Skip to main content

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်-"အုပ်ချုပ်ရေးအတွေ့ အကြုံ ကျွန်တော့်မှာ အများကြီးရှိတယ်"

29 June 2020 20:10(+0630) (3 ရက် ခန့်က)


ပါတီစုံဒီမိုကရေစီစနစ်ကိုမယိမ်းယိုင်အောင် တပ်မတော်က ဆောင်ရွက်နေတယ်လို့ တပ်ချုပ်က ပြောပါတယ်။
(Unicode)⤵⤵⤵
တပ်မတော်တွင်း နှစ်လေးဆယ်ကျော် စစ်ရေး၊ နိုင်ငံရေးနဲ့ အုပ်ချုပ်ရေး အတွေ့အကြုံများစွာရှိကြောင်းနဲ့ ပြည်သူ့ဆန္ဒပေါ်မူတည်ပြီး နိုင်ငံရေးကို ဆက်လုပ်သွားမယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရုရှအခြေစိုက်သတင်းဌာနနဲ့ တွေ့ဆုံခန်းမှာ ပြောကြားလိုက်ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲဖြစ်အောင် ဆောင်ရွက်ရေးက တပ်မတော်ရဲ့ နံပါတ် ၁ ဦးစားပေးလုပ်ငန်းဖြစ်တယ်လို့ လည်း ဗိုလ်ချုပ်မှူးကြီးက ပြောကြားပါတယ်။

ဇွန် ၂၅ ရက်က ရုရှနိုင်ငံခရီးစဉ်အတွင်း ရုရှအခြေစိုက် Aruments and Facts သတင်းဌာန နဲ့တွေ့ဆုံ မေးမြန်းခန်းမှာ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်က ခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။

ရွေးကောက်ပွဲကာလမှာ ဘယ်လိုအခန်းကဏ္ဍကနေ ပါလာနိုင်မလဲလို့ သတင်းဌာနရဲ့မေးမြန်းမှုကို တပ်ချုပ်က ပြန်လည်ဖြေကြားရာမှာ ရွေးကောက်ပွဲ လုပ်ငန်းစဉ် ယုံကြည်စိတ်ချရမှုရှိတယ်ဆိုရင် နိုင်ငံရေးကို ဘယ်လိုပါဝင်ရမယ်ဆိုတာကို စဉ်းစားဖို့ ဖြစ်လာမယ်လို့ ခုလို ဆက်ပြောပါတယ်။

"အရေးကြီးတာကတော့ ရွေးကောက်ပွဲလွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ နံပါတ် ၁ အရေးအကြီးဆုံးပါ။ ဒါကို ကျွန်တော်တို့ ကအောင်မြင်အောင် လုပ်ပေးပါ့မယ်။ ရွေးကောက်ပွဲရလဒ်ထွက်ပေါ်လာတဲ့အချိန်ကျမှ သက်ဆိုင်ရာရွေးကောက်ပွဲမှာ ပါဝင်ခဲ့တဲ့ ပါတီတွေရှိတယ်။ နောက်အဖွဲ့အစည်းတွေရှိတယ်။ အဲဒီမှာ အမျိုးမျိုး ဆန္ဒပြုခဲ့ကြတယ်။ ပြည်သူတွေရဲ့ဆန္ဒရှိတယ်။ ဒီအပေါ် မူတည်ပြီး ကျွန်တော်ကလည်း ဆက်လုပ်သွားမယ်" လို့ ပြောခဲ့တာဖြစ်ပါတယ်။
နိုင်ငံရေးရင့်ကျက်တည်ငြိမ်သွားရင် တပ်မတော်က သူ့လမ်းကြောင်းအတိုင်းပဲ သွားဖို့ရှိတယ်လို့တပ်ချုပ်က ပြောပါတယ်။
တစ်ဆက်တည်းမှာပဲ တပ်ချုပ်က သူ့မှာ တပ်မတော်အတွင်း နှစ်လေးဆယ်ကျော်အတွေ့အကြုံနဲ့ အုပ်ချုပ်ရေးပိုင်းမှာ အတွေ့အကြုံ များစွာရှိပြီး ဒါတွေက တပ်မတော်၊ ပြည်သူနဲ့ တိုင်းပြည်အတွက် အထောက်အကူရမယ်လို့ ယုံကြည်ကြောင်း ဖြည့်စွက်ပြောကြားခဲ့ပါတယ်။

"ကျွန်တော်က တပ်မတော်ထဲမှာ နှစ်ပေါင်း ၄ဝ ကျော် အတွေ့ အကြုံတွေ၊ အရာရှိငယ်ဒုဗိုလ်ဘဝက နေပြီးတော့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး ရာထူးအထိ အဆင့်ပေါင်း များစွာ ခြေလျင်တပ်စုမှူးက စပြီးတော့ ကျွန်တော် Commander အဆင့်ဆင့် ကျွန်တော် လုပ်ခဲ့တယ်။ စစ်ရေး အတွေ့အကြုံ ကျွန်တော့်မှာရှိတယ်။ နောက်ဖြတ်သန်းခဲ့ရတဲ့ နိုင်ငံရေး အတွေ့ အကြုံ၊ စောစောကပြောတဲ့ ခေတ်တွေ ကျွန်တော်မီတယ်။ ကျွန်တော်မြင်တယ်။ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ အထိ ကျွန်တော်မီတယ်။ တပ်မတော်အစိုးရနဲ့ ပါတီစုံဒီမိုကရေစီလမ်းကြောင်း ခေတ်သုံး ခေတ်ကို ကျွန်တော် တပ်မတော်သားဘဝနဲ့ ဖြတ်သန်းလာတာ"လို့ တပ်ချုပ်ကပြောပါတယ်။

"နောက် အုပ်ချုပ်ရေးအတွေ့ အကြုံ ကျွန်တော့်မှာ အများကြီးရှိတယ်။ တိုင်းမှူးလုပ်ခဲ့တာရှိတယ်။ နောက်ပြည်နယ် ဥက္ကဋ္ဌ လုပ်ခဲ့တာ ရှိတယ်။ ဒီအတွေ့အကြုံတွေက တပ်မတော် အတွက် ကော၊ တိုင်းပြည် အတွက်ကော၊ ပြည်သူ့အတွက်ကော၊ ဘယ်လိုပဲဖြစ်ဖြစ် အထောက်အကူရမယ့် ဟာလို့ ကျွန်တော်ယုံကြည်ပါတယ်။ ကျွန်တော်က တာဝန်ထမ်းဆောင်ခဲ့တဲ့ နှစ်ပေါင်း ၄ဝ ကျော်ကာလအတွင်းမှာ တိုင်းပြည်အတွက်၊ ပြည်သူအတွက်လုပ်ခဲ့တာ၊ ကျွန်တော်ဆက်ပြီးတော့ ဒီလိုပဲသွားမှာပါ" လို့ ပြောခဲ့တာဖြစ်ပါတယ်။

လွှတ်တော်ထဲ တပ်မတော်သားကိုယ်စားလှယ်တွေကို ဘယ်အချိန်လောက်မှာ အနားယူသွားဖို့ရှိလဲလို့ သတင်းဌာနကအမေးကို တပ်ချုပ်က လက်နက် ကိုင်ပဋိပက္ခတွေ ရှိနေတာကြောင့် လုံခြုံရေးအရ တည်ငြိမ်မှုမရှိသေးသလို ပါတီစုံစနစ်ကူးပြောင်းချိန်မှာလည်း နိုင်ငံရေးရင့်ကျက်မှုမရှိသေးတာကြောင့် တပ်မတော်က ဒါကိုလုပ်ပေးနေတာဖြစ်ပြီး တကယ်လို့ တည်ငြိမ်မှုတွေရှိသွားပြီဆိုရင်တော့ တပ်မတော်က သူ့ရဲ့လမ်းကြောင်းအတိုင်းပဲ သွားဖို့ရှိတယ်လို့ ဖြေကြားခဲ့ပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ၂၀၁၁ ခုနှစ်မှာ တပ်ချုပ်အဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ၂၀၁၆ ခုနှစ်မှာ အသက် ၆၀ ပြည့်ခဲ့ပြီဖြစ်ပြီး အဲဒီတုန်းက အငြိမ်းစားယူဖို့ အစီအစဉ်မရှိသေးကြောင်း အဲဒီနှစ်မေလကပြုလုပ်တဲ့ တပ်မတော်နဲ့ သတင်းမီဒီယာတွေတွေ့ဆုံပွဲမှာ ဗိုလ်ချုပ်မှူးကြီးကပြောကြားထားပါတယ်။

အဲဒီနှစ်အစောပိုင်းမှာပဲ ဗိုလ်ချုပ်မှူးကြီးနဲ့ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စတဲ့ မြန်မာ စစ်တပ် ရဲ့ အကြီးအမှူး ရာထူး နေရာတွေက သူတွေ အငြိမ်းစား ပင်စင် ယူရမယ့် အသက် ကို အသက် ၆၅ နှစ် အထိ ၅နှစ် သက်တမ်းတိုးခဲ့တာလည်းရှိခဲ့ပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ၂၀၂၀ရွေးကောက်ပွဲအလွန်မှာ သမ္မတလောင်းဖြစ်လာနိုင်ဖွယ်ရှိတယ်လို့ပြည်တွင်းပြည်ပ နိုင်ငံရေးအကဲခတ်တချို့ရဲ့ သုံးသပ်မှုတွေလည်း ရှိထားပါတယ်။

ဒါနဲ့ပတ်သက်လို့တော့ တပ်ချုပ်ကိုယ်တိုင်ရော တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကပါ တိတိကျကျ ထုတ်ဖော်ပြောကြားတာမျိုး မရှိသေးပါဘူး။

ဒါပေမဲ့ ခုရွေးကောက်ပွဲကျင်းပဖို့ လပိုင်းအလိုလောက်မှာ တပ်မတော်ဟာ ဖေ့စ်ဘွတ်ပြန်သုံးလာသလို တပ်မတော်ရဲ့ လှုပ်ရှားမှုနဲ့ပတ်သက်တဲ့ သတင်းတွေ ကိုလည်း ပြန်လည်တင်ပြလာတာရှိပါတယ်။

ဒါဟာ ရွေးကောက်ပွဲအတွက်ရည်ရွယ်တာမဟုတ်ဘဲ တပ်မတော်ရဲ့ဆောင်ရွက်ချက်တွေကို ပြည်သူတွေသိရှိအောင် ခုလိုဖေ့စ်ဘွတ်ခ်ပြန်လည်သုံးစွဲ တာဖြစ်တယ်လို့ တပ်မတော်ဘက်က ပြောကြားထားပါတယ်။

BBC Burmese

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/

တိုင်းရင်းသားပါတီတွေနဲ့ အပြိုင်ကြဲရမယ့် ပြည်နယ် ၇ ခု

  ၄ နိုဝင်ဘာ ၂၀၂၀ ဓာတ်ပုံ ရင်းမြစ်, SNLD ဓာတ်ပုံ ပုံစာ, SNLD ထောက်ခံသူများ မဲဆွယ် လှည့်လည့်စဥ် မြန်မာနိုင်ငံက တိုင်းရင်းသားတွေ အများစုနေထိုင်ကြတဲ့ ပြည်နယ် ၇ခု က အမျိုးသားလွှတ်တော်နဲ့ ပြည်သူလွှတ်တော် မဲဆန္ဒနယ် ၁၈၀ ကျော်ဟာ ပါတီတစ်ရပ် အစိုးရဖွဲ့နိုင်ရေး အဆုံးအဖြတ်အတွက် အရေးပါတဲ့ မဲဆန္ဒနယ်တွေဖြစ်ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေးရေချိန် အရ ၂၀၁၅ တုန်းကလို ပြည်နယ်တွေမှာ အာဏာရပါတီ အနိုင်မရနိုင်တော့ဘူးလို မှန်းဆမှုတွေရှိပြီး ဒေသတွင်းအားကောင်းတဲ့ တိုင်းရင်းသားပါတီတွေ စုစည်း ပြိုင်ဆိုင်လာမှုကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲတွေကွဲခဲ့ရင်တော့ လွှတ်တော်ထဲကို အသင့်ရောက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ နဲ့ မိတ်ဖက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် ပြည်နယ်မဲတွေဟာ အခွင့်အလမ်းဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ဓာတ်ပုံ ရင်းမြစ်, SAIONE LENG KHAN ဓာတ်ပုံ ပုံစာ, ကိုယ်စားလှယ်လောင်း ၁၃၀ ကျော်နဲ့ ရှမ်းပြည်နယ်အတွင်း မြို့နယ် အတော်များများမှာ SNLD ဝင်ရောက်ယှဉ်ပြိုင် ချင်း၊ ကချင်၊ ကရင် နဲ့ မွန် တို့မှာ ဒေသခံတိုင်းရင်းသားပါတီတွေ ပေါင်းစည်းပြီး ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ပြိုင်ကြသလို ကယား၊ ရခိုင်နဲ့ ရှမ်းတို့မှာလည်း ဒ

ဘုရားကျောင်းတိုက်ခိုက်ခံရပြီးနောက် ဖိလစ်ပိုင်က အကြမ်းဖက် နှိမ်နင်းမယ်လို့ဆို

In this photo provided by WESMINCOM Armed Forces of the Philippines, a soldier views the site inside a Roman Catholic cathedral in Jolo (AAP) Hide Grid Image 1 / Video