Mytel တွင် အစိုးရကိုယ်စားပြုရှယ်ယာရှင် ပါသော်လည်း အစိုးရက စီမံပိုင်ခွင့်မရှိဟုဆို Mytel တွင် အစိုးရကိုယ်စားပြုရှယ်ယာရှင်အဖြစ် တပ်မတော်လက်အောက်ခံ Star High ကုမ္ပဏီက ၂၈ ရာခိုင်နှုန်း၊ ခရိုနီလုပ်ငန်းရှင် သူဌေးကြီးများ ပါဝင်ရင်းနှီးမြှုပ်နှံထားသည့် အများပိုင်ကုမ္ပဏီက ၂၃ ရာခိုင်နှုန်း စုစုပေါင်း မြန်မာဘက်က ၅၁ ရာခိုင်နှုန်း ပါဝင်သော်လည်း ကုမ္ပဏီ၏ အကျိုးအမြတ်ခွဲဝေမှုမှ အစိုးရဘတ်ဂျက်သို့ တစ်စုံတစ်ရာ စီးဆင်းမှုမရှိကြောင်း Justice for Myanmar က ဆိုသည် နိုင်လင်းအောင် Published on Dec 21, 2020 စတုတ္ထမြောက် မိုဘိုင်းဆက်သွယ်ရေးအော်ပရေတာ Mytel ဖွင့်လှစ်စဉ်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ခဲ့စဉ်။ (ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး) စတုတ္ထမြောက်ဆက်သွယ်ရေးအော်ပရေတာအဖြစ် Mytel ကို စတင်ဖွဲ့စည်းတည်ထောင်ချိန်တွင် တပ်မတော်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်လက်အောက်ခံ Star High ကုမ္ပဏီကို အစိုးရကိုယ်စားပြု အစုရှယ်ယာရှင်ကုမ္ပဏီအဖြစ် သတ်မှတ်ဖွဲ့စည်းထားသော်လည်း အစိုးရက ကုမ္ပဏီ၏ အကျိုးအမြတ်၊ ဘဏ္ဍာရေးနှင့် လုပ်ငန်းလည်ပတ်မှုတို့နှင့်ပတ်သက်၍ စီမံခန့်ခွဲပိုင်ခွင့်မရ