Skip to main content

Posts

Showing posts from January, 2021

ရွေးကောက်ပွဲတွင် စစ်ဘက်က စွက်ဖက်မှုကို ခြေရာခံခြင်း

  ရွေးကောက်ပွဲတွင် စစ်ဘက်က စွက်ဖက်မှုကို ခြေရာခံခြင်း ၂၀၂၀ ဒီဇင်ဘာ ၂၄ ရက် သီလဝါဆိပ်ကမ်းတွင် ကျင်းပသော ၇၃ နှစ်မြောက် တပ်မတော်- ရေ ဖွဲ့စည်းသည့်အခမ်းအနားသို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်စဉ်/ထက်ဝေ/ဧရာဝတီ 52.7k By  စမ်းယမင်းအောင်  25 January 2021 Want create site? Find  Free WordPress Themes  and plugins. နိုဝင်ဘာလ အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်များ မဲရုံများသို့ မသွားမီကပင် အင်အားကြီးမားသော တပ်မတော်သည် ၎င်း၏ နိုင်ငံရေးအင်အားကို ပြသပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) ၏ ကြိုတင်ပြင်ဆင်မှုများအား အစိုးရက ကိုင်တွယ်ပုံကို ဝေဖန်ကာ ရွေးကောက်ပွဲသည် တရားမျှတမှု ရှိ မရှိ သံသယဖြစ်နေသည်။ ရွေးကောက်ပွဲမတိုင်မီက တပ်မတော်၏ ခြိမ်းခြောက်မှု၊ သတိပေးမှုများကြောင့် အလားအလာရှိသော အာဏာသိမ်းရန် ခြိမ်းခြောက်မှုအပေါ် စိုးရိမ်ပူပန်မှုများကို ဖြစ်စေသည်။ တပ်မတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြည်သူ့ဆန္ဒကို လေးစားမည်ဖြစ်ကြောင်း ရွေးကောက်ပွဲနေ့တွင် ပြောကြားလိုက်သောအခါမှ လူအများအပြား စိတ်သက်သာရာရကြသည်။ မှတ်တမ်းတင်ထားရမည်မှာ မြန်မာနိုင်ငံသည် ကိုဗစ်-၁၉ ကူးစက်မှု မြင့်မားနေချိန် နို

မြန်မာနိုင်ငံရေးအကျပ်အတည်း ဖြစ်တန်ခြေသုံးရပ်နှင့်

  မြန်မာနိုင်ငံရေးအကျပ်အတည်း ဖြစ်တန်ခြေသုံးရပ်နှင့် မဆင်းသက်အပ်တဲ့ အာဏာသိမ်းဝဲဩဃ __________________________ ◉ မင်းဇင် မြန်မာ့နိုင်ငံရေးဟာ အကျပ်အတည်း ဆိုက်နေပါပြီ။ အကျပ်အတည်းက ဖြစ်လာနိုင်တဲ့ ဖြစ်တန်ခြေ တွေထဲမှာ အာဏာသိမ်းရေးဟာလည်း တပ်မတော်ဘက် ပြောဆိုနေတဲ့ ဖြစ်တန်ခြေတခု ဖြစ်နေပါတယ်။ ဒီလို အာဏာသိမ်းမယ်ဆိုရင် ဒါဟာ တပ်မတော်အနေနဲ့ ၂၀၀၈ အခြေခံဥပဒေ အပါအဝင် တည်ဆဲ အင်စတီကျူးရှင်းတွေနဲ့ လက်ရှိ ကျင့်သုံးပုံတွေဟာ သူ့ရဲ့ နိုင်ငံရေးဗီတိုအာဏာကို ဆက်လက် ကာကွယ်နိုင်ရေးအတွက် သူမျှော်မှန်းသလောက်၊ သူလိုအပ်သလောက် အကာအကွယ် မဖြစ်တော့လို့ အာဏာ သိမ်းချင်တာလား ဆိုတဲ့ အမေး ရှိလာပါတယ်။ ဒါဟာ မြန်မာနိုင်ငံအနေနဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံ လို အာဏာသိမ်း ဝဲဩဃ (Coup trap) ထဲ နစ်မွန်းရေးလမ်းကို လိုက်တာမို့ လုံး၀မဖြစ်သင့်၊ မလုပ်အပ်တဲ့ လမ်းကြောင်းလို့ပဲ သုံးသပ်ပါတယ်။ ဒီအခြေနေမျိုးကို ရှောင်ရှားနိုင်ဖို့ NLD အစိုးရနဲ့ တပ်မတော်အကြား တဖက်နဲ့တဖက် အလျော့အတင်း အပေးအယူနဲ့ ထိပ်တိုက်တွေ့ စရာမလိုဘဲ စေ့စပ်ဆွေးနွေးတဲ့ နည်းနဲ့ နိုင်ငံရေး အဖြေ ပေါ်ထွက်အောင် ဆောင်ရွက်ဖို့ တိုက်တွန်းချင်ပါတယ်။ လက်ရှိ အကျပ်အတည်း ဆိုက်ရတဲ့ အကြောင်းကတော့၂၀၂၀

(UEC) အနေဖြင့် တိုင်တန်းမှုများအပေါ် ပွင့်လင်းမြင်သာစွာဖြင့် ရွေးကောက်ပွဲ ဥပဒေများအရ မှန်ကန်တည့်မတ်စွာ အရေးယူဆောင်ရွက်ပြီးမှသာလျှင် ရှေ့လုပ်ငန်းစဉ်များဆောင်ရွက်သင့်"ဟု (DNPO)ပါတီမှ သဘောထားထုတ်ပြန်

  (UEC) အနေဖြင့် တိုင်တန်းမှုများအပေါ် ပွင့်လင်းမြင်သာစွာဖြင့် ရွေးကောက်ပွဲ ဥပဒေများအရ မှန်ကန်တည့်မတ်စွာ အရေးယူဆောင်ရွက်ပြီးမှသာလျှင် ရှေ့လုပ်ငန်းစဉ်များဆောင်ရွက်သင့်"ဟု (DNPO)ပါတီမှ သဘောထားထုတ်ပြန် #TheFifthWaveNews ၉ သင်၊ Thuwunna Thuwunnan နှင့် အခြား ၇ ဦး ကြိုက် မှတ်ချက်ပေးရန် မျှဝေမယ်