စာရေးသူ။ မွန်ဆရာတော် ဦးရာဝိက မြန်မာသမိုင်းမှာ သီဟသူ (ခြင်္သေ့လို ရဲရင့်သူ)နာမည်နဲ့ ဆိုးသွမ်းသူ အများကြီး ရှိခဲ့တယ်။ သီဟသူထဲမှာ အင်းဝဘုရင် သီဟသူဟာ နာမည်ပျက်တဲ့နေရာမှာ အသက်သာဆုံးလို့ ဆိုရမယ်။ သူက နေဝင်းလောက်ပဲ နှာပူလို့ပါပဲ။ တစ်ခါမှာ သူက ညီလာခံမှာ "ဟံသာဝတီပြည့်ရှင် မွန်ဘုရင်မ ဗညားထော(ရှင်စောပု)ဟာ ဗဂိုးကနေ ဒဂုံကို အခြွေအရံနည်းနည်းပါးပါးနဲ့ ဒဂုံဆံတော်ရှင်ကို ကြည်ညိုနေကြောင်း ကြားသိရတယ်။ ငါ့ကိုယ်တော်မြတ်ကို မထီလေးစားပြုမူခြင်းပဲ ဖြစ်ပါတော့တယ်"လို့ ပြောသတဲ့။ သူ့ဆိုလိုရင်းမှာ ဗညားထောဟာ အင်းဝတပ်ကို မထီလေးစားပြုချင်လို့ ကိုယ်ရံတော်တပ်ဖွဲ့ မ