Skip to main content

Posts

ဆော်ဒီ မက္ကာ ကခြေတော် ရာ သည် ဗုဒ္ဓခြေတော် ရာအစစ်ဖြစ်ကြောင်း ကြေငြာ လိုက်ပြီ

ဘာသာပြောင်း လဲလာသော အာရပ်ကမ္ဘာက မွတ်စော်ဘွားများ မက္ကာက ဗုဒ္ဓဗျာဒိတ်ခြေတော်ရာ မှန်းသိကုန်ကြပြီ ဦးဏှောက်ရှိလာသော ကာဖီအစ္စလာမ်တွေပေါ့ အီရန်ကဖော်ထုတ်လိုက်ပါပြီ ဆော်ဒီမက္ကာကခြေတော်ရာသည် ဗုဒ္ဓခြေတော်ရာအစစ်ဖြစ်ကြောင်း ကြေငြာလိုက်ပြီ

စစ်တပ်ပိုင် နဲ့ နိုင်ငံပိုင်

ဦးအောင်ခင်၊ ကျော်ကျော်သိန်း, VOA Burmese BurmaDemocracy, 21 April 2018 စီးပွားရေးလုပ်ငန်းကြီးတွေ လုပ်နေတဲ့ စစ်တပ်ပိုင် မြန်မာ့စီးပွားရေး ဦးပိုင်လိမိတက်ကို ၁၉၁၄ ကုမ္ပဏီ ဥပဒေအရ အများပိုင် သာမန်ကုမ္ပဏီအဖြစ် အသွင်ပြောင်းတာကို အမျိုးသားစီမံကိန်းဝန်ကြီးဌာနက မတ်လ (၃၀) ရက်နေ့က ခွင့်ပြုကြောင်း ဒါရိုက်တာအဖွဲ့က ကြေညာပါတယ်။ NLD အစိုးရသစ် စတင်ဖွဲ့စည်းတဲ့နေ့မှာ စစ်တပ်ပိုင်ကုမ္ပဏီကို အများနဲ့ သက်ဆိုင်တဲ့ အရပ်သားကုမ္ပဏီအဖြစ် အသွင်ပြောင်းတာ ဖြစ်ပါတယ်။ မြန်မာ့စီးပွားရေး ဦးပိုင်လိမိတက်ကို ၁၉၉၀ ပြည့်နှစ်မှာ တည်ထောင်တာဖြစ်ပြီး အစုရှယ်ယာပိုင်ရှင်ဟာ စစ်ဘက်အဖွဲ့အစည်း၊ စစ်ဗိုလ် နဲ့ အငြိမ်းစားစစ်ဗိုလ်တွေ ဖြစ်ပါတယ်။ စစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်နဲ့ မြန်မာ့စီးပွားရေး ဦးပိုင်လိမိတက်ဟာ အမေရိကန်က ဒဏ်ခတ်အရေးယူတဲ့ ကုမ္ပဏီစာရင်းမှာ အခုထက်ထိ ပါဝင်နေဆဲ ဖြစ်ပါတယ်။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို တရုတ်နဲ့ လက်တွဲလုပ်နေတာ ဦးပိုင်လိမိတက် ဖြစ်ပါတယ်။ စစ်တပ်ပိုင်ကုမ္ပဏီနှစ်ခုရဲ့  အခန်းကဏ္ဍနဲ့တာဝန်ကို ပြန်လည်ဆန်းစစ်ပြီး နိုင်ငံပိုင် လုပ်သင့်တယ်လို့ ဇန်နဝါရီလထုတ် Natural Resource Governance Ins...

ရိုက်တာ သတင်းထောက် နှစ်ဦးကို ထောင်ချောက်ဆင် ဖမ်းခဲ့ကြောင်း ဒုရဲမှူး မိုးရန်နိုင် ပြော

  20 April 2018 ထွန်းထွန်း [ပုံ (၃) တရားလိုပြ သက်သေ ဒုရဲမှူးမိုးရန်နိုင်ကို ယနေ့ ရုံးချိန်း အပြီး မြင်ရစဉ် / မျိုးမင်းစိုး / ဧရာဝတီ] အင်းဒင်ကျေးရွာ လူသတ်မှု ဖော်ထုတ်သည့် ရိုက်တာ သတင်းထောက် နှစ်ဦးကို ထောင်ချောက်ဆင် ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း တရားလိုပြသက်သေ ဒုရဲမှူးမိုးရန်နိုင်က ယနေ့ရုံးချိန်း အပြီးတွင် ပြောသည်။ အမှတ် ၈ လုံခြုံရေး ရဲတပ်ရင်းမှ ဒုရဲမှူး မိုးရန်နိုင်သည် ရိုက်တာ သတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦး တို့အား ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်နေ့ညပိုင်းက ခေါ်ယူကာ ရခိုင်အရေး သတင်း အချက်အလက်များ ပေးခဲ့သူဖြစ်သည်။ ဒုရဲမှူးမိုးရန်နိုင် က “အခုလို အမှန်တရား ဖွင့်ပြောရတဲ့ အကြောင်းအရင်းက ရဲတပ်ဖွဲ့ဝင် မှာလည်း ဘယ် အဆင့်အတန်း မဆို သူ့ဂုဏ်သိက္ခာ သူ ရှိပါတယ်၊ ထောင်ဖမ်း ခံရတယ် ဆိုတာ အဲ့အတိုင်း အမှန်ပါပဲ” ဟု ပြောသည်။ ၎င်းအနေဖြင့် ထောင်ချောက်ဆင် ဖမ်းဆီးခဲ့ခြင်း မှန်ကန်ကြောင်း တရားခွင်အတွင်းတွင်လည်း ထည့်သွင်း ထွက်ဆိုခဲ့ သော်လည်း မည်သူက ခိုင်းစေခဲ့သည်ကို ထုတ်ဖော် ပြောကြားခြင်းတော့ မရှိခဲ့ပေ။ ရိုက်တာ သတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦး တို့သည် ၂၀၁၇ ခုနှစ် ဒ...

နေပြည်တော် FDA ညွှန်ချုပ် ဒေါက်တာ သန်းထွဋ် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မဖြင့် အရေးယူခံရ

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အစားအသောက်နှင့်ဆေးဝါးကွပ်ကဲမှုဦးစီးဌာန (နေပြည်တော်)မှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ်သည် တင်ဒါကိစ္စ မသမာမှုပြုလုပ်ခဲ့ခြင်းကြောင့် ဖမ်းဆီးအရေးယူခံထားရကြောင်း သတင်းရသည်။ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းထွဋ် (၆၀ နှစ်) သည် ၂၀၁၇ ခုနှစ်အတွင်းက နေပြည်တော် FDA အတွက် ဓာတ်ခွဲခန်း (၂) ခန်း၊ တိုင်း/ပြည်နယ်/ခရိုင်ရုံး (၁၂) လုံး ဆောက်လုပ်ခွင့်တင်ဒါအောင်မြင်ခဲ့သည့် ရဲတိုက်မြို့တော်ကုမ္ဗဏီနှင့် မိတ်ဖက်ကုမ္ဗဏီများထံမှ ၎င်း၏နေအိမ်များဖြစ်သော နေပြည်တော် ရွှေကြာပင်ရပ်ကွက်၌ တိုက်(၁)လုံး ဆောင်လုပ်ပေးစေခြင်း၊ နေပြည်တော် ရွာသစ်ကျေးရွာ၌ ရေကူးကန်ပါ နှစ်ထပ်တိုက် (၁) လုံးနှင့် ခြံဝန်းခတ်ပေးစေခြင်းများ ဆောင်ရွက်စေကာ အဂတိလိုက်စားခဲ့ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ စစ်ဆေးပေါ်ပေါက်သဖြင့် ဧပြီ ၂၀ ရက် နေ့လယ် ၁၂ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၆ ဖြင့် အမှုဖွင့်အရေးယူလိုက်ကြောင်း၊ ဒေါက်တာ သန်းထွဋ်အား ၁၂ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် ရုံထုတ်ချုပ်ရမန်ရယူခဲ့ကြောင်း သိရသည်။ စစ်ဆေးပေါ်ပေါက်ချက်အရ ဒေါက်တာ သန်းထွဋ်သည် ရွှေကြာ...

ယန်ဟီးလီ သတင်းမှား ဖြန့်၍ တောင်းပန်

ရိုဟင်ဂျာခေါ် ဘင်္ဂလီများကို အစုအဝေးလိုက် သတ်ဖြတ်မှုအတွက် ထောင်ဒဏ်ကျခံနေရသော စစ်သား ၇ ဦးအား သမ္မတ၏ နှစ်သစ်ကူး လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည် လွှတ်ပေးလိုက်သည်ဟူသော သတင်းမှားကို မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးအစီရင်ခံစာ တင်သွင်းသူ ယန်ဟီးလီက ဧပြီလ ၁၈ ရက်နေ့တွင် သူမ၏ တွစ်တာ Twitter မှ ထပ်မံဖြန့်ချိခဲ့သည်။ သတင်းမှား ဖြန့်မိသည့်အတွက် မစ္စယန်ဟီးလီက စိတ်မကောင်းဖြစ်ရပါကြောင်း တောင်းပန်ချက်ကို ယမန်နေ့ ညနေပိုင်းက ၎င်း၏ တွစ်တာအကောင့်တွင် ပြန်လည်ရေးသားခဲ့ သည်။ ယန်ဟီးလီသည် Myanmar National Television – MNTV မှ ထုတ်လွှင့်သော ဗီဒီယို ထုတ်လွှင့်မှုတခုကို သူမ၏ တွစ်တာ လူမှုကွန်ရက် အကောင့်တွင် ပြန်တင်ထားပြီး “တရားမျှတမှုဆိုတာ ဘယ်မှာလဲ။ အင်းဒင်လူသတ်မှုအတွက် အပြစ်ရှိတဲ့ တပ်မတော် ၇ ယောက်ကို လွှတ်လိုက်ပြီး ရိုက်တာသတင်းထောက်နှစ်ယောက်က ထောင်ထဲမှာ ကျန်နေတယ်” ဟု ဧပြီလ ၁၈ ရက်နေ့က ရေးသားခဲ့သည်။ သို့သော် ထိုသတင်းသည် မှားယွင်းကြောင်း နောက်ပိုင်းတွင် ပေါ်လာခဲ့သည်။ ထိုမှားယွင်းသော သတင်းကို MNTV က ပထမဆုံး ထုတ်လွှင့်ခဲ့ခြင်းဖြစ်သော်လည်း နောက် ၁ နာရီခန့်ကြာသော အခါ ပြန်လည် ဖြုတ်ချခဲ့သည်။ MNTV သည် အစိုးရနှင့် Sky Net ပူ...

နိုင်ငံတော် နဲ့နိုင်ငံတော်အာဏာသည် စစ်တပ်အပိုင်မဟုတ်

နေ ဝန်း 10 ဖေဖော်ဝါရီ   ·   🌍 ပြည်​သူ့သ​ဘောထား 🌟 🌟 🌟 🌟 🌟 ပြည်သူအချင်းချင်းကြား ဒီသဘောတရားတွေနားလည်အောင်ဖြန့်ဝေပေးကြပါ ..။ ( ၁ )အချုပ်အခြာအာဏာသည် ပြည်သူ့ထံမှသက်ဆင်းရမည်။ အခြေခံဥပဒေသည် ပြည်သူအများဆန္ဒအတိုင်းရေးဆွဲရမည်။ ( ၂ ) စစ်တပ်ဟာ ပြည်သူက လစာရိက္ခာထောက်ပံ့ထားသော ပြည်သူ့ဝန်ထမ်းမျှသာဖြစ်သည်။ တစ်နည်း .. ပြည်သူ့အစေခံသာဖြစ်သည်။ ပြည်သူ့အထက်ကနေခွင့်မရှိ။ ( ၃ ) ပြည်သူ့လွှတ်တော်ဆိုသည်မှာ ပြည်သူ့ရွေးကောက်ခံ ပြည်သူ့ကိုယ်စားလှယ်များသာ တက်ရောက်ရန်ဖြစ်သည်။ ပြည်သူကိုကိုယ်စားမပြုဘဲ လက်နက်ကိုင်တစ်စုတစ်ဖွဲ့ကိုသာ ကိုယ်စားပြုသူများတက်ရန်မဟုတ်။ ( ၄ ) ပြည်သူ့ဆန္ဒကိုကျော်ပြီး ဥပဒေပြုခွင့် စစ်တပ်ကို ဘယ်ပြည်သူကမှပေးမထား။ ( ၅ ) စစ်တပ်ဟာ ပြည်သူအများထံဆန္ဒမဲကောက်ယူပြီးတင်မြှောက်ထားသော အစိုးရထံတွင် လုံးလုံးလျားလျားသစ္စာခံရမည်။ ( ၆ )အစိုးရကို ပြည်သူအများကြား ဆန္ဒမဲကောက်ယူ၍ တင်မြှောက်ရမည်။ ( ၇ ) ပြည်သူအများအနေဖြင့် မိုးခါးရေသောက်ရွေးရွေး အရက်သောက်ရွေးရွေး အိပ်ချင်မူးတူးနဲ့ရွေးရွေး သူများရွေးလို့ဘဲလိုက်ရွေးရွေး မဲအများဆုံးရတဲ့အဖွဲ့အစည်းဟာ အစိုးရအဖြစ်ထိုက်တန်သည်။ စစ်တပ်...

ဒေါ်အောင်ဆန်းစုကြည် ဗီယက်နမ် ခရီးစတင်

ဗီယက်နမ်ဝန်ကြီးချုပ် Nguyen Xuan Phuc နဲနိုင်ငံတော်င်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ သီခြားတွေ့ဆုံဆွေးနွေးပွဲ (ဖိလစ်ပိုင် အာဆီယံထိပ်သီးညီလာခံ၊ ဧပြီ ၂၈ ၂၀၁၇) နိုင်ငံတော်င်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဧပြီလ ၁၉ ရက် ကနေ ၂၀ ရက် အထိလာရောက်မယ့် ဗီယက်နမ်နိုင်ငံ ခရီးစဉ်ဟာ နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုခိုင်မာပြီး အပြည့်အဝပူးပေါင်းဆောင်ရွက်တဲ့ မိတ်ဖက်နိုင်ငံတွေ အဖြစ်ခိုင်မြဲလာမှာ ဖြစ်ကြောင်း ဗီယက်နမ်အစိုးရ ဝက်ဘ်ဆိုက်မှာ ဖေါ်ပြထားပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဗီယက်နမ်ဝန်ကြီးချုပ် Nguyen Xuan Phuc ရဲ့ ဖိတ်ကြားချက်အရ ပထမဆုံး တရားဝင်ခရီးစဉ် သွားရောက်မှာ ဖြစ်ပါတယ်။ ဗီယက်နမ်နဲ့ မြန်မာတို့ဟာ ၁၉၇၅ ခုနှစ်မှာ သံတမန်ဆက်ဆံရေး စပြီးထူထောင်ခဲ့ တာဖြစ်ပြီး ၂၀၁၇ ခု သြဂုတ်လထဲမှာ နိုင်ငံတော်ခရီးစဉ်အဖြစ် ဗီယက်နမ်ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှုး Nguyen Phu Trong မြန်မာနိုင်ငံကို လာရောက်ချိန်အတွင်း အပြည့်အဝ ပူးပေါင်းဆောင်ရွက်မှုရှိတဲ့ မိတ်ဆွေတွေအဖြစ် နှစ်နိုင်ငံဆက်ဆံရေးကို တိုးမြှင့်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ မနှစ်က နိုဝင်ဘာလ...

သန်း ၈၀၀၀ ကျော် လျော်ရတော့မည့် ဦးကျော်ဆန်း

  အရင်တစ်ခေတ်က ဟာသစာရေးဆရာကြီး အီကြာကွေးရဲ့ ကြော်ကြားတဲ့ သရော်စာ ခေါင်းစဉ်တစ်ခု ရှိပါတယ်။ အဲဒါကတော့ “ အစက တို့မပြောလား” ဆိုပြီး ဖြစ်ပါတယ်။ ခုအချိန်ဟာ ပြည်ထောင်စု လွှတ်တော် မှာ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်အတွက် နောက်ထပ် ဖြည့်စွက် ဘတ်ဂျက် တောင်းခံတာကို အပြန်အလှန် ဆွေးနွေး နေကြတဲ့ အချိန်ပါ။ အဲဒီလို ဖြည့်စွက် တောင်းခံတဲ့ ငွေတွေထဲမှာ သာမန် အသုံးစားရိတ်တွေအပြင် ကျပ်ငွေ တန်ဘိုး ကျဆင်းမှုကြောင့် ချေးငွေတွေအတွက် ပိုပြီး စိုက်ထုတ်ပေးရမယ့် ငွေလည်း ပါပါတယ်။ ၀န်ကြီးဌာန အသီးသီးကနေ နိုင်ငံခြားက ယူထားတဲ့ ချေးငွေတွေအတွက် အတိုးနဲ့အရင်း ပြန်ဆပ်ရမယ့် ကိစ္စတွေအတွက် မြင့်တက်သွားတဲ့ နိုင်ငံခြားငွေ ဈေးနှုန်းအလိုက် ထပ်ဆောင်း ကုန်ကျမယ့်ငွေကို တွက်ချက် တောင်းခံထား တာ ဖြစ်ပါတယ်။ ထုံးစံအတိုင်း အဲဒီအထဲမှာ ဝန်ကြီးဦးကျော်ဆန်း ဦးဆောင်တဲ့ သမ၀ါယမ ၀န်ကြီးဌာနလည်း ပါဝင်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး လွှတ်တော်ထဲက အမတ် တစ်ချို့က ၀န်ကြီးဦးကျော်ဆန်းနဲ့ သမ၀န်ကြီးဌာန ကို “ အစက တို့မပြောလား” ဆိုပြီး ဝေဖန်ပြောဆိုနေကြပြီ ဖြစ်ပါတယ်။ ဦးကျော်ဆန်း ဘာတွေ လုပ်ခဲ့လို့ သူတို့ ဘာတွေ ဝေဖန်သလဲ၊ ဦးကျော်ဆန်းကြောင့် ငေ...

ဝန်ထမ်းလစာ တိုးမယ်၊ အဂတိလိုက်စားမှုတိုက်ဖျက်မယ်၊ ဥပဒေမဲ့သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေ ပြန်ပေးမယ်

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် မြန်မာ့ရိုးရာ နှစ်သစ်ကူး အခါသမယတွင် ပြောကြားသည့် နှစ်သစ်ကူး နှုတ်ခွန်းဆက်စကား (မြန်မာသက္ကရာဇ် ၁၃၈၀ ခုနှစ်၊ နှစ်ဆန်း ၁ ရက်နေ့) (၂၀၁၈ ခုနှစ်၊ ဧပြီလ ၁၇ ရက်) ချစ်ခင်လေးစားအပ်တဲ့ နိုင်ငံသူနိုင်ငံသားအားလုံး ကာယစိတ္တ နှစ်ဖြာသောသုခနဲ့ ပြည့်စုံ ကြပါစေကြောင်း နှစ်သစ်မင်္ဂလာအခါသမယမှာ ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။ ချစ်ခင်လေးစားအပ်တဲ့ နိုင်ငံသူနိုင်ငံသားများ ခင်ဗျား- နိုင်ငံတော်သမ္မတအဖြစ် ကတိသစ္စာပြုခဲ့တဲ့ မတ်လ ၃၀ ရက်နေ့မှာ ပြည်ထောင်စုအစိုးရ အနေနဲ့ ဦးစားပေးဆောင်ရွက်သွားမယ့် ရည်မှန်းချက်ပန်းတိုင်တွေကို ထုတ်ဖော်ကြေညာခဲ့ပြီး ဖြစ်ပါတယ်။ ဒီအပေါ်မှာ ပြည်သူများအနေနဲ့ မျှော်လင့်ချက်တွေ မြင့်မားလာခဲ့ကြသလို ဒီရည်မှန်းချက် ပန်းတိုင်တွေကို ဘယ်ပုံဘယ်နည်း အကောင်အထည်ဖော်ဆောင်ရွက်သွားမှာလဲ ဆိုတာကိုလည်း သိလိုစိတ်ပြင်းပြ နေကြတာကိုလည်း ကျွန်တော် ကြားသိရပါတယ်။ အခုလို အခါအခွင့်သင့်ခိုက်မှာ မိဘပြည်သူများကို အလေးအမြတ်ပြုပြီး ရှင်းလင်းတင်ပြပေးမှာ ဖြစ်ပါတယ်။ ပြုပြင်ပြောင်းလဲမှုနှောင့်နှေးနေတဲ့ဌာနတွေကို ကြပ်မတ်ရာမှာ ပြည်ထောင်စုအစိုးရက ချမှတ်ထားတဲ့ ဖွံ့ဖြို...

အကျဉ်းသား ၈၅၄၁ ဦးကို သမ္မတ လွတ်ငြိမ်းချမ်းသာခွင့်ပေး

သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လားရှိုးထောင်ကနေ လွတ်မြောက်လာတဲ့ အကျဉ်းသားတွေကို ၂၀၁၈ ခုနှစ် ဧပြီလ ၁၇ ရက်နေ့ ကတွေ့ရစဉ်။ Photo: Kan Thar/RFA နိုင်ငံရေးအကျဉ်းသား ၃၆ ဦးအပါအ၀င် အကျဉ်းသူ အကျဉ်းသား ၈၅၄၁ ဦးကို နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ဒီနေ့ နှစ်ဆန်းတစ်ရက်နေ့မှာ လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ပါတယ်။ ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေဖို့နဲ့ လူသားချင်းစာနာထောက်ထားမှုကို အလေးထားတဲ့အနေနဲ့ အကျဉ်းထောင်အသီးသီးမှာ အကျဉ်းကျခံနေရတဲ့ အကျဉ်းသူ အကျဉ်းသား ၈၅၀၀ ကျော်ကို ရာဇ၀တ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁) အရ စည်းကမ်းသတ်မှတ်ချက်မထားဘဲ လွတ်ငြိမ်းသက်သာခွင့်ပေးလိုက်တယ်လို့ သမ္မတ လက်မှတ်ထိုးထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင်  ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁) နဲ့ လွတ်မြောက်ထားသူတွေအပေါ် သူတို့ရဲ့လူမှုအခွင့်အရေးတွေကို ငဲ့ညှာတဲ့အနေနဲ့ ပြစ်မှုကြွေးကျန်တွေ ပယ်ဖျက်လိုက်တယ်လို့လည်း ကြေညာချက် သီးခြားထုတ်ပြန်ခဲ့ပါတယ်။ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာသူတွေထဲမှာ အင်းစိန်၊ သာယာဝတီ၊ အိုးဘို၊ လားရှိုး၊ ရွှေဘို၊ တောင်ငူ၊ သရက်၊ ပုသိမ် စတဲ့ အကျဉ်းထောင်အသီးသီးကနေ အကျဉ်းသူ အကျဉ်းသားတွေ ပါဝင်ပါတယ်။ ...