Skip to main content

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနားယူဖွယ်ရှိ

 

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနားယူဖွယ်ရှိ

November 27, 2020 111 views
သတင်း – ရဲဝင်းနောင်/စိုင်းခန့်ဇင် (ရွှေတြိဂံ)
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနားယူ မယူဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီး တပ်မတော် အနေနဲ့ အခြေခံဥပဒေ ပြဌာန်းချက်များကို ကျော်လွန်လုပ်ဆောင်မှာ မဟုတ်ကြောင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြား ပါတယ်။
တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက နိုင်ဝင်ဘာလ ၂၇ ရက် နေပြည်တော် စစ်သမိုင်းပြတိုက်မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခြင်း ဖြစ်ပါတယ်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနားယူမယူနဲ့ ပတ်သက်ပြီး သတင်းထောက်များရဲ့ မေးမြန်း မှုကို ပြန်လည် ဖြေကြားရာမှာ ဥပဒေအတိုင်း ဖြစ်မယ်လို့သာ ဖြေကြားခဲ့ပြီး အတိအကျ အနားယူပါမယ် ဆိုတာကို ဖြေကြားခြင်း မရှိတာ တွေ့ရှိရပါတယ်။
“၂၀၂၁ ထဲမှာ ပြည့်မှာ ဟုတ်ပါတယ်။ သူ့ဥပဒေ အတိုင်းပဲ ဖြစ်မှာပါ။ မှန်ပါတယ်”လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဖြေကြား ပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်(ဓာတ်ပုံ – တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့၊ seniorgeneralminaunghlaing.com)

၂၀၂၀ ရွေးကောက်ပွဲမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်(NLD) အစိုးရ ထပ်မံ အနိုင်ရတဲ့အတွက် လာမယ့်နှစ် ဧပြီလမှာ အသက် ၆၅ နှစ်ပြည့်တော့မယ့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနားယူ မယူ ဆိုတဲ့ သတင်းထောက်တွေရဲ့ မေးခွန်းတွေအပေါ် အထက်ပါအတိုင်း တုံ့ပြန်ဖြေကြားခဲ့တာ ဖြစ်ပါတယ်။
အဲဒီအပြင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် အသစ်က ဘယ်လိုလူမျိုး ဖြစ်မှာလဲဆိုတဲ့ မေးခွန်းကိုလည်း “တပ်မတော် မှာတော့ ကျနော်တို့ကတော့ ဆင့်ကဲတာဝန်ယူမှု၊ တာဝန်ခံမှုစနစ် ရှိတယ်။ ဒီရာထူးတိုးမြှင့်ရေးတို့နဲ့ ပတ်သက်လို့ကျတော့ သူ့ရဲ့ တိကျတဲ့မူဝါဒတွေက ကျနော်တို့ ရှိပြီးဖြစ်ပါတယ်။ ဒီအချိန်မှာတော့ ဘယ်လိုလူမျိုး ဖြစ်မယ်ဆိုတာ ကျနော်တို့လည်း မပြောနိုင်သေးပါဘူး။ ဒီ စနစ်၊ စည်းကမ်းတွေနဲ့သာ သွားပါလိမ့်မယ်”လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဖြေကြားပါတယ်။

တပ်မတော် သတင်းစာ ရှင်းလင်းပွဲမှာ တွေ့ရတဲ့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်း(ဓာတ်ပုံ – တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့၊ seniorgeneralminaunghlaing.com)

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလဆန်းပိုင်းမှာ လုပ်ခဲ့တဲ့ ဂျပန်သတင်းစာ အဆာဟိရှင်ဘွန်းနဲ့ အင်တာဗျူးမှာလည်း ဗိုလ်ချုပ်မှူးကြီး အနေနဲ့ လာမယ့်နှစ်မှာ အနားယူ မယူနဲ့ နိုင်ငံရေး လုပ်မလုပ်ဆိုတဲ့ မေးခွန်းကို တိတိကျကျ ဖြေဆိုခြင်း မရှိခဲ့ပါဘူး။
အဲဒီ အင်တာဗျူးမှာ ဗိုလ်ချုပ်မှူးကြီးက“ကျနော့်ရဲ့ အတွေ့အကြုံများကို နိုင်ငံတော်နဲ့ ပြည်သူအတွက် ဆောင်ရွက် ကြိုးပမ်း ပေးပါမယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပေးအပ်ထားတဲ့ နိုင်ငံသား အခွင့်အရေးနဲ့အညီ နိုင်ငံတော်ရဲ့ အခြေအနေပေါ် မူတည်ပြီး လုပ်ဆောင်မှာ ဖြစ်ပါတယ်”လို့ ပြောဆိုခဲ့ပါတယ်။
ဗိုလ်ချုပ်မှူးကြီးဟာ ၂၀၁၆ ခုနှစ်က အသက် ၆၀ ပြည့်ခဲ့ပေမယ့် ပင်စင် မယူဘဲ တပ်မတော် ဥပဒေများအရ ရာထူး သက်တမ်း တိုးထားခဲ့တာဖြစ်ပြီး အဲဒီလို ၅ နှစ်သက်တမ်း တိုးထားမှုဟာ လာမယ့် ၂၀၂၁ ခုနှစ် ဧပြီလမှာ သက်တမ်း ကုန်ဆုံးမှာဖြစ်ကြောင်း သိရပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်(ဓာတ်ပုံ – တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့၊ seniorgeneralminaunghlaing.com)

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/...
ဦးဆန်းဆင့် ရမည်းသင်းထောင်ပို့ခံရ ဂျွန်လ ၂၀ ရက် နိုင်ငံတော်သမ္မတအမိန့်နဲ့ ရာထူးကနေ အနားပေးခံရတဲ့ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ရမည်းသင်းအကျဉ်းထောင်ကို ခေါ်ဆောင်သွားတယ်လို့ နေပြည်တော် သတင်းရပ်ကွက်က သိရပါတယ်။ သမ္မတက ဇွန် ၁၉ ရက်နေ့မှာ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်မကျေပွန်မှုနဲ့ ရာထူးကနေ ဖယ်ရှားမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနေ့ခင်း ၁ နာရီလောက်မှာပဲ အထူးစုံစမ်းစစ်ဆေးရေးဌာန (စစစ) တာဝန်ရှိသူတဦးက လာရောက်အမှုဖွင့်တယ်လို့ ရဲစခန်းကို ကိုယ်တိုင်သွားရောက်တဲ့ ဒီဗွီဘီသတင်းထောက် ဦးအောင်ကြီးက ပြောပါတယ်။

ကချင်ကို ထိုးစစ် မဆင်ဖို့ သမ္မတ ညွှန် ကြား ဦးသိန်းစိန် ကချင် စစ်တပ် အပြစ်ရပ် ငြိမ်းချမ်းရေး

၁၂ ဒီဇင်ဘာ ၂၀၁၁ ကေအိုင်အေ ကချင် လွတ်လပ်ရေး တပ်မတော် အပေါ် အစိုးရ စစ်တပ် ဘက် စတင် ထိုးစစ်ဆင် တိုက်ခိုက် တာမျိုး မပြုလုပ်ဘဲ ခုခံ ကာကွယ် စစ်သာ ပြုလုပ်ဖို့ သမ္မတ ဦးသိန်းစိန်က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကို အကြောင်း ကြားစာ ပေးပို့ခဲ့ ပါတယ်။ ဓာတ်ပုံ ပုံစာ, ကချင် ဒုက္ခသည်တွေကို အကူအညီငွေ ပေးအပ်ပွဲ မှာ သမ္မတရဲ့ ပေးစာ အကြောင်း ပြောခဲ့ တာဖြစ် မြစ်ကြီးနား မြို့တော် ခန်းမမှာ ပြုလုပ်တဲ့ စစ်ဘေးသင့် ပြည်သူတွေ အတွက် ပြည်ထောင်စု လွှတ်တော် က လှူဒန်းတဲ့ အလှူငွေ ပေးအပ်ပွဲ မှာ ကချင် ပြည်နယ် ဝန်ကြီး ချုပ်က သတင်းထောက် တွေနဲ့ အခမ်း အနား တက်ရောက်သူ တွေကို ပြောခဲ့ တာပါ။ ကချင်ပြည်နယ် ဝန်ကြီးချုပ်က ကေအိုင်အေ တပ်စခန်း တွေကို မြန်မာ အစိုးရ စစ်တပ်ဘက်က ထိုးစစ်ဆင် တိုက်ခိုက်မှု မပြုလုပ်ဖို့ ဆိုတဲ့ ခေါင်းစဉ် အောက်မှာ အချက် သုံးချက်ပါ တဲ့ စာကို ဖတ်ပြ ခဲ့တယ်လို့ အခန်း အနားကို တက်ရောက် ခဲ့သူ သတင်း သမား တစ်ယောက်က ဘီဘီစီကို ပြန်ပြောပြ ပါတယ်။ အဲဒီ အချက်တွေ ကတော့ အစိုးရ ဘက်က နိုင်ငံရေး အရ ဆွေးနွေး နိုင်ရန် စီစဉ် နေတဲ့ အကြောင်းနဲ့ ဆွေးနွေး မှုတွေ ပြုလုပ် နိုင်ဖို့ အတွက် ခုခံ တိုက်ခိုက် ရုံက လွဲပြီး တပ်ရွှေ့တာ၊ စစ်ချီ တာတွေ ...