Skip to main content

Posts

ဆရာမ ဒေါ်သန်းမြင့်အောင်တို့နှင့် အင်အယ်ဒီအဖွဲ့ဝင်များ မဲဘုန်း Recycle လေ့လာရေးခရီး

ဒေါ်အောင်ဆန်းစုကြည်၏ ၇၁ နှစ်မြောက် မွေးနေ့မင်္ဂလာ အခမ်းအနားပွဲ

ဆရာနေ၀င်းမြင့်၊ မောင်သာချို။ ဗေလုဝ၊ ဒေါ်သန်းမြင့်အောင်တို့နှင့်အင်အယ်ဒီမိသားစုများ

အင်အယ်ဒီအစိုးရသစ်ပညာရေးထောက်ပံမှု

ကြည့်ဖြစ်အောင် ကြည့်လိုက်ပါ ကျော်မသွားပါနဲ့......... အရင်ကဒီလို သတင်းမျိုး ကြားဖူးသလား ?

ငါးနှစ်အတွင်း ငြိမ်းချမ်းရေးရအောင် ကြိုးပမ်းပြီး တပ်မတော် ၂၅ရာခိုင်နှုန်း လွှတ်တော်မှ ထွက်ခွာမည်ဟု တပ်ချုပ်ပြော

နေပြည်တော်(မေလ ၁၃ရက်၊ ၂၀၁၆ခုနှစ်)။ ။ သမ္မတဦးထင်ကျော်၏ အစိုးရသက်တမ်းငါးနှစ်အတွင်း စစ်မှန်သည့် ပြည်တွင်းငြိမ်းချမ်းရေးရရှိအောင် ကြိုးပမ်းမည်ဖြစ်ပြီး လွှတ်တော်တွင်း နေရာယူထားသော တပ်မတော်သားအမတ် ၂၅ရာခိုင်နှုန်းမှာလည်း ပြည်သူ့ဆန္ဒအတိုင်း ဖြစ်စေရမည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုလိုက်သည်။ "ကျွန်တော်တို့ ဒီဒုတိယငါးနှစ်မှာ တစ်ကယ်ငြိမ်းချမ်းရေးရအောင် လုပ်ချင်တယ်။ ဒေါ်အောင်ဆန်းစုကြည် (နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်)ကိုလည်း ကျွန်တော်ပြောပါတယ်။  အစ်မရေ...ဒီကာလကတော့ ငြိမ်းချမ်းရေးရအောင် လုပ်ရလိမ့်မယ်။ သူလည်း ဒါကို လက်ခံပါတယ်" ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။ ရွေးကောက်ခံ အရပ်သားအစိုးရသစ်တာဝန်ယူပြီးနောက် နေပြည်တော်ရှိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးတွင် မေလ ၁၃ရက်က ပထမဆုံးအကြိမ်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုလိုက်ခြင်း ဖြစ်သည်။ "နိုင်ငံရေးက အဓိက မဟုတ်ဘူး။ ငြိမ်းချမ်းရေးက အဓိကပါ။ နိုင်ငံရေးက သူ့အချိန်အခါနဲ့သူ လုပ်သွားလို့ရတယ်။ ငြိမ်းချမ်းရေးကျတော့ စောစောရလေ ကောင်းလေပဲ...

လမ်းများ တာရှည်မခံလျှင် အင်ဂျင်နီယာများ ထောင်ထဲဝင်ရမည်ဟု ဆောက်လုပ်ရေးဝန်ကြီး သတိပေး

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) အစိုးရသစ် လက်ထက် တည်ဆောက်သည့် လမ်းများသည် အနည်းဆုံး ၅ နှစ် မခံဘဲ ပျက်စီးခဲ့ပါက တာဝန်ခံ ဆောက်လုပ်သည့် အင်ဂျင်နီယာများကို ထောင်ထဲပို့မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီး ဦးဝင်းခိုင်က သတိပေးပြောဆိုလိုက်သည်။ ယနေ့ ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၁၇၃ တွင် ကျင်းပပြုလုပ်သည့် ရန်ကုန်-မန္တလေး အမြန်လမ်းပိုင်း ယာဉ်မတော်တဆမှု လျှော့ချရေး ရက် ၁၀၀ စီမံချက် ရှင်းလင်းပွဲတွင် ၀န်ကြီးက အထက်ပါအတိုင်းပြော ဆိုလိုက်ခြင်း ဖြစ်သည်။ “ကျနော်တို့ ဒီနေရာကနေ ရဲရဲဝံ၀ံ အာမခံရဲတယ်။ အစိုးရတက်ပြီးနောက်ပိုင်း လမ်းတလမ်း ၅ နှစ်မှ မခံရင် အဲဒီအင်

ပည်ထောင်စု အင်္ဂါစဉ်သစ်အပေါ် အမြင်တချို့

နိုင်ငံတော် အာဏာထိပ်ပိုင်းမှာ တာဝန်ယူထားသူတွေရဲ့ ရာထူးအစဉ် အလိုက် ဖေါ်ပြထားတဲ့ ပြည်ထောင်စုအင်္ဂါစဉ်ကို မနေ့က နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်လိုက်ပါတယ်။ ဒီထုတ်ပြန်ချက်အရ သမ္မတ ဦးထင်ကျော်က နံပါတ် (၁) အဲဒီနောက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နံပါတ် (၂) ပြီးမှ ဒုသမ္မတ နှစ်ဦးက အစဉ်လိုက်ရှိနေပါတယ်။ ထူးခြားချက်အနေနဲ့ ကာကွယ်ရေး ဦးစီးချုပ်က နံပါတ်(၈)နေရာမှာ ရှိနေတာဖြစ်ပါတယ်။ ပြည်ထောင်စု အင်္ဂါစဉ်ကြောင့် စစ်တပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD အစိုးရကြား ယုံကြည်မှု တည်ဆောက်ရေး ထိခိုက်စေမလား။ ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြ

ငြိမ်းချမ်းရေး ညီလာခံ မတိုင်ခင် အပစ်ရပ်ကြဖို့ လိုလား

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကနေ ၂၁ ရာစု ပင်လုံညီလာခံ ကို တလ၊ နှစ်လအတွင်း ကျင်းပနိုင်ဖို့ ဧပြီလ(၂၇)ရက်နေ့ ပြည်ထောင်စုအဆင့် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) အစည်းအဝေးမှာ တိုက်တွန်းပြောဆိုခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၂၁ရာစု ပင်လုံညီလာခံပြုလုပ်နိုင်ရေး ပြောဆိုချက်အပေါ် တိုင်းရင်းသားခေါင်းဆောင်တွေက အမြင်သဘောထား ဘယ်လိုရှိနေပါသလဲဆိုတာ ဗွီအိုအေသတင်းထောက် နိုင်ကွန်းအိန်ကနေ အခုလို ဆက်သွယ်မေးမြန်းပြီးသတင်းပေးပို့ထားပါတယ်။ ၂၁ရာစု ပင်လုံညီလာခံဟာ တိုင်းရင်းသားတွေအားလုံး မျှော်လင့်နေ

NLD အစိုးရသစ်လက်ထက် သစ်ထုတ်လုပ်မှု ၁ နှစ် ရပ်ဆိုင်းမည်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရသစ်လက်ထက်တွင် သစ်ထုတ်လုပ်ခြင်းကို တနှစ် လုံးဝ ရပ်ဆိုင်းသွားမည် ဖြစ် ကြောင်း မြန်မာ့သစ်လုပ်ငန်းမှ ညွှန်ကြားရေးမှူး ဦးစောဂျွန်ရွှေဘက ပြောသည်။ “၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အတွက် သစ်တွေလည်း တနှစ်စာလောက် ရှိသေးတယ် တန် ၄ ၊ ၅ သိန်းလောက်ပေါ့။ ဒါကြောင့် ဒီနှစ်ကို လုံးဝ မထုတ်တော့ပါဘူး။ ကျတော်တို့ဌာန အနေနဲ့ ဆုံးဖြတ်တာ။ အစိုးရအဖွဲ့ကို တင်ပြရဦးမယ်။ အခုလို ရပ်လိုက် တဲ့ အရသာကို ကြိုက်လို့ မထုတ်နဲ့ သစ်တောတွေကို ထိန်းဆိုရင်လည်း ထိန်းသွားမယ်ပေါ့။ ရပ်ဆိုင်းပြီး နောက်ပိုင်း ကိုတော့ မသိဘူးပေါ့”ဟု ညွှန်ကြားရေးမှူး ဦးစောဂျွန်ရွှေဘက ပြောသည်။ ယခင် အစိုးရလက်ထက် နိုင်ငံတော်၏ လိုအပ်ချက် များခဲ့ခြင်းကြောင့် နိုင်ငံခြားငွေရှာဖွေပေးနိုင်ရန် သစ်ထုတ်လုပ် ခြင်းဖြင့် ၀င်ငွေရှာ

ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည် ၁ သိန်းကျော် ပြန်ပို့ရန် ပြင်ဆင်

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်ရှိ ဒုက္ခသည်စခန်း ၃ ခုမှ  ဒုက္ခသည်ပေါင်း တစ်သိန်းကျော်ကို နေရင်းမြန်မာနိုင်ငံကို ပြန်ပို့ဖို့ ပြင်ဆင်နေတယ်လို့ တာ့ခ်ခရိုင်မှ ဒုခရိုင်ဝန်ရဲ့အပြောကို ကိုးကားပြီး INN အိုင်အန်အန်ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ ဧပြီ ၂၇ ရက်က တာ့ခ်ခရိုင် မဲဆောက်မြို့နယ် အထူးစီးပွားရေးဇုန်ခန်းမမှာ ကျင်းပတဲ့ ဒုက္ခသည်များဆိုင်ရာ အစည်းအဝေးအပြီး တာ့ခ် ဒုခရိုင်ဝန် နိုင်းဆုထဒ် ဆိုင်းဝမ်းချိုင်းက သတင်းထောက်တွေကို ပြောခဲ့တာ ဖြစ်ပါတယ်။