Skip to main content

Posts

မြန်မာနိုင်ငံသမ္မတ ဦးထင်ကျော်ကို အမေရိကန်သမ္မတ ဘရာ့ခ် အိုဘားမားက ချီးကျူး ဂုဏ်ပြု

မြန်မာနိုင်ငံသမ္မတအဖြစ် ဒီကနေ့ ကတိသစ္စာပြုလိုက်ပြီဖြစ်တဲ့ ဦးထင်ကျော်ကို အမေရိကန်သမ္မတ ဘရာ့ခ် အိုဘားမားက ချီးကျူး ဂုဏ်ပြုလိုက်ပါတယ်။ သမ္မတဦးထင်ကျော်၊ အစိုးရအဖွဲ့သစ်တို့နဲ့ လက်တွဲလုပ်ဆောင်သွားဖို့ မျှော်လင့်နေတဲ့အကြောင်းလည်း ဒီကနေ့ သမ္မတအိမ်ဖြူတော်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဦးထင်ကျော် သမ္မတအဖြစ် ကတိသစ္စာပြုလိုက်တာဟာ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်တဲ့၊ အရပ်သားဦးဆောင်တဲ့ အစိုးရအဖွဲ့တခုဆီ မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းရေးမှာ သမိုင်းမှတ်တိုင်တခုဖြစ်တယ်လို့လည်း မစ္စတာအိုဘားမားက ပြောပါ တယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေ ပြဌာန်းမည်

နိုင်ငံတော်၏ အတိုင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကြမ်းတရပ်ကို ကြာသပတေးနေ့ ကျင်းပမယ့် အမျိုးသားလွှတ်တော်အစည်းအဝေးမှာ တင်သွင်းဖို့ရှိတယ်လို့ ကိုယ်တိုင်တင်သွင်းမယ့် လွှတ်တော်ကိုယ်စားလှယ်က ဗွီအိုအေကို အတည်ပြု ပြောဆိုပါတယ်။ သမ္မတဦးထင်ကျော် လက်မှတ်ထိုး ပြဌာန်းမယ့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကို အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဝင် မကွေးတိုင်း မဲဆန္ဒနယ် အမှတ်(၄) ကိုယ်စားပြု အမျိုးသားလွှတ်တော်ကိုယ်စားလှယ်

ရွေးကောက်ပွဲကော်မရှင်သစ်ထံ တာဝန်လွှဲပြောင်း

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့သစ်ထံ ကော်မရှင်ဥက္ကဌဟောင်း ဦးတင်အေးက တာဝန်လွှဲပြောင်းပေး အပ်တဲ့ အခမ်းအနားကို နေပြည်တော်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှာ ဒီကနေ့ နေ့လည်က ကျင်းပခဲ့ပါတယ်။ ပြီးခဲ့တဲ့ရွေးကောက်ပွဲ အတွေ့အကြုံတွေနဲ့ အကြံပြုချက်တွေ ရေးသားထားတဲ့ အစီရင်ခံစာကိုလည်း ကော်မရှင် ဥက္ကဌသစ် ဦးလှသိန်းထံ

နိုင်ငံတော်သမ္မတ ဦးထင်ကျော်၏ မိန့်ခွန်း

လွှတ်တော်နာယကကြီး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တက်ရောက်လာကြသော ဂုဏ်သရေရှိဧည့်သည်တော်များ နဲ့ နိုင်ငံသူ၊ နိုင်ငံသားများခင်ဗျာ့း့  ဒီပြည်ထောင်စုလွှတ်တော်ကြီးက ကျွန်တော့်ကို နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရတာဟာ အထင်ကရ သမိုင်းဝင်ဖြစ်ရပ်ကြီးတစ်ခုဖြစ်တဲ့အတွက် ကျွန်တော် များစွာဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြား လိုပါတယ်။ နိုင်ငံတော်သမ္မတဖြစ်လာတဲ့အညီ ကျွန်တော်က ပြည်ထောင်စုလွှတ်တော်ကို တာဝန်ခံရမယ့် ပုဂ္ဂိလ်ဖြစ်လာပါတယ်။

NLD ကိုယ်စားလှယ် ဦးညီပုကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ် အတည်ပြုခန့်အပ်

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် NLD ပါတီ ဂွမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးညီပုကို အဆိုပြုထားတာ ကို ရခိုင်အမျိုးသားပါတီက ကန့်ကွက်ခဲ့ပေမယ့် ပြည်နယ်လွှတ်တော်က ဒီကနေ့ အတည်ပြုခန့်အပ်လိုက်ပါတယ်။ ကန့်ကွက်မှုဟာ ဥပဒေလုပ်ထုံးလုပ်နည်းနဲ့ မညီတာကြောင့် အတည်ပြုခန့်အပ်ကြောင်း လွှတ်တော်ဥက္ကဌ ဦးစံကျော်လှက ကြေညာခဲ့ပါတယ်။ "လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လွင်၏ ကန့်ကွက်လွှာမှာ

မချောစန္ဒီထွန်း လွတ်မြောက်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဓာတ်ပုံကို ပြုပြင်ပြီး သရော်တဲ့စာသားတွေ နဲ့ ဖေ့စ်ဘွတ်မှာ တင်ခဲ့တာကြောင့် ထောင်ဒဏ် ၆လ ချမှတ်ခံထားရတဲ့ ချစ်သမီး (ခေါ်) မချောစန္ဒီထွန်းဟာ ဒီနေ့ မအူပင်အကျဉ်းထောင်ကနေ ပြစ်ဒဏ်ကာလပြည့်မြောက်ပြီး လွတ်မြောက်လာပါတယ်။ အကျဉ်းကျစဉ်မှာ နှစ်လလောက်က ဖိနှိပ်ချုပ်ချယ်မှုတွေခံခဲ့ရတယ်လို့ မချောစန္ဒီထွန်းက ပြောပါတယ်။ "အခန်းအပြင်ဘက်ထွက်လို့ရတော့ သမီးက

အရပ်သားသမ္မတ ဦးထင်ကျော်ထံသို့ သမိုင်းဝင် အာဏာလွှဲပြောင်း

နှစ်ပေါင်း ၅၀ ကျော်အတွင်း ၂၀၁၅ ရွေးကောက်ပွဲ ရလာဒ်အရ ပေါ်ထွန်းလာသော အရပ်သားသမ္မတသစ် ဦးထင်ကျော် ထံသို့ သမ္မတဦးသိန်းစိန်က ယနေ့ နံနက်ပိုင်းတွင် တရားဝင် အာဏာလွှဲပြောင်းပေးလိုက်ခြင်းဖြင့် ၁၉၆၂ ခုနှစ်မှ စတင်ခဲ့ သော စစ်အာဏာရှင်စနစ်နှင့် ၂၀၁၆ ခုနှစ်အထိ ပေါ်ပေါက်ခဲ့သော အသွင်ပြောင်း ဗိုလ်ချုပ်ကြီးများ၏ အုပ်ချုပ် မှုကို အဆုံး သတ်လိုက်ပြီဖြစ်သည်။ သမ္မတ ဦးထင်ကျော်သည် ယနေ့နံနက်ပိုင်း လွှတ်တော်တွင်

သမ္မတ ဦးထင်ကျော် မိန့်ခွန်းအပေါ် နိုင်ငံရေးသမားနှင့် အနုပညာရှင် တချို့၏ အမြင်များ

နိုင်ငံတော် သမ္မတ ဦးထင်ကျော် က ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်သည့် ပြည်ထောင်စု လွှတ်တော် ၁၅ ရက်မြောက်နေ့ အစည်းအဝေး တွင် မိန့်ခွန်းပြောကြားခဲ့သည်။ သမ္မတ ဦးထင်ကျော် ၏ မိန့်ခွန်းတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ကို အဓိက အလေးပေးပြောကြားခဲ့သလို ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသားရင်ကြားစေ့ရေးနှင့် ပြည်သူလူထု ၏ လူနေမှု အဆင့်အတန်းမြင့်မားရေးကိစ္စ တို့ကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။ သမ္မတ ဦးထင်ကျော် ပြောကြားခဲ့သည့် မိန့်ခွန်းနှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော် နှင့် အမျိုးသားလွှတ်တော်မှ ကိုယ်စားလှယ်များ၊ တိုင်းရင်းသားပါတီ ကိုယ်စားပြု ကိုယ်စားလှယ်များ နှင့် လွှတ်တော်လုပ်ငန်းစဉ်များအား လာရောက် လေ့လာသုံးသပ်သူများကို ဧရာဝတီ နေပြည်တော် သတင်းထောက် ထက်နိုင်ဇော် က တွေ့ဆုံမေးမြန်းထားပါသည်။

သမ္မတသစ်၏ ကတိကဝတ်များနှင့် ပကတိ တရားများ

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရရဲ့ သမ္မတ ဦးထင်ကျော်က ၂၀၀၈ အခြေခံ ဥပဒေ ပြင်ဆင်ရေး အပါအ၀င် အမျိုးသား ရင်ကြားစေ့ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု ဖြစ်ပေါ်ရေးတို့ကို ဆောင်ရွက်မယ်လို့ ကတိပြုလိုက်ပြီ ဖြစ်ပြီး အဲဒီ ကတိများဟာ ဘယ်လောက် အတိုင်းအတာ အတွင်း မြန်မြန် အလုပ်ဖြစ်မလဲဆိုတာ နိုင်ငံရေး အသိုင်းအဝိုင်း၊ လေ့လာသူများက သုံးသပ်နေကြပါတယ်။ ပြီးတော့ သမ္မတသစ် အနေနဲ့ နိုင်ငံတော်

တပ်ကရွေးတဲ့ ဝန်ကြီး ဗိုလ်ချုပ်တွေ

တပ်မတော်ကတင်တဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး ၃ ဦးဟာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ စာရင်းထဲမှာ မပါဝင်ဘဲ နောက်ကြောင်း ရာဇဝင်မှာ အမည်းစက် နည်းတဲ့သူတွေ ဖြစ်နေတာကို တွေ့ရပါတယ်။ ဒုတိယ ဗိုလ်ချုပ်ကြီးများဖြစ်တဲ့ စိန်ဝင်း၊ ကျော်ဆွေနဲ့ ရဲအောင်တို့ဟာ တပ်မတော်မှာ အဆင့်မြင့်ရာထူးတွေကိုယူခဲ့၊ အတွေ့အကြုံတွေကို ရှိခဲ့အပြီးမှာ အခုလက်ရှိ အစိုးရသစ်ရဲ့ အရေးကြီးတဲ့ ဝန်ကြီးဌာန ၃ နေရာကို ယူမှာဖြစ်ပါတယ်။ ဒု ဗိုလ်ချုပ်ကြီး စိန်ဝင်းဟာ OTS အပတ်စဉ် ၅၄