By
burmaaffairs
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဒီမိုကရေစီ ကာကွယ်သူ
****************************************************
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီနေ့ (ဖေဖော်ဝါရီ ၈ ရက်)နေ့ ည ၈ နာရီမှာ တိုင်းပြည်ကို မြဝတီသတင်းဌာနကနေ တဆင့် တိုင်းပြည် အခြေပြု မိန့်ခွန်းပြောသွားတယ်။
အဲမှာ တပ်မတော်က အာဏာရယူထားတဲ့ အတောအတွင်းမှာ လမ်းပြမြေပုံ ၅ ချက်ကို အကောင် အထည်ဖော်ပေးသွားမယ်ပေါ့. (၁) ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)ကို အသစ်ဖွဲ့ စည်း မယ်၊ (၂) ကိုဗစ်ကာကွယ်ရေး အရှိန်ကို လျှော့မချပြီး ဆက်လုပ်သွားမယ်- ကိုဗစ်ကာကွယ်ဆေး အားလုံး ထိုးနိုင်ရေး လုပ်မယ်၊ (၃) ကိုဗစ်ကြောင့် ထိခိုက်တဲ့ နိုင်ငံတော် စီးပွားရေး ပြန်လည် ဦးမော့ ရေးအတွက် စီးပွားရေး ပြန်လည်ထူထောင်ရေးလုပ်မယ်၊ (၄) ထာဝရ ငြိမ်းချမ်းရေး ရရှိဖို့အတွက် တပ်မတော်က တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်(NCA)အတိုင်း ဆက်လက် အကောင်အထည်ဖော်မယ်၊ (၅) ရွေးကောက်ပွဲ ပြန်လည် ကျင်းပပေးမယ် စသည့် လမ်းပြမြေပုံ ၅ ချက်ကို ဖော်ဆောင်သွားမယ်လို့ ပြောသွားပါတယ်။
နောက်ထက် ပြောတာကတော့ စီးပွားရေးမူဝါဒ၊ နိုင်ငံခြားရေးမူဝါဒ၊ အုပ်ချုပ်ရေးမူဝါဒတွေကို အရင် အစိုးရလက်ထက်က အတိုင်းပဲ မပြောင်းလဲဘဲ ဆက်လက် ဆောင်ရွက်သွားမယ်၊ ဘင်္ဂလားဒေ့ရှ်ဘက်ကို ရောက်ရှိနေတဲ့ ရခိုင်ပြည်နယ်က နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရ သူတွေ ပြန်လည်နေရာချထားရေး လုပ်မယ်၊ ပိတ်ထားတဲ့ စက်ရုံ/အလုပ်ရုံတွေ ပြန်လည် ဖွင့်လှစ် နိုင်ရေးလုပ်မယ်၊ ကျောင်းတွေ ဖွင့်လှစ်နိုင်ရေးလုပ်မယ်၊ ပြည်တွင်း IDPs တွေ နေရပ်ပြန်လည် နိုင် ရေးလုပ်မယ်လို့လည်း ပြောသွားပါတယ်။
ဒါ့အပြင် စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီကို ကျင့်သုံးနေတယ်၊ ဒီမိုကရေစီစနစ်ကို ကာကွယ် စောင့်ရှောက်ပေးမယ်လို့ ပြောသွားတယ်။
အဲမှာ ကိုယ့်က သတင်းသမားဆိုတော့ သတင်းသမားတွေနဲ့ သတင်းမီဒီယာ အခန်းကဏ္ဍနဲ့ ပတ်သက်ပြီး ဘာများ ပြောမလဲ၊ ဘယ်လိုမူဝါဒတွေများ ပြောင်းလဲထားကြောင်း ပြောမလဲ၊ ဘယ်လို ဆက်လက် ရပ်တည်နိုင်ကြောင်း ပြောမလဲ၊ ဘယ်လို မလုပ်ဖို့ တားမြစ်မလဲ စတဲ့ မလဲ....? ဆိုတဲ့ စကားတွေနဲ့ နားထောင်ခဲ့တာ သတင်းသမားတွေနဲ့ သတင်းမီဒီယာ အခန်းကဏ္ဍကို ထည့် ပြောသွားတာ မတွေ့ရဘူး။
အဲတော့ သတင်းသမားတွေနဲ့ သတင်းမီဒီယာ အခန်းကဏ္ဍကို အရင်အစိုးရတွေတုန်းကလိုပဲ အေးအေးဆေးဆေး ၊ လွတ်လွတ်လပ်လပ် ရပ်တည် ရေးသားခွင့်ပေးထားတာလား၊ မပေးထားဘူး လား သေချာ မသိလိုက်ရဘူး။
ဒါပေမယ့်လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီမိုကရေစီကို ကာကွယ်စောင့်ရှောက်သွား မယ်လို့ ပြောသွားတယ်။ အဲတော့ ဒီမိုကရေစီရှိရင် ဒီမိုကရေစီစနစ်အရ ရှိသင့်/ ရှိထိုက်တဲ့ သတင်း မီဒီယာ လွတ်လပ်ခွင့်၊ အရပ်ဖက် အဖွဲ့အစည်းတွေ လွတ်လပ်ခွင့်၊ လူမှုအဖွဲ့အစည်းတွေလွတ်လပ် ခွင့်၊ နိုင်ငံရေးသမားတွေ လွတ်လပ်ခွင့်၊ နိုင်ငံရေးပါတီတွေ လွတ်လပ်ခွင့်၊ နိုင်ငံသားတွေ လွတ်လပ် ခွင့် တွေကို အပြည့်အဝ ပေးထားမယ်လို့ မှတ်ယူလို့ရမလား မသိဘူးနော်.
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း မဖျက်သိမ်းဘူး ဒီတိုင်း ကာကွယ်စောင့်ရှောက်သွားဖို့ ရှိတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁၁) ပါ နိုင်ငံသား တစ်ယောက် အနေနဲ့ လွတ်လပ် စွာ သဘောထား ကွဲလွဲခွင့်၊ ဆန္ဒထုတ်ဖော် ခွင့်၊ ပြောဆိုပိုင်ခွင့် ရှိတယ်ဆိုတာကိုလည်း အပြည့်အဝ ပေး ထားမယ် ထင်တယ်နော်.
စင်ကာပူနိုင်ငံ တည်ထောင်သူ လီကွမ်ယုက " ကင်မရာ ကိုင်ထားတဲ့ ဓာတ်ပုံသမား/ သတင်းသမား တွေက သေနတ်ကိုင်ထားတဲ့ စစ်သားတို့/ ရဲသားတို့ထက် ဒီမိုကရေစီကို ပိုပြီး ကာကွယ်နိုင်တဲ့ အဖိုးတန် ကာကွယ်ရေးသမားဖြစ်တယ်"လို့ ၁၉၆၂ ခုနှစ်က ပြောခဲ့ဖူးတယ်။
၆၆
ကြိုက်
မှတ်ချက်ပေးရန်
မျှဝေမယ်


Comments
Post a Comment