Skip to main content

ရွေးကောက်ပွဲတွင် စစ်ဘက်က စွက်ဖက်မှုကို ခြေရာခံခြင်း

 

ရွေးကောက်ပွဲတွင် စစ်ဘက်က စွက်ဖက်မှုကို ခြေရာခံခြင်း

  • 52.7k
Want create site? Find Free WordPress Themes and plugins.

နိုဝင်ဘာလ အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်များ မဲရုံများသို့ မသွားမီကပင် အင်အားကြီးမားသော တပ်မတော်သည် ၎င်း၏ နိုင်ငံရေးအင်အားကို ပြသပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) ၏ ကြိုတင်ပြင်ဆင်မှုများအား အစိုးရက ကိုင်တွယ်ပုံကို ဝေဖန်ကာ ရွေးကောက်ပွဲသည် တရားမျှတမှု ရှိ မရှိ သံသယဖြစ်နေသည်။

ရွေးကောက်ပွဲမတိုင်မီက တပ်မတော်၏ ခြိမ်းခြောက်မှု၊ သတိပေးမှုများကြောင့် အလားအလာရှိသော အာဏာသိမ်းရန် ခြိမ်းခြောက်မှုအပေါ် စိုးရိမ်ပူပန်မှုများကို ဖြစ်စေသည်။ တပ်မတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြည်သူ့ဆန္ဒကို လေးစားမည်ဖြစ်ကြောင်း ရွေးကောက်ပွဲနေ့တွင် ပြောကြားလိုက်သောအခါမှ လူအများအပြား စိတ်သက်သာရာရကြသည်။

မှတ်တမ်းတင်ထားရမည်မှာ မြန်မာနိုင်ငံသည် ကိုဗစ်-၁၉ ကူးစက်မှု မြင့်မားနေချိန် နိုဝင်ဘာလ ၈ ရက်နေ့တွင် အထွေထွေရွေးကောက်ပွဲ ကျင်းပခြင်းဖြစ်သည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ဝေဖန်မှုများရှိသော်လည်း မဲပေးခွင့်ရှိသူအားလုံး၏ ၇၁.၇၅ ရာခိုင်နှုန်း (၃၇ သန်းအနက် ၂၇ သန်းနီးပါး) သည် မဲရုံများသို့ သွားရောက်ခဲ့ပြီး ရှင်းလင်းထင်ရှားစွာ အများစုက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို ရွေးချယ်ကြသည်။

NLD ကို နောက်တကြိမ် အကြီးအကျယ် ရှုံးနိမ့်ပြီးနောက် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ရွေးကောက်ပွဲတွင် အကြီးအကျယ် လိမ်လည်မှုများရှိသည်ဟု စွပ်စွဲသည်။ ထိုပါတီသည် ကန့်ကွက်တရားစွဲဆိုမှု တထောင်ကျော်ကိုလည်း ရဲတပ်ဖွဲ့နှင့် ရွေးကောက်ပွဲ ကော်မရှင်ခွဲများသို့ ပေးပို့သည်။

ကြံ့ခိုင်ရေးပါတီက ရွေးကောက်ပွဲသည် တရားမျှတမှု မရှိကြောင်း ပြောဆိုသောအခါ တပ်မတော်သည် ၎င်း၏ စွက်ဖက်မှုကို ပြန်လည်စတင်ပြီး ရွေးကောက်ပွဲနှင့် ပတ်သက်သည့် စုံစမ်းစစ်ဆေးမှု ပြုလုပ်သည်။ လွှတ်တော်သစ်ခေါ်ယူကျင်းပပြီး အစိုးရသစ်တာဝန်ယူမည့်ရက် နီးကပ်လာသောအခါ တပ်မတော်နှင့် ကြံ့ခိုင်ရေးပါတီတို့သည် NLD ၏ ရွေးကောက်ပွဲအောင်မြင်မှုကို အယုံအကြည်ကင်းမဲ့စေရန် လုပ်ဆောင်လာကြသည်။

ရွေးကောက်ပွဲမတိုင်မီကာလ လုပ်ရပ်များမှသည် မဲလိမ်သည်ဆိုသည့် ပြောဆိုမှုများထိ ရွေးကောက်ပွဲတွင် စစ်ဘက်မှ စွက်ဖက်မှုများနှင့်ပတ်သက်သည့် အချိန်ဇယားကို အောက်တွင်ဖေါ်ပြထားသည်။

“ကျနော်မလုပ်ရဲတာ ဘာမှမရှိဘူး”
သြဂုတ်လ ၁၄ ရက် ၂၀၂၀

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်/ဧရာဝတီ/ထက်နိုင်ဇော်

ရွေးကောက်ပွဲသည် မျှတမှုမရှိပါက သူ၏ အကူအညီကို တောင်းခံနိုင်ကြောင်း တပ်မတော်အကြီးအကဲထံမှ အာမခံချက်တောင်းဆိုသည့် USDP အပါအဝင် ပါတီ ၃၄ ခုနှင့် ရွေးကောက်ပွဲမတိုင်မီ တွေ့ဆုံပွဲတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံအတွက် သူမလုပ်ရဲသောအရာ မရှိကြောင်း ပြောကြားခဲ့သည်။

“ကျနော် မလုပ်ရဲတာ ဘာတခုမှ မရှိဘူး၊ အကုန်လုပ်ရဲတယ်။ ဒါပေမယ့် တိုင်းပြည်နစ်နာမှာ၊ ပြည်သူနစ်နာမှာနဲ့ တပ်မတော်ရဲ့ အနာဂတ် ပျက်စီးမှာတို့ကြောင့်ပဲ။ ကျနော် အကုန်လုံးကို စောင့်ပြီး ကြည့်နေတာ” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထိုအစည်းအဝေးတွင် ပြောသည်။ သူ၏ စကားလုံးရွေးချယ်မှုကြောင့် အာဏာသိမ်းရန် ခြိမ်းခြောက်ခြင်းဖြစ်နိုင်သည်ဆိုသည့် စိုးရိမ်ပူပန်မှုများကို ဖြစ်စေခဲ့သည်။

ရွေးကောက်ပွဲမတိုင်မီ ပထမဆုံးအကြိမ် တိုက်ခိုက်မှု
နိုဝင်ဘာလ ၂ ရက်နေ့ ၂၀၂၀

၂၀၂၀ ဇွန်လ ၂၃ ရက် သတင်းစာရှင်းလင်းပွဲတွင် တွေ့ရသော တပ်မတော်ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ် ဇော်မင်းထွန်း/သီဟလွင်/ဧရာဝတီ

ရွေးကောက်ပွဲမတိုင်မီ ၆ ရက်အလိုတွင် တပ်မတော်က မဲပေးခြင်းနှင့်ပတ်သက်သည့် ကြေညာချက်တစောင် ထုတ်ပြန်ပြီး တပ်မတော်၏ လုပ်ပိုင်ခွင့်ကိုကျော်ကာ UEC သည် ကြိုတင်ပြင်ဆင်မှုများကို ကိုင်တွယ်ရာတွင် မှားနေကြောင်းပြောသည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော ထိုကြေညာချက်သည် အစိုးရက ဖွဲ့စည်းပေးထားသည့် UEC ၏ လွတ်လပ်မျှတသော ရွေးကောက်ပွဲကျင်းပနိုင်စွမ်းကို သံသယ ရှိကြောင်းဖေါ်ပြသည်။

“ယခင်ရွေးကောက်ပွဲများတွင်ပင် မဖြစ်ပေါ်ခဲ့သည့် ချို့ယွင်းအားနည်းချက်များ ဖြစ်ပေါ်လျက်ရှိကြောင်း တွေ့ရှိရသည်။ ၎င်းအားနည်းချက်နှင့် ဖြစ်စဉ်ဖြစ်ရပ်များသည် ရွေးကောက်ပွဲ၏ ပုံရိပ်ကို ကြီးမားစွာ ထိခိုက်စေနိုင်ပါသည်” ဟု တပ်မတော်က ဖေါ်ပြပြီး ကော်မရှင်က ပြုလုပ်သည့် မည်သည့်အမှားမဆိုအတွက် ကော်မရှင်၏ လုပ်ရပ်များကို ဥပဒေအရ တာဝန်ခံရသော အစိုးရ၏တာဝန်သာဖြစ်ကြောင်း သတိပေးသည်။

ရွေးကောက်ပွဲအပေါ်ယုံကြည်နိုင်မှုကို တပ်ချုပ် မေးခွန်းထုတ်
နိုဝင်ဘာလ ၃ ရက် ၂၀၂၀

အခမ်းအနားတခုသို့ တက်ရောက်လာသော ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တပ်မတော် အရာရှိများ/ ထက်ဝေ/ဧရာဝတီ

နိုဝင်ဘာလ ၂ ရက်နေ့ ကြေညာချက် ထွက်လာပြီးနောက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သူသည် UEC ၏ လုပ်ဆောင်ချက်များအပေါ် အံ့သြကြောင်းနှင့် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲကို မျှော်လင့်မိကြောင်းပြောသည်။

“ ရွေးကောက်ပွဲရလဒ်နဲ့ပတ်သက်ပြီး UEC က နောက်ဆုံးအဆုံးအဖြတ်ပဲ။ ကျနော်တို့ လက်ခံမယ်လို့ ၂၀၁၅ ခုနှစ်တုန်းက ကျနော်ပြောခဲ့တယ်။ အခုကျတော့ ကျနော်တို့မှာ အရမ်းသတိထားနေရတယ်။ အဲဒီလိုမျိုး ကျနော်မဖြစ်ချင်ဘူး” ဟု သူပြောသည်။

နိုဝင်ဘာလ ၄ ရက်နေ့သို့ ရောက်သောအခါ သမ္မတရုံးပြောခွင့်ရသူက တပ်မတော်နှင့် ရဲအပါအဝင် အစိုးရဝန်ထမ်းများသည် ပါတီနိုင်ငံရေးနှင့် ကင်းရှင်းရမည်ဟု ဖေါ်ပြထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၆(က) အရ တပ်မတော်အကြီးအကဲ၏ မှတ်ချက်များသည် ဥပဒေနှင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ချိုးဖေါက်ကြောင်းပြောသည်။

တပ်မတော်၏ စွပ်စွဲချက်များသည် အချို့နိုင်ငံရေးပါတီများနှင့် တသီးပုဂ္ဂလများ၏ အခြေအမြစ်မရှိသော စွပ်စွဲချက်များကို အခြေခံကြောင်းနှင့် လွတ်လပ်မျှတသည် ရွေးကောက်ပွဲကျင်းပရန် အထောက်အကူ မဖြစ်ရုံသာမက စိုးရိမ်ပူပန်မှုများနှင့် မတည်ငြိမ်မှုများကို ဖြစ်စေကြောင်း သမ္မတရုံးက ဝေဖန်သည်။

သမ္မတကို စွဲချက်တင်မည်ဟု တပ်မတော်က သတိပေး
နိုဝင်ဘာလ ၅ ရက် ၂၀၂၀

နေပြည်တော်ရှိ ဗိုလ်ချုပ်ကြေးရုပ် ဖွင့်ပွဲသို့ သမ္မတ ဦးဝင်းမြင့် တက်ရောက်ခဲ့စဉ်/ သီဟလွင်/ဧရာဝတီ

တပ်မတော်သည် သမ္မတရုံး၏ ထုတ်ပြန်ချက်ကို ရှည်လျှားလှသော တုံ့ပြန်မှုဖြင့် အစိုးရသည် UEC ၏ လုပ်ရပ်များကို လျစ်လျူရှုနေသည်ဟု ပယ်ချသည်။ အစိုးရအရာရှိများသည် ၎င်းတို့၏တာဝန်များကို ရိုးသားစွာ အစွမ်းရှိသမျှ ထမ်းဆောင်ရမည်ဆိုသည့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျမ်းသစ္စာကျိန်ဆိုထားကြောင်း တပ်မတော်က ကိုးကားသည်။

“အရည်အချင်းမပြည့်မှီ သို့မဟုတ် သူ၏တာဝန်များကို ထမ်းဆောင်ခြင်းမပြုပါက ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတနှင့် ဒုတိယသမ္မတကို စွဲချက်တင်နိုင်ကြောင်း မှတ်သားသင့်သည်” ဟုလည်း ထိုကြေညာချက်က ဆိုသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ အမျိုးသားနိုင်ငံရေးတွင် ပါဝင်သောကြောင့် ထိုသို့ ဝင်ရောက်စွက်ဖက်ခြင်းသည် မှန်ကန်ကြောင်းလည်း တပ်မတော်ကပြောသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်သည် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်သူဖြစ်သည်ဟု ဖေါ်ပြထားသည်။

ရွေးကောက်ပွဲရလဒ်ကို လေးစားမည်ဟု တပ်ချုပ် သဘောတူ
နိုဝင်ဘာလ ၈ ရက် ၂၀၂၀

နေပြည်တော် ဇမ္ဗူသီရိတွင် ရွေးကောက်ပွဲနေ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မဲထည့်အပြီး/သီဟလွင်/ဧရာဝတီ

ရွေးကောက်ပွဲလွန်ကာလ ဖရိုဖရဲဖြစ်မှုများနှင့် အကြမ်းဖက်မှုများအတွက် စိုးရိမ်ပူပန်မှုများသို့ ဦးတည်စေသည့် အစိုးရနှင့် တင်းမာမှု တပတ်အကြာ ရွေးကောက်ပွဲနေ့တွင်မူ ရွေးကောက်ပွဲရလဒ်များကို လက်ခံမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကတိပေးသည်။

“ပြည်သူ့ဆန္ဒကို ထင်ဟပ်တဲ့ ရွေးကောက်ပွဲရလဒ်ကို ကျနော်လက်ခံမယ်” ဟု နေပြည်တော်ရှိ ဇဗူသီရိမြို့နယ်တွင် နိုဝင်ဘာလ ၈ ရက်နေ့က မဲထည့်ပြီးနောက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဧရာဝတီ သတင်းထောက်ကို ပြောသည်။

ရွေးကောက်ပွဲလုပ်ငန်းစဉ်ကို တပ်မတော်က သုံးသပ်
နိုဝင်ဘာလ ၃၀ ရက် ၂၀၂၀

မန္တလေး နန်းတွင်းအခြေစိုက် တပ်မတော်သားများ မြို့ရိုးအပြင်၌ မဲထည့်ခဲ့ကြစဉ်/ဇော်ဇော်/ဧရာဝတီ

နိုင်ငံတဝန်း ရွေးကောက်ပွဲနှင့် ပတ်သက်သည့် အငြင်းပွားမှုများကို လေ့လာသိရှိပြီးနောက် ရွေးကောက်ပွဲကို ဥပဒေနှင့်အညီ ကျင်းပခြင်း ရှိ မရှိ ဆုံးဖြတ်ရန် ရွေးကောက်ပွဲလုပ်ငန်းစဉ်ကို ပြန်လည်သုံးသပ်မည်ဖြစ်ကြောင်း တပ်မတော်က ကြေညာသည်။ ကြံ့ခိုင်ရေးပါတီက ရွေးကောက်ပွဲသည် တရားမျှတမှုမရှိကြောင်းနှင့် ရွေးကောက်ပွဲနှင့် UEC ကို စုံစမ်းစစ်ဆေးရန် ၎င်း၏တောင်းဆိုမှုကို အလေးမထားကြောင်း ပြောဆိုပြီးနောက် ရက်အနည်းငယ်အကြာ တပ်မတော်က အထက်ပါအတိုင်းကြေညာခြင်းဖြစ်သည်။

ထိုသို့ သုံးသပ်ရာတွင် လွယ်ကူစေရေး ရွေးကောက်ပွဲနှင့် ပတ်သက်သည့် စာရွက်စာတမ်းများကို တပ်မတော်သို့ပေးရန်အတွက် ရွေးကောက်ပွဲကော်မရှင်ခွဲများကို ညွှန်ကြားရန်လည်း တပ်မတော်က UEC ကို တောင်းဆိုသည်။ ထိုသို့ လုပ်ဆောင်ရခြင်းမှာ လွတ်လပ်မျှတသော ရွေးကောက်ပွဲအဖြစ် သံသယမရှိဘဲ အသိအမှတ်ပြုရန် ဖြစ်ကြောင်းလည်း ပြောသည်။ ထိုသို့သုံးသပ်တွေ့ရှိချက်များကို အခြေခံကာ ပြဿနာရှိသော မဲဆန္ဒနယ်မြေများမှ မဲဆန္ဒရှင်များသည် တွေ့ရှိသည့် ရွေးကောက်ပွဲမသမာမှုများကို တိုင်ကြားမည်ဖြစ်ကြောင်း တပ်မတော်ကပြောသည်။

တပ်မတော်သည် တပ်မတော်သားများနှင့် ၎င်းတို့၏ မိသားစုများမဲပေးခဲ့သည့် မြို့နယ်ပေါင်း ၂၁၈ မြို့နယ်တွင် ရွေးကောက်ပွဲကို ပြန်လည်သုံးသပ်နေကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ ကြေညာသည်။ တပ်မတော်သည် ရွေးကောက်ပွဲလုပ်ငန်းတခုလုံးကို ဝင်ရောက်စွက်ဖက်ရန် မရည်ရွယ်ဘဲ တပ်မတော်သားများ မဲပေးခဲ့သည့် မဲရုံများတွင် မဲမသမာမှု မရှိရေးအတွက် သုံးသပ်ခြင်းသာဖြစ်သည်ဟု ဝေဖန်သူများက ထင်မြင်လာစေရန် အားထုတ်ခြင်းဖြစ်ပုံရသည်။ ထိုသို့ပြောဆိုရန် အားထုတ်ခြင်းသည်ပင် အငြင်းပွားဖွယ်ဖြစ်နေသည်။ အမှန်တကယ်တွင် တပ်မတော်က မဲစာရင်းများကို စစ်ဆေးခြင်းသည် ထို ၂၁၈ မြို့နယ်တွင်သာမက တပ်မတော်က မဲပေးခြင်း မရှိသော မြို့နယ်များကိုပါ စစ်ဆေးခြင်းဖြစ်သည်။

UEC နှင့် လူသိရှင်ကြား ပြဿနာတက်
ဒီဇင်ဘာလ ၁၀ ရက် ၂၀၂၀

၂၀၂၀ ဇွန် ၂၇ ရက် ရန်ကုန်တွင် ကျင်းပသော အခမ်းအနားတခုတွင် တွေ့ရသော ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်း/ဧရာဝတီ

နိုဝင်ဘာလ ၈ ရက် ရွေးကောက်ပွဲကို ပြန်လည်သုံးသပ်ခြင်းအား လွယ်ကူစေရန် ရွေးကောက်ပွဲနှင့် ပတ်သက်သည့် စာရွက်စာတမ်း မိတ္တူများကို တပ်မတော်သို့ပေးရန် ကော်မရှင်ခွဲများအား ညွှန်ကြားရန် ပြောခြင်းသည် ဥပဒေနှင့် မညီကြောင်း UEC က ပြောကြားပြီး ထိုတောင်းဆိုမှုကို ပယ်ချသည်။

အများပြည်သူနှင့်ဆိုင်သော စာရွက်စာတမ်းများကို မိတ္တူကူးယူခွင့် ပြုရေးအတွက် ရွေးကောက်ပွဲ ကော်မရှင်ခွဲများကို လိုအပ်သော ညွှန်ကြားချက်ပေးရန် UEC အား တပ်မတော်၏ တောင်းဆိုမှုတွင် သက်သေခံအက် ဥပဒေ ပြဋ္ဌာန်းချက်များကိုလည်း ကိုးကားဖေါ်ပြထားသည်။

နိုင်ငံ၏ ရွေးကောက်ပွဲဥပဒေအရ ရွေးကောက်ပွဲခုံရုံးအနေဖြင့် သက်သေခံအက်ဥပဒေကို ရွေးကောက်ပွဲဆိုင်ရာ တိုင်ကြားမှုများအား စုံစမ်းစစ်ဆေးပြီးမှသာ ကျင့်သုံးသင့်ကြောင်း UEC က ဒီဇင်ဘာ ၇ ရက်နေ့တွင်ပြောသည်။

တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ကလည်း UEC ၏ ဆုံးဖြတ်ချက်များကို ဝေဖန်ပြီးနောက် သံသယများအားလုံးရှင်းသွားစေရန် UEC အနေဖြင့် ပွင့်လင်းမြင်သာစွာ လုပ်ဆောင်သင့်ကြောင်း ပြောကာ ရွေးကောက်ပွဲနှင့်ပတ်သက်သည့် စာရွက်စာတမ်းများ ရယူရန် ၎င်းတို့အားထုတ်မှုသည် တရားဝင်ကြောင်းပြောသည်။

လိမ်လည်သည်ဆိုသည့်စွပ်စွဲချက် အများအပြားပြုလုပ်ခြင်း
ဒီဇင်ဘာလ ၂၃ ရက်နေ့ ၂၀၂၀

၂၀၂၀ နိုဝင်ဘာ ၈ ရက် မန္တလေးရှိ မဲရုံတရုံတွင် မဲများကို ရေတွက်နေစဉ်/ဇော်ဇော်/ဧရာဝတီ

မဲစာရင်းအပါအဝင် ရွေးကောက်ပွဲနှင့် ပတ်သက်သည့် စာရွက်စာတမ်းများကို မိတ္တူကူးခွင့်ကို UEC က မပေးသော်လည်း တပ်မတော်သည် တနိုင်ငံလုံးမှ မဲစာရင်းများကို ဆက်လက်စစ်ဆေးပြီး ၎င်းတို့တွေ့ရှိသော မသမာမှုများကို ကြံ့ခိုင်ရေးပါတီ မရှုမလှ ရှုံးနိမ့်သော မြို့နယ် ၄ ခုမှ စတင်ပြီး ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ထုတ်ပြန်သည်။

တလမပြည့်မီအတွင်း တပ်မတော်သည် ပြည်နယ်နှင့်တိုင်းဒေသကြီး အားလုံးရှိ ၃၁၄ မြို့နယ်မှ မဲစာရင်းများကို စစ်ဆေးလိုက်ပြီး တွေ့ရှိချက်များကို ထုတ်ပြန်ကြေညာသည်။ ထိုမြို့နယ်များတွင် တကြိမ်မက မဲပေးခွင့်ရစေနိုင်သော မဲစာရင်းမသမာမှုပေါင်း ၇.၆ သန်းတွေ့ကြောင်း တပ်မတော်က လူသိရှင်ကြား ကြေညာသည်။

ထိုစွပ်စွဲချက်များသည် ချဲ့ကားပြောဆိုခြင်းသာဖြစ်ပြီး ယုတ္တိမရှိကြောင်း ရွေးကောက်ပွဲကော်မရှင်ခွဲများက ပြောဆိုပယ်ချကာ UEC က ၎င်းတို့ကို ပေးရန်ငြင်းဆန်သော မဲစာရင်းများကို မည်သည့်နေရာမှ ရသည်ကို မေးခွန်းထုတ်လိုက်သည်။ တပ်မတော်ပြောခွင့်ရသူက ၎င်းတို့သည် ၎င်းတို့၏ သုံးသပ်မှုအတွင်း အွန်လိုင်းမှ တရားမဝင်သော သတင်းအချက်အလက်များကို ရယူစုဆောင်းခြင်းမရှိကြောင်းပြောသည်။

ရွေးကောက်ပွဲတွင် မမျှတ မရိုးသားသည့် လုပ်ရပ်များ တွေ့ဟု တပ်ချုပ် စွပ်စွဲ
ဇန်နဝါရီလ ၈ ရက် ၂၀၂၁

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ကလောရှိ စစ်ဦးစီးတက္ကသိုလ်သို့ ဗီဒီယိုဖြင့် မိန့်ခွန်း ပြောစဉ်

တပ်မတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲတွင် လိမ်လည်မှုများ ရှိကြောင်းပြောကာ ရွေးကောက်ပွဲလွန်ကာလတွင် ကိုယ်တိုင်ကိုယ်ကျ စွပ်စွဲလိုက်သည်။ မဲလိမ်မှု အကြီးအကျယ်ဖြစ်ခဲ့သည် ဆိုသည့် USDP ၏ ပြောဆိုချက်များကို ထောက်ခံသည်။

“ရွေးကောက်ပွဲအပြီး အကဲဖြတ်သုံးသပ်ချက်တွေလုပ်တော့ မမျှတ၊ မရိုးသားတဲ့ လုပ်ရပ်တွေကိုတွေ့တယ်” ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ကလောရှိ စစ်ဦးစီးတက္ကသိုလ်သို့ ဗီဒီယိုဖြင့်ပြောကြားရာတွင် ပြောသည်။

ထိုလုပ်ရပ်များသည် နိုင်ငံ၏ ပုံရိပ်ကို ထိခိုက်စေသောကြောင့် ထိုအမှားများကို တပ်မတော်က ထောက်ပြခြင်းဖြစ်ကြောင်းလည်း သူပြောသည်။

လွှတ်တော်အထူးအစည်းအဝေးခေါ်ရန် တောင်းဆို
ဇန်နဝါရီလ ၁၁ ရက် ၂၀၂၁

လွှတ်တော်ထဲရောက် တပ်မတော်သား ကိုယ်စားလှယ်များ/ထက်နိုင်ဇော်/ဧရာဝတီ

မဲလိမ်ခြင်းနှင့်ပတ်သက်သည့် ဗိုလ်ချုပ်မှူးကြီး၏ ပြောဆိုမှုအပြီး ရက်အနည်းငယ်အကြာ လွှတ်တော်မှ တပ်မတော်သား ကိုယ်စားလှယ်များနှင့် ကြံ့ခိုင်ရေးပါတီသည် ၎င်းတို့၏ ပြောဆိုချက်များကို လွှတ်တော်တွင် တင်ရန်ကြိုးစားကြသည်။


မဲလိမ်မှုများအကြောင်း တပ်ချုပ်က တရုတ်နိုင်ငံခြားရေး ဝန်ကြီးကိုပြော
ဇန်နဝါရီလ ၁၂ရက် ၂၀၂၁

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တွေ့ဆုံစဉ်/ Tatmadaw Information Team

မြန်မာ့တပ်မတော်ကို စွမ်းရည်မြှင့်တင်ရေး အပါအဝင် နှစ်နိုင်ငံ အကျိုးစီးပွားများကို ဆွေးနွေးမည်ဟု ယူဆရသည့် ဆွေးနွေးပွဲတွင် မြန်မာ့တပ်မတော်အကြီးအကဲက မဲလိမ်သည်ဆိုသည့် စွပ်စွဲချက်များကို တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေး ဝန်ကြီးဝမ်ယိအား ပြောသည်။

မဲစာရင်းများကို စစ်ဆေးရာတွင် တပ်မတော်၏ တွေ့ရှိချက်များကို ဗိုလ်ချုပ်မှူးကြီး ပြောကြားပြီး မဲတကြိမ်ထက် ပိုပေးခြင်းနှင့် မဲမသမာမှုများဖြစ်စေနိုင်သော အမှားများနှင့် မတိကျမှုများကို တွေ့ရှိထားကြောင်း ပြောသည်။ တိုင်းပြည်၏ ဒီမိုကရေစီအတွက် အန္တရာယ်မဖြစ်စေရန် ထိုသို့စစ်ဆေးခြင်းဖြစ်ကြောင်း သူပြောသည်။ တပ်မတော်သည် ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်လုပ်ကိုင်မည်ဖြစ်ကြောင်းလည်း သူပြောသည်။ ဝမ်ယိက မည်သို့တုံ့ပြန်သည်ကို မသိရပေ။

လွှတ်တော်ဥက္ကဌ၏ ငြင်းပယ်ချက်ကို တပ်မတော် ရှုတ်ချ
ဇန်နဝါရီလ ၁၄ ရက် ၂၀၂၁

ပြည်ထောင်စုလွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်

ရွေးကောက်ပွဲတွင် လိမ်လည်ခဲ့သည်ဆိုသည့် စွပ်စွဲချက်များကို စစ်ဆေးရန် လွှတ်တော်အစည်းအဝေးခေါ်ယူရေးကို ပယ်ချလိုက်သောကြောင့် ဦးတီခွန်မြတ်သည် တပ်မတော်၏ ဝေဖန်မှုကို ခံရသည်။

လွှတ်တော်သစ်မစတင်မီ လွှတ်တော်အထူးအစည်းအဝေးခေါ်ယူရန် တောင်းဆိုခြင်းကို ပယ်ချခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီ မညီကို တပ်မတော်က မေးခွန်းထုတ်ပြီး ၎င်းတို့၏တောင်းဆိုမှုသည် အခြေခံဥပဒေနှင့်ညီကြောင်း ပြောသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲသည့် ယခင်စစ်အစိုးရ၏ အမျိုးသားညီလာခံကို ကိုးကားပြီး လွှတ်တော်ကိုယ်စားလှယ်များသည် လွှတ်တော်အထူးအစည်းအဝေးကျင်းပရန် လွှတ်တော်ဥက္ကဌထံ တောင်းဆိုခွင့်ရှိကြောင့် လွှတ်တော်ကိုယ်စားလှယ်များ၏ လေးပုံတပုံက တောင်းဆိုလျှင် လွှတ်တော်အစည်းအဝေးကျင်းပပေးရန် လွှတ်တော်ဥက္ကဋ္ဌတွင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ တာဝန်ရှိကြောင်း တပ်မတော်ကပြောသည်။

သို့သော် လွှတ်တော်ဥက္ကဋ္ဌ၏ ဆုံးဖြတ်ချက်ကို ထောက်ခံသော ဥပဒေအကြံပေးများကမူ ထိုသို့ငြင်းဆန်ခြင်းသည် လွှတ်တော်ဥပဒေ၊ နည်းဥပဒေ၊ ဖွဲ့စည်းပုံအခြေခံဥပဒေတို့နှင့် ညီကြောင်းပြောသည်။

တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ကြောင်း သက်သေပြရန် တပ်မတော်ပြော
ဇန်နဝါရီလ ၂၀ ရက်၊ ၂၀၂၁

နိုဝင်ဘာ ၁၀ ရက် ရန်ကုန်တွင် ထောက်ခံသူများ ရွေးကောက်ပွဲအောင်ပွဲခံစဉ်/ ဧရာဝတီ

ပြီးခဲ့သည့်ရွေးကောက်ပွဲသည် လွတ်လပ်၍တရားမျှတသည့်ရွေးကောက်ပွဲဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် ကသော်လည်းကောင်း၊ နိုင်ငံတော်အစိုးရကသော်လည်းကောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကသော်လည်းကောင်း ထုတ်ဖော်ပြသမှသာ ရွေးကောက်ပွဲ ရလဒ်ကို လက်ခံမည်ဖြစ်ကြောင်း တပ်မတော်က ထုတ်ပြန်လိုက်သည်။

ယခုလက်ရှိဖြစ်ပေါ်နေသည့်အခြေအနေများကို နိုင်ငံရေးအကျပ်အတည်းဟု သုံးနှုန်းထားပြီး “နိုင်ငံတော်နှင့်နိုင်ငံသားများ၏ အကျိုးစီးပွားကိုရှေးရှု၍ နိုင်ငံရေးအကျပ်အတည်းကိုကျော်လွှားနိုင်စေခြင်းငှာ ပြည်ထောင်စုလွှတ်တော် ကသော်လည်းကောင်း၊ နိုင်ငံတော်အစိုးရကသော်လည်းကောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကသော်လည်းကောင်း နည်းလမ်းရှာဖြေရှင်းပေးပါရန် သဘောထားထုတ်ပြန်အပ်ပါသည်” ဟု တပ်မတော်က ဖော်ပြခဲ့သည်။

မဲမသမာမှုများရှိခဲ့မည်ဆိုလျှင် ပြည်သူ့ဆန္ဒအမှန်ကို မထင်ဟပ်နိုင်ခြင်းကြောင်းဖြစ်ကြောင်းလည်း ဆိုသည်။

“တပ်မတော်အပါအဝင် အခြားသောနိုင်ငံရေးပါတီများအနေဖြင့် လွတ်လပ်၍တရားမျှတပြီးပွင့်လင်းမြင်သာသည့်ရွေးကောက်ပွဲရလဒ်ဖြစ်ကြောင်းထုတ်ဖော်ပြသနိုင်မည်ဆိုလျှင် ပြည်သူ့ဆန္ဒအစစ်အမှန်ကို ထင်ဟပ်မည်ဖြစ်၍ ပြည်သူ့ ဆန္ဒနှင့်အညီလက်ခံသွားမည်သာဖြစ်သည်” ဟု ဆိုသည်။

(San Yamin Aung ၏ Timeline: Tracing Military’s Interference in Myanmar Election ကို ဘာသာပြန်ဆိုသည်။)

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/

တိုင်းရင်းသားပါတီတွေနဲ့ အပြိုင်ကြဲရမယ့် ပြည်နယ် ၇ ခု

  ၄ နိုဝင်ဘာ ၂၀၂၀ ဓာတ်ပုံ ရင်းမြစ်, SNLD ဓာတ်ပုံ ပုံစာ, SNLD ထောက်ခံသူများ မဲဆွယ် လှည့်လည့်စဥ် မြန်မာနိုင်ငံက တိုင်းရင်းသားတွေ အများစုနေထိုင်ကြတဲ့ ပြည်နယ် ၇ခု က အမျိုးသားလွှတ်တော်နဲ့ ပြည်သူလွှတ်တော် မဲဆန္ဒနယ် ၁၈၀ ကျော်ဟာ ပါတီတစ်ရပ် အစိုးရဖွဲ့နိုင်ရေး အဆုံးအဖြတ်အတွက် အရေးပါတဲ့ မဲဆန္ဒနယ်တွေဖြစ်ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေးရေချိန် အရ ၂၀၁၅ တုန်းကလို ပြည်နယ်တွေမှာ အာဏာရပါတီ အနိုင်မရနိုင်တော့ဘူးလို မှန်းဆမှုတွေရှိပြီး ဒေသတွင်းအားကောင်းတဲ့ တိုင်းရင်းသားပါတီတွေ စုစည်း ပြိုင်ဆိုင်လာမှုကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲတွေကွဲခဲ့ရင်တော့ လွှတ်တော်ထဲကို အသင့်ရောက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ နဲ့ မိတ်ဖက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် ပြည်နယ်မဲတွေဟာ အခွင့်အလမ်းဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ဓာတ်ပုံ ရင်းမြစ်, SAIONE LENG KHAN ဓာတ်ပုံ ပုံစာ, ကိုယ်စားလှယ်လောင်း ၁၃၀ ကျော်နဲ့ ရှမ်းပြည်နယ်အတွင်း မြို့နယ် အတော်များများမှာ SNLD ဝင်ရောက်ယှဉ်ပြိုင် ချင်း၊ ကချင်၊ ကရင် နဲ့ မွန် တို့မှာ ဒေသခံတိုင်းရင်းသားပါတီတွေ ပေါင်းစည်းပြီး ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ပြိုင်ကြသလို ကယား၊ ရခိုင်နဲ့ ရှမ်းတို့မှာလည်း ဒ

ဘုရားကျောင်းတိုက်ခိုက်ခံရပြီးနောက် ဖိလစ်ပိုင်က အကြမ်းဖက် နှိမ်နင်းမယ်လို့ဆို

In this photo provided by WESMINCOM Armed Forces of the Philippines, a soldier views the site inside a Roman Catholic cathedral in Jolo (AAP) Hide Grid Image 1 / Video