Skip to main content

တပ်မတော်နဲ့ စီးပွားရေးတွဲမလုပ်ဖို့ Kirin ကုမ္ပဏီကို လူ့အခွင့်အရေးအဖွဲ့တွေ တိုက်တွန်း


19 June 2020 07:38(+0630) (10 မိနစ် ခန့်က)


ဂျပန်နိုင်ငံ တိုဂျိုမြို့ရှိ Kirin ရုံးချုပ်။ (နိုဝင်ဘာ ၂၉၊ ၂၀၀၈)
(Unicode)⤵⤵⤵
ဂျပန်အခြေစိုက် Kirin ကုမ္ပဏီဟာ စစ်တပ်ပိုင် မြန်မာ့စီးပွားရေး ဦးပိုင်ကုမ္ပဏီနဲ့ အကျိုးတူလုပ်နေတဲ့လုပ်ငန်းတွေ ရပ်နားဖို့ ဂျပန်နဲ့ နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့တွေ တိုက်တွန်းလိုက်ပါတယ်။ ဒီအကြောင်း ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုဇော်ထက် စုံစမ်းမေးမြန်းထားပါတယ်။
လူ့အခွင့်အရေးအဖွဲ့ HRW ရဲ့ အာရှရေးရာ တာဝန်ခံ Phil Robertson
အဖျော်၊ အချိုရည်ထုတ်လုပ်နေတဲ့ Kirin ကုမ္ပဏီအနေနဲ့ မြန်မာစစ်တပ်နဲ့ အဆက်အဆံတွေဖြတ်ချင်းအားဖြင့် ကုမ္ပဏီက ချမှတ်ထားတဲ့ လူ့အခွင့်အရေးစံနှုန်း၊ စံထားတွေနဲ့ တရားမျှတမှုကို လေးစားလိုက်နာမှုပြဖို့ Human Rights Watch လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့က တိုက်တွန်းပါတယ်။ ရိုဟင်ဂျာတွေနဲ့ မြန်မာ လူနည်းစုတိုင်းရင်းသားတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်နေတဲ့ မြန်မာစစ်တပ်ကို အလှုငွေထည့်ဝင်တာတွေအပြင်၊ စစ်တပ်နဲ့အကျိုးတူဆောင်ရွက်နေတဲ့ လုပ်ငန်းတွေကို ရပ်ဆိုင်းဖို့ အချိန်ရောက်ပြီလို့ လူ့အခွင့်အရေးအဖွဲ့ HRW ရဲ့ အာရှရေးရာ တာဝန်ခံ Phil Robertson က VOA ကို ပြောပါတယ်။

“ဒါက သိပ်ကို ရှင်းပါတယ်၊ Kirin နဲ့ အကျိုးတူလုပ်နေတဲ့လုပ်ငန်းက တကယ်တော့ မြန်မာစစ်တပ်က ထိန်းချုပ်ထားတာပါ။ မြန်မာစစ်တပ်ကိုပဲ အကျိုးဖြစ်စေမှာပါ။ ပြီးတော့ Kirin က နိုင်ငံတကာ ဂုဏ်သိက္ခာအတွက် လေးစားတဲ့အဖွဲ့ပါ။ ဒါကြောင့် စစ်တပ်နဲ့ စီးပွားရေးလုပ်တာ ရပ်သင့်ပါတယ်။”

မြန်မာစစ်တပ်ဟာ ဖြစ်နိုင်ခြေရှိတဲ့ လူမျိုးတုံး သတ်ဖြတ်မှုတွေ၊ ရခိုင်နဲ့ ကချင်ပြည်နယ်မှာ ပြစ်မှုတွေ ကျူးလွန်မှုတွေ ဒါတွေနဲ့ နိုင်ငံတကာတရားရုံး ICJ မှာ တရားရင်ဆိုင်နေရတာကြောင့်၊ နိုင်ငံတကာ စံနှုန်းတွေကို လေးစားလိုက်နာတဲ့ Kirin လို စီးပွားရေးလုပ်ငန်း တခုအနေနဲ့ ဒီလိုမျိုးအကျိုးတူ မလုပ်သင့်ဘူးလို့လည်း သူကပြောတာပါ။

ဒီတိုက်တွန်းချက်ကို Human Rights Now, Human Rights Watch, Japan Volunteer International Center နဲ့ Shapla Neer စတဲ့ လူ့အခွင့်အရေး စောင့်ကြည့်တဲ့ အဖွဲ့တွေက ဒီကနေ့ဇွန်လ ၁၈ ရက်မှာ ပူးတွဲသဘောထား ထုတ်ပြန်ခဲ့တာပါ။ Kirin ကုမ္ပဏီက ၂၀၁၇ အောက်တိုဘာမှာ စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီကို အမေရိကန်ဒေါ်လာ ၃၀,၀၀၀ လှူဒါန်းခဲ့ပြီး အဲဒီအချိန်က ရိုဟင်ဂျာတွေကို လူမျိုးသုန်း ရှင်းလင်းနေချိန်ဖြစ်သလို လိင်ပိုင်းကျူးလွန်တာတွေ၊ တိုင်းရင်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်တာတွေ၊ အတင်းအကျပ် နေရာရွှေ့ပြောင်းခိုင်းတာတွေ ရှိခဲ့တယ်လို့ ထောက်ပြထားကြပါတယ်။ ရိုဟင်ဂျာဆိုတဲ့အသုံးအနှုန်းကိုတော့ မြန်မာအစိုးရရော၊ မြန်မာစစ်တပ်ကပါ လက်မခံပါဘူး။

လူ့အခွင့်အရေးအဖွဲ့ HRW က Kirin ကုမ္ပဏီကို မေလ ၂၂ ရက်က ကနဦး စာပေးပို့ထားပြီး Kirin ဘက်ကလည်း ဇွန်လ ၁၂ ရက်မှာ ပြန်အကြောင်းကြားခဲ့ပါတယ်။ အဲဒီစာထဲမှာတော့ သူတို့ကုမ္ပဏီက ၂၀၁၅ ခုနှစ် မြန်မာပြည်မှာ စရင်းနှီးမြှုပ်နှံတုန်းက မြန်မာအစိုးရဟာ ဒီမိုကရေစီအရွေ့ကို ကူးပြောင်းနေတာရယ်၊ NLD က အစိုးရဖွဲ့နိုင်တာရယ်၊ အမေရိကန်နဲ့ ဥရောပသမဂ္ဂက မြန်မာကို စီးပွားရေးပိတ်ဆို့တာတွေ ဖယ်ရှားလိုက်တာရယ် ဒီအချက်တွေနဲ့ ဦးပိုင်ကုမ္ပဏီနဲ့လက်တွဲဖို့ ဆုံးဖြတ်ခဲ့တာလို့ တုံ့ပြန်ထားပါတယ်။ ဒါပေမဲ့ အခုလို လူ့အခွင့်အရေးအဖွဲ့တွေက တောင်းဆိုတဲ့အတိုင်း စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီနဲ့ လက်တွဲဖြုတ်ဖို့ဆိုရင် စုံစမ်းစစ်ဆေးမှုတွေ သူတို့ဘက်က အမြန်ဆုံး လုပ်သွားမယ်လို့လည်း တုံ့ပြန်ထားပါတယ်။

ကုမ္ပဏီဘက်က စုံစမ်းမှုတွေ လုပ်မယ်လို့ပြောတဲ့အပေါ်မှာ တရားလွှတ်တော်ရှေ့နေ ဦးဂဲနက်စ် ကတော့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေက အရင်ကတည်းက တောက်လျှောက်ရှိနေတယ်လို့ ထောက်ပြပါတယ်။

“အနှစ်ချုပ်ပြောရမယ်ဆိုရင် အခု Kirin ကလည်းပြန်ပြီး စိစစ်မယ် ပြန်ပြီး သုံးသပ်မယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်လို့ လူ့အခွင့်အရေး ချိုးဖောက်မှု NLD အစိုးရလက်ထက်မှာ ဖြေလျော့သွားပါပြီ၊ တပ်မတော်က မလုပ်တော့ပါဘူး ဆိုပေမဲ့လည်း နိုင်ငံတကာစံနှုန်းအရမှာ နောက်ပိုင်း ICJ မှအစလေ လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးခံနေရတာ ရှိနေတာပဲလေ။ အဲဒီတော့ အခုကျမှပဲ ပြန်သုံးသပ်မယ်ဆိုတဲ့ ဟာကတော့ ကုမ္ပဏီကလည်းဒါ ပွင့်ပွင့်လင်းလင်းပြောရင်တော့ သိသိလျက်သားနဲ့ အခုမှ ပြန်စုံစမ်းမယ်ဆိုတာ ကျနော်တော့ သဘောမတွေ့ဘူးပေါ့နော်။”

တပ်မတော်ဘက်ကတော့ နယ်မြေမငြိမ်းချမ်းတဲ့အချိန်၊ တိုက်ပွဲကာလအတွင်း ဒီလိုခေါင်းစဉ်အောက်ကနေ လူ့အခွင့်အရေး ချိုးဖောက်တဲ့ပုံစံ ဖြစ်ပွားလေ့ရှိတယ်ဆိုပြီး တုံ့ပြန်တာမျိုးရှိကြောင်း သူကထောက်ပြပါတယ်။

၂၀၁၅ တုန်းက ဦးပိုင်နဲ့ အကျိုးတူစလုပ်ခဲ့တဲ့ MBL ကုမ္ပဏီမှာ Kirin က ရှယ်ယာ ၅၅ ရာခိုင်နှုန်း၊ ၂၀၁၇ မှာ လုပ်တဲ့ Mandalay Brewery ကုမ္ပဏီမှာ ၅၁ ရာခိုင်နှုန်း Kirin ဘက်ကရထားပါတယ်။

 ဇော်ထက်  / ဗွီအိုအေ (မြန်မာပိုင်း)

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/...
ဦးဆန်းဆင့် ရမည်းသင်းထောင်ပို့ခံရ ဂျွန်လ ၂၀ ရက် နိုင်ငံတော်သမ္မတအမိန့်နဲ့ ရာထူးကနေ အနားပေးခံရတဲ့ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ရမည်းသင်းအကျဉ်းထောင်ကို ခေါ်ဆောင်သွားတယ်လို့ နေပြည်တော် သတင်းရပ်ကွက်က သိရပါတယ်။ သမ္မတက ဇွန် ၁၉ ရက်နေ့မှာ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်မကျေပွန်မှုနဲ့ ရာထူးကနေ ဖယ်ရှားမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနေ့ခင်း ၁ နာရီလောက်မှာပဲ အထူးစုံစမ်းစစ်ဆေးရေးဌာန (စစစ) တာဝန်ရှိသူတဦးက လာရောက်အမှုဖွင့်တယ်လို့ ရဲစခန်းကို ကိုယ်တိုင်သွားရောက်တဲ့ ဒီဗွီဘီသတင်းထောက် ဦးအောင်ကြီးက ပြောပါတယ်။

ကချင်ကို ထိုးစစ် မဆင်ဖို့ သမ္မတ ညွှန် ကြား ဦးသိန်းစိန် ကချင် စစ်တပ် အပြစ်ရပ် ငြိမ်းချမ်းရေး

၁၂ ဒီဇင်ဘာ ၂၀၁၁ ကေအိုင်အေ ကချင် လွတ်လပ်ရေး တပ်မတော် အပေါ် အစိုးရ စစ်တပ် ဘက် စတင် ထိုးစစ်ဆင် တိုက်ခိုက် တာမျိုး မပြုလုပ်ဘဲ ခုခံ ကာကွယ် စစ်သာ ပြုလုပ်ဖို့ သမ္မတ ဦးသိန်းစိန်က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကို အကြောင်း ကြားစာ ပေးပို့ခဲ့ ပါတယ်။ ဓာတ်ပုံ ပုံစာ, ကချင် ဒုက္ခသည်တွေကို အကူအညီငွေ ပေးအပ်ပွဲ မှာ သမ္မတရဲ့ ပေးစာ အကြောင်း ပြောခဲ့ တာဖြစ် မြစ်ကြီးနား မြို့တော် ခန်းမမှာ ပြုလုပ်တဲ့ စစ်ဘေးသင့် ပြည်သူတွေ အတွက် ပြည်ထောင်စု လွှတ်တော် က လှူဒန်းတဲ့ အလှူငွေ ပေးအပ်ပွဲ မှာ ကချင် ပြည်နယ် ဝန်ကြီး ချုပ်က သတင်းထောက် တွေနဲ့ အခမ်း အနား တက်ရောက်သူ တွေကို ပြောခဲ့ တာပါ။ ကချင်ပြည်နယ် ဝန်ကြီးချုပ်က ကေအိုင်အေ တပ်စခန်း တွေကို မြန်မာ အစိုးရ စစ်တပ်ဘက်က ထိုးစစ်ဆင် တိုက်ခိုက်မှု မပြုလုပ်ဖို့ ဆိုတဲ့ ခေါင်းစဉ် အောက်မှာ အချက် သုံးချက်ပါ တဲ့ စာကို ဖတ်ပြ ခဲ့တယ်လို့ အခန်း အနားကို တက်ရောက် ခဲ့သူ သတင်း သမား တစ်ယောက်က ဘီဘီစီကို ပြန်ပြောပြ ပါတယ်။ အဲဒီ အချက်တွေ ကတော့ အစိုးရ ဘက်က နိုင်ငံရေး အရ ဆွေးနွေး နိုင်ရန် စီစဉ် နေတဲ့ အကြောင်းနဲ့ ဆွေးနွေး မှုတွေ ပြုလုပ် နိုင်ဖို့ အတွက် ခုခံ တိုက်ခိုက် ရုံက လွဲပြီး တပ်ရွှေ့တာ၊ စစ်ချီ တာတွေ ...