Skip to main content

Posts

KNU စီးပွားရေးလုပ်ငန်းတွေကို အရပ်ဘက်အဖွဲ့တွေ ကန့်ကွက်

တနင်္သာရီတိုင်းဒေသကြီးမှာ ဆောင်ရွက်မယ့် မယ်သမီးခီးစက်မှုဇုန်နဲ့ စက်မှုမြို့စီမံကိန်း သဘောတူညီမှု စာချွန်လွှာရေးထိုးပွဲကို ဒီဇင်ဘာလ ၁၃ ရက်နေ့ကတွေ့ရစဉ်။ Photo: Ngwe Soe's Facebook တနင်္သာရီတိုင်းဒေသကြီးအတွင်းမှာ ကရင်အမျိုးသားအစည်းအရုံး KNU အဖွဲ့ပိုင် ကုမ္ပဏီကဆောင်ရွက်မယ့် စီမံကိန်းတွေဟာ ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ယူ၊ တာဝန်ခံမှု၊ ဒေသခံတွေရဲ့ သဘောတူညီမှု ရယူခြင်းမရှိဘဲ မဆောင်ရွက်သင့်ဘူးလို့ တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်း ၃၀၀ ကျော်က သဘောထား ထုတ်ပြန်ကြေညာပါတယ်။

ရခိုင်အရေး ကိုင်တွယ်ပုံ လူ့အခွင့်အရေး မဟာမင်းကြီး အပြင်းအထန် ဝေဖန်

 ရခိုင်ပြည်နယ်အရေး စုံစမ်းရေး ကော်မရှင်က ဒေသခံတွေကို တွေ့ဆုံခဲ့ မြန်မာ အစိုးရရဲ့ ရခိုင်ပြည်နယ် အရေး ကိုင်တွယ်ပုံနဲ့ ပတ်သက်လို့ ကုလ သမဂ္ဂ လူ့ အခွင့်အရေး ဆိုင်ရာ မဟာ မင်းကြီး Zeid Ra'ad Al Hussein က ပြင်းပြင်း ထန်ထန် ဝေဖန် ပြောဆို လိုက် ပါတယ်။

မောင်တော တိုက်ခိုက် သူတွေ ဆော်ဒီနဲ့ ပါကစ္စတန် အဖွဲ့တွေနဲ့ အဆက်သွယ်ရှိဟု ICG ပြောကြား

မောင်တောဒေသက နယ်ခြားစောင့်ရဲစခန်းတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ ရိုဟင်ဂျာမွတ်ဆလင်အဖွဲ့ကို တွေ့ရစဉ် Photo-Video Screen Capture အောက်တိုဘာလဆန်းက မောင်တောဒေသ နယ်ခြားစောင့်ရဲစခန်းတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ ရိုဟင်ဂျာ မွတ်ဆလင်အဖွဲ့ကို ဆော်ဒီအာရေးဗီးယားနဲ့ ပါကစ္စတန်နိုင်ငံတွေနဲ့ ဆက်စပ်နေကြောင်း ဒီအဖွဲ့ဝင်တွေရဲ့ ပြောဆို ချက်တွေကို ကိုးကားပြီး နိုင်ငံတကာပဋိပက္ခ လေ့လာရေးအဖွဲ့ ICG က ဒီကနေ့ ပြောကြားလိုက်ပါတယ်။ မြန်မာလို ယုံကြည်ချက်လှုပ်ရှားမှုလို့ အဓိပ္ပာယ်ရတဲ့ Harakah-al-Yakin လို့ အမည်ပေးထားတဲ့ ဒီရိုဟင်ဂျာအဖွဲ့ ဟာ မောင်တောဒေသ တိုက်ခိုက်မှုတွေ ဟာ သူတို့လက်ချက်ဖြစ်တယ်လို့ ဗီဒီယိုတွေမှာ ပြောဆိုဝန်ခံထားပြီး ICG အဖွဲ့အနေနဲ့ ဒီအဖွဲ့ထဲက ၄ ဦးကို ရခိုင်ပြည်နယ်မှာ တွေ့ဆုံမေးမြန်းခွင့်ရခဲ့သလို ကျန်တဲ့ ၂ ဦးကို မြန်မာနိုင်ငံပြင်ပ မှာ တွေ့ဆုံမေးမြန်းခွင့်ရခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဒီအဖွဲ့ဝင်တွေနဲ့ အဆက်သွယ်ရှိသူတွေကိုလည်း အင်တာနက်မှာ စာနဲ့အပြန်အလှန် ပြောဆိုခွင့်ရခဲ့တယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်အတွင်းဖြစ်စဉ်များ၌ လုံခြုံရေးအဖွဲ့အစည်းများအနေဖြင့် လူ့အခွင့်အရေး ချိုးဖောက်မှုများမရှိဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဆို

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် မလေးရှား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တို့တွေ့ဆုံစဉ်(ဓာတ်ပုံ- တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)     ရန်ကုန်၊ ဒီဇင်ဘာ ၅ ရက် (ဆင်ဟွာ)     ရခိုင်ပြည်နယ်အတွင်း ဖြစ်စဉ်များ၌ နိုင်ငံ၏ လုံခြုံရေးအဖွဲ့အစည်းများအနေဖြင့် ဥပဒေမဲ့လူသတ်၊ မုဒိမ်းကျင့်၊ မီးရှို့မှုစသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများမရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မလေးရှား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် General Tan Sri Dato' Sri (Dr.) Haji Zulkifeli Bin Mohd Zainနှင့် ယနေ့တွေ့ဆုံစဉ်ပြောကြားလိုက်သည်။

ပြည်သူလူထု၏ နိုင်ငံရေးအသိတရား

နိုင်ငံတော်၏ ဒီမိုကရေစီနှင့် ဖွံ့ဖြိုး တိုးတက်မှု အုတ်မြစ် တို့ကို စိန်ခေါ်ချက် ပေါင်းစုံ ရင်ဆိုင်လျက် တည်ဆောက် နေရသော ပစ္စုပ္ပန် ကာလမျိုး၌ အခက်အခဲ တို့ကို ထောက်ပြ၍ ဝေဖန် ထိုးနှက်မှုများ ပြုလုပ်ကြသည်မှာ ရှောင်လွှဲ၍ မရနိုင်သော နိုင်ငံရေး သဘာဝ ဖြစ်ပါသည်။ လူထု အစိုးရသစ်သည် နှစ်ပေါင်းများစွာ စုပြုံ တည်ရှိနေသော ပြဿနာ တို့ကို ရင်ဆိုင် ဖြေရှင်းနေရသည် ဆိုသော အချက်ကို နှလုံးသွင်း ရုံမျှဖြင့် အဆိုပါ ဝေဖန် ထိုးနှက်မှုများ၏ နောက်ကွယ်မှ နိုင်ငံရေး သဘော သဘာဝကို ဆင်ခြင်နိုင်မည် ဖြစ်ပါသည်။

မုံကိုးမြို့ မြန်မာအစိုးရတပ် ပြန်လည်ထိန်းချုပ်

မုံကိုးမြို့ တိုက်ပွဲ (Northern Alliance - Burma) ရှမ်းပြည်နယ် အရှေ့မြောက်ဒေသမှာ မြန်မာ့တပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ (၂)ပတ် အကြာဖြစ်ပွါးနေတဲ့ မုံကိုးမြို့က တပ်စခမ်းတွေကို မြန်မာ့တပ်မတော်ကနေ မနေ့ညနေပိုင်းမှာ ပြန်လည် ထိန်းချုပ်နိုင်ခဲ့ပြီးဖြစ်ပါတယ်။ မနေ့က မုံကိုးမြို့နယ် အတွင်းပစ်ခတ်တိုက်ခိုက်မှုမှာ အရပ်သားတော်တော်များများ

မြန်မာမှ အကြမ်းဖက်သမားများကို ခိုလှုံခွင့်ပေးမည်မဟုတ်ဟု ဘင်္ဂလာဒေ့ရှ် ၀န်ကြီးချုပ်ဆို

နိရဉ္စရာ၊ ဒီဇင်ဘာ ၅ ဘင်္ဂလာဒေ့ရှ် ၀န်ကြီးချုပ် ရှိတ်ဟာဆီးနာက မြန်မာနိုင်ငံမှ အကြမ်းဖက်သမားများကို သူမ၏ နိုင်ငံတွင် ခိုလှုံခွင့်ပေးမည်မဟုတ်ကြောင်း Cox’s Bangla တွင် သတင်းခေါင်းစဉ် মিয়ানমারের সন্ত্রাসীদের আশ্রয় দেব না : প্রধানমন্ত্রী သတင်းဖော်ပြသည်။

မြန်မာနိုင်ငံက UNHCR ဌာန ကိုယ်စားလှယ်ကို ခေါ်ယူပြီး ကန့်ကွက် ပြောဆို

‎ ဘင်္ဂလားဒေ့ရှ် အခြေစိုက် UNHCR ရုံးက အကြီးတန်း အရာရှိ တစ်ယောက်က မြန်မာနိုင်ငံbအနောက်ဘက်က မွတ်ဆလင် အရေးကိစ္စ တိုင်းပြည်နဲ့ အစိုးရ အပေါ် အထင်အမြင် လွဲစေတဲ့ ပြောဆိုမှုတွေနဲ့ ပတ်သက်ပြီး မြန်မာ နိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးကျော်ဇေယျက ဒီကနေ့မှာ မြန်မာနိုင်ငံက UNHCR ဌာန ကိုယ်စားလှယ်ကို နေပြည်တော်မှာ ခေါ်ယူပြီး ကန့်ကွက် ပြောဆိုခဲ့ပါတယ်။ ရခိုင်ပြည်နယ်က အခြေအေ နမှန်တွေနဲ့ ရခိုင်ဒေသ တည်ငြိမ် အေးချမ်းရေး အတွက် အစိုးရရဲ့ ဆောင်ရွက်ချက်တွေကို Mr. Giuseppe de Vincentiis ကို ဒီကနေ့ နေ့လည်

ဆန္ဒပြပွဲကို မလေးဝန်ကြီးချုပ် တက်ရောက်မှု အစိုးရကန့်ကွက်

နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကို တွေ့ရစဉ် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ပြုလုပ်တဲ့ ရခိုင်ပြည်နယ်အရေး ဆန္ဒပြပွဲမှာ မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇတ်ကိုယ်တိုင် ပါဝင်ဆန္ဒပြတာဟာ မြန်မာပြည် မှာ ဘာသာရေးအစွန်းရောက်တွေ ပိုများ လာအောင် တွန်းအားပေးသလို ဖြစ်နေတယ်လို့ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး က ပြောပါတယ်။

မလေးရှားဝန်ကြီးချုပ် လုပ်ရပ်အပေါ် အမြင်တချို့

ရခိုင်ပြည်နယ်တွင်းက လူနည်းစုမူဆလင်တွေ အဖိနှိပ်ခံနေရတယ်ဆိုပြီး မလေးရှားနိုင်ငံဝန်ကြီးချုပ် Najib Razak ကိုယ်တိုင် ဦးဆောင်ဆန္ဒပြခဲ့တာဟာ ၀န်ကြီးချုပ်တယောက်အနေနဲ့ မလုပ်သင့်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ သုံးသပ်သူတွေရှိသလို၊ အာဆီယံရဲ့ ထုံးစံတွေကို ကျော်လွန်ပြီး အာဆီယံနိုင်ငံကြီးတခုက အခြားနိုင်ငံတခုရဲ့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်သလို ဖြစ်နေတယ်လို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။ အကြောင်းစုံကို ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။ ရခိုင်ပြည်နယ်က မူဆလင်အရေး မြန်မာအစိုးရရဲ့ကိုင်တွယ်ပုံတွေကို မကြေနပ်ကြောင်းပြသတဲ့အနေနဲ့ မလေးရှားနိုင်ငံဝန်ကြီးချုပ် နာဂျစ် ရာဇတ် ဦးဆောင်ပြီး ထောင်ချီတဲ့ မလေးရှားနိုင်ငံသားတွေ