Thait Aung အထိ ဖက်ဒရယ်ဒီမိုဂျာနယ်( Federal Demo Journal)
"ကျတော်အမြင်အသိနဲ့ NLD အစိုးရ၏ ၄ နှစ်တာခရီး။"
ကျတော်လေ့လာမှုအရ ဖေ့ဘုတ်အပေါ်တွင်သာမက အပြင်လောကရှိ မြန်မာလူထုတစ်ချို့တို့သည် NLD အစိုးရတက်လာတာ ၄နှစ်ရှိပြီး ဘာတစ်ခုမှ ပြောင်းလဲမလာပါလား? ကုန်ဈေးနှုန်းတွေတက်လာတယ်၊ အစိုးရဘာတွေလုပ်နေပါလဲ? စသဖြင့်ပြောဆိုလာသူတွေ တစ်စတစ်စများပြားလာနေသ ည်ကိုတွေ့နေရပါသည်။ ဘာကြောင့်ဒီလိုအဖြစ်တွေ ဖြစ်နေရပါလဲ? ဆိုသောအချက်ကို ဒီပြောဆိုနေကြသူတွေမသုံးသပ်၊ မပြောဆို ကြတာကိုလည်းကျတော် သတိပြုမိပါသည်။
ကျတော်အသိကိုပြောရရင် လက်ရှိNLD အစိုးရဟာ ၂၀၀၈ ဖွဲ့စည်းပုံကိုရေးဆွဲခဲ့ကြသူတို့၏ ကြိုတင်ပြင်ဆင် အကွက်ရိုက်မှုအောက်မှ ဒုက္ခိတ အစိုးရတစ်ရပ် ဖြစ်နေသောကြောင့်ပင်ဖြစ်ပါသည်။ နိုင်ငံတစ်ခု၏ အဓိက မဏ္တိုင်ကြီး ၃ခုဖြစ်သော တရားရေး၊ စီမံအုပ်ချူပ်ရေးနှင့် ဘဏ္ဍာရေးမဏ္တိုင် တို့ကို ပြန်လည်စီ စစ်ကြည့်ပါ။
တရားရေးနှင့် အုပ်ချုပ်ရေးမဏ္တိုင်တို့တွင် အခြေဖြစ်သောရပ်ကွက် အဆင့်မှ ဗဟိုအဆင့်ထိအဓိကကျသော အဆင့်နေရာတိုင်းတွင် တပ်မတော်ထွက် စစ်သားဟောင်းတို့နှင့် ၎င်းတို့တပ်မတော် သြဇာခံ တို့ကိုသာ ခန့် အပ်ထားခဲ့သည်ကိုတွေ့ကြရပါသည်။ ထိုဝန်ထမ်းတို့သည် နိုင်ငံတော်လစာကိုလက်ခံ ရယူထားကြ သော်လည်း နိုင်ငံသားနှင့် နိုင်ငံတော် အ ကျိုးကျေးဇူးထက် တပ်မတော်အာဏာရှင်ဟောင်း ကြီးတို့၏ အမိန့်နှင့် အကျိုးကျေးဇူးကို ပိုမိုဦးစား လုပ်ဆောင်ကြသူများသာဖြစ်နေခဲ့ကြပါသည့်အတွက် တက်ရော က်လာသော NLD အစိုးရ၏ လုပ်ရပ်များကို မှန်သည်(သို့) မှားယွင်းနေသည်ဖြစ်ပါစေ အစိုးရ၏ ညွန်းကြား လုပ်ဆောင်မှုထက် မိမိသြဇာခံ ဆရာသမားစစ်အရာရှိကြီးတို့၏ အမိန့်နှင့်ညွန်ကြားမှုကိုသာ အဓိကထား လိုက်နာလုပ်ဆောင်ခဲ့ ကြသည်ကို တွေ့မြင်ခဲ့ရပါသည်။
ထိုအတူ ဘဏ္ဍာရေးမဏ္တိုင်တွင်လည်း အာဏာရရှိလာသော NLD အစိုး ရသည် နိုင်ငံတော်ဘတ်ဂျက်ရေး ဆွဲခြင်းမှအပ ကျန်သည့်လုပ်ငန်းဆောင်တာများကို လုပ်ဆောင်ခွင့်မရရှိခဲ့ပါ။ နိုင်ငံတစ်ခု၏ ၀င်ငွေထွက်ငွေ ကိုထိမ်းချုပ်သော ဗဟိုဘဏ်သည်၎င်း၊ မူးယစ်ဆေးဝါးလုပ်ငန်းပိုင်ရှင်ကြီးများ၊ခရိုနီများနှင့် စစ်အာဏာရှ င်မိသားစုတို့ပိုင်ဆိုင်သော ပုဂ္ဂလိက ဘဏ်ကြီးများသည်၎င်း တပ်မတော်အရာရှိဟောင်းကြီးတို့၏ သြဇာခံကာ အစိုးရ၏ လုပ်ငန်းဦးစီးဆောင်ရွက်မှုတို့အား ကန့်လန့်ခံ နှောက်နှေး စေပြီး လူထုတို့အတွင်း သိက္ခာကျဆင်းစေရန်ကိုသာ အဓိကရည်ရွယ်လုပ်ဆောင်ခဲ့ကြပါသည်။ ကျတော်တို့ လက်ရှိမြန်မာနိုင်ငံ ၏ ငွေကြေးထုတ်လုပ်မှုသည်၎င်း၊ ငွေကြေးတန်းဖိုး မြင့်လာ/ကျဆင်းအောင်လုပ်ဆောင်မှုသည်၎င်း အစိုးရ ဘဏ္ဍာရေး၏ ထိမ်းချူပ်မှုအောက်တွင် ရှိမနေပဲ တပ်မတော်သားဟောင်း ပြင်ပငွေကြေးလှဲလည်မှုထိ မ်း ချုပ်ထားသူများ၊ ပုဂ္ဂလိကဘဏ်များနှင့် ခရိုနီကြီးများ၏ လက်အောက်တွင်သာ ရောက်ရှိနေပါသည်။ ထို့ကြောင့် ယနေ့မြန်မာနိုင်ငံအတွင်းဖြစ်ပျက်နေကြသော ကုန်ဈေးနှုန်းတက်ခြင်း၊ ငွေကြေးဖေါင်ပွမှုဖြစ်ခြင်းသည် လက်ရှိအစိုးရ၏ အုပ်ချုပ်မှုကို လက်မခံ ဆန့်ကျင်ရန်ကြိုးစားနေကြသူတို့၏ လက်ချက် တွေသာဖြစ်ကြောင်း မြန်မာလူထုတွေသိထားသင့်ကြပါသည်။
ထို့အတူ မြန်မာနိုင်ငံအတွင်း နိုင်ငံခြားရင်းနှီးမြုတ်နှံ့မှုဝင်ရောက်လာဖို့ဆိုသည်မှာလည်း နိုင်ငံရေးတည်ငြိမ်မှု၊ စီးပွားရေးတည်ငြိမ်ပြီး အာမခံချက်ပေးနိုင်မှုတို့ အပေါ်တွင်မူတည်ရှိနေပါသည်။ လက်ရှိမြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြုတ်နှံ့မှုကို ထိမ်းချူပ်ထားသူမှာ အစိုးရဘဏ္ဍာရေးဌာနမဟုတ်ပဲ MIC ခေါ် Myanmar Investment Committee ပင်ဖြစ်ပြီး ၎င်းကော်မတီသည်လည်း တပ်မတော်အုပ်ချုပ်ရေးကာလတည်းကပင် ဖွဲ့စည်းထားပြီး တပ်မတော်လက်အောက်ခံတို့ဖြင့် စိတ်ကြိုက်ဖွဲ့စည်းထားသော ကော်မတီတခုပင် ဖြစ်ပါ သည်။
အတိုချူပ်ပြောရလျှင်- နိုင်ငံတစ်ခု၏ လုံခြုံရေး(တပ်မတော်၊တပ်ထောက်လှမ်းရေးဌာနများ)၊ တရားဥပဒေစိုးမိုးရေး( တရားသူကြီးများ၊ရဲများနှင့် ရဲထောက်လှမ်းရေးများ) စသဖြင့်သည်၎င်း၊ အစိုးရ ယန္တရား လည်ပတ် ရေးအတွက် အစိုးရလက်အောက်ဌာနအသီးသီးမှ အရေးပါသော စီးမံအုပ်ချုပ်ရေး နေရာများမှဝန်ထမ်းများသည်သော်၎င်း၊ စီးပွားရေးတွင်လည်း အကြီးစား မြန်မာ့စီးပွားရေး လုပ်ငန်းများသည်၎င်း ၂၀၁၅ တွင် အာဏာရရှိလာသော NLD အစိုးရ၏ ထိမ်းချုပ်စီမံ အုပ်ချုပ်မှု ဥပဒေဘောင် အောက်တွင် မရှိခဲ့သည်ကို မြန်မာလူထုတွေ အထူးသိရှိသတိ ပြုတတ်ကြဖို့ လိုအပ်ပါသည်။ ထို့အတူ တိုင်းပြည်ဧချမ်းသာ ယာရေး အတွက် အဓိကကျသော ပြည်တွင်းစစ်ရပ်ဆိုင်းသွားရေးသည်လည်း နိုင်ငံတော်အစိုးရ၏ သဘောထားထက် တပ်မတော်၏ သဘောထားအပေါ် တွင်သာ လုံးဝနီးပါးမူ တည်နေပါသည်။ ထို့အပြင် " မြန်မာတပ်မတော်သည်လည်း လူထုတပ်မတောသားဖြစ်ပေါ်ရေးထက် ခေတ်စံနစ် ဟောင်းအတိုင်း လူထုကာကွဝ်ရေးအယောင်ဆောင် စစ်ခေါင်းဆောင်ကြီးများအကျိုးကျေးဇူးပြု တပ်မတော်အသွင်ကို" ဆက်လက်ထမ်းဆောင်နိုင်ရန်အတွက် တပ်မတော်ကိုလုပ်ပိုင်းခွင့် အာဏာများ စွာအပ်နှင်းခဲ့သော ၂၀၀၈ ဖွဲ့စည်းပုံပြုပြင်ရေးကို အထူးကာကွယ်စောင့်ရှောက်နေကြခြင်းပင်ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ မြန်မာကျပ်ငွေခိုင်မာ လာစေချင်၊ စီးပွားရေးလုပ်ငန်းများဥပဒေအောက်တွင်းပြန်လည်တည်ရှိရပ်တည်လာစေချင်ရင်၊ တရားစီရင်ရေး တည့်မတ်ဖြောင့်မတ်လာစေချင်ရင် ၊ မြန်မာနိုင်ငံကြီး တွင်ပြည်တွင်းစစ် လုံးဝရပ်ဆိုင်းပြီး ဧချမ်သာယာတိုးတက်သော ဖက်ဒရယ်ဒီမိုကရေစီစံနစ်ကြီး ပေါ်ပေါ က်တည်တန့် ထွန်းကားလာစေချင်ရင် တခုတည်းသော အဓိက ပထမဆုံး ပြုပြင်ရမည့် အရာမှာကား "၂၀၀၈ ဖွဲ့စည်းပုံပင်ဖြစ်ပါသည်။" ၎င်းနှောက်'ဒုတိယအချက်မှာ- နိုင်ငံသားတိုင်းအတွက် တရားဥပေးအောက်တွင် အကြွင်းမဲ့ တန်းတူညီမျှမှုကို အာမခံသော ဖွဲ့စည်းပုံတစ်ရပ်ပေါ်ထွန်းတည်တန့်လာရေးပင် ဖြစ်ပါသည်။
"၂၀၀၈ ပြုပြင်ရန်ငြင်းဆိုနေကြသူတို့မှာ မှားယွင်းမညီမျှမှုမရှိသော၊ မိမိ၏ စစ်မှန်သောတာဝန်နဲ့ ၀တ္တရားကိုမသိချင်ယောင်ဆောင်ပြီး မိမိတို့ လုပ်ဆောင်မှုသာလျှင် လူထုအတွက်ဟု လိမ်လည်ကာ မိမိတို့ကိုယ်ကျိုးစီးပွားနှင့် မတရားအာဏာရယူ ထားမှုကို လက်လွတ်ဆုံးရှုံးမှုကို ကြောက်လန့်နေကြသောသူတို့နှင့် ထောက်ခံနေသူတို့သည်သာလျှင်ဖြစ်နေရုံသာမက နိုင်ငံသားတိုင်းနှင့် တိုင်းပြည်ဧချမ်းသာယာ တိုးတက်ဖွံ့ဖြိုးရေးကို အထူးကြောက်လန့် နေသူတွေ သာလျှင်ဖြစ်နေကြပါသည်။"
သို့ဖြစ်ပါ၍ ယနေ့ကျတော်အမြင် တင်ပြမှုကို ဖတ်ရှု့သူတို့ အနေဖြင့် သေခြာစွာကျတော်တင်ပြမှုကို စဉ်စားသုံးသပ်ကြစေချင်ပါသည်။ အကယ်၍ မိမိ၏ အတိတ်ကမှားယွင်းစွာ ရပ်တည်မိခဲ့လျှင်သော်၎င်း၊ မိမိသည် အမှန်တကယ် မိမိနိုင်ငံတော်နှင့် နိုင်ငံသားတို့အပြင် မိမိအကျိုးနှင့် နောင်မျိုးဆက်တို့ အကျိုးစီး ပွားကောင်းစားရေးကို အမှန်တကယ် လိုလားသူတစ်ဦး ဖြစ်နေခဲ့သော် ၂၀၀၈ဖွဲ့စည်းပုံ အမြန်ဆုံးပြုပြင်နိုင် ရေးအတွက် ၀ိုင်းဝန်းကူးညီ ပူးပေါင်းလုပ်ဆောင်ပေးကြသင့်ပါကြောင်း အသိပေးတိုက်တွန်းလိုက်ရပါသည်။
ခေတ္တခရီးသည်-၁၃.၀၁.၂၀၁၉။


မှန်တယ်။ ထောက်ခံတယ်။
ReplyDeleteAbsolutely Right.
ReplyDelete