မြန်မာနဲ့ စစ်ရေးပူးဆောင်ရွက်မှု သြစတြေးလျ ရပ်ဆိုင်း
သြစတြေးလျ နိုင်ငံသည် မြန်မာနှင့် ထားရှိတဲ့ စစ်ရေးပူးပေါင်းလုပ်ဆောင်မှုများ အားလုံးကို ရပ်ဆိုင်းထားလိုက်ပြီဖြစ်ကြောင်း သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး Marise Payne မတ်လ ၇ရက်နေ့ညကကြေညာလိုက်သည်။
စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြသည့် လူထုအပေါ် မြန်မာစစ်တပ်နှင့် လုံခြုံရေးတပ်ဖွဲ့များက အကြမ်းဖက်ဖြိုခွင်းမှုများ အရှိန်မြင့်တက်လာနေချိန်တွင် သြစတြေးလျနိုင်ငံက ယခုကဲ့သို့ ကြေညာလိုက်ခြင်း ဖြစ်သည်။
ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်နေကြသည့် ပြည်သူတွေအပေါ် မြန်မာစစ်တပ်က အကြမ်းဖက်ဖြိုခွင်းမှုများကို သြစတြေးလျနိုင်ငံအနေဖြင့် ရှုတ်ချကြောင်းလည်း နိုင်ငံခြားရေးဝန်ကြီး Marise Payne ကပြောသည်။
ထို့အပြင် သြစတြေးလျနိုင်ငံသား စီးပွားရေးပညာရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ရှောင်တာနဲလ်ကို မြန်မာစစ်တပ်ဘက်က ဆက်လက်ဖမ်းဆီးထားသည့် အပေါ်မှာလည်း စိုးရိမ်မကင်းဖြစ်နေရကြောင်း နိုင်ငံခြားရေးဝန်ကြီး ကပြောသည်။
အခုလို သြစတြေးလျနိုင်ငံက မြန်မာနိုင်ငံနှင့် စစ်ရေးပူးပေါင်းဆောင်ရွက်မှုများ ရပ်ဆိုင်းလိုက်ခြင်းကို သြစတြေးလျနိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amensty International Australia)ကလည်း ကြိုဆိုလိုက်ပြီး စစ်တပ်အရာရှိများ အပေါ် ပစ်မှတ်ထား ဒဏ်ခတ်အရေးယူမှုတွေ လုပ်ဆောင်ဖို့ ကိုလည်း တောင်းဆိုလိုက်သည်။
သို့သော် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထောက်ပံ့ကူညီမှုတွေကိုတော့ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေကနေဆင့် ဆက်လက်ပေးသွားမှာဖြစ်ကြောင်း သိရသည်။
You may also like these stories:
Comments
Post a Comment