Skip to main content

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၂၀၂၁ တွင် အနားယူဖွယ်ရှိ

 ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၂၀၂၁ တွင် အနားယူဖွယ်ရှိ  

ပုံ- ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တွေ့ရစဉ် (Thaka Trivune ဝက်ဆိုဒ်)

ပုံ- ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တွေ့ရစဉ် (Thaka Trivune ဝက်ဆိုဒ်)

နိုဝင်ဘာ ၂၇

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် လာမည့် ၂၀၂၁ ခုနှစ်ထဲတွင် အနားယူဖွယ်ရှိနေသည်။

နေပြည်တော်တွင် နိုဝင်ဘာ ၂၇ ရက်က ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် လာမည့် ၂၀၂၁ ခုနှစ်ထဲတွင် အသက် ၆၅ နှစ်ပြည့်တော့မည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနားယူ၊ မယူနှင့် သက်တမ်း ထပ်တိုးရန် ရှိ၊ မရှိ မီဒီယာမှမေးမြန်းသည့်အပေါ်  ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ယခုကဲ့သို့ ဖြေကြားခဲ့ခြင်း ဖြစ်သည်။  

“ကျွန်တော်သိသလောက်က ဒါနဲ့ပတ်သက်ပြီး အမိန့်ဆိုတာက ဥပဒေပိုင်းထဲမှာ အကျုံးဝင်တဲ့ဟာ ဖြစ်တယ်။ ဥပဒေသဘောမျိုးပဲ။ ဥပဒေကိုကျော်လွန် ဆောင်ရွက်စရာအကြောင်းမရှိပါဘူး” ဟု တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။  

ဗိုလ်ချုပ်မှူးကြီးသည် ၂၀၂၁ ခုနှစ် ဇူလိုင်လဆန်းတွင် အသက် ၆၅ နှစ် ပြည့်မည်ဖြစ်၍ အဆိုပါ သတ်မှတ်ချက်အတိုင်း ဆောင်ရွက်မည်လားဟု သတင်းမီဒီယာက ထပ်မံမေးမြန်းရာမှာ “မှန်ပါတယ်” ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဖြေသည်။ ထို့ကြောင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနားယူတော့မည်ဟု ယူဆရခြင်းဖြစ်သည်။  

သို့သော် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ သက်တမ်းထပ်တိုး၊ မတိုးနှင့် ပတ်သက်၍ အစိုးရအခင်းအကျင်းအသစ် ပေါ်ထွက်လာပြီး နောက်မှသာ အတိအကျ ပြော၍ရမည်ဟုလည်း ၎င်းက ဆိုသည်။  

ကာကွယ်ရေးဌာနကောင်စီ (ကကန) က ၂၀၁၆ ခုနှစ်တွင် ထုတ်ပြန်ချက်အရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် အသက် ၆၅ နှစ်အထိ တာဝန်ထမ်းဆောင်နိုင်သည်ဟု ဖော်ပြထားသည်။  

အကယ်၍ ဗိုလ်ချုပ်မှူးကြီး အငြိမ်းစားယူမည်ဆိုပါက တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အသစ်ကို တပ်မတော်၏ ရာထူးတိုးမြှင့်ရေး စည်းမျဉ်းစည်းကမ်းများအတိုင်း တင်မြှောက်ရမည် ဖြစ်ကြောင်းလည်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။  

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ သက်တမ်းကို ဖွဲ့စည်းပုံ ခြေခံဥပဒေထဲတွင်တိတိကျကျ သီးသန့်ထည့်သွင်း ပြဋ္ဌာန်းထားခြင်းမရှိဘဲ တပ်မတော် ဥပဒေများတွင်သာ ပြဋ္ဌာန်းထားခြင်း ဖြစ်သည်။  


Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/...
ဦးဆန်းဆင့် ရမည်းသင်းထောင်ပို့ခံရ ဂျွန်လ ၂၀ ရက် နိုင်ငံတော်သမ္မတအမိန့်နဲ့ ရာထူးကနေ အနားပေးခံရတဲ့ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ရမည်းသင်းအကျဉ်းထောင်ကို ခေါ်ဆောင်သွားတယ်လို့ နေပြည်တော် သတင်းရပ်ကွက်က သိရပါတယ်။ သမ္မတက ဇွန် ၁၉ ရက်နေ့မှာ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်မကျေပွန်မှုနဲ့ ရာထူးကနေ ဖယ်ရှားမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနေ့ခင်း ၁ နာရီလောက်မှာပဲ အထူးစုံစမ်းစစ်ဆေးရေးဌာန (စစစ) တာဝန်ရှိသူတဦးက လာရောက်အမှုဖွင့်တယ်လို့ ရဲစခန်းကို ကိုယ်တိုင်သွားရောက်တဲ့ ဒီဗွီဘီသတင်းထောက် ဦးအောင်ကြီးက ပြောပါတယ်။

ကချင်ကို ထိုးစစ် မဆင်ဖို့ သမ္မတ ညွှန် ကြား ဦးသိန်းစိန် ကချင် စစ်တပ် အပြစ်ရပ် ငြိမ်းချမ်းရေး

၁၂ ဒီဇင်ဘာ ၂၀၁၁ ကေအိုင်အေ ကချင် လွတ်လပ်ရေး တပ်မတော် အပေါ် အစိုးရ စစ်တပ် ဘက် စတင် ထိုးစစ်ဆင် တိုက်ခိုက် တာမျိုး မပြုလုပ်ဘဲ ခုခံ ကာကွယ် စစ်သာ ပြုလုပ်ဖို့ သမ္မတ ဦးသိန်းစိန်က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကို အကြောင်း ကြားစာ ပေးပို့ခဲ့ ပါတယ်။ ဓာတ်ပုံ ပုံစာ, ကချင် ဒုက္ခသည်တွေကို အကူအညီငွေ ပေးအပ်ပွဲ မှာ သမ္မတရဲ့ ပေးစာ အကြောင်း ပြောခဲ့ တာဖြစ် မြစ်ကြီးနား မြို့တော် ခန်းမမှာ ပြုလုပ်တဲ့ စစ်ဘေးသင့် ပြည်သူတွေ အတွက် ပြည်ထောင်စု လွှတ်တော် က လှူဒန်းတဲ့ အလှူငွေ ပေးအပ်ပွဲ မှာ ကချင် ပြည်နယ် ဝန်ကြီး ချုပ်က သတင်းထောက် တွေနဲ့ အခမ်း အနား တက်ရောက်သူ တွေကို ပြောခဲ့ တာပါ။ ကချင်ပြည်နယ် ဝန်ကြီးချုပ်က ကေအိုင်အေ တပ်စခန်း တွေကို မြန်မာ အစိုးရ စစ်တပ်ဘက်က ထိုးစစ်ဆင် တိုက်ခိုက်မှု မပြုလုပ်ဖို့ ဆိုတဲ့ ခေါင်းစဉ် အောက်မှာ အချက် သုံးချက်ပါ တဲ့ စာကို ဖတ်ပြ ခဲ့တယ်လို့ အခန်း အနားကို တက်ရောက် ခဲ့သူ သတင်း သမား တစ်ယောက်က ဘီဘီစီကို ပြန်ပြောပြ ပါတယ်။ အဲဒီ အချက်တွေ ကတော့ အစိုးရ ဘက်က နိုင်ငံရေး အရ ဆွေးနွေး နိုင်ရန် စီစဉ် နေတဲ့ အကြောင်းနဲ့ ဆွေးနွေး မှုတွေ ပြုလုပ် နိုင်ဖို့ အတွက် ခုခံ တိုက်ခိုက် ရုံက လွဲပြီး တပ်ရွှေ့တာ၊ စစ်ချီ တာတွေ ...