Skip to main content

Posts

အကြောက်တရားကိုကျော်လွှားရဲမှ ငြိမ်းချမ်းရေးရနိုင်မယ်

မေ ၂၆ ရက်နေ့မှာတော့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ ဒုတိယအကြိမ် အစည်းအဝေးကို နေပြည်တော်မှာ ဒီကနေ့ တတိယနေ့အဖြစ် ဆက်လက်ကျင်းပနေပါတယ်။ ညီလာခံမှာ အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ နိုင်ငံရေးပါတီအစုအဖွဲ့တွေက နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်အရေးနဲ့၊ လုံခြုံရေး ကဏ္ဍ (၅) ခုကို ဆက်လက်ဆွေးနွေးနေကြပါတယ်။ ပြီးတော့ ဒီကနေ့ မွန်းလွဲပိုင်းက နေပြည်တော် မြနန်းဘုံသာလမ်းက သူမရဲ့နေအိမ်ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှ ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) ဥက္ကဋ္ဌ အန်ဘန်လနဲ့ ဇနီးတို့ကို နေ့လယ်စာနဲ့ တည်ခင်းဧည့်ခံဖို့ ဖိတ်ကြားခဲ့တဲ့အပြင် ဒေါ်အောင်ဆန်းစုကြည်ဟာ ကေအိုင်အို  ခေါင်းဆောင်နဲ့တွေ့ဆုံပြီး နောက် ဒီကနေ့မွန်းလွဲပိုင်းမှာ ကျန်တဲ့မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့လည်း ဆက်လက်တွေ့ဆုံဆွေးနွေးဖို့ရှိနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း အပစ်ရပ်လက်မှတ်မထိုသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကို ကိုယ့်ကိုယ်ကိုယ် ယုံကြည်စွာနဲ့ အပစ်ရပ်လက်မှတ်ရေးထိုးပြီး (၂၁) ရာစုပင်လုံမှာပါဝင်ဖို့ကိုလည်း တခုတ်တရ ထပ်မံတ...

တရုတ်၏ ခေတ်သစ်ပိုးလမ်းမကို ချိန်ခွင်လျှာညှိမည့် အိန္ဒိယ-ဂျပန်တို့၏ AAGC

စီမံကိန်းအာရှနှင့်အာဖရိကကို ဆက်သွယ်မည့် မဟာစီမံကိန်းကြီးဖြစ်သော တရုတ်နိုင်ငံ၏ OBOR အစီအစဉ်နှင့် မရှေးမနှောင်း ထုတ်ပြန်ခဲ့သော ယင်းအစီအစဉ်သည် ဝန်ကြီးချုပ် နာရိန္ဒြာ မိုဒီနှင့် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးတို့၏ ပူးတွဲ ရည်မှန်းချက်ဖြစ်ပြီး နှစ်နိုင်ငံပူးပေါင်းခြင်းဖြင့် ဒစ်ဂျစ်တယ် နည်းပညာ ဆက်သွယ်မှုနှင့်အတူ အရည်အသွေးမီ အခြေခံ အဆောက်အအုံများ အာဖရိကတွင် တည်ဆောင်ရန် ရည်ရွယ်သည်။ ဆယ်စုနှစ်များစွာကြာ အိန္ဒိယနိုင်ငံ၏ အာဖရိကနှင့် ချစ်ကြည်ရင်းနှီးမှု၊ ဂျပန်နိုင်ငံ၏ ဘဏ္ဍာရေး ရင်းမြစ်များ အပေါ် အခြေခံသော (AAGC) သည် အာရှနှင့် အာဖရိကအကြား အားလုံး အကျုံးဝင် သောပုံစံဖြင့် စီးပွားရေးများ၊ စက်မှု လုပ်ငန်းများ၊ မဏ္ဍိုင်အဖွဲ့အစည်းများ၊ အတွေးအခေါ်နှင့် ပြည်သူများတို့၏ ထိရောက်ပြီး ရေရှည်တည်တံ့သော ဆက်သွယ်ရေး ယန္တရားတခုဖြစ်လာစေရန် ရည်ရွယ်သည်။ အာရှနှင့် အာဖရိကတို့တွင် ထုတ်ယူသုံးစွဲခြင်း မပြုရသေးသော ကြီးမားသည့် အလားအလာများစွာ ရှိနေဆဲဖြစ်ပြီး ၎င်းတို့ကို ထိုဒေသများ၏ ဘုံစီးပွားရေးတိုးတက်မှု၊ ဖွံ့ဖြိုးတိုးတက်မှု၊ ငြိမ်းချမ်းရေး၊ ကြွယ်ဝချမ်းသာရေးနှင့် တည်ငြိမ် ရေး တို့အတွက် ရှာဖွေဖော်ထုတ်ရန်လိုသည်ဟု အရာရှိများက ပြောသည “AAGC တွင် ဖ...

၂၁ ရာစု ပင်လုံညီလာခံ အောင်မြင်ကြောင်း ညီလာခံကိုယ်စားလှယ်များပြောကြား

NCA အရ နိုင်ငံရေးဆွေးနွေးမှုရလဒ်များကို ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်းအဖြစ် ပထမဆုံးချုပ်ဆို တစ်နိုင်ငံလုံးပစ် ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA)အရ နိုင်ငံရေး ဆွေးနွေးမှု ရလဒ်များကို ပြည် ထောင်စုသဘောတူစာချုပ် အ စိတ်အပိုင်းတစ်ရပ်အဖြစ် ပထမ ဆုံးအကြိမ် မေလ ၂၉ ရက်က ချုပ်ဆိုခဲ့သည်။ြ ပည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစု ပင်လုံဒုတိယ အစည်းအဝေးကို မေလ ၂၄ ရက် မှ ၂၉ ရက်အထိ နေပြည်တော်၌ ကျင်းပခဲ့ပြီး ညီလာခံတွင် ဆွေး နွေးအတည်ပြုသဘောတူခဲ့သည့် နိုင်ငံရေးဆိုင်ရာမူဝါဒ အဆိုပြု ချက် ၁၂ ချက်၊ စီးပွားရေးဆိုင်ရာ မူဝါဒ ၁၁ ချက်၊ လူမှုရေးဆိုင်ရာ မူဝါဒလေးချက်၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒ ၁၀ ချက် စုစုပေါင်း ၃၇ ချက်ကို ပြည်ထောင်စုသဘောတူ စာချုပ် အစိတ်အပိုင်း (၁)အဖြစ် သတ်မှတ်ချုပ်ဆိုခဲ့သည်။ ပြည်ထောင်စု သဘောတူစာချုပ်အဖြစ် ချုပ်ဆိုရာတွင် အစိုးရ အစုအဖွဲ့ကိုယ်စားလှယ် ဒေါက် တာတင်မျိုးဝင်း၊ လွှတ်တော်အစု အဖွဲ့ကိုယ်စားလှယ် ဦးထွန်းထွန်း ဟိန်၊ တပ်မတော်အစုအဖွဲ့ကိုယ် စားလှယ် ဒုတိယဗိုလ်ချုပ်ကြီး တင်မောင်ဝင်း၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ အစုအဖွဲ့ကိုယ်စားလှယ် ပဒိုစော ကွယ်ထ...

ကာချုပ်ဟောင်း သူရဦးတင်ဦးကို ရန်ကုန်တိုင်းမှူး သွားရောက်ကြည့်ရှုအားပေး

ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ နှလုံးကုသဆောင်မှာ တက်ရောက်ဆေးကုသမှုခံယူနေရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက သူရ ဦးတင်ဦးကို  ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်သက်ပုံက သွားရောက်ကြည့်ရှုအားပေးခဲ့တယ်လို့ တပ်မတော်က သတင်းထုတ်ပါတယ်။ မေ ၂၈ ရက် နေ့လယ်ပိုင်းမှာ တိုင်းမှူး ဗိုလ်မှူးချုပ်သက်ပုံနဲ့  အဖွဲ့ဝင်တွေက သွားရောက်ပြီး ဦးတင်ဦးရဲ့ ဇနီးဒေါက်တာတင်မိုးဝေ၊ သားဦးသန့်ဇင်ဦးနဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဒုဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်တို့ကိုတွေ့ဆုံပြီး ဦးတင်ဦးရဲ့ ကျန်းမာရေး အခြေအနေတွေကို မေးမြန်းကာ စားသောက်ဖွယ်ရာတွေ ပေးအပ်ခဲ့တယ်လို့ သတင်းမှာဖော်ပြပါတယ်။ အသက် ၉၁ နှစ်အရွယ်ရှိ သူရဦးတင်ဦးဟာ ဦးနှောက်သွေးကြောပိတ် လေဖြတ်ရောဂါနဲ့ မေလ ၁၈ ရက်ကတည်းက ရန်ကုန်ဆေးရုံကြီးမှာ တက်ရောက်ဆေးကုသမှုခံယူနေရတာ ဖြစ်ပါတယ်။ သူ့ရဲ့ ကျန်းမာရေးအခြေအနေဟာ လက်ယာဘက်ခြမ်းမလှုပ်ရှားနိုင်၊ စကားပီသစွာ မပြောနိုင်ပေမယ့် သတိကောင်းစွာရနေပြီး ဆိုးရွားတဲ့အခြေအနေ မတွေ့ရဘူးလို့ ရန်ကုန်ဆေးရုံအုပ်ကြီးက ပြောထားပါတယ်။

အိန္ဒိယတပ်ချုပ် မြန်မာခေါင်းဆောင်တွေနဲ့တွေ့ဆုံ

မြန်မာနိုင်ငံကို ၄ ရက်ကြာ တရားဝင် အလည်အပတ် ရောက်ရှိနေတဲ့ အိန္ဒိယကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး Bipin Rawat ဟာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တနင်္လာနေ့က နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီး Bipin Rawat ဟာ နှစ်နိုင်ငံ စစ်ဘက် ဆက်ဆံရေး တိုးမြင့် ဆောင်ရွက်ဖို့ အတွက်လည်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအ၀င် မြန်မာ့တပ်မတော် အကြီးအကဲတွေနဲ့လည်း နေပြည်တော်မှာ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ မြန်မာနဲ့ အိန္ဒိယတို့ဟာ ကီလိုမီတာ ထောင့်ခြောက်ရာကျော် ရှည်လျားတဲ့ နယ်စပ်ချင်း ထိစပ်နေတဲ့ မဟာဗျူဟာမြောက် အိမ်နီးချင်း နိုင်ငံတွေဖြစ်တာနဲ့အညီ ဗိုလ်ချုပ်ကြီး Bipin Rawat ရဲ့ ဒီခရီးစဉ်ဟာ ကာကွယ်ရေးအပါအ၀င် တခြား နှစ်နိုင်ငံ အကျိုးတူ ကိစ္စရပ်တွေကို ယုံကြည်စွာ တည်ဆောက်နိုင်ရေးအတွက် သမိုင်း မှတ်ကျောက်တင်နိုင်မယ့် ခရီးစဉ်ဖြစ်ကြောင်း အိန္ဒိယ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဗိုလ်ချုပ်ကြီး Bipin Rawat ဟာ နေပြည်တော်မှာရှိတဲ့ နိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ်မှာ မိန့်ခွန်းပြောကြားဖို့ ရှိပြီး ပြင်ဦးလွင်မှာရှိတဲ့ ကာက...

သံသယနဲ့အာဃာတတွေမထားဖို့ လူထုခေါင်းဆောင် ဘာလို့ပြောလဲ

"သံသယနဲ့အာဃာတတွေမထားဖို့ လူထုခေါင်းဆောင် ဘာလို့ပြောလဲ" ၂၁ရာစု ပင်လုံညီလာခံရဲ့ ဒုတိယအကြိမ်အစည်းအဝေးဟာ တကယ့်ကိုပဲ သမိုင်းဝင်အလှည့် အပြောင်းတစ်ခြု ဖစ်ခဲ့ပါပြီ။ စစ်မှန်တဲ့ ဖယ်ဒရယ်ဒီမိုကရက်တစ်ပြည်ထောင်စု တစ်ခု တည်ထောင်ဖို့အတွ က် အခြေခံမူတွေထဲက ၃၇ချက်ကို ချမှတ်နိုင်ခဲ့ပါပြီ။

အမေစုကြည်ပြောပြတဲ့ ဒီပဲယင်းအတွေ့အကြုံ

အမေစုကြည်ပြောပြတဲ့ ဒီပဲယင်းအတွေ့အကြုံ <><><><><><><><><><><><><><><><><> ကျွန်မရဲ့အတွေ့အကြုံကိုပြောရမယ်ဆိုရင် "ဒီပဲယင်း" ၂၀၀၃ ကပေါ့ ကျွန်မတို့ အထက်မြန်မာပြည်ကို စည်းရုံးရေးဆင်းတုန်းက စည်းရုံးရေးက ရက်ကြာလာတာနဲ့အမျှ ပြည်သူတွေရဲ့ ထောက်ခံအားပေးမှုက ပိုများလာပါတယ်။ တစ်ညနေတော့ လမ်းခုလတ်တစ်နေရာမှာ ကျွန်မတို့ကားကို ဘုန်းကြီးတစ်ပါးက လာတားပါတယ်။ ပြီးတော့ သူက ကျွန်မကို မိန့်ခွန်းပြောစေချင်တယ်တဲ့။ အချိန်ကလည်း နေဝင်ချိန်ပါ။ ခရီးစမထွက်ခင်ကတည်းက ပြဿနာတွေရှိလာနိုင်တယ်လို့ ကျွန်မတို့ကို သတိပေးထားတာလည်းရှိတော့ ကျွန်မက သူ့ကို "မဖြစ်နိုင်ပါဘူး...အရမ်းနောက်ကျနေပါပြီ...ဒီနေရာမှာဟောပြောဖို့ စီစဉ်ထားတာလည်းမရှိပါဘူး..ဆက်သွားစရာရှိလို့ပါ" ပြောတော့ ဒါပေမယ့် သူက မရပ်ရပ်အောင် အတင်းကိုပြောနေပါတယ်။ အဲဒီမှာ ကျွန်မတို့ကားတန်းနောက်က လူတစ်ယောက်ပြေးလာပြီး အကြောင်းကြားပါတယ်။ လူအုပ်ကြီးရောက်ချလာပြီး ကျွန်မတို့လူတွေကို ရိုက်နှက်နေပြီတဲ့....။ ဒါတွေအားလုံးက ဒီပဲယင်းမှာဖြစ်ပျက်ခဲ့တဲ...

ဦးတင်ဦးပြန်ပြောပြတဲ့ ဒီပဲရင်း လုပ်ကြံမှု့

ဒီပဲယင်း အကြမ်းဖက်မှုသည် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ပါတီဒုဥက္ကဋ္ဌ ဦးတင်ဦးနှင့် ပါတီဝင်များ စည်းရုံးေ ရးခရီး ထွက်နေစဉ် စစ်ကိုင်းတိုင်းဒီပဲယင်းမြို့အနီး ကျည်ရွာတွင် လွန်ခဲ့သည့် ၇ နှစ် မေလ ၃ဝ ရက်နေ့တွင်ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။ ဒီပဲယင်းအ၀င်လမ်း ၂ဝဝ၃ ခုနှစ် မေလ ၆ ရက်နေ့တွင် ပါတီစည်းရုံးရေးအတွက် ရန်ကုန်မှနေ၍ ထွက်ခွာလာခဲ့ရာအထက်မြန်မာပြည် ခရီးစဉ်ဖြစ်သည့် ကချင်ပြည်နယ် မြစ်ကြီးနားနှင့် ကသာ၊ မန္တလေးတိုင်းမိုးကုတ်နှင့် မန္တလေး၊ စစ်ကိုင်းတိုင်း မုံရွာမြို့သို့ ရောက်ရှိခဲ့စဉ်ပြည်သူများက သောင်းသောင်းဖျဖျ ကြိုဆိုထောက်ခံခဲ့ကြသည်။ ထို့နောက် မေလ ၃ဝ ရက်နေ့တွင် ဒီပဲယင်း ကျည်ရွာအနီးသို့ ရောက်ရှိစဉ်စစ်အစိုးရဖွဲ့ထားသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဝင်များ၊စွမ်းအားရှင်များက အကြမ်းဖက် ရိုက်နှက်ခဲ့သည်နှင့် တွေ့ကြုံ ခဲ့ကြရသည်။ ထိုဖြစ်ရပ်အတွင်း ပါတီအဖွဲ့ဝင်များနှင့် ထောက်ခံအားပေးသူ ဦးရေ ၇ဝ ထက်မနည်းသေဆုံးခဲ့ကာ၊ အမြောက်အမြား ဒဏ်ရာရရှိခဲ့ကြောင်း အတိုက်အခံများက ပြောသည်။ သို့သော် စစ်အစိုးရက လူ ၄ ဦး သေဆုံးကာ၊ ၅ဝ ခန့် ဒဏ်ရာရရှိသည်ဟု သတင်းထုတ်ပြန်ခဲ့သည်။ အဆိ...

သူတို့က တရုတ်တွေကို မုန်းဝန်းဗမာဆိုပြီး

သူတို့က တရုတ်တွေကို မုန်းဝန်းဗမာဆိုပြီး လူမျိုးစု 136 မျိုး ဖြစ်အောင် လုပ်ခဲ့တယ် -NLD က မြန်မာနိုင်ငံမှာ လူမျိုးစု 135 မျိုးပဲ ရှိတာလို့ ကမ္ဘာကို ကြေငြာခဲ့တယ် … -သူတို့က ဘင်္ဂလီသုံးယောက်ကို လွှတ်တော်အမတ် ဝင်ရွေးခိုင်းပီး လွှတ်တော်ထဲထိ ခေါ်သွင်းတယ် -NLD က ဘင်္ဂလီတစ်ယောက်မှ လွှတ်တော်ထဲ ခေါ်မသွင်းဘူး … -သူတို့က ဘင်္ဂလီ ခုနှစ်သိန်းလောက်ကို White Card ပေးပီး နိုင်ငံထဲ နေထိုင်ခွင့်ပေးတယ် -NLD က White Card ပေးပြီး နိုင်ငံထဲ နေထိုင်ခွင့်ရရှိနေတဲ့ ဘင်္ဂလီတစ်ယောက်မှ မရှိဘူး … -သူတို့က White Card ကိုင်ဆောင်ထားတဲ့သူတွေကို နိုင်ငံလုံးဆိုင်ရာ ဆန္ဒခံယူပွဲတွေမှာ နိုင်ငံသားအခွင့်အရေးဖြစ်တဲ့ မဲပေးခွင့်ပေးဖို့ ခွင့်ပြုတယ် -NLD က White Card ကိုင်ဆောင်ထားတဲ့သူတွေဟာ နိုင်ငံသားမဟုတ်လို့ နိုင်ငံလုံးဆိုင်ရာ ဆန္ဒခံယူပွဲတွေမှာ မဲပေးခွင့် မရှိဘူးလို့ သတ်မှတ်တယ် … -သူတို့က လယ်တီသိမ်ကို ဗိုရိုဇာနဲ့ ထိုးပြီး ဖျက်ပစ်တယ် -NLD က ဘာသာရေးအဆောက်အအုံ တစ်ခုမှ မဖျက်ဆီးဘူး … -သူတို့က လက်ပံတောင်းတောင်က သံဃာတော်တွေကို မီးလောင်ဗုံးနဲ့ ပစ်ပြီး မီးသင်္ကန်းကပ်တယ် -NLD က ဘယ်သံဃာကိ...

လမ်းဖောက်တော့ သူ မပါ၊

လမ်းဖောက်တော့ သူ မပါ၊ လမ်းပြင်လည်း သူ မရောက်၊ ဖြူးဖြောင့်စွာ လမ်းပြေချောတော့... ကျော့ကျော့လေးလျောက်။ ကန်တူးရာ သူ မပါ၊ ကန်ဆည်ရာ သူ မရောက်၊ မြကန်သာရေကြည်သန့်မှ၊ ခန့်ခန့်လေးသောက်...။ ပန်းစိုက်ရာ သူ မပါ၊ ပေါင်းသင်ရာ သူ မရှိ၊ ပန်းပေါင်းစုံသင်းကြူမွေးတော့....၊ ရွေးပန်ချင်၏...။ ရပ်ရွာရေး ဆွေးနွေးရာ၊ ဖယ်ရှောင်ခွာ သူ မရော၊ သူထင်ရာမြင်အတွေးနှင့်၊ ဘေးထိုင်ဘုပြော။ လူ့ဘ၀ ခဏတာ၊ မြင့်မြတ်စွာ လူဖြစ်ခိုက်မှာပေါ့...၊ လူပီစွာ ကိုယ့်အမျိုးအတွက်...၊ ကြိုးလိုက်စမ်းပါ။ သိလျက်နှင့် သွေရှောင်ခွာ၊ ဝေဖန်ကာ အမြင်စောင်း၊ မူမမှန် တယူသန်အတွေးတွေနှင့်... ကလေးလို အရေးဆိုကြမ်းတာတော့ ၀မ်းနည်းပါကြောင်း...။ ဆရာကြီးမင်းသုဝဏ်။