Skip to main content

ပလက်ဝမြို့နယ်၊ အောက်မီးလက်ဝရွာက နေအိမ်တစ်ရာနီးပါး မီးလောင်

ပလက်ဝမြို့နယ်၊ အောက်မီးလက်ဝရွာက နေအိမ်တစ်ရာနီးပါး မီးလောင်

တပ်မတော်နဲ့ AA လက်နက်ကိုင်အဖွဲ့ တိုက်ပွဲဖြစ်ပွားရာဒေသမှာ တည်ရှိတဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ် အောက်မီးလက်ဝကျေးရွာမှာ နေအိမ်တစ်ရာနီးပါး မနေ့တုန်းက မီးလောင်သွားပြီး ဒါဟာ မီးရှို့ဖျက်ဆီးခံရတာ ဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။
ရက္ခိုင့်တပ်တော် AA နဲ့ တပ်မတော်တို့ တိုက်ပွဲတွေကြောင့် နေအိမ် ၁၃၀ နီးပါးရှိတဲ့ အောက်မီးလက်ဝကျေးရွာက ဒေသခံတွေဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကတည်းက ကျေးရွာထဲမှာ မနေရဲတော့ဘဲ ပလက်ဝမြို့က ပိုလုံခြုံနိုင်တဲ့ နေရာမှာ ခိုလှုံနေကြပြီး တချို့လည်း ရန်ကုန်အထိ တိမ်းရှောင်နေကြပါတယ်။
လူမရှိတော့တဲ့ အောက်မီးလက်ဝကျေးရွာမှာ မနေ့ နေ့လယ်တုန်းက စတင်ခဲ့တဲ့မီးကြောင့် နေအိမ် ၁၀၀ နီးပါး မီးလောင်ခဲ့တယ်လို့ ဒေသခံတွေနဲ့ အရပ်ဘက်အဖွဲ့တွေက ပြောပါတယ်။
မီးလောင်တဲ့ကျေးရွာကို ဒေသခံတွေ သွားရောက်ဖို့ ကြိုးစားပေမယ့် ပစ်ခတ်ခံရတာကြောင့် အရောက်သွားလို့ မရခဲ့ဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မီးလက်ဝဒေသခံတစ်ဦးက ပြောပါတယ်။
"တစ်ယောက်ယောက်က မီးရှိုမှပဲ လောင်မှာပေါ့။ နောက်ထပ်တော့ မဖြစ်နိုင်ဘူးလေ၊ လူမရှိတာက ကြာပြီလေ၊ ကိုယ်အိမ်တွေ မီးလောင်တဲ့နေရာမှာ ပါသွားတယ်ဆိုတော့ စိတ်တော့မကောင်းဘူး၊ မနေ့က သွားကြည်တဲ့ အဖွဲ့တွေကို သေနတ်နဲ့ လှမ်းပစ်တယ်၊ ဘယ်သူမှ မသွားရဲတော့ဘူး။"
မီးလောင်တဲ့ရွာကို သွားလို့မရတာကြောင့်  မီးလောင်တဲ့ အိမ်အရေအတွက်ကို ခန့်မှန်းလို့ပဲ ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မီးလောင်ရတဲ့ အကြောင်းရင်းကို  အတိအကျမသိရသေးဘူးလို့ အမျိုးသားလွှတ်တော်ရဲ့ ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ် ၁၂ လွှတ်တော်အမတ် ဆလိုင်းမျိုးထိုက်က ပြောပါတယ်။
"အိမ်ခြေပေါင်းက တစ်ရာကျော်ရှိတယ် ဆိုတော့ တစ်ဝက်လောင်သလား၊ တစ်ဝက်ကျော်လောင်သလား ဆိုတာ ပြောဖို့ ခက်ပါတယ်၊ လောင်တာတော့ သေချာပါတယ်ခင်ဗျ၊ အဖွဲ့အစည်းတွေက မီးရှို့သလား၊ တောမီးကပဲ လောင်သလားပေါ့၊ ပြောလိုတော့ မရဘူးပေါ့နော်၊ လောင်တာတော့ အတည်ပြုလို့ရတယ်၊ ဘာကြောင့်လောင်တယ် ဆိုတာတော့ ပြောမရဘူး။"
မီးလက်ဝရွာ မီးလောင်တာနဲ့ ပတ်သက်ပြီး ချင်းပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးစိုးထက်ကို မေးမြန်းဖို့ ဒီကနေ့ ကြိုးစားပေမယ့် ဆက်သွယ်လို့ မရပါဘူး။
မီးလက်ဝရွာဟာ ပလက်ဝမြို့ အရှေ့ဘက် ကုလားတန်မြစ်ပဲခြားပြီး အိမ်ချေ ၁၂၅ အိမ်နဲ့ လူဦးရေ ၇၀၀ နီးပါး ရှိတဲ့ ကျေးရွာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက ကျေးရွာထဲကို လက်နက်ကြီးကျည် ကျတာကြောင့် ရွာသား ငါးဦး ဒဏ်ရာရရှိခဲ့ပြီး ရွာသားတွေဟာ ပလက်ဝမြို့ပေါ်  ဆမီး၊ မတူပီနဲ့ ရန်ကုန်စတဲ့ နေရာတွေကို ထွက်ပြေး တိမ်းရှောင်နေကြရ ပါတယ်။
လူမရှိတဲ့ကျေးရွာတွေကို အခုလို မီးရှို့တာဟာ ဘယ်အဖွဲ့ပဲဖြစ်ဖြစ် လူအခွင့်ရေး ချိုးဖောက်တာပဲလို့ ချင်း လူ့အခွင့်ရေးအဖွဲ့က ဆလိုင်းတေရက ပြောပါတယ်။
"အဲဒါ ဆိုးဆိုးဝါးဝါး လူ့အခွင့်ရေး ချိုးဖောက်မှုတစ်ခုပဲလို့ ကျနော် မှတ်ချက်ပြုချင်တယ်၊ ဘယ်သူပဲဖြစ်ဖြစ် အဲလိုမျိုးတော့ မဖြစ်စေချင်ဘူး၊  သူတို့ဟာ နောက်တစ်ချိန် အေးချမ်းတဲ့အချိန်မှာ သူတို့နေအိမ်တွေကို ပြန်နေဖို့ အစီစဉ်ရှိတယ်၊ အခုလို မီးရှို့တာဟာ ပြည်သူတွေရဲ့ အိုးအိမ်တွေကို ဖျက်စီးတာပဲလို့ပြောချင်တယ်။"
ဒီလို မီးရှို့ခံရတာကြောင့် ကျေးရွာထဲမှာ ကျန်ခဲ့တဲ့ စပါးတွေ၊ အိမ်အသုံးအဆောင် ပစ္စည်းတွေ၊ အဝတ်အစားတွေ အားလုံး မီးထဲပါသွားတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
လက်ရှိ မီးလက်ဝရွာသားတွေ နေထိုင်တဲ့ ပလက်ဝ အထက ကျောင်းဟာ မကြာခင် ပြန်ဖွင့်တော့မှာဖြစ်လို့ နေထိုင်ဖို့အတွက် စိုးရိမ်ပူပန်နေကြတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
မီးလက်ဝရွာ မီးရှို့တာနဲ့ ပတ်သက်ပြီး AA အဖွဲ့တွေကို မေးမြန်းရာမှာတော့ AA ပြောခွင့်ရခိုင်သူခက “မနေ့က မေလ ၂၆ ရက် နေ့လယ် ၂ နာရီ ၄၀ လောက်မှာ ပလက်ဝမြို့ရဲ့ တစ်ဘက်ကမ်း ခလရ ၂၈၉ တောင်ပေါ် က ဆင်းလာတဲ့ အစိုးရစစ်တပ်ရဲ့ စစ်ကြောင်းတစ်ကြောင်းက ပလက်ဝမြို့နယ် မီးလက်ဝရွာထဲကို ဝင်သွားပြီး မီးလက်ဝအောက်ရွာကို မီးရှို့ဖျက်ဆီးတာရှိကြောင်း၊ အစိုးရတပ်က မီးရှို့တဲ့အချိန်မှာ ရွာသားတွေက သူတို့အိမ်တွေ ကို မီးငြှိမ်းသတ်ဖို့ လိုက်သွားကြောင်း၊ အဲဒါကို အစိုးရတပ်က သေနတ်နဲ့ပစ်ပြီး မောင်းထုတ်လို့ ပြန်ပြေးရကြောင်း၊ ခုကတော့ အဲဒီရွာက မနေ့ကကတည်းက ပြာကျသွားပြီ ဖြစ်ကြောင်း၊ ခိုင်သုခက ပြောပါတယ်။ ဒါဟာ  ရည်ရွယ်ချက်ရှိရှိနဲ့ ကြိုတင်ကြံစည်ပြီး မီးရှို့တဲ့လုပ်ရပ်ဖြစ်ပြီး စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်တာဖြစ်ကြောင်း ခိုင်သုခက ပြောပါတယ်။
ကိစ္စနဲ့ပတ်သက်ပြီး မေးမြန်းဖို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို တယ်လီဖုန်းကနေတဆင့် RFA က အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမယ့် အခု သတင်းထုတ်လွှင့်တဲ့အချိန်ထိ ဆက်သွယ်လို့ မရသေးပါဘူး။
တပ်မတော်အနေနဲ့  မြောက်ဦးမြို့နယ် လက္ကာရွာ မီးလောင်မှုနဲ့ပတ်သက်လို့ တပ်မတော်လက်ချက်မဟုတ်ဘဲ AA အဖွဲ့ရဲ့ လက်ချက်ဖြစ်ကြောင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက မကြာခင်က သတင်းစာရှင်းလင်းပွဲတစ်ခုမှာ  ပြောကြားခဲ့ဖူးပါတယ်။
ရခိုင်ပြည်နယ်မှာလည်း တပ်မတော်နဲ့ AA တိုက်ပွဲဖြစ်တဲ့နေရာတချို့က ကျေးရွာတွေမှာ မီးရှို့ခံရတာတွေ ရှိတတ်ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကဘဲ မြောက်ဦးမြို့နယ် လက္ကာကျေးရွာမှာ နေအိမ် ၂၀၀ နီးပါး မီးရှို့ ဖျက်ဆီးခံရပြီး ဘယ်သူ့ လက်ချက်ဆိုတာ ခုချိန်ထိ တိတိကျကျမသိရသေးပါဘူး။ လက္ကာကျေးရွာက နေအိမ်တွေ မီးရှို့ဖျက်ဆီးခံရတာကို စုံစမ်းဖော်ထုတ်ဖို့ အစိုးရကို နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ ဖြစ်တဲ့ Human Rights Watch (HRW) က မနေ့က တောင်းဆိုထားပါတယ်။
ပလက်ဝမြို့နယ်အတွင်း အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ကြား ဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် ပလက်ဝမြို့ပေါ်မှာ စစ်ဘေးဒုက္ခသည် လေးထောင်နီးပါး၊ ဆမီးမြို့မှာ သုံးထောင်နီးပါး၊ မီးဇာကျေးရွာမှာ နှစ်ထောင်ကျော်နဲ့ ရန်ကုန်မြို့ကို ရောက်ရှိလာတဲ့ စစ်ဘေးဒုက္ခသည် နှစ်ရာနီးပါးရှိနေပြီ ဖြစ်ပါတယ်။

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/

တိုင်းရင်းသားပါတီတွေနဲ့ အပြိုင်ကြဲရမယ့် ပြည်နယ် ၇ ခု

  ၄ နိုဝင်ဘာ ၂၀၂၀ ဓာတ်ပုံ ရင်းမြစ်, SNLD ဓာတ်ပုံ ပုံစာ, SNLD ထောက်ခံသူများ မဲဆွယ် လှည့်လည့်စဥ် မြန်မာနိုင်ငံက တိုင်းရင်းသားတွေ အများစုနေထိုင်ကြတဲ့ ပြည်နယ် ၇ခု က အမျိုးသားလွှတ်တော်နဲ့ ပြည်သူလွှတ်တော် မဲဆန္ဒနယ် ၁၈၀ ကျော်ဟာ ပါတီတစ်ရပ် အစိုးရဖွဲ့နိုင်ရေး အဆုံးအဖြတ်အတွက် အရေးပါတဲ့ မဲဆန္ဒနယ်တွေဖြစ်ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေးရေချိန် အရ ၂၀၁၅ တုန်းကလို ပြည်နယ်တွေမှာ အာဏာရပါတီ အနိုင်မရနိုင်တော့ဘူးလို မှန်းဆမှုတွေရှိပြီး ဒေသတွင်းအားကောင်းတဲ့ တိုင်းရင်းသားပါတီတွေ စုစည်း ပြိုင်ဆိုင်လာမှုကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲတွေကွဲခဲ့ရင်တော့ လွှတ်တော်ထဲကို အသင့်ရောက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ နဲ့ မိတ်ဖက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် ပြည်နယ်မဲတွေဟာ အခွင့်အလမ်းဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ဓာတ်ပုံ ရင်းမြစ်, SAIONE LENG KHAN ဓာတ်ပုံ ပုံစာ, ကိုယ်စားလှယ်လောင်း ၁၃၀ ကျော်နဲ့ ရှမ်းပြည်နယ်အတွင်း မြို့နယ် အတော်များများမှာ SNLD ဝင်ရောက်ယှဉ်ပြိုင် ချင်း၊ ကချင်၊ ကရင် နဲ့ မွန် တို့မှာ ဒေသခံတိုင်းရင်းသားပါတီတွေ ပေါင်းစည်းပြီး ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ပြိုင်ကြသလို ကယား၊ ရခိုင်နဲ့ ရှမ်းတို့မှာလည်း ဒ

ဘုရားကျောင်းတိုက်ခိုက်ခံရပြီးနောက် ဖိလစ်ပိုင်က အကြမ်းဖက် နှိမ်နင်းမယ်လို့ဆို

In this photo provided by WESMINCOM Armed Forces of the Philippines, a soldier views the site inside a Roman Catholic cathedral in Jolo (AAP) Hide Grid Image 1 / Video