Skip to main content

Posts

Showing posts from March, 2018

ဒေါက်တာအောင်မိုးညို ဒဲ့ပြောပြီ ...

NLD အစိုးရသည် ဦးနေဝင်း၊ ဦးသန်းရွှေ၊ ဦးသိန်းစိန်လက်ထက်ကအကြွေးများကို ဆပ်နေရသဖြင့် ဒေသဖွံ့ဖြိုးရေး ထောင့်စေ့အောင်မလုပ်နိုင်ကြောင်း မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို ပြော မကွေးတိုင်းဒေသကြီး ချောက်မြို့ အမှတ်(၁၀)ရပ်ကွက် အေးစေတီဘုရားရပ်တွင် ကုတင်(၅၀)ဆံ့ R.C နှစ်ထပ်ဆောင် ပြည်သူ့ဆေးရုံအသစ်ဖွင့်လှစ်ပွဲကို မတ် ၃၁ ရက် နံနက်ပိုင်းကပြုလုပ်ရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက တက်ရောက်ဖွင့်လှစ်သည်။ အဆိုပါ ဖွင့်ပွဲအခမ်းအနားတွင် ဒေါက်တာ အောင်မိုးညိုက မိန့်ခွန်းပြောကြားရာ“ကျွန်တော်တို့က ကိုယ်စွမ်း ဥာဏ်စွမ်းရှိသရွေ့ လုပ်နေတယ်။ ဆေးရုံတွေ တိုက်နယ်ဆေးရုံတွေ ဒီ ကျန်းမာရေးဌာနတွေဆိုရင်လည်းပဲ ကျွန်တော်တို့ ပြောရဲပါတယ်၊ သတ္တိရှိရှိ ပြောရဲပါတယ်။ အရင်နဲ့ကိုမတူအောင် အရည်အသွေးက ကောင်းလာပါတယ်။ အရည်အသွေးလည်း ကောင်းတယ်။ ဒီရပ်ရွာက လွှတ်တော်ကိုယ်စားလှယ်တွေ ရပ်မိရပ်ဖ ရွာမိရွာဖတွေ မြို့နယ်အုပ်ချုပ်ရေး ခရိုင်အုပ်ချုပ်ရေး တိုင်းအုပ်ချုပ်ရေး ဒါတွေက ပိုပြီးတော့လည်း ဂရုစိုက်တာ စောင့်ကြပ်တာတွေက ထိထိရောက်ရောက် စောင့်ကြပ်ပါတယ်။ ဒါကြောင့်မို့လို့ လိမ်လို့ညာလို့မရအောင် ခိုးလို့ဝှက်လို

NLD ပါတီ ဒေါက်တာ ဇော်မြင့်မောင် ဦးဆောင်မည်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောရေးဆိုခွင့် ရှိသူ ဒေါက်တာ မျိုးညွှန့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် မှာ သဘာပတိအဖွဲ့နဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့တို့ကို ပြင်ဆင် ဖွဲ့စည်းလိုက်ပါတယ်။ မတ်လ ၃၀ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ သဘာပတိအဖွဲ့ဝင်တွေကို ထပ်မံ တိုးချဲ့တာ အပါအဝင် ပါတီ ခေါင်းဆောင် ဖွဲ့စည်းပုံ အရ နဂိုက မရှိတဲ့ ဒုတိယ ဥက္ကဋ္ဌ နေရာ နှစ်ခုကို ထည့်သွင်း ထားတာ တွေ့ရပါတယ်။ ဥက္ကဌ နေရာကိုတော့ ဒေါ်အောင်ဆန်းစုကြည် က ဆက်လက် ယူထားပြီး ဒုတိယ ဥက္ကဌ ၁ အဖြစ် ဦးဝင်းမြင့် ၊ ဒု ဥက္ကဌ ၂ အဖြစ် ဒေါက်တာ ဇော်မြင့်မောင်တို့ကို အသီးသီး တာဝန် ပေးအပ်လိုက်ပါတယ်။ လက်ရှိမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့က အစိုးရ တာဝန်တွေ ရယူထားတာကြောင့် ပါတီမှာ လောလောဆယ် ဒေါက်တာ ဇော်မြင့်မောင်က ဦးဆောင်မယ်လို့ NLD က ပြောပါတယ်။ အထူးသဖြင့် ဒီ ဒုတိယ ဥက္ကဌ နှစ်ယောက် နှစ်ယောက် သတ်မှတ်ခြင်းက ဒေါ်အောင်ဆန်းစုကြည် တာဝန်ယူပြီး နောက်ပိုင်း တာဝန်ယူမယ့်သူ ၊ တာဝန်ခံမယ့်သူ ကို ပြည်သူကို ပွင့်ပွင့်လင်းလင်း ချပြချင်လို့ အခုလို ဖော်ပြရတာ ဖြစ်တယ်လို့ ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွန့် က ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည

သမ္မတဦးဝင်းမြင့် ဦးစီးမှုဖြင့် ကာလုံ ပြန်လည်ဖွဲ့စည်း

သမ္မတဦးဝင်းမြင့် ကျမ်းသစ္စာကျိန်ဆိုပြီးစဉ် သမ္မတသစ် ဦးဝင်းမြင့်က သူ သမ္မတဖြစ်လာတဲ့ မတ်လ(၃၀) သောကြာနေ့မှာပဲ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာ/လုံ)ကို ပြင်ဆင် ဖွဲ့စည်းလိုက်ပါတယ်။ NLD အစိုးရတက်လာပြီး ၂-နှစ်တာ ကာလအတွင်း (ကာ/လုံ)အစည်းအဝေး ခေါ်ယူကျင်းပတာမျိုး မရှိခဲ့သလို ၊ ကျန်နေသေးတဲ့ နောက်ထပ် ၃နှစ်တာ သက်တမ်းအတွင်းမှာလည်း (ကာ/လုံ)ကိုခေါ်ဖို့ အလားအလာ နည်းတယ်လို့ သုံးသပ်သူတွေရှိနေ ပါတယ်။ တပ်မတော်သား ကိုယ်စားလှယ် အများစုပါတဲ့ (ကာ/လုံ) အစည်းဝေးကိုခေါ်ပြီး မဲခွဲရင် NLD ဘက်က ရှုံးနိမ့်မယ်လို့ အများစုက မြင်ပေမယ့် အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ တိုင်းပြည်ရဲ့ပြဿနာတွေကို ငြင်းခုန်ဆွေးနွေးတဲ့ နေရာတခုအဖြစ် (ကာ/လုံ)အစည်းဝေးကို ခေါ်ယူသင့်တယ်လို့ သုံးသပ်သူတွေလည်း ရှိပါတယ်။ ကိုဉာဏ်ဝင်းအောင်က စုစည်း တင်ပြထားတာပါ။ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာ/လုံ) ကို ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၀၁ နဲ့ ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေပုဒ်မ (၁၀/ ပုဒ်မခွဲ- က)အရ လူပုဂ္ဂိုလ် (၁၁)ဦးနဲ့ ပြင်ဆင်ဖွဲ့စည်း လိုက်တာဖြစ်တယ်လို့ မတ်လ(၃၀)နေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ သမ္မတ ဦးဝင်းမြင့်ရဲ့ ကြေညာချက်ထဲမှာ ဖေါ်ြ

၁၀ဦး ​မြောက်​ သမ္မတကြီး ဦးဝင်းမြင့်​ ၏ ပိုင်​ဆိုင်​မှူ လွှတ်​​တော်​ မတင်​နိုင်

သမ္မတသစ်ဖြစ်လာသည့်ဦးဝင်းမြင့်တွင် ကိုယ်ပိုင်အိမ်နှင့်မြေမရှိပါ။ သမ္မတဖြစ်လာသည့်အခါ ပိုင်ဆိုင်မှူ စာရင်းတင်သွင်းရမည်ဖြစ်သဖြင့် ပိုင်ဆိုင်မှု့မပြနိုင်သော မြန်မာနိုင်ငံ၏ပထမဆုံးသမ္မတဖြစ်လာခဲ့သည်။ ဦးဝင်းမြင့်သည် တရားလွှတ်တော်ရှေ့နေအဖြစ်လုပ်ကိုင်ခဲ့ဖူးပြီး တာမွေမြို့နယ် ခြောက်လွှာတိုက်ခန်း တစ်ခန်းတွင်ဇနီး/သမီးဖြစ်သူနှင့်အတူ မိသားစုသုံးဦးနေထိုင်ခဲ့ပါသည်။ ၂၀၁၂ခုနှစ်ကြားဖြတ်ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ်အဖြစ်အရွေးခံ ရသောအခါ နေပြည်တော်စည်ပင်ရိပ်သာ တွင်တစ်ဦးတည်းနေထိုင်ခဲ့ပြီး မိသားစုမှာ ရန်ကုန်တွင်ကျန်ခဲ့ပါသည်။ ၂၀၁၅တွင်လွှတ်တော်ဥက္ကဌဖြစ်လာသည့် အခါကျမှ လွှတ်တော်ဥက္ကဌအိမ်တော်သို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြပါသည်။ ယခုအခါသမ္မတအိမ်တော်သို့ပြောင်းရွှေ့ နေထိုင်မည်ဖြစ်သော်လည်း ကိုယ်ပိုင်အိမ်(လုံးခြင်း)နှင့်မြေပိုင်ဆိုင်မှူ လုံးဝမရှိသေးပါ။ ဦးဝင်းမြင့်၏သမီးမင်္ဂလာဆောင်ကိုလည်း တခမ်းတနားကျင်းပခြင်းမပြုလုပ်ခဲ့ဘဲ လက်ဖွဲ့ခြင်းသီးခံပါဟုဖိတ်စာတွင်ဖေါ်ပြ၍ မင်္ဂလာဆောင်မှအကျိုးအမြတ်ရှာဖွေခြင်း လုံးဝမပြုလုပ်ခဲ့ဟုသိရပါသည်​။ ဘဏ်အပ်နှံငွေလည်းမရှိပါ။ (7dayဂျာနယ်မှထုတ်နှုတ်၍အကျဉ်း

နောက်ဆုံး ရထား

ဒါနောက်ဆုံးရထား ဒီရထားမှမလိုက်ရင် နောက်ရထားမရှိတော့ဘူး သူတို့က ရထားလမ်းပါဖျက်ပစ်မှာ ဒါနောက်ဆုံးရထား အဲ့မှာ လွတ်လပ်ခြင်း ငြိမ်းချမ်းခြင်း တရားမျှတခြင်း ကိုယ်ချင်းစာမှု နဲ့ မေတ္တာတရားပါတယ် ဒါနောက်ဆုံးရထား အဲ့မှာ အခွင့်အရေးတွေပါမယ် ကိုယ်ကြိုးစားသလောက် ခံစားခွင့်ရှိမယ် ကိုယ့်ပိုင်ဆိုင်မှုအတွက် ကျောလုံနိုင်မယ် ဒါနောက်ဆုံးရထား အဲ့မှာ တရားဥပဒေပါမယ် ဥပဒေအောက် တန်းတူညီမျှမယ် ဥပဒေအထက် ဘယ်သူမှတက်မရဘူး ဒါနောက်ဆုံးရထား ကမ္ဘာကိုရင်ဘောင်တန်းမယ့် ပညာရေးပါမယ် ဖွိ့ဖြိုးတိုးတက်ခြင်းအရသာကိုသိရမယ် ဒါနောက်ဆုံးရထား ပြည်သူကိုရင်ဝယ်သားလို သဘောထားခံရမယ် ဒုက္ခရောက်ရင် ခိုင်မာတဲ့ကယ်ဆယ်ရေးရှိမယ် ဒါနောက်ဆုံးရထား ပြည်သူ့အာဏာ ပြည်သူ့ဆီပြန်လာမယ် မကြိုက်ရင်ဖြုတ် မလုပ်ရင်ထုတ်ုကြည်ဖြူသူကိုပြန်ခိုင်းမယ် ဒါနောက်ဆုံးရထား ခင်ဗျားတို့ကျုပ်တို့ ခိုင်းလို့ကောင်းမယ့်သူတွေပါတယ် ခင်ဗျားတို့ကျုပ်တို့အတွက် ပြည်သူ့ကျွန်ဆိုတဲ့လူတွေပါတယ် ဒါနောက်ဆုံးရထား ဒီ၇ထားမှမလိုက်ရင် နောက်ဘုရားပွင့်တဲ့အထိတိုင် အာဏာရှင်က တက်နင်းနေလိမ့်မယ် မမေ့ကြနဲ့ ဒါနောက်ဆုံးရထား။....။ လေးစားစွာဖြင့် (နီကိုလတ်)+[မောင

ဦးပိုင်ရဲ့ ပထမဆုံး ကျဆုံးခန်း

Amon Kani 28 မတ် ရက် 00:49 တွင် · "ဦးပိုင်ရဲ့ ပထမဆုံး ကျဆုံးခန်း" ပြည်သူ့အစိုးရလက်ထက်မှာ အရင်လို ပေါင်းစားလို့ မရတော့သူတွေ ဆွေ့ဆွေ့ခုန်နေကြတာ မြင်မကောင်းဘူးဗျာ။ ခေတ်အဆက်ဆက် မြန်မာနိုင်ငံရဲ့ မီတာဘောက်စ် ဈေးကွက်ကို လက်ဝါးကြီးအုပ်ထားပြီးဘာပွင့်လင်းမြင်သာမှုမှမရှိ တင်ဒါလဲ သူတို့တစ်ဦးထဲ အောင် ဈေးကလဲ သူတို့စိတ်ကြိုက် သတ်မှတ်ထားတဲ့ အိမ်တစ်အိမ် မီတာဘောက်စ်တစ်လုံး တစ်သိန်းကနေ သုံးသိန်းအောက် ဘယ်တော့မှ မဆင်းတဲ့ သူတို့ရဲ့ အဓိက စီးပွားရေးလုပ်ငန်းကြီးကို ပြည်သူ့အစိုးရလက်ထက်ရောက်မှ တစ်နိုင်ငံလုံးဆင်းရဲချမ်းသာမကျန် နေအိမ်တိုင်း လျှပ်စစ်တပ်ဆင်အသုံးပြုနိုင်အောင် ပြည်သူတွေ ပစ္စည်းကောင်းပြီး ဈေးလဲသက်သာစေမယ့် မီတာဘောက်စ်တစ်လုံး ကျပ်လေးသောင်းခွဲကနေ စမယ့် မီတာဘောက်စ်အမျိုးအစား ၃ မျိုး တင်သွင်းဖြန့်ချီပေးမယ့် ကုမ္ပဏီကို တင်ဒါ အအောင်ပေးလိုက်တယ် အဲ့ဒါဘာဖြစ်လဲ ခင်ဗျားတို့ ဦးပိုင်က တင်ဒါအောင်ချင် တစ်လုံး ကျပ် ၃သောင်းလောက်နဲ့ အပြိုင်အဆိုင် သွင်းပြပါလား ခုတော့ ကိုယ်ကလဲ သူများလို လုပ်မပေးနိုင် တစ်သက်လုံး အနိုင်ကျင့်ချင်တိုင်း ကျင့်လာတာ ပြည်သူ့အစိုးရလက်ထက်မှ ပြည်သူကို

ဦးဝင်းထိန်အပါအဝင် လေးဦးကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ သဘာပတိမျာအဖြစ် ခန့်အပ်ကြောင်း ထုတ်ပြန်ကြေညာ

နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့် ပြည်သူသို့ပြောကြားသောအခြေပြမိန့်ခွန်း

ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ အဖြစ်မှ နိုင်ငံတော် သမ္မတအဖြစ်သို့ 

နိုင်ငံတော် သမ္မတ အဖြစ်ရွေးချယ်တင်မြှောက်ခံရသူ ဦးဝင်းမြင့်အားတွေ့ရစဉ်(ဆင်ဟွာ)   နေပြည်တော် ၊ မတ် ၂၈ ရက်(ဆင်ဟွာ)     ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ တာဝန် ထမ်းဆောင်ခဲ့သော ဦးဝင်းမြင့်သည် မြန်မာနိုင်ငံ၏ ၁၀ ဦးမြောက် နိုင်ငံတော် သမ္မတအဖြစ် မတ်လ ၂၈ ရက်တွင် ပြုလုပ်သော နိုင်ငံတော် သမ္မတရွေးချယ် တင်မြှောက်ပွဲမှ ရွေးကောက်ခံခဲ့ရပြီ ဖြစ်သည်။ အစိုးရသက်တမ်း ၂ နှစ် ပြည့်မြောက်ချိန် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်သည် ပါတီစုံ ဒီမိုကရေစီ စနစ်တွင် ဒုတိယအကြိမ် အစိုးရသက်တမ်း ၂ နှစ် ပြည့်မြောက်ခါနီးအချိန်၌ နိုင်ငံတော် သမ္မတ တာဝန် ထမ်းဆောင်ခဲ့သူဦးထင်ကျော်က ဆန္ဒ အလျောက် နုတ်ထွက်ခဲ့ပြီးနောက်ပိုင်းဖွဲ့ စည်းပုံအခြေခံဥပဒေ နှင့် အညီထပ်မံရွေးချယ် တင်မြှောက်ခံခဲ့ရသူ ဖြစ်သည်။ ၁၀ ဦးမြောက် သမ္မတ မြန်မာနိုင်ငံ၏ ပထမဦးဆုံးသမ္မတအဖြစ် စပ်ရွှေသိုက်ကစတင် တာဝန် ထမ်းဆောင်ခဲ့ပြီးဒေါက်တာဘဦး ၊ မန်းဝင်းမောင် ၊ ဦးနေဝင်း ၊ ဦးစန်းယု ၊ ဦးစိန်လွင် ၊ ဒေါက်တာမောင်မောင် ၊ ဦးသိန်းစိန် ၊ ဦးထင်ကျော် တို့ ပြီးနောက် ယခု နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်သည် ၁၀ ဦးမြောက် သမ္မတ ဖြစ်လာခဲ့သည်။ သမ္မတအပြောင်းအလဲအပေါ်မျှော်လင့်မှုများ နို

FPNCC လက်နက်ကိုင် ၇ဖွဲ့ ၂၁ရာစု ပင်လုံတတိယ အစည်းအဝေးဖိတ်ရင် တက်ဖို့ဆုံးဖြတ်

FPNCC အဖွဲ့ဝင်များဖြစ်တဲ့ KIA ,SSPP/SSA,AA,TNLA,MNDAA နှင့် NDAA တို့ ဆွေးနွေးပွဲ ( UWSA ၀တပ်ဖွဲ့ဌာနချုပ် ပန်ဆန်း) ဓါတ်ပုံ- WSTV တရုတ်-မြန်မာနယ်စပ်အခြေစိုက် လက်နက်ကိုင်အဖွဲ့ ၇ဖွဲ့ ပါဝင်ဖွဲ့စည်းထားတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးညှိနှိုင်းမှုကော်မတီ FPNCC ရဲ့ ဒုတိယအကြိမ်အစည်းအဝေးဟာ ဒီကနေ့ ပြီးဆုံးသွားပြီး ၂၁ရာစု ပင်လုံတတိယအစည်းအဝေးကို တရားဝင်ဖိတ်ကြားမယ်ဆိုရင် တက်ရောက်ဖို့ ရှိကြောင်းနဲ့ FPNCC လုံခြုံရေးကို တရုတ်နိုင်ငံက ပံပိုးပေးဖို့မေတ္တာရပ်ခံကြောင်း သဘောထားထုတ်ပြန်လိုက်ပါတယ်။ ဒီသတင်းကိုတော့ ဗီအိုအေ မြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။ တစ်နိုင်ငံလုံးပစ်ခိုက်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA ကို လက်မှတ်မရေးထိုးသေးတဲ့ တရုတ်-မြန်မာနယ်စပ်ဒေသက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၇ဖွဲ့ပါဝင်တဲ့ FPNCC အဖွဲ့ရဲ့ ဒုတိယအကြိမ် အစည်းအဝေးဟာ UWSA ၀တပ်ဖွဲ့ဌာနချုပ် ပန်ဆန်းမှာ ၂၆ရက်နေ့ကနေ ၂၈ရက်နေ့အထိ ၃ရက်ကြာကျင်းပ ခဲ့တာဖြစ်ပါတယ်။ ဒီအစည်းအဝေးမှာ ၂၁ရာစုပင်လုံတတိယအစည်းအဝေး နဲ့ပတ်သက်လို့ တရားဝင်ဖိတ်ကြားရင် တက်ရောက် မှာဖြစ်ကြောင်း MNDAA ခေါ် ကိုးကန့်တပ်ဖွဲ့က ပြောခွင့်ရသူ

တရုတ်နဲ့ အမေရိကန်က သမ္မတအသစ်ကိုဂုဏ်ပြု

နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရတဲ့ ဦးဝင်းမြင့်နဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့ကို ၂၀၁၈ ခုနှစ် မတ်လ ၂၈ ရက်နေ့က တွေ့ရစဉ်။ Photo: Myanmar State Counsellor Office သမ္မတအဖြစ် ဦးဝင်းမြင့် ရွေးချယ်ခံရတာကို ၀မ်းမြောက်ကြောင်း တရုတ်နိုင်ငံ သမ္မတ ရှီကျင်းပင် Mr. Xi Jinping က မတ်လ ၂၈ ရက်နေ့ ရက်ဆွဲနဲ့ ဂုဏ်ပြုသ၀ဏ်လွှာ ပေးပို့လိုက်ပါတယ်။ ၁၀ ဦးမြောက် သမ္မတ ဦးဝင်းမြင့်ရဲ့ ဦးဆောင်မူနဲ့ မြန်မာအစိုးရနဲ့ ပြည်သူ ပြည်သားတွေဟာ တည်ငြိမ်အေးချမ်းမှု ထိန်းသိမ်းကာကွယ်ရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးကို ဆက်လက်တွန်းအားပေးရေး၊ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ရေး စတဲ့ နယ်ပယ်တွေမှာ အောင်မြင်မူအသစ်တွေ ရရှိနိုင်မယ်လို့ ယုံကြည်ထားကြောင်း အဲဒီ သ၀ဏ်လွှာမှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် တရုတ်သမ္မတက နှစ်နိုင်ငံ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရေးကို အထူးအလေးထားကြောင်း၊ အစဉ်အလာ ချစ်ကြည်ရေးနဲ့ အပြန်အလှန် အကျိုးဖြစ်ထွန်းစေတဲ့ ပူးပေါင်းဆောင်ရွက်ရေးကို နက်ရှိုင်းစေရေးအတွက် တရုတ် -မြန်မာဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို နောက်တဆင့် မြှင့်တင

ဦးဝင်းမြင့် သမ္မတအဖြစ်ရွေးချယ်ခံရမှု တပ်ချုပ်ဝမ်းမြောက်

သမ္မတသစ်အဖြစ် ဦးဝင်းမြင့်ရွေးချယ်ခံရမှုအပေါ် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သဝဏ်လွှာ ပေးပို့ခဲ့ သမ္မတသစ်အဖြစ် ဦးဝင်းမြင့်ရွေးချယ်ခံရမှုအပေါ် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့ လူမှုကွန်ယက်စာမျက်နှာမှာတော့ ရွေးချယ်တင်မြှောက် ခံရတဲ့ သမ္မတသစ်အနေနဲ့ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အောင်မြင်စွာ ဆောင်ရွက်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်ဆိုပြီး ဖော်ပြထားတာပါ။ သမ္မတသစ် တင်မြှောက်ခဲ့မှုအပေါ် တရုတ်အပါအဝင် နိုင်ငံခြားတိုင်းပြည်တွေကလည်း သဝဏ်လွှာပေးပို့ခဲ့ကြပြီး ပြည်တွင်းက အရပ်ဘက် အဖွဲ့အစည်းတချို့ကလည်း ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့ခဲ့ကြတာပါ။ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ သမ္မတအောက်မှာ တပ်ကရှိနေရင်တော့ အခုလို သဝဏ်လွှာပေးပို့တာဟာ ကြည့်လို့ မကောင်းပေမဲ့ ဥပဒေအရ အစိုးရနဲ့ တပ် သီးခြားစီတည်ရှိနေတဲ့အချိန်မှာ ပေးပို့တ

သမ္မတအသစ်အပေါ် မြောက်ပိုင်းအဖွဲ့တွေရဲ့ မျှော်လင့်ချက်

(FPNCC)ဒုတိယအကြိမ် အစည်းအဝေးကို ၂၀၁၈ ခုနှစ် မတ်လ ၂၆ ရက်နေ့က "ဝ" ပြည်နယ် ပန်ခမ်းမြို့မှာ ကျင်းပစဉ်။ Photo: Nyi Rang - facebook မြန်မာပြည်မြောက်ပိုင်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ FPNCC က နိုင်ငံတော်သမ္မတသစ် ဦးဝင်းမြင့်နဲ့အတူ ငြိမ်းချမ်းရေး အမြန်ဆုံးရရှိရေးအတွက် အကောင်အထည်ဖော်နိုင်မယ်လို့ မျှော်လင့်ကြောင်း မနေ့က ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ ပြည်ထောင်စု နိုင်ငံရေးဆွေးနွေး ညှိနှိုင်းရေးကော်မတီ FPNCC ရဲ့ အစည်းအဝေးပွဲကို "ဝ"ဒေသ ပန်ခမ်းမြို့မှာ ၃ ရက်ကြာကျင်းပခဲ့ပြီး သဘောတူညီချက် ၅ ချက်ကို ထုတ်ပြန်ခဲ့တာလို့ တအာင်းပလောင်အဖွဲ့ TNLA ပြောခွင့်ရ ဗိုလ်မှူး မိုင်းအိုက်ကျော်က ပြောပါတယ်။ "ကျနော်တို့ PSLF/ TNLA အနေနဲ့ နဂိုတည်းက NLD တက်လာတဲ့အချိန် သဘောထားထုတ်ပြန်ချက် တစ်ခေါက် ထုတ်ပြန်ဖူးတယ်၊ ပြည်သူကရွေးချယ်တဲ့ NLD အစိုးရကိုကြိုဆိုတယ်၊ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ သူကပိုမိုပြီး ပြုလုပ်နိုင်မယ်၊ ပူးပေါင်းဆောင်ရွက်သွားဖို့လည်း အဆင်သင့်ရှိတဲ့အကြောင်း ကျနော်က ထုတ်ပြန်ထားတယ်၊ အခုတစ်ချိန်လည်း ဒီအတိုင်းဘဲ သမ္မတအပြောင်းအလဲတော့ရှိတယ်၊ သ

မြန်မာသမ္မတသစ်ကို တရုတ်သမ္မတ Xi ဂုဏ်ပြုသ၀ဏ်လွှာ ပေးပို့

နိုင်ငံတော် သမ္မတသစ်အဖြစ် ဦးဝင်းမြင့် ရွေးချယ်ခံရတဲ့အပေါ် ၀မ်းမြောက်ကြောင်း ကြိုဆိုဂုဏ်ပြုတဲ့ သ၀ဏ်လွှာကို မြန်မာ့အိမ်နီးချင်း တရုတ်နိုင်ငံ- သမ္မတ Xi Jinping က သမ္မတ ရွေးချယ်ခံရတဲ့နေ့မှာပဲ ထုတ်ပြန် ပေးပို့ခဲ့ပါတယ်။ သမ္မတသစ်ရဲ့ ဦးဆောင်မှုအောက်မှာ အစိုးရနဲ့ပြည်သူတွေ နိုင်ငံရေး၊ စီးပွားရေး၊ ငြိမ်းချမ်းရေးနဲ့ နိုင်ငံတကာဆက်ဆံရေးတွေ ကောင်းမွန် အောင်မြင်အောင် လုပ်ဆောင်နိုင်ဖို့ မျှော်လင့်တယ်လို့လည်း ရေးသားထားပါတယ်။ အခုလို တရုတ်နိုင်ငံဘက်က သမ္မတသစ်ကို ကြိုဆိုကြောင်း သဝဏ်လွှာ ထုတ်ပြန်လိုက်တာဟာ မြန်မာနိုင်ငံရဲ့ ထိပ်သီးခေါင်းဆောင်ပိုင်းအပြောင်းအလဲ၊ မြန်မာ့နိုင်ငံရေးအခြေအနေကို တရုတ်နိုင်ငံဘက်က စဉ်ဆက်မပြတ် စောင့်ကြည့်လေ့လာပြီးမြန်မာအစိုးရအပေါ် တရုတ်အနေနဲ့ အစဉ်တစိုက်အားပေးထောက်ခံနေတဲ့ အနေအထားဖြစ်တယ်လို့လည်း တရုတ်-မြန်မာအရေးအကဲခတ်တွေက သုံးသပ်ပါတယ်။ မဆုမွန် ဆက်ပြောပြပါမယ်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဟောင်း ဦးဝင်းမြင့်ကို ပြည်ထောင်စုလွှတ်တော်ကနေ လျှို့ဝှက်ဆန္ဒမဲ အများဆုံးနဲ့ သမ္မတသစ်အဖြစ် တင်မြှောက်လိုက်တဲ့ မတ်လ ၂၈ရက်နေ့မှာပဲ တရုတ်နိုင်ငံ- သမ္မတ Xi Jinping က ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့ပြီး တရုတ

ဗိုလ်ချူပ်ကြီးတင်အောင်မြင့်ဦး( ငြိမ်း ) ကတော့ အမှန်တွေကို ထောက်ပြလိုက်ပါပြီ ။

အစိုးရသစ် စတက်လာတော့ လက်ထဲမှာ ဘာငွေမှ မရှိလို့ သန်းတစ်ရာလောက် အကူအညီရဖို့ ခြေတိုအောင် ကမ္ဘာပတ်ခဲ့ရတယ်။ အကူအညီအတွက် ကတိတွေ ရလာပြီးကာမှ ရခိုင်အရေး ထဖြစ်တော့ အကူအညီတွေ တော်တော်များများ ပြန်ရုတ်သိမ်းသွားကြတယ် ။ အကျိုးဆက်အနေနဲ့ တိုင်းပြည်က ပြန်လည်ထူထောင်ဖို့ ကို့အားသာ ကိုယ်ကိုးနေရတော့တယ် ။ EU က စစ်ဘက်ခေါင်းဆောင်တွေကို စီးပွားရေးပိတ်ဆို့အရေးယူဖို့ ကြေညာတယ်ဆိုပေမယ့် သူတို့အတွက်က အေးဆေးပါပဲဗျာ ၊ မြန်မာတနိုင်ငံလုံးမှာ စစ်တပ်ရဲ့ စီးပွားရေးလုပ်ငန်းတွေကို ချုပ်ကိုင်ထားတဲ့ ဦးပိုင်ရဲ့ ပိုင်ဆိုင်မှုအစုစုက အမေရိကန် ဒေါ်လာ ဘီလီယံ ၈၀ ရှိတယ်လို့ ဥရောပသမဂ္ဂက ကြေညာထားတယ်။ စာရင်းစစ်ချုပ်ရုံးမှာ လ္ဘက်ရည်သွားသောက်နေကြ ကျုပ်လည်းသိတာပေါ့ဗျာ ။ မြန်မာငွေနဲ့ဆို ကျပ်ဘီလီယံပေါင်း ၁၀၈,၀၀၀ ရှိပာတယ်။? အစိုးရ ပြည်သူဆီက ရတဲ့အခွန်က ဘဏ္ဏာနှစ် တစ်နှစ်မှာ ကျပ်ဘီလီယံ ၅၀၀၀ လောက်ပဲရှိတယ် ပြောရရင်တော့ ဦးပိုင်ရဲ့ အစွန်းထွက်လောက်တောင် အစိုးရက မချမ်းသာဘူး။ အခြားမကြည့်နဲ့ Mytel လို ဆက်သွယ်ရေး ကုမ္ပဏီမှာ ဦးပိုင်လက်အောက်က MEC က ဒေါ်လာ သန်းထောင်ချီ ပက်ကနဲ ရင်းနှီးမြုပ်နှံနိုင်ပေမယ့် အစိုးရက မလုပ်နိုင်ပာဘ

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ၏ ဆယ်ဦးမြောက် သမ္မတ ဖြစ်လာသော သမ္မတကြီး ဦးဝင်းမြင့်၏ ကိုယ်ရေးအကျဉ်း...

အမည် ။ ဦးဝင်းမြင့် အသက်။ ၆၆နှစ် လူမျိုးနှင့် ဘာသာ။ ဗမာ၊ ဗုဒ္ဓ ပညာအရည်အချင်း။ Bsc( Geology), H.G.P, R.L ဒီမိုကရေစီရေးဆောင်ရွက်မှုများ ၁၉၈၈ခုနှစ် ဒီမိုကရေစီရရှိရေး ဆန္ဒပြပွဲများတွင် တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့ပါသည်။ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများအတွက် အစဉ်တစိုက်ကြိုးပမ်းမှုများကြောင့် အာဏာပိုင်တို့၏ ဖမ်းဆီးထိန်းသိမ်းခြင်းကို (၃)ကြိမ် ခံခဲ့ရပါသည်။ အဖွဲ့ချူပ်မှပေးအပ်သောတာဝန်များ ၁၉၉၅ ခုနှစ်မှစ၍ အဖွဲ့ချူပ် ဗဟိုဥပဒေအထောက်အကူပြုအဖွဲ့၏ အတွင်းရေးမှူး၊ ၂၀၁၀ ခုနှစ်မှစ၍ အဖွဲ့ချူပ်၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်၊ ၂၀၁၄ ခုနှစ်မှစ၍ အဖွဲ့ချူပ်၏ ပြောရေးဆိုခွင့်ရှိသူ၊ ယှဉ်ပြိုင်ခဲ့သော ရွေးကောက်ပွဲရလဒ်။ ၁၉၉၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဧရာဝတီတိုင်း ဓနုဖြူမြို့ နယ် မဲဆန္ဒနယ်အမှတ် (၁ )၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရခြင်း။ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ဧရာဝတီတိုင်း ပုသိမ်မြို့နယ်မဲဆန္ဒနယ်၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရခြင်း။ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲမှ ရွေးကောက်ခံအမတ်ဖြစ်လာကာ လွှတ်တော်ဥက္ကဌအဖြစ် ခ

ဦးဝင်းမြင့်ထံသို့ဂုဏ်ယူ ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့ခြင်း။

မြန်မာနိုင်ငံ၏ ၁၀ ဦးမြောက် သမ္မတအဖြစ် ရွေးချယ် တင်မြှောက်ခြင်းခံရသော ဦးဝင်းမြင့်ထံသို့ဂုဏ်ယူ ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့ခြင်း။ ရက်စွဲ။     ။ ၂၀၁၈ ခုနှစ် မတ်လ ၂၈ ရက် ယနေ့ ၂၀၁၈ ခုနှစ် မတ်လ ၂၈ ရက်တွင် ပြည်ထောင်စုလွှတ်တော် မှ ရွေးချယ်တင်မြှောက်လိုက်သော မြန်မာနိုင်ငံ၏ ၁၀ ဦးမြောက် သမ္မတဖြစ်လာသူ ဦးဝင်းမြင့်အား မိမိတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (မိတ်ဆွေများအသင်း) သြစတြေးလျမှ ၀မ်းမြောက် ၀မ်းသာစွာ ကြိုဆို ဂုဏ်ယူမိပါကြောင်း သ၀ဏ်လွှာပေးပို့အပ်ပါသည်။ တဆက်တည်းမှာပင် သမ္မတကြီးဦးဝင်းမြင့်မှ “မိမိအနေဖြင့် ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ ပြည်သူ့တာဝန် ကျေပွန်အောင် ထမ်းဆောင်ပါမယ်ဟု” ပြောကြားခဲ့မှုကိုလည်း ကြိုဆိုပါကြောင်း ၊ ထို့အပြင် အမျိုးသားရင်ကြားစေရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်နိုင်ရေးနှင့် ဖွဲ့စည်းပုံအခြေ ခံဥပဒေ တစ်ရပ် ပေါ်ပေါက်လာစေရေးလုပ်ငန်းစဉ်များကို အကောင်အထည်ဖေါ် ဆောင်ရွက်နိုင်မည်ဟု့ယုံကြည်မိပါသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(မိတ်ဆွေများအသင်း) ၾသစေၾတးလ်