Skip to main content

Posts

Showing posts from May, 2019

ဝိပဿနာ ရှုနည်းများ

--------------------- ၀ိပဿနာ ရှုနည်းများ ကို ယခင်ကဖတ်ရှုဖူးပါတယ်။ တကြိမ်ဖတ်ရတိုင်းတကြိမ်ဖတ်ရတိုင်း အသိတစ်မျိုး နဲ့တစ်မျိုး မတူပါဘူး။ အခု planet.com.mm မှာဖတ်ရပြန်တော့ တစ်မျိုးကောင်းပြန်ပါတယ်။ ဖတ်ရတိုင်း ဖတ်ရတိုင်း သဒ္ဓါ တွေတက်တက် လာတတ်ပါတယ်။ မိတ်ဆွေများကိုလဲ ဖတ်ပြီး ကုသိုလ်စိတ်တွေ ဆက်ကာဆက်ကာဖြစ်စေချင်ပါတယ်။ ဝေဘူဆရာတော်ဘုရားကြီး၏ ၀ိပဿနာ ရှုနည်း။ နှာဖျား နှာဝ မှာ ထွက်လေ ၀င်လေသည် အမြဲတိုက်ဝင် တိုက်ထွက်နေသည်။ နှာဖျား နှာဝ မှာ ကာယ ပသာဒ ခေါ် ရုပ်အကြည်ဓါတ်က အထိခံနေသည်။ ၀င်လေ ထွက်လေက ထိလာခြင်း ဖြစ်သည်။ ထိုအထိခံနှင့် ထိတာသည် ရုပ်ချည်းဖြစ်ပြီး ထိတာကို သိတာက နာမ်ဖြစ်သည်။ ကိုယ့်နှာဝ ကို ဥာဏ်ဖြင့် စောင့်ကြည့်ရမည်။ ထိဝင် ထိထွက်တာကို သိနေစေရမည်။ သိအောင် မှတ်နေရမည်။ ထိုသို့ ထိတာကို သိလျှင် လောဘ ဒေါသ မောဟ ဖြစ်ခွင့် မရသဖြင့် ငြိမ်း နေသည်။ ၀ိပဿနာ ဟူသည်ပစ္စုပ္ပန် (ဖြစ်ဆဲ) ကိုသာ ရှု မှတ်ရသည်။ နှာဝ ကို ၀င်လေ ထွက်လေ မထိခင်မှတ်ရွေ့လည်းမဖြစ်၊ သိရွေ့လည်းမဖြစ်၊ ထိပြီးနောက်မှ မှတ်ရွေ့ သိရွေ့ မဖြစ်။ ၀င်လေ ထွက်လေ သိဆဲ ကိုသာ "ထိတယ်" ဟု သိနေအောင် မှတ်ရသည်။ ထိတာကို သိနေလျှင် ရုပ်နှင့် နာမ်သာ ရှြိေ

ဝိပဿ နာသမားတွေအတွက်

မှတ်ချက်ရေးပါ... Myo Myint Htoo  က  စာစု တစ်ခုကို မျှဝေခဲ့သည်။ မေ ၂၉ ရက် ညနေ ၂၂:၂၅ တွင် Myo Myint Htoo မေ ၂၉ ရက် ညနေ ၂၀:၂၈ တွင် " ဝိပႆ နာသမားတွေအတွက် " 🌷 💫 💫 💫 💫 💫 💫 💫 💫 🌷 တရားကို ပေါ့ပေါ့ဆဆ လုပ်တဲ့သူဟာ  ပျားအုံကိုတုတ်နဲ့ ထိုးနေသလို ကိလေသာကို ဆွနေတာနဲ့ အတူတူပါဘဲ ။ ( သဘောပါရဲ့လား ? ) ☸ မြစိမ်းတောင်ဆရာတော်ဘုရား။ 💫 💫 💫 💫 💫 မဂ်​ဖိုလ်​လိုချင်​လျှင်​ ... ဤဘဝတွင် မဂ်ဖိုလ်ကို လိုချင်တောင့်တသော သူမြတ်တို့သည် ... ​နောက်နောင်​ဘဝနှင့်စပ်၍ ... ဘာတစ်ခုကိုမျှ တောင့်တလိုချင်​ခြင်း စသော ... နိကန္တိ တဏှာတို့ကို ဖြတ်ကြမှသာလျှင် ... ဤဘဝတွင် မဂ်ဖိုလ်ကို ရနိုင်၏။ နောက်ဘဝအတွက် တဏှာစွဲကပ်မူ ... လည်းကောင်းတဏှာက မဂ်ဖိုလ်ကိုတားမြစ်နိုင်သည် ကိုလည်း အထူးသတိရှိကြစေ။ ☸ မိုးညှင်းဆရာတော်ဘုရားကြီး 💫 💫 💫 💫 💫 ဘုန်းကြီးတို့. ဦးပဉ္ဇင်းတို့ တရားတော်၏အရသာဆိုတာ အလွန်တရာမွန်မြတ်တယ်။ ပစ္စု ပ္ပန်သံသရာ ချမ်းသာနှစ်မျိုးလုံးထက်သာလွန်တယ်။ ကိုယ်တော်တို့တပည့်ေ