Skip to main content

Posts

ရိုဟင်ဂျာ အသုံးအနှုန်းပါတဲ့ အကူအညီမှန်သမျှ ငြင်းပယ်မယ်လို့ ရခိုင်ဝန်ကြီးချုပ်ပြော

 နိုဝင်ဘာ ၁၇ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းက ထောက်ပံ့လာတဲ့ ဘယ်လို ထောက်ပံ့ ကူညီမှုမျိုးကို မဆို လက်မခံပဲ ငြင်းပယ်သွား မယ်လို့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက ဒီကနေ့ ပြောဆို လိုက်ပါတယ်။ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးမှာ ဒီကနေ့ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက အခုလို ပြောကြား လိုက်တာပါ။

ဆန္ဒပြ ကျောင်းသားတွေနဲ့ အာဏာပိုင်တွေ တွေ့ဆုံ ဆွေးနွေး

 နိုဝင်ဘာ ၁၇ တနင်္လာနေ့ မှာတော့ ကျောင်းသား တွေဟာ ရန်ကုန် မြို့ထဲ နဲ့ မြို့တော် ခန်းမ ရှေ့မှာ ဆန္ဒပြ ပွဲတွေ ထပ်လုပ်ဖို့ ရှိပါတယ်။ အမျိုးသား ပညာရေး ဥပဒေ နဲ့ ပတ်သက်လို့ ကျောင်းသားတွေ ကန့်ကွက် ဆန္ဒပြ ခဲ့ကြတဲ့ (၃)ရက် မြောက် ဖြစ်တဲ့ တနဂင်္နွေ နေ့ မှာ တော့ ပညာရေး ဌာန တာဝန်ရှိ သူတွေ နဲ့ ကျောင်းသား ခေါင်းဆောင်တွေ တွေ့ဆုံ ဆွေးနွေး ခဲ့ပါတယ်။

ကန်တဦးကို ခေါင်းဖြတ် သတ်ကြောင်း IS ကြေညာ

 နိုဝင်ဘာ ၁၇ IS စစ်သွေးကြွအဖွဲ့ဟာ သူတို့ဖမ်းဆီးထားတဲ့ အမေရိကန် အကူအညီ ပေးရေး ၀န်ထမ်း Abdul-Rahman Kassig ကို ခေါင်းဖြတ် သတ်လိုက်ပြီဆိုပြီး တနင်္ဂနွေနေ့က အင်တာနက်ပေါ်တင်တဲ့ သူတို့ရဲ့ ဗွီဒီယိုဖိုင်တခုမှာ ပြောထားပါတယ်။ သူတို့ထုတ်ပြန်တဲ့ ဒီ ဗွီဒီယိုဖိုင်ဟာ အမှန်ဟုတ်မဟုတ်ကို ဖြစ်နိုင်သမျှ အမြန်ဆုံးသိနိုင်ဖို့ အမေရိကန် ထောက်လှမ်းရေး အ၀န်းအ၀ိုင်းက စုံစမ်း ဆောင်ရွက်နေတယ်လို့ အမျိုးသား လုံခြုံရေးကောင်စီ ပြောခွင့်ရ အမျိုးသမီး Bernadette Meehan က ပြောပါတယ်။

PR စနစ် ကျင့်သုံးရန် အဆိုပြုထားမှု ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး ပယ်ဖျက်

 နိုဝင်ဘာ ၁၇ ၂၀၁၅ ခုနှစ်တွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲ အပါအ၀င် ရွေးကောက်ပွဲ အားလုံး၌ ကိုယ်စားလှယ်များ ရွေးချယ်ရာတွင် ဆန္ဒမဲ အချိုးကျ ကိုယ်စားပြုစနစ်(PR) ကျင့်သုံးရန် အဆိုပြုထားမှုကို ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ခုံရုံးက ပယ်ဖျက်လိုက်သည်။ PR စနစ် ကျင့်သုံးရန် အဆိုပြုထားခြင်းအား ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးက ပယ်ဖျက်လိုက်သည့် အကြောင်းကြားစာကို လွှတ်တော် အသီးသီးသို့ ယမန်နေ့က ပေးပို့ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ပုဒ်မ ၄၃၆ ပြင်ဆင်ရေး တပ်မတော်သား ကိုယ်စားလှယ်များ ကန့်ကွက်

 နိုဝင်ဘာ ၁၇ မြန်မာနိုင်ငံရဲ့ ၂၀၁၅ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ အမေရိကန် သမ္မတ အိုဘားမား က သမ္မတ ဦးသိန်းစိန်ကို နေပြည်တော်မှာ တိုက်တွန်းပြောဆိုတဲ့နေ့မှာပဲ ပြည်ထောင်စု လွှတ်တော်မှာ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး အဆို ကို တပ်မတော်သား ကိုယ်စားလှယ်တွေက ကန့်ကွက်လိုက်ကြပါတယ်။

ကိုပါကြီးအသတ်ခံရမှု စစ်ဆေးမှု ပြီးလုနီးပြီဟု ကော်မရှင်ပြော

 နိုဝင်ဘာ ၁၇ အလွတ်သတင်းထောက်ကိုပါကြီး အသတ်ခံရမှု စုံစမ်းစစ်ဆေးနေတဲ့ မြန်မာ့လူ့အခွင့် အရေးကော်မရှင်ရဲ့ လုပ်ငန်းတွေ အပြီးသတ်လုနီး ရှိနေပြီး ဒီလထဲ အစီရင်ခံစာ ထွက်ဖို့ ရှိတယ်လို့ အဖွဲ့ခေါင်းဆောင် ဦးစစ်မြိုင်က ပြောပါတယ်။ ဦးစစ်မြိုင်ခေါင်းဆောင်တဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်ဟာ အခုလ ဆန်းပိုင်းက စပြီး မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်တို့ကို သွားရောက်ပြီး အစိုးရ စစ်တပ်အပါအ၀င် သက်သေ ၅၀ ကျော်ကို စစ်ဆေး မေးမြန်း ခဲ့ပြီးပြီလို့ ကော်မရှင်ဒုဥက္ကဋ္ဌ ဦးစစ်မြိုင်က ပြောပါတယ်။

တူမောင်ညို – ချွတ်မရတဲ့ အဆိုးမြင်အစွဲအလန်းတွေနဲ့ စတေးတပ်ရေးတဲ့ စစ်ဗိုလ်အမတ် ၁၆၊၁၁၊၂၀၁၄

 နိုဝင်ဘာ ၁၆ မိတ်ဆွေတစ်ယောက် ရှဲ(share)လို့ ကြံ့ဖွံ့ပါတီ၊ ဂန့်ဂေါအမတ် (ဗိုလ်)လှဆွေရဲ့ စတေးတပ် တစ်ခုဖတ်ရတယ်။ (ဗိုလ်)လှဆွေ ရေးထားတာတိုတိုလေးပါ။ ဒါပေမယ့်သူရေးတာထဲမှာ သူတို့စစ်အုပ်စုရဲ့ အဆိုးမြင်အစွဲအလန်းနဲ့ ရပ်တည်ခံယူပုံ ကတော့ စံပြုလောက်အောင်ပဲ ပေါ်လွင်နေပါတယ်။ သူရေးတဲ့အကြောင်းအရာက ပေါ်ပေါက်နေတဲ့ “ကျောင်းသားသပိတ်” ( အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်ခြင်း) အပေါ်ရေးထားတာပါ။ သူရေးထားတာထဲမှာ  “ကျောင်းသားသပိတ်/ကျောင်းသားလှုပ်ရှားမှု၊ ကျောင်းသားသမဂ္ဂ” တို့နဲ့ပတ်သက်လာရင် စစ်အုပ်စုရဲ့အစဉ်အလာအရိုးစွဲနေတဲ့ အမြင်ဟောင်းနဲ့သဘောထားဟောင်းကို တစ်ထပ်တည်းရပ်တည်ကိုယ်စားပြုဖော်ပြထားတယ်။ 

သီရိဘုန်းစံ – အမြင်ရှင်းရှင်း ရင်တွင်းငြိမ်းစေ ၁၅၊၁၁၊၁၄

 နိုဝင်ဘာ ၁၅ ၃ မိနစ်တစ်စီး ဆိုက်နေကျ Local train က တစ်စီးပျောက်လိုက်တာနဲ့ ဘူတာစင်္ကြန်မှာ လူတွေကြိတ်ကြိတ် တိုး ပြည့်နှက်သွားတယ်။ မိမိလည်း ကြိတ်ကြိတ်တိုးနေကြတဲ့ခရီးသွားထဲမှာ တစ်ဦးအပါအဝင်ပေါ့။ အိန္ဒိယနိုင်ငံ ဘုံဘေတက္ကသိုလ်မှာ Ph.D စာတမ်းပြုနေစဉ်အတွင်း မြို့ထဲမှာရှိတဲ့ စာကြည့်တိုက်တွေကို နေ့စဉ်နေ့တိုင်း ရထားစီးပြီးသွားရတယ်။ ကိုယ်သွားတဲ့အချိန်က နံနက်ခင်း အများပြည်သူ အလုပ်သွား ရုံးသွားတဲ့ အချိန်နဲ့ အတူတူပဲဆိုတော့ ရထားကြပ်တဲ့အတွေ့အကြုံက ရိုးအီနေပြီ။

နိုဝင်ဘာ ၁၇

စီးပွားရေးပညာရပ် လေ့လာနေသူ မ၀င့်ဝါလွင်နဲ့ မေးမြန်းချက် လူဝင်ကြီးကြပ်ရေး ပြုပြင်မှု လွှတ်တော်ခွင့်ပြုချက် မယူဘဲလုပ်ဖို့ အိုဘားမားကြိုးပမ်း ကန်တဦးကို ခေါင်းဖြတ် သတ်ကြောင်း IS ကြေညာ ဆန္ဒပြကျောင်းသားတွေနဲ့ ပညာရေးတာဝန်ရှိသူများတွေ့ဆုံ G-20 အစည်းအဝေးကနေ မစ္စတာပူတင် စောပြန်မယ့် ကိစ္စ ရုရှား ငြင်း ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံ အီဘိုလာ ကင်းပြီလို့ ကြေညာ ဆန္ဒပြကျောင်းသားတွေ ရန်ကုန်တက္ကသိုလ်ဝင်းထဲဝင်ရောက် ကမ္ဘာ့ပြဿနာ ဦးဆောင်ဖြေရှင်းဖို့ အမေရိကန်တာဝန် Chibok မြို့  Boko Haram သိမ်း NLD ပါတီအမတ်တွေက ဦးအောင်သောင်း ကို ကာကွယ်တာ မှန်သလား သမ္မတအိုဘားမားရဲ့ မြန်မာခရီးစဉ် အပေါ် အမြင်တချို့ PR စနစ် မကျင့်သုံးဖို့ ပြည်သူ့လွှတ်တော် ဆုံးဖြတ် လက်ကိုင်ဖုန်း ဆက်သွယ်မှု ကန်ထောက်လှမ်း ၃ ရက်ဆက် ကျောင်းသားသပိတ်တိုက်ပွဲ ဓာတ်ပုံပေါင်းချုပ် အမေရိကန် လေတပ်စခန်းကို ဂျပန် အိုကီနာဝါကျွန်း ဒေသခံများ ဆန္ဒပြ သိန္နီမြို့တွင် အကြမ်းဖက်သမားဟု ယူဆရသူ ၄ ဦး ဖမ်းမိ ဂျီ ၂၀ ထိပ်သီးအစည်းအဝေး ကမ္ဘာ့စီးပွားရေးတိုးတက်မှု မြှင့်တင်ရန် သဘောတူ သစ်ပင်ဒါယကာကြီး ဦးငွေ ရာပြည့်အမှတ်တရ စ...

ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန် သမ္မတ ဘားရတ်အိုးဘားမား နှင့် တွေ့ ဆုံ

အမျိုးသားဒီမိုကရေစ်ီအဖွဲချုပ်ဥက္ကဌဒေါ်အောင်ဆန်းစုကြည်သည် ၁၃.၁၁.၁၄ နေလည် ၃း၃၀ က နေပြည်တော် ဟိုတယ်ဇုန် ရှိ နန်းဝတီ ဟိုတယ်တွင်ဖွင်လှစ်ထားသော NDI ၏ Parli amentary Resource Center (PRC) တွင်အမေရိကန် သမ္မတ ဘားရတ်အိုးဘားမား နှင့်  မြန်မာနိုင်ငံ ပြည်ထောင်စုလွတ်တော်နာယက၊ အမျိုးသားလွတ်တော် ဥက္ကဌ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ ဆုံပွဲသို့ ၊ အမျိုးသားဒီမိုကရေစ်ီအဖွဲချုပ်ဥက္ကဌဒေါ်အောင်ဆန်းစုကြည်တက်ရောက်ခဲပြီး အဆိုပါတွေ့ ဆုံပွဲသိုပြည်ထောင်စုလွှတ်တော်နာယက ဦးရွှေမန်း၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌဦးခင်အောင်မြင့်၊နိင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဦးလှမြင့် ဦး၊ အမျိုးသားဒီမိုကရေစ်ီအဖွဲချုပ် မှ့ ဗဟိုအလုပ်အမှုဆောင်ဦးဝင်းထိန့် ၊ ဗဟိုကော်မတီ ဒေါ်ဖြူဖြူသင်းနှင့် သက်ဆိုင်ရာကော်မတီများမှလွှတ်တော်ကိုယ်စားလှယ်များ တို့ တက်ရောက်သည်။