလ်ချုပ် မောင်မောင်စိုးကို ၂၀၁၈ခုနှစ် ဇွန်လ ၂၅ရက်နေ့မှာ တပ်မတော်ကနေ ထုတ်ပယ်လိုက်တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖေါ်ပြထားပါ...

စစ်ဗိုလ်ချုပ်ကြီး ၂ ဦးကို မြန်မာစစ်တပ်က အရေးယူ

ဒုတိယဗိုလ်ချုပ်ကြီး အောင်ကျော်ဇော (၀ဲ)၊ ဗိုလ်ချုပ်မောင်မောင်စိုး (ယာ) EU ဥရောပသမဂ္ဂကနေ သူတို့ ဒဏ်ခတ်အရေးယူလိုက်တဲ့ မြန်မာစစ်တပ်နဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ အရာရှိ ၇ ဦး ရဲ့ အမည်စာရင်းကို မနေ့ တနင်္လာနေ့က ထုတ်ပြန်ပြီး နာရီပိုင်းအကြာ အဲဒီစာရင်းမှာပါနေတဲ့ ထိပ်ပိုင်း စစ်ဗိုလ်ချုပ်နှစ်ဦးကို တပ်မတော်ပိုင်းဆိုင်ရာ အရေးယူလိုက်ကြောင်း မြန်မာစစ်တပ်က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီကြေညာချက်မှာ EU ရဲ့ အရေးယူမှုနဲ့ ပတ်သက်နေတယ်လို့ ဖေါ်ပြထားခြင်းမရှိပဲ ရခိုင်ပြည်နယ်မြောက်ပိုင်း အကြမ်းဖက်မှုဖြစ်စဉ်မှာ ကွပ်ကဲကြပ်မတ်မှု အားနည်းတဲ့ အတွက်ကြောင့်ဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်ပြီးတင်ပြမှာပါ။ တနင်္လာနေ့က ထုတ်ပြန်တဲ့ မြန်မာစစ်တပ်ရဲ့ ကြေညာချက်အရဆိုရင် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မောင်မောင်စိုးကို ရခိုင်ပြည်နယ် လုံခြုံရေးနဲ့ ပတ်သက်လို့ လုပ်ဆောင်ရာမှာ အားနည်းချက်တွေရှိနေတဲ့အတွက် ၂၀၁၈ခုနှစ် မတ်လ ၆ ရက်နေ့ကတည်းက တာဝန်ထမ်းဆောင်ခွင့်ကို ရပ်နားထားတာဖြစ်ပါတယ်။ အခုတော့ ကြည်း ၁၉၅၇၁ ဗိုလ်ချုပ်မောင်မောင်စိုးကို ၂၀၁၈ ဇွန်လ ၂၅ ရက်နေ့ ရက်စွဲနဲ့ တပ်မေ...

လုံခြုံရေးတပ်ဖွဲ့ ထိပ်တန်းခေါင်းဆောင် ၇ ယောက်ကို အီးယူ အရေးယူ

ရခိုင်မြောက်ပိုင်း အရေး အစိုးရ လုံခြုံရေး တပ်ဖွဲ့တွေမှာ တာဝန် ရှိတယ်လို့ အီးယူ ယူဆ မြန်မာစစ်ဘက်နဲ့ ရဲဘက် အရာရှိ ၇ ယောက် အပေါ် ဥရောပ သမဂ္ဂ အီးယူက ပိတ်ပင် ကန့်သတ်တဲ့ အရေးယူမှုတွေကို ဇွန်လ ၂ ၅ ရက် ဒီကနေ့ တရားဝင် ချမှတ် လိုက်ပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မြန်မာ အစိုးရ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ နယ်ခြားစောင့်တပ်ဖွဲ့ဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆိုးဆိုးရွားရွား ကျူးလွန်ခဲ့သလို၊ နိုင်ငံတကာ အကူအညီ အထောက်အပံ့တွေကိုလည်း လိုအပ်နေတဲ့ အရပ်သားတွေဆီ မရောက်အောင် ဟန့်တားခဲ့ကြောင်း အီးယူက တွေ့ရှိ ခဲ့ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အပေါ် လွတ်လပ်တဲ့ စုံစမ်း စစ်ဆေးရေး ပြုလုပ်လို့ မရနိုင်အောင် နှောင့်ယှက် ဟန့်တားမှုတွေ အတွက်လည်း အဲဒီ တပ်ဖွဲ့တွေမှာ တာဝန် ရှိတယ်လို့ အီးယူရဲ့ ဆုံးဖြတ်ချက်ထဲ တွေ့ရပါတယ်။ အီးယူက အရေးယူလိုက်သူတွေထဲ အမှတ် ၃ စစ်ဆင်ရေး အထူးတပ်ဖွဲ့မှူး တာဝန်ယူခဲ့တဲ့ ဒုတိယဗိုလ်ချုပ်ကြီး အောင်ကျော်ဇောနဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဖြစ်ခဲ့တဲ့ ဗိုလ်ချုပ်မောင်မောင်စိုး အပါအဝင် စစ်ဘက် ခေါင်းဆောင် ၅ ယောက် ပါဝင်သလို၊ ရဲမှူးချုပ် ဖြစ်...

ဆော်ဒီမှာ အမျိုးသမီးတွေ ကားမောင်းခွင့်ရပြီ

26 June 2018 09:32(+0630) (လွန်ခဲ့သော 17 နာရီ ခန့်က) ဆော်ဒီ အာရေးဘီးယားနိုင်ငံမှာ အမျိုးသမီးတွေ ယာဉ်မောင်းခွင့်ကို နှစ်ပေါင်းများစွာ ပိတ်ပင်ကန့်သတ်ထားတာ ရုပ်သိမ်းလိုက်ပြီ ဖြစ်တာကြောင့် ဆော်ဒီစံတော်ချိန် တနင်္ဂနွေညသန်းခေါင်ကစပြီး အမျိုးသမီးတွေ ယာဉ်မောင်းခွင့် ရသွားပါပြီ။ အခုလို ယာဉ်မောင်းခွင့် ပိတ်ပင်ထားတာကို ရုပ်သိမ်းလိုက်တာနဲ့အတူ အမျိုးသမီးတွေအတွက် ယာဉ်မောင်း အလုပ်အကိုင် အခွင့်အလန်းလည်း ပွင့်လာပါတယ်။ အဲဒီယာဉ်မောင်းအလုပ်ဟာ ဆော်ဒီမှာ အမျိုးသားတွေသာ လုပ်ခွင့်ရတဲ့အလုပ် ဖြစ်တဲ့အပြင် မကြာသေးခင်ကာလကအထိ ဆော်ဒီအမျိုးသား အများအပြားက ယာဉ်မောင်းအလုပ်ကို လုပ်ကြတာမဟုတ်ပါဘူး။ ဒီအလုပ်ဟာ အထူးသဖြင့် ဝင်ငွေနိမ့်နိုင်ငံ တွေဖြစ်တဲ့ အိန္ဒိယ၊ ပါကစ္စတန်နဲ့ ဘင်္ဂလာဒေ့ရှ်က အမျိုးသားတွေလို နိုင်ငံခြားသားတွေလုပ်တဲ့ အလုပ်အဖြစ် လုံးဝ သတ်မှတ် ထားကြတာပါ။ အခုတော့ Uber အငှားယာဉ်လုပ်ငန်းလိုမျိုးတွေမှာ အလုပ်လုပ်ချင်တဲ့ ဆော်ဒီအမျိုးသမီး အများအပြား ထွက်လာပြီဖြစ်ပေမဲ့လည်း အစဉ်အလာအရ အမျိုးသားတွေ လွှမ်းမိုး ကြီးစိုးထားတဲ့တိုင်းပြည်မှာ ဒီအပြောင်းအလဲက ချက်ခြင်း အလွယ်တကူတော့ ဖြစ်လာ မှာမဟုတ်ပါဘူး။ ယာဉ်...