Skip to main content

Posts

Showing posts from June, 2019

ကင်ဆာရောဂါ အတော်များများအတွက် အသက်ကယ်နိုင်လို့ အပမ်းမကြီးရင် မျှဝေပေးပါ

ကင်ဆာရောဂါ အတော်များများအတွက် အသက်ကယ်နိုင်လို့ အပမ်းမကြီးရင် မျှဝေပေးပါ By သုတရသအဖွာဖွာ - March 21, ကိုဝမ်း ရဲ့ Post လေးထဲက စိတ်မကောင်းဘွယ်ရာသွေးကင်ဆာခံစားနေရသောဝေဒနာရှင်လေးကို တွေ့လိုက်ရပြီး ဒီနေ့ဖတ်မိခဲ့တဲ့ကင်ဆာနဲ့ ကညွှတ် ပတ်သက်နေပုံလေးကို စိတ်ဝင်စားမိခဲ့ပါတယ်… အပန်းမကြီးဘူးဆိုရင် လုပ်ကြည့်စေချင်ပါတယ်…ငွေအကုန်အကျလည်း သိပ်မများတာမို့ ဒီဆေးနည်းလေးကိုမူရင်းအတိုင်း မျှဝေ တင်ပေးလိုက်ပါတယ်.. မူရင်း….. Asparagus…..whether U believe it or not ဆိုတဲ့ခေါင်းစဉ်နဲ့မေလ်းတစ်ခုကို ကျွန်တော့် အကို တစ်ယောက်က ပို့လိုက်ပါတယ်။ သူလည်းသူများဆီက ရလို့ ကျွန်တော့်ဆီကို forward လုပ်လိုက်တာဖြစ်ပါတယ်။သူခေါင်းစဉ်လိုဘဲ ကညွှတ်များတဲ့ -ယုံခြင်ယုံမယုံခြင်နေ…ဟုတ်မဟုတ်တော့်မသိဘူး…ကိုယ်တိုင်လည်းမဆန်းဖူးလို့ပါ။ ဟိုးဖက်အစွန်ဆုံးကတော့ white asparagus (မြန်မာလိုမသိ)သူ့အတိုင်းဘာသာပြန်တော့ ကညွှတ်ဖြူပေါ့၊ အလယ်က green asparagus မြန်မာလိုကညွှတ် သူ့အတိုင်း ဆို ကညွှတ်စိမ်း ဒီဖက် အစွန်ဆုံးကတော့ wildasparagusသူတိုင်းဆို ကညွှတ်ရိုင်းဖြစ်ပါတယ် ။နှစ်ပေါင်းကတော့ နည်းနည်းကြာသွားပြီ လူတစ်ယောက်ကကင်ဆာဖြစ်နေတဲ့ သူ့သူငယ်ချင်းတစ်ယောက် အတွ

ထကြည့်စမ်းပါ ဗိုလ်ချုပ်ရယ်

+၁၂ ၅၈ Tint Kyaw နှင့် အခြား ၅၇ ယောက် မှတ်ချက် ၅ ခု မျှဝေသူ ၇ ဦး ကြိုက် ကြိုက် အရမ်းကြိုက် ဟားဟား ဝိုး ဝမ်းနည်း စိတ်ဆိုး မှတ်ချက်ပေးရန် ■ ထကြည့်စမ်းပါ ဗိုလ်ချုပ်ရယ်... ■ ထကြည့်စမ်းပါ ဗိုလ်ချုပ်ရယ် ဗိုလ်ချုပ်နာမည် သုံးပြီး လုပ်စားနေခဲ့သူ လူတစ်စု စုကို နိုင်ငံရေးလုပ်မှာ ကြောက်လို့ နိုင်ငံခြားမှာ အခြေကျအောင် ပရိယာယ် အထွေထွေ အခြေအနေ အရပ်ရပ် အထပ်ထပ် ဖန်တီးပြီး စီစဉ်ခဲ့ကြတယ် တဲ့။ ဒါပေမဲ့... ရှေ့ရေးကို မျှော် ဗိုလ်ချုပ်သမီးနော် ပီသ ဇာတိပြကာ နေလာခဲ့ပြီး တိုင်းပြည်က အရေးကြီးတော့ ရှေ့က ခေါင်းဆောင် ဂုဏ်ရောင်ပြောင်အောင် သူ ဆောင်ရွက်နေတယ်။ _ ထကြည့်စမ်းပါ ဗိုလ်ချုပ်ရယ် ဗိုလ်ချုပ်ရဲ့ ရှုမငြီး ချစ်သမီးကို ဗိုလ်ချုပ် တည်ထောင် ဂုဏ်ရောင်တွေ ပြောင်ခဲ့တဲ့ မြန်မာ့ တပ်မတော်မှ အချို့သော ခေါင်းဆောင်တွေ မတတ်သော စိတ်ထား ဦးတည်ချက် အမှားများနှင့် ဝရုန်းသုန်းကား ဖမ်းဆီး ထောင်ချ ဘဝ အမှောင်တွေကျအောင် ကြံလုံး ဖန်လုံး နည်းမျိုးစုံ သုံးလို့ အမျိုး သုဉ်းအောင် ကြံဆောင် နှိပ်စက် အဘက်ဘ

ရန်ကုန်ဝန်ကြီးချုပ်ဟောင်း ဦးမြင့်ဆွေရဲ့ ဆင်းရဲမွဲတေမှု ပပျောက်ရေး မြေကွက် ၇၃၈ ကွက် အရှုပ်တော်ပုံမှာ ကြံ့ခိုင်ရေးပါတီဝင်တွေ အမှုပေါင်း ၃၆ မှုနဲ့ တိုင်ကြားခံထားရ

B y ရန်ကုန်ခေတ်သစ် ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးမြင့်ဆွေလက်ထက် ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ် ၊ လေးဒေါင့်ကန် စံပြကျေးရွာမှာ ဆင်းရဲမွဲတေမှု ပပျောက်ရေးအတွက် မြေကွက် ၇၃၈ ကွက် ချထားပေးခဲ့ပြီး အဲဒီမြေကွက်ကတွေကို ကြံ့ခိုင်ရေးပါတီဝင်တွေ ဦးဆောင်တဲ့ ရပ်ကွက်သစ်ဖော်ဆောင်ရေးကော်မတီက စီမံခန့်ခွဲရာမှာ ငွေကြေးအလွဲသုံးစားမှု၊ မြေကွက်ရိုက်ရောင်းစားမှု၊ ရပ်ကွက်ရုံးကို ကြံ့ခိုင်ရေးပါတီရုံး ပြောင်းလဲမှုတွေရှိတယ်ဆိုပြီး အမှုပေါင်း ၃၆ မှုနဲ့ ရဲစခန်းမှာ အမှုဖွင့်လိုက်ပါတယ်။ ဦးမြင့်ဆွေ လက်ထက် ဆင်းရဲမွဲတေမှု ပပျောက်ရေး စီမံချက် ======================================= ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးမြင့်ဆွေ လက်ထက် ၂၀၁၁ ခုနှစ် အောက်တိုဘာလမှာ ဆင်းရဲမွဲတေမှု ပပျောက်ရေးနဲ့ ကျူးကျော်ပပျောက်ရေး စီမံချက်ကို ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ် ၊ လေးဒေါင့်ကန်ကျေးရွာ၊ သံလမ်း အနောက်ဘက်ခြမ်းမှာ စတင် အကောင်အထည်ဖော်ခဲ့ပါတယ်။ အဲဒီစီမံချက် အကောင်အထည်ဖော်ဖို့ လယ်သမားကြီး ၆ ဦးက သူတို့ပိုင်ဆိုင်တဲ့ မြေဧက ၃၈ ဒသမ ၈၆၁ ဧကကို လှူဒါန်းလိုက်ပါတယ်။ အဲဒီ မြေ ၃၈ ဒသမ ၈၆၁ ဧကကို ခွဲခြမ်းလိုက်တဲ့အခါမှာ မြေကွက် ၇၃၈ ကွက်ရရှိပ

တကမ္ဘာလုံးသိအောင်ဖြန့်ဝေပေးကြပါ ကိုယ်တိုင်လက်တွေ့ရောဂါ ပျောက်ဆေးဆီးချိုရောဂါ သက်သာပျောက်ကင်းသောဆေးနည်း

  June 25, 2019     ဗဟုသုတနှင့်ကျန်းမာရေး တကမ္ဘာလုံးသိအောင်ဖြန့်ဝေပေးကြပါ ကိုယ်တိုင်လက်တွေ့ရောဂါ ပျောက်ဆေးဆီးချိုရောဂါ သက်သာပျောက်ကင်းသောဆေးနည်း မိတ်ဆွေတို့မိသားစုဝင်ထဲမှာဖြစ်ဖြစ် အပေါင်းအသင်းသူငယ်ချင်းထဲမှာဖြစ်ဖြစ် ဆီးချိုရောဂါကြောင့် စိတ်သောကရောက်နေသူရှိလျင်ဤဆေးနည်းကို ပြောပြပေးခြင်းအားဖြင့် မိမိကဲ့သို့ ဆေးဒါနပြု၍ကုသိုလ်ရအောင်ယူလိုက်ပါ။ ဆီးချို ရောဂါ အတွက် ဆေးနည်း လိုအပ်သောဆေးမှာ နှစ်မျိုးသာဖြစ်ပါသည်။ သံပုရာသီး တစ်လုံးနှင့် ထိုသံပုရာသီးနှင့်အလေးချိန်တူသည့် ဂျင်းအဲ့ဒီနှစ်မျိုးကို ပုံပြပါအတိုင်း ရှာထားရမည်။ ရှာထားသော သံပုရာသီးတစ်လုံးကို အရည်ရွှမ်းလာအောင်လက်ဖြင့်ဖိလှိမ့်ပြီး နှစ်ခြမ်းခွဲ၍-အရည်ညှစ်လိုက်ပါ။ကြွေဇွန်း တစ်ဇွန်းခန့်ရပါကအစေ့ဖယ်ပြီး အကြမ်းပန်ကန်လုံးထဲ ထည့်ထားလိုက်ပါ။ ထို့နောက် အရည်ညစ်မည့် သံပုရားသီးအလေးချိန်တူ ဂျင်းကို ရေစင်အောင်ဆေးပြီး အရည်ထွက်အောင် သစ်သားငရုတ်ဆုံးသန့်သန့်၌ ထောင်းလိုက်ပါ။ ထောင်း၍ညက်နေသော အရည်နှင့်အဖတ်အားလုံးကိုစွတ်ကျယ်သားပိတ်စဖြင့် အရည်စစ်၍ သံပုရာရည်ထည့်ထားသော အကြမ်းပန်ကန်လုံးထဲ ဂျင်းရည်စစ်စစ်ကို ညှစ်ထည့်ပြီး သမအောင် ဇွန်းဖြင့် မွှေပေးရမ

အပစ်ရပ် (NCA) ထိုးရန် KNPP ကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တိုက်တွန်း

  Kantarawaddy Times  June 22, 2019 661 ကန္တာရဝတီတိုင်း(မ်) ကယား(ကရင်နီ)ပြည်နယ်အတွင်းတွင် ပြည်သူများလုံခြုံမှုရှိစေရန် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) အနေဖြင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးရန် လွိုင်ကော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်စည်သူက ဇွန်လ ၂၁ ရက်နေ့က ကရင်နီအမျိုးသားနေ့အခမ်းအနားမှာ တိုက်တွန်းပြောဆိုသွားပါသည်။ ယခုလို တိုက်တွန်းပြောဆိုရခြင်းမှာ လက်ရှိတွင် ပြည်သူများအနေဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်းများစသည့် ကိစ္စရပ်များဆောင်ရွက်ရာတွင် ငြိမ်းချမ်းရန်လိုအပ်နေခြင်းဖြစ်သည့်အတွက် တိုက်တွန်းရခြင်းဖြစ်သည်ဟု အခမ်းအနားအပြီး သတသတင်းထောက်များက တွေ့ဆုံမေး မြန်းရာတွင် ပြောသွားပါသည်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်စည်သူ “ကျမတို့ ငြိမ်းချမ်းရေးကလိုနေတာလေး။ ငြိမ်းချမ်းရေးက ဆက်သွယ်နေတယ်။ ခုနက ကျမပြောသလိုပဲပေါ့ ကျန်းမာရေးဖြစ်ဖြစ် ဖွံ့ဖြိုးရေးဖြစ်ဖြစ် ခုလိုမျိုး ခါတိုင်းနှစ်ထက်ပြောင်းလာပြီတိုးတက်လာပါပြီ ဒါပေမယ့်လို့ ဒီထက်မက တိုးတက်တယ်ဆိုတဲ့ လူထုတွေရဲ့ စိတ်ထားလုံခြုံမှု ကာယကော စိတ်ထားကော လုံခြုံတယ်ဆိုတာက ကျန်းမ