29 June 2020 20:10(+0630) (3 ရက် ခန့်က) ပါတီစုံဒီမိုကရေစီစနစ်ကိုမယိမ်းယိုင်အောင် တပ်မတော်က ဆောင်ရွက်နေတယ်လို့ တပ်ချုပ်က ပြောပါတယ်။ (Unicode)⤵⤵⤵ တပ်မတော်တွင်း နှစ်လေးဆယ်ကျော် စစ်ရေး၊ နိုင်ငံရေးနဲ့ အုပ်ချုပ်ရေး အတွေ့အကြုံများစွာရှိကြောင်းနဲ့ ပြည်သူ့ဆန္ဒပေါ်မူတည်ပြီး နိုင်ငံရေးကို ဆက်လုပ်သွားမယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရုရှအခြေစိုက်သတင်းဌာနနဲ့ တွေ့ဆုံခန်းမှာ ပြောကြားလိုက်ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲဖြစ်အောင် ဆောင်ရွက်ရေးက တပ်မတော်ရဲ့ နံပါတ် ၁ ဦးစားပေးလုပ်ငန်းဖြစ်တယ်လို့ လည်း ဗိုလ်ချုပ်မှူးကြီးက ပြောကြားပါတယ်။ ဇွန် ၂၅ ရက်က ရုရှနိုင်ငံခရီးစဉ်အတွင်း ရုရှအခြေစိုက် Aruments and Facts သတင်းဌာန နဲ့တွေ့ဆုံ မေးမြန်းခန်းမှာ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်က ခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။ ရွေးကောက်ပွဲကာလမှာ ဘယ်လိုအခန်းကဏ္ဍကနေ ပါလာနိုင်မလဲလို့ သတင်းဌာနရဲ့မေးမြန်းမှုကို တပ်ချုပ်က ပြန်လည်ဖြေကြားရာမှာ ရွေးကောက်ပွဲ လုပ်ငန်းစဉ် ယုံကြည်စိတ်ချရမှုရှိတယ်ဆိုရင် နိုင်ငံရေးကို ဘယ်လိုပါဝင်ရမယ်ဆိုတာကို စဉ်းစားဖို့ ဖြစ်လာမယ်လို့ ခု